မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


11 February 2010

1 အာရုံဝင်စားမှု ဆိုတာ

ဒုတိယ ကမ္ဘာစစ်က ဖြစ်သည်.။

ကမ္ဘာနိုင်ငံ အသီးသီးမှာ စစ်ပွဲတွေ ပျော်ရွှင်စရာ မကောင်းပဲ ကျင်းပ နေကြသည်.။ ဒီအချိန်မှာ မိမိနိုင်ငံကို ကာကွယ်ရန် ဒါမှ မဟုတ်.. သူများနိုင်ငံကို သိမ်းပိုက်ရန် လေကြောင်းမှလည်း စစ်ဆင်ရေးတွေ လုပ်နေကြရ သည်.။ ရန်သူ့ထက် ဦးအောင် လေယာဉ်ပေါ်မှ လေထီးများဖြင့် ခုန်ဆင်းကာ လိုအပ်သော နေရာများသို့ ရောက်အောင် သွားကြရသည်..။

ထိုကဲ့သို့ သူတို့ လေထီးများဖြင့် ကြိမ်ဖန်များစွာ ခုန်ဆင်းနိုင်အောင် သူတို့ နောက်မှ နိုင်ငံအတွင်းရှိ မိန်းမ အများစုက လေထီးများကို နှစ်နှင့်ချီ၍ ၊ လပေါင်းများစွာ ၊ နေ့စဉ် ရက်ဆက် ချုပ်လုပ်ကြရသည်.။ လေထီးဆိုတာက အင်္ကျီ အဝတ်အစားတွေလို မဟုတ်...။ ဒီအရောင် ၊ ဒီအသား ၊ ဒီပုံစံ ဒါတွေကို နေ့စဉ် ရက်ဆက် ချုပ်လုပ်ကြရသည်..။

သို့သော် သူတို့ မငြီးငြူနိုင်ကြ...။ ဘာကြောင့်လဲ ဆိုတော့ ..သူတို့ ထဲက တစ်ယောက်ယောက် ပေါ့လျှော့စွာ ချုပ်လိုက်သော လေထီးမှ ချုပ်ကြောင်း တစ်ကြောင်းကြောင့် လေဒဏ်မခံနိုင်ပဲ လေထီးပျက်ကျ သွားနိုင်တယ်.။ ထိုသူသည် မည်သူလို့ သူတို့ ဘယ်သူမှ မသိနိုင်ကြ.။ အကယ်၍ ထိုလေထီးကို ဝတ်၍ လေထီးခုန်ဆင်းသူသည် မိမိ၏ ဆွေးမျိုးသားချင်းသာ ဖြစ်နေခဲ့ရင် ဆိုသော စိတ်ဓါတ်ဖြင့် နေစဉ် ရက်ဆက် အလွန် ပျင်းရိ ငြီးငွေ့ဖွယ်ကောင်းသော အလုပ်ကြီးကိုပင် စိတ်ဝင်တစား ၊ အာရုံဝင်စားကာ အားတတ်သရော ချုပ်ကြတယ်..။

ကျွန်တော် ပြောချင်တာ အလုပ်ထဲမှာ ပျင်းရိငြီးငွေ့ပါတယ်လို့ ပြောသူများ အတွက်ပါ..။ ဒါကတော့ အသက်နဲ့ ဆိုင်လို့ပါလို့ ပြောကြပါလိမ့်မယ်.။ တကယ်ဆို စဉ်းစားကြည့်ပါ..။ ကိုယ်လုပ်လိုက်သော အလုပ်တစ်ခု မလှ မပ ပြီးစီးသွားမှာ ၊ ဖြစ်သလို နဲ့ ကိစ္စတစ်ခု အပြီးသတ်သွားမှာ အရေးမကြီးဘူးလို့ ထင်နေပါသလား..။ မဟုတ်ပါ..။

ဒီအလုပ်တစ်ခုလုပ်ပြီးလို့ သင်သည် သေဆုံးရတော့မည် ဆိုပါက ဒါ သင့်အတွက် နောက်ဆုံး လုပ်ခဲ့သော အလုပ်တစ်ခု မဟုတ်ပါလား.။ ဥပမာ - ဒါလေ ကိုဇော် နောက်ဆုံး ရေးခဲ့တဲ့စာပေါ့.. လို့ တစ်ယောက်ယောက်က တစ်ယောက်ယောက်ကို ပြပါပြီတဲ့ ထိုဖတ်ကြည့်တဲ့ သူက ဟာ ဘာမှလည်း မဟုတ်ပါလား.. ။ ဆိုတာ မျိုးနဲ့ သင်လုပ်ခဲ့သော အလုပ်ကို တန်ဖိုးဖြတ်နိုင်ပါသလား..။

ဒါကြောင့် ဘယ်အလုပ်ပဲ လုပ်နေနေ အခု လုပ်နေတဲ့ အလုပ်မှာ အာရုံအပြည့်ဝင်စားပြီး လုပ်ကြည့်စမ်းပါ.။ သင်လုပ်သမျှအရာတွေကို သင့်ဖာ သာ ကျေနပ်လာပါလိမ့်မယ်.။ ဒါဆို သင်လုပ်သမျှ အရာတွေကို ဘယ်သူတွေကို ကောင်းရဲ့လား ၊ လှရဲ့လားလို့ ခေါ်ယူ တိုင်ပင်နေစရာလည်း မလိုတော့ပါ..။


နက်ထဲက စာလေးတစ်ခု ကို တဆင့်ပြန်လည်တင်ပြတာပါ..။


ကိုဇော် ခံစားတင်ပြသည်။


http://zaw357.multiply.com/journal/item/636 မှာ 16.9.2009 က ရေးထားတာပါ။

.
Share/Bookmark

1 ယောက် ရဲ့ ထင်မြင်ချက်:

Flower said...

ဟုတ်ကဲ့.. အလုပ်ကို စိတ်ဝင်တစား လုပ်ပါတော့မယ်ရှင့်...
တော်ကြာ လုပ်နေရင်း သေသွားရင် အပြောခံနေရဦးမယ်..