တစ်ခါက..
အမေရိကန်နိုင်ငံက လူငယ်လေး တစ်ယောက်က စီးပွားရေး တက္ကသိုလ်ကနေ ကျောင်းပြီးတော့ စီပွားရေးလောကထဲကို ဝင်ဖို့ပြင်တယ်ဗျာ.။ ဒီမှာ သူ့အဖိုးက အောင်မြင် နေတဲ့ စီပွားရေးသမားပါပဲ..။ ကောင်လေးက သူ့အဖိုးဆီက အောင်မြင်ရေးအကြံတွေကို လည်း လိုအပ်ရင်ယူမယ်လို့ သူကဆုံးဖြတ်ထားတယ်.။ သူ စလုပ်တဲ့ လုပ်ငန်းက အဖျော် ရည် လုပ်ငန်း ။ သူလုပ်ငန်းစပြီး တစ်လလောက် နေတော့ သူအကြံဥာဏ် ယူမယ်လို့ စဉ်း စားထားတဲ့ သူ့အဖိုးက သူ့အလုပ်ထဲ ရောက်လာပြီး သူ့ကိုမေးတယ်.။
“ ဘယ်လိုလဲ ငါ့မြေး မင်းလုပ်ငန်းအတွက် Customer ဘယ်နှစ်ယောက် ရနေပြီလဲ ”
လို့ သူ့ကို မေးတယ်။ ဒီတော့ သူက ....
“ Customer မရှာအားသေးပါဘူး အဖိုးရာ ကျွန်တော်စိတ်ကြိုက်လိုချင်တဲ့ ကွန်ပျူတာ ရှာမရသေးလို့ လိုက်ရှာနေတာနဲ့ Customer မရှာအားသေးတာ”
လို့ ပြော တော့ အဖိုးလုပ်သူက ....
“ဒါတော့ ငါ့မြေးမှားနေပြီ..။ ဘာမှမရှိသေးတဲ့ လုပ်ငန်းတစ်ခု မှာ ဘာမှ မလိုဘူး.ငါ့မြေးရဲ့....။ လုပ်ငန်းမှာ အဓိက အရေးကြီးတဲ့ Customer ရှာတဲ့ အလုပ် ပဲ အရင်လုပ်ရမှာလေ ။ Customer မရှိတဲ့လုပ်ငန်းမှာ ကွန်ပျူတာ မပြောနဲ့ ၊ စားပွဲ ကုလား ထိုင်ခုံ တောင်မှ မလိုဘူးလို့ လေ..။ Customer ပဲ လိုတယ်.။”
ဒီလို အဖိုးရဲ့ ဆုံးမစကားကို နားထဲမှာကြားယောင်ရင်း ကောင်လေးဟာ သူကွန်ပျူတာ ရှာဖွေမှုကို ရပ်ဆိုင်းပြီး Customer ရှာတော့တာပဲ..။ အဲဒီ ကောင်လေးဟာ နောင်တော့ အောင်မြင်တဲ့ အချို ရည် ကုမ္ပဏီကြီးကို အောင်မြင်စွာ တည်ထောင်ခဲ့လိုက် နိုင်တယ်.။ အဲဒီ အချိန်အထိ လည်း သူ့အဖိုးရဲ့အရမ်းအရေးကြီးလှစွာသော အောင်မြင်ရေးမူဝါဒ ကို ကိုင်ဆွဲပြီး အလုပ်စားပွဲ ကုလားထိုင်တောင်မှ မရှိပဲ လုပ်ငန်းရဲ့ Customer ရှာဖွေခြင်း ၊ လိုအပ်ချက် များကို အောင်ခြေအထိ ဆင်းပြီး စီစစ်ခြင်းများကို လုပ်ဆောင်ရင်း လုပ်ငန်းပိုပို အောင် မြင်လာတယ်..။
အဲဒီ အချိုရည် ကုမ္ပဏီကတော့ အားလုံးသိကြတဲ့ “ Pepsi ” ကုမ္ပဏီ ပါပဲ..။”
Graham Greene ရဲ့ Find Out First စာလေးကို
ကိုဇော် ဘာသာပြန်သည်.။
http://zaw357.multiply.com/journal/item/619 မှာ 10.9.2009 ကရေးထားတာပါ။
.

0 ယောက် ရဲ့ ထင်မြင်ချက်:
Post a Comment