မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


11 February 2010

1 ဓါတ်တိုင်များ




ဓါတ်တိုင်များ


တွဲလွဲခိုနေတဲ့
ငါ့နဖူးက
ချွေးဥဝါဝါကြီးတွေနဲ့

ငါ အောက်ငုံကြည့်လိုက်တော့

ဘယ်သူမှ ငါ့ကို သတိမထားမိပါဘူး ၊

ဒီလိုပဲ

သူတို့ တိတ်တဆိတ်
ဖြတ်လျှောက်သွားကြတယ်။


ငါ အားလုံးကို

အစွမ်းကုန် ထွန်းလင်းပေးချင်ပေမဲ့

ငါ့မှာ အာဟာရက မဝ . . တဝ

ပြီးတော့
မရတစ်ခါ . . ရတစ်လှည့်
အားက ချည့်နဲ့နဲ့။


လမသာတဲ့ ညများ

ငါ့ ဖျားနာနေရင်

“ တောက် မှောင်နေရတဲ့
အထဲ
ဓါတ်တိုင်မီးက ပျက်နေသေးတယ်။” တဲ့။
သူတို့ ဆဲတယ်။

ငါကျတဲ့ မျက်ရည် ဘယ်သူသိမလဲ။


တချို့က...

ကျားခုံလေးဆွဲ ငါ့အောက်မှာ နွဲတယ်။

တချို့က...

ထုပ်စည်းတိုးရင်းပျော် သူတို့ အော်တယ်။

တချို့က...

မူးလာ ၊ ရူးလာပြီး ငါ့အောက်မှာ

ခွေးတွေပမာ သေးတွေဖြာတယ်။

တချို့က...

လက်လေးတယားယား ၊ လောက်လေးတကားကားနဲ့

ငါ့ဖန်လုံးကို ပစ်ခွဲတယ်။


ဒီအချိန်ဆိုရင်...

အာဟာရကပြတ် ၊
ချွေးဥက အက်နဲ့

ငါ . . အသက်မရှိတော့ သလိုပါပဲ။


ဒါဆို...

ငါ့ကို လူတွေ ရှောင်ကွင်းတယ်။

ဘယ်လိုပဲ ဖြစ်ဖြစ်ပါလေ၊

ငါ့မှာ . . .
အာဟာရလေးမှန် . .
ဖန်လုံးလေးကျန်နေသေးရင်တော့

ငါ အားလုံးကို
အစွမ်းကုန် ထွန်းလင်းပြဦးမှာပါပဲ။


ကိုဇော်


မှတ်ချက်။ ။ လူတွေ ဓါတ်မီးတိုင်က မီးသီးတွေကို လေးဂွနဲ့ ပစ်ပစ်နေတာတွေလို့ ပြန်လည် သတိရ ခံစား ရေးလိုက်တာပါ။


http://zaw357.multiply.com/journal/item/634 မှာ 15.9.2009 ကရေးထားတာပါ။

.
Share/Bookmark

1 ယောက် ရဲ့ ထင်မြင်ချက်:

အမည်မဲ့ said...

ကိုဇော် ဒီကဗျာလေးလည်း သဘောကျတယ်။
သက်မဲ့ဓါတ်တိုင်ကို အသက်ရှိခံစားနေသလိုရေးဖွဲ့
ထားတာ ဓာတ်တိုင်လေးဘဝကို မြင်ယောင်ရင်း
သနားမိလို့ ဓာတ်တိုင်လေးကို မော့ကြည့်မိပါရဲ့။

အမည်မဲ့။