မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


31 January 2010

1 မာယာများတဲ့ ကမ္ဘာ


အမှာ။ ။ စီးပွားရေးနဲ့ ပတ်သတ်ပြီး ရှာဖွေ ဖတ်မိတာလေးတွေပါ။ ကြာတာကတော့ တော်တော်ကို ကြာနေခဲ့တဲ့ အကြောင်းအရာလေးတွေပါ။ Management နဲ့ ပတ်သတ်တဲ့ အချက်အလက်တွေသာ ဖြစ်ပါတယ်။ ဘယ်သူ့ကိုမှ မရည်ညွှန်းသလို ဘယ်သူ့ကိုမှလည်း မရည်ရွယ်ရိုး အမှန်ပါ။ ဒါကြောင့် လွတ်လပ်စွာ ကျွန်တော့်ဖာသာ ဖတ်သမျှ ရေးထားတာ ဆိုတော့ လွတ်လပ်စွာပဲ ဤနေရာမှ စ၍ ဆက်မဖတ်ပဲ နေလို့ရပါတယ်။

ကျေးဇူးတင်စွာဖြင့်

ကိုဇော်


တအုံနွေးနွေးနဲ့ ရှိနေတတ်တဲ့ ကျွန်တော် ရင်ထဲမှာ တချို့အကြောင်းအရာ တွေက ရှင်းမနေတတ်။

ကျွန်တော် သိသလောက် “ သတင်း ” ( New ) ဆိုပြီး တီဗီမှာ အဲလေ . . CNN တို့ ဘာတို့ပေါ့။ ( ကျန်တာ ကျွန်တော် မသိဘူးနော် :P ။ ) ဒီလို ၂၄ နာရီ ထုတ်လွှင့်နေတဲ့ သတင်းဆိုတာတွေမှာ ကောင်းကျိုး ၊ အကျိုးဖြစ်ထွန်းစေသော အကြောင်းအရာတွေထက် ၊ အဖျက် သဘောတရားတွေက ၉၀ % လောက်ပါနေတတ်တယ်လို့ A.L.William ရေးတဲ့ စာအုပ်ထဲမှာ ဖတ်ရတော့ ပိုလို့ ဆိုး။

ဒီအချိန်မှာ ကျွန်တော့် အဖေက ဗဟုသုတ အားကောင်းလေတော့ ကျွန်တော့်ကို ပစ္စည်း တစ်မျိုး အကြောင်းပြောတယ်။

“ သားရေ။ အခု ဂျပန် နိုင်ငံက ပလတ်စတစ်နဲ့ လုပ်ထားတဲ့ ထမင်းဟင်းချက်ဖို့ အိုးတွေ ၊ ဒယ်အိုးတွေ ထုတ်လုပ်လိုက်နိုင်ပြီတဲ့။ ဒီပလတ်စတစ်တွေက ဂတ်စ်မီးဖိုပေါ်မှာ တင်ပြီး ချက်ပြုလို့ရအောင်ကို အပူဒဏ်ကို ခံနိုင်တယ်တဲ့။ ”

“ ဟာ..မိုက်တယ်။ ကောင်းတာပေါ့ ဖေဖေ ရာ။ ”

“ အေးကွ။ ပစ္စည်း အသစ် အတွက်တော့ ကောင်းပါတယ်။ ဒါပေမဲ့ အခု ခက်နေတာက လူတွေက ဒီ ပလတ်စတစ်ကို စိတ်မဝင်စားကြဘူး။ ဒီပစ္စည်းကလည်း စတီးပစ္စည်းတွေထက် ဈေးကြီးနေတယ်။ ဒီတော့ သူတို့ ဒီပစ္စည်းကို ရောင်းထွက်အောင် တခြား မလိုလား အပ်သော နည်းလမ်းတွေ သုံးလာကြလိမ့်မယ်။ ”

ကျွန်တော် နဝေတိမ်တောင်နဲ့ နားမလည်ခဲ့ပါ။ ထို မီးအပူခံနိုင်သော ပလတ်စတစ် အသုံးအဆောင်တွေကလည်း ဈေးကွက်မှာ ခေတ်မစားလာခဲ့ပါ။ ဒီလိုနဲ့ သုံးနှစ်လောက်ကြာတော့ ဂျပန်နိုင်ငံက သုသေတန ပညာရှင်တွေက ကမ္ဘာကို ကြေငြာတယ် သူတို့ တွေ့ရှိချက်ကို . .

“ စတီးပစ္စည်းများကို စားသုံးစေခြင်းဖြင့် လူတွေ အရိုးကို ပွစေတယ်။ ဆံပင်ကို ဖြူစေတယ်။ သူတို့က သူတို့ လုပ်ထားသော သုတေသန အချက်အလက်များဖြင့် အိန္ဒိယ နိုင်ငံကို ဥပမာ ထားကာ ဖော်ပြတယ်။ ”

ဘယ်သူမှလည်း မငြင်းနိုင်။ ငြင်းလည်း မကြ။ ဒါပေမဲ့ ရာခိုင်နှုန်း အနည်းငယ်ကတော့ စတီးပစ္စည်း သုံးစွဲခြင်းကို ရှောင်ကြဉ်ပြီး ဂျပန် နိုင်ငံက ထုတ်တဲ့ ပလတ်စတစ် အသုံးအဆောင်လေးတွေကို သုံးလာခဲ့ကြတယ်။ ဒီတော့ စတီးနဲ့ ပတ်သတ်ပြီး ကမ္ဘာကို ထုတ်လုပ် ရောင်းချနေသော “ ထိုင်း ” နိုင်ငံမှာ စတီး ထုတ်လုပ်သူတွေ စီးပွားထိခိုက်ကြတယ်။

ဒီလိုနဲ့ပါပဲ။ နောက်ထပ် နှစ်ပေါင်း ငါးနှစ်လောက်ကြတော့ ထိုင်း နိုင်ငံက ကမ္ဘာကို ကြေငြာတယ်။ သူတို့ ပြုလုပ်ထားသော သုတေသန အချက်အလက်တွေကို ကိုင်စွဲပြီးတော့ပေါ့။

“ ပလတ်စတစ် ပစ္စည်းတွေ အပါအဝင် ၊ မယ်လမင်း ပစ္စည်းတွေကို အပူချိန် ၇၀ ဒီဂရီနဲ့ အထက် အပူပေးခံပြီး စားသုံးရင် “ ကင်ဆာ ” ရောဂါကို ဖြစ်စေနိုင်တယ်။ ”

တဲ့။ တကမ္ဘာလုံး အုတ်အော် သောင်းနင်း ဖြစ်သွားတယ်။ ဒီတော့ ထိုင်းသုတေသန အဖွဲ့က ဆက်ပြောတယ်။

“ မယ်လမင်းပစ္စည်းတွေ အစား ငှက်ပျောရွက်ကို သုံးကြပါ။ ” တဲ့။


လူတွေမှာ မူးဝေ မှောင်မိုက်ပြီး ခေတ်ဟောင်းကို ရုတ်တရက် ပြန်လည်ရောက်ရှိသွားခဲ့တယ်။ မနေ့ကပဲ မယ်လမင်းတွေနဲ့ ရောင်းနေတဲ့ ဆိုင်တွေက ဒီနေ့ကျတော့ ငှက်ပျောရွက်တွေနဲ့ ရောင်းချကြရတယ်။ မယ်လမင်း ခက်ယောက်တွေကတော့ တိတ်တဆိတ် ကြေကွဲလို့။

ကျွန်တော်တို့လည်း ဆံပင်တွေပဲ ရုတ်တရက် ထဖြူတော့မလို့ ၊ ရင်ဘတ်ထဲမှာ ကင်ဆာတွေ အမြစ်ပွားနေပြီ လိုလို ထင်ယောင်ထင်မှား အထွေထွေ အပြားပြား။ ဒါ..မာယာ။

ဒါကို “ Global Economic Attack ” လို့ ခေါ်မယ် ထင်တယ်။ သိပ်တော့လည်း နားမလည်။ ကျွန်တော်မှာလည်း တောင်တောင်အီအီပါပဲ။ ဒါနဲ့ပဲပေါ့ဗျာ။ ဟိုးရှေးရှေး အရင်ကရော.......ဆိုပြီး သမိုင်းတွေကို ကျွန်တော် အစဆွဲမိတယ်။

ထိုအရာများကို ကျော်ဖတ်ချင်လည်း ရပါတယ်။ ဒါကြောင့် ဆေးခြယ်ထားသည်။

သူ့နာမည်ကို ကြားရင် မူစလင်တွေ ဒေါသအရမ်းထွက်သော လူတစ်ယောက်ရှိခဲ့ဖူးတယ်။ သူကလည်း ဘာသာမတူပဲ ယူမိတဲ့ သူ့မိဘကို မြေမြှပ်ခေါင်းဖော်ပြီး ကျောက်ခဲတွေနဲ့ ပစ်သတ်ခဲ့လို့ မူစလင်တွေကို နာကျည်းခဲ့တယ်။

အရက်ဆိုတာ အသားပေါ်ကျရင်တောင်မှ ထိတဲ့နေရာကို ဓါးနဲ့ လှီးထုတ်ပစ်ရမယ် ဆိုသော ၊ မိန်းကလေးနဲ့ ယောက်ျားလေး လက်မထပ်ရသေးခင် လက်ချင်းထိဖို့နေနေသာသာ တစ်ယောက်နဲ့ တစ်ယောက် လက်လှမ်းမမှီနိုင်တဲ့ နေရာကနေ စကားပြောရတယ် ဆိုသော ၊ သူများပစ္စည်းခိုးရင် ခိုးတဲ့ လက်ကို ဖြတ်ပစ်ရတယ် ဆိုသော ၊ ကခုန်ဖို့ဝေးရော တီဗီ ၊ ကတ်ဆက် ၊ ရေဒီယို ၊ သီချင်းဆိုခြင်း စသော အရာများကို ပိတ်ပင်ထားသော အချက်အလက်များကို သေချာ စေ့စေ့စပ်စပ် လေ့လာပြီး မူစလင်တွေကို အရက်သောက်တတ်အောင် ၊ ကပွဲတွေ ၊ ပါတီပွဲတွေ တတ်တတ်လာအောင် ၊ မယူခင် သူတို့တွေ အတူတူ နေတတ်လာအောင် ( အခုများဗျာ ၊ ဘာသာခြား မိန်းကလေးတွေဆိုရင် သူတို့က ပိုတောင်မှဆိုးသေး အရင်ဆုံး ဗိုက်ထဲ ကလေးသွင်းထားမှတဲ့. ........{ ဆောရီး } ) လာဘ်စားတတ်လာအောင် ၊ ခိုးတတ်လာအောင် ဒီလို မူစလင်တွေရဲ့ စိတ်ထဲ သူတို့ရဲ့ ကိုရန် စာအုပ်ထဲမှ အချက်တွေနဲ့ လွဲချော်အောင် ပျက်စီးစေတတ်သော စိတ်တွေကို ထည့်ပေးခဲ့သူ။

သူ့ကြောင့် တစ်ကမ္ဘာလုံးမှာ ရှိနေသော မူစလင်များ အားလုံး အခုတော့ သွက်သွက်ခါအောင် ပျက်ဆီးနေခဲ့ပါပြီ။ ဒါပေမဲ့ သူ ( XXXX ) လည်း နောက်ဆုံးမှာ မူစလင် အစွန်းရောက်တွေက ဖမ်းဆီးပြီး လည်လှီးသတ်ဖြတ်ခဲ့တယ်။ ဒါပေမဲ့ သူချခဲ့တဲ့ မူစလင် ပျက်ဆီးရေး မျိုးစေ့ကတော့ ကမ္ဘာအနှံ့ ပွားများ ရှင်သန်လျှက်။ ဒါနဲ့ပဲ မူစလင်တွေနဲ့ အတူ သူ့ဖြန့်ခဲ့တဲ့ မဟားဒယား ကိုယ့်ကျင့်တရားများက ကမ္ဘာကို လွှမ်းခြုံ ကျင်လည်လျှက်....။ ဒါ..မာယာ။

ထို့ထက်စောသော ကာလတစ်ခုမှာ ဂျာမန် ဟစ်တလာက ဂျူးတွေကို သတ်တယ်။ ပြေးလွှားပုန်းလျှိုးနေရတဲ့ ဂျူးထဲက တစ်ယောက်ထဲမှာ အမေ ဂျာမန် နဲ့ အဖေ ဂျူး လူမျိုးတို့ရဲ့ သွေးသား ကောင်လေးတစ်ယောက်လည်း ရှိပြန်တယ်။ ပုန်းအောင်းတိမ်းရှောင်ရင်း အစ္စရေးပြည်နယ် ဖြစ်လာမဲ့ နယ်မြေလေးထဲ ခိုလှုံတော့ သူ့ကို ဂျာမန်စပ်လို့ ဆိုပြီး ခိုလှုံခွင့်မပြု။ သေနတ်သံ ၊ ဗုံးသံ ၊ အဆိပ်ငွေ့တွေကို ရှောင်တိမ်းရင်း ထိုကောင်လေးက နိုင်ငံတစ်ခုမှာ ဆရာဝန်ကြီး ဖြစ်လာတယ်။ သူ့ကို လက်မခံခဲ့သော အစ္စရေးနိုင်ငံကို အသည်းနာတယ်။ ဒါကြောင့် သူက သူ့ဖာသာခံယူထားတယ်..ဒါက “ ဘာသာမဲ့ ” ။ သို့သော် အများ အမြင်မှာတော့ သူက အလွန် ယုံကြည်ကိုးကွယ်ထားသော ဘာသာက ခရစ်ယာန်။ ပြီးတော့ အစ္စရေးဆိုသူတွေနဲ့ မတည့်ပဲ အမြဲတမ်း အငြင်းပွားနေနိုင်သော မူစလင်တွေကို အားပေး သွေးထိုးတယ်။

နောက်တော့ သူက ငွေကုန်ခံပြီး သုတေသနပြုလုပ်ပြီး ကမ္ဘာကို သူရဲ့ စာတမ်းတွေနဲ့ တင်ပြတယ်။ ယောက်ျားတွေ ဟိုဥစ္စာကို မူစလင်တွေလို ဖြတ်ထားခြင်းဖြင့် ယောက်ျား ကင်ဆာ မဖြစ်စေနိုင်ဘူးလို့ ကြေငြာ တင်သွင်းတယ်။ ထင်ယောင်ထင်မှား နဲ့ ကင်ဆာ ဖြစ်ရင် ထမင်းစားနေရင်း အဲဒါ ငတ်ပြတ်မှာ ကြောက်သော ယောက်ျားတွေက သူ့ရဲ့ စကားကို ယုံကြည်ကိုးစားစွာ ဟိုဥစ္စာတွေကို ကုလားတွေလို ဖြတ်ကြတယ်။ ( ဆောရီးနော်..အားလုံး။ )


ကင်ဆာ ဆိုတာ ဖြစ်နေမှ ဒါက ဒီလိုပါ လို့ အကြောင်းပြဖို့ ခက်နေသေးတဲ့ အချိန်ဆိုတော့ သူပြောသမျှကို လက်ခံယုံကြည့်လာပြီး သူ့ကို အားပေးခဲ့တယ်။ သူကတော့ နောက်ကွယ်မှာ ကျိတ်ရယ်နေလျှက်။ ဘာလို့လဲ ဆို..သူတောင်မှ ဟိုဥစ္စာကို အဟိုဝှာ မပြုထား။ ( ငါကလည်းနော် ရှုပ်နေတာပဲ။ ) ဒါနဲ့ သူက ဂျူးစပ်တယ် ဆိုတာ သိလာတော့ သူ့ကို အစ္စရေးနိုင်ငံက ဖိတ်ခေါ်တယ်။ ငါ့ကို လက်မခံတဲ့ နိုင်ငံ အခုတော့ ဖိတ်တောင်မှ ခေါ်နေရပါလား ဆိုပြီး သူက ဒီနိုင်ငံကို ရောက်သွားတော့ အားလုံးကို မဲဆွယ် တရားဟောပြီး သိမ်းသွင်းတယ်။

သူ့ကို ယုံကြည်နေသူကလည်း အားလုံး ခရစ်ယာန် ဘာသာဝင်တွေ ဖြစ်ပြီး ဟိုဥစ္စာကို ဖြတ်တော့ လိုကဖြတ်ကြတယ်။ တကယ်တော့ ကင်ဆာ ဖြစ်လာရင် အရင်းက ဖြတ်ရမှာ ဆိုတော့ ထိပ်လောက်တော့ ပြဿနာ မရှိဘူးလို့ ထင်ယောင်ထင်မှား တွေးကြတယ်။ အရင်းက ဖြတ်ခံရရင်တော့ ထမင်းစားနေလျှက်နဲ့ ငတ်ကြရမှာကိုး...( တတိယအကြိမ် ..ဆောရီးပါ။ )
ဒီမှာ ဒီလို ဖြစ်နေတဲ့ ယောက်ျားသားတွေက ရုတ်တရက် မူစလင်တွေရဲ့ တစ်နေရာရာမှာ သေဆုံးခဲ့လျှင် ပြီးတော့ သူ့ကို မူစလင်တွေက ဟိုအရာကို လှန်ကြည့်ပြီး ဒါဟာ မူစလင်ကွ ဆိုပြီး ခရစ်ယာန်ကို မူစလင် သချှင်္ီုင်းမှာ သဂြိင်္ီလ်တယ်။ ဒါနဲ့ပဲ ခရစ်ယာန်တွေ သေတော့မှ မူစလင် ဖြစ်ကြရတယ်။ သူကတော့ လူသူ မသိတဲ့ နေရာတစ်ခုမှ ကျိတ်ရယ်လျှက်။ သူကတော့ မိမွေးတိုင်း ဖမွေးတိုင်း ၊ ကျန်းမာ ပကတိ ချမ်းသာစွာရှိ။

သို့သော် သူ့ရဲ့ လုပ်ရပ်ကို မထောက်ခံသော ဂျူးတချို့က သူ့ကို လုံကြံခဲ့တယ်။ သူသေသွားတာတောင်မှ လူတွေမှာ အယူအဆ တစ်ခုကို လက်ခံထားမိရင် ဘယ်လိုမှ လက်မလွှတ်မိတတ်ကြတော့။ အခု အချိန်အထိ အစ္စရေးနိုင်ငံမှာ ခရစ်ယာန်ဂျူးတွေ ဟိုဥစ္စာကို ဟိုလိုလုပ်ပြီး ဖြတ်တောက်နေကြပါသေးတယ်။ (စတုတ္ထအကြိမ် - ဆောရီး။ )

ဒါနဲ့ပဲ..တချို့တွေက ယောက်ျားလေးတွေ ဒါကို ဒီလိုမပြုရင် ကင်ဆာ ဖြစ်တယ် ဆိုပြီး အခြေတကျ ငြင်းလာကြတယ်။ သူလုပ်ထားခဲ့တဲ့ သုတေသန စာရွတ်တွေကို ရင်ထဲမှာ ကိုင်စွဲပြီး ဟစ်ကြွေးတယ်။ တစ်ခုတော့ ကျွန်တော် ပြောချင်ပါတယ်။ ကိုယ့်ရဲ့ ကြိုက်တဲ့ လက်ညှိုးတစ်ချောင်းကိုပေါ့။ ပထမ လက်ဆစ်လေးကို နေ့တိုင်း အားနေတဲ့ အချိန်တိုင်း ဖိပြီး ပွတ်ပေးပါ။ နောက် နှစ်အတော်ကြာလာတဲ့ အခါမှာ အရိုးကင်ဆာ ( သို့ ) ကြွက်သားကင်ဆာ ဖြစ်လာနိုင်ပါတယ်။ ( မှတ်ချက်။ ။ လုပ်ကြည့်ပါ တကယ်ဖြစ်လာရင်တော့ ကျွန်တော် နဲ့ မဆိုင်ပါ။ ) ဒီလိုပါပဲ။ ဒီလို မပြုတဲ့ သူတွေကို လိုက်ပြီး လေ့လာမှာတော့ ( အပြစ်လိုက်ရှာမှာတော့ ) တွေ့မှာပဲပေါ့။ ဒါမပြုရင် ကင်ဆာ ဖြစ်တယ်။

ဒါပါပဲ...ဒါ...မာယာ။


ဒီလိုပါပဲ။ အမေရိကန်မှာ ဖို့ဒ်ကားတွေ ရောင်းအားတွင်ကျယ်ပြီး တခြား ကားကုမ္ပဏီတွေကလည်း ခေါင်းထောင်လာတော့ သူတို့ရဲ့ အချက်အချာ ရေနံထုတ်လုပ်တဲ့ အာရပ်တွေက “ အိုပက် ” အဖွဲ့ကို ဖွဲ့စည်းပြီး ရေနံဈေးကို မတရားမြှင့်တင်လိုက်တယ်။

ဒီတော့ ဆီဈေးတွေ တတ်လာတယ်။ ဆီဈေးတတ်တော့ ဆီစားနှုန်းများသော အမေရိကန်ကားကုမ္ပဏီက ကားထက် ဆီစားနှုန်းသက်သာသော ဂျပန်ကားကုမ္ပဏီက ကားကို မှာယူတင်သွင်းယူလာကြသည်။ ဂျပန်ကားများသည် သေးငယ်ပေါ့ပါးသည်။ ဈေးနှုန်းသက်သာသည်။ ဆီစားနှုန်းသက်သာသည်။ ဒါနဲ့ပဲ အမေရိကန် ကားကုမ္ပဏီတွေ “ မျက်ရည်နဲ့ မျက်ခွက် ” ဖြစ်ကြရသည်။

ဒါကို ကျော်လွှားဖို့ ချက်ချင်း မဖြစ်နိုင်တော့ သူတို့ အချိန်များစွာ ယူရင်း သန်းပေါင်းများစွာ ဆုံးရှုံးခဲ့ရသည်။ ပြုပြင်ပြောင်းလဲနေလျှက် ဂျပန်ကားတွေ ပိုမိုကျယ်ပြန့်လာသည်။ ဒီတော့ သူတို့ အထိပ်တလန့်နဲ့ ဂျပန်ကားကို ခွဲခြမ်းစိတ်ဖြာကြည့်သည်။ ဟော တွေ့ပါပြီ။ ပါးလျလိုက်တဲ့ ကားကိုယ်ထည် သံပြား။ လုံခြုံရေး အားနည်းသည်။

ဒီတော့ ဒါတွေကို ကိုင်ပြီး သူတို့ ဂျပန်ကား နဲ့ အမေရိကန် ကားကို ခေါင်းချင်းယှဉ်ပြီး တိုက်ပြပြီး ကြော်ငြာသည်။ အမေရိကန်ကားက ရှေ့ကာဗာလေး ပိန်သွားရုံသာ။ ဂျပန်ကားမှာတော့ သွားတစ်ချောင်းမှ မရှိတော့ပဲ ကွမ်းစားတတ်တဲ့ အဖိုးကြီးအို တစ်ယောက်ရဲ့ ပါးစပ်လို ရှုံ့တွ ပိန်ကျုံ့ ဝင်လျှက်။

သုံးစွဲသူတွေ ဆီဈေးထက် အသက်ကိုတော့ အသေမခံနိုင် ဆိုပြီး ဒီဘက် ပြန်ပြေးလာခဲ့တယ်။ ဂျပန်ကားတွေ တန့်သွားပြန်တယ်။ ဒီတော့ ဂျပန်တွေကလည်း ကားဆိုတာ စီးဖို့ပါ။ ခေါင်းချင်းဆိုင် တိုက်ဖို့ မဟုတ်။ ခေါင်းချင်းဆိုင် ဝင်လာတဲ့ ကားကို ဘယ်သူက တိုက်ချင်ပါ့မလဲ။ ပေါ့ပါးစေဖို့ ၊ ဆီစားနှုန်းသက်သာစေဖို့က အဓိကလို့ပြန်လည်ဟစ်ကြွေးတယ်။

ဒါနဲ့ပဲ ကျွန်တော်တို့ သုံးစွဲသူတွေ သူတို့ လူတွေကြားမှာ တောင်ပြေးရနိုးနိုး ၊ မြောက်လှမ်းရနိုးနိုး ဖြစ်လာခဲ့ကြတယ်။ ဒါ...မာယာ။

နောက်တော့ အမေရိကန်က ဗီစီဒီစက်တွေ ထုတ်လုပ်လာနိုင်တယ်။ စပြီးထုတ်တာက NASA က။ ဒါပေမဲ့ ထိုခေတ်က ဈေးနဲ့တင် ဗီစီဒီစက်တစ်လုံးကို ဒေါ်လာ သုံးထောင် လောက်ကျသတဲ့။ ဘယ်သူမှလည်း ဝယ်မသုံးနိုင်။ အာကာသအတွက်သာ အဆင်ပြေနိုင်မယ်ပေါ့။

ဒါကို ဂျပန်က ဝယ်တယ်။ သူ့ကို နည်းပညာသာ ရောင်းပါ။ သူ လူတွေ သုံးနိုင်အောင် ထုတ်လုပ်မယ်။ အမေရိကန်က မဖြစ်နိုင်ဘူး ၊ ဒါပေမဲ့ ဂျပန်က ဝယ်တယ်။ တကယ်လည်း ဂျပန်က ဈေးပေါပေါနဲ့ ထုတ်လုပ်ပြီး လူတွေ သုံးလာနိုင်ပါတယ်။

ဒီတော့ အမေရိကန်တွေ ဈေးကြီးနေတယ် ဆိုတာကို ဂျပန်က ဈေးပေါပေါနဲ့ ရအောင် ထုတ်လုပ်ပြလိုက်တယ်။ ဒါပေမဲ့ ဂျပန်တွေလည်း နောက်တော့ ငုတ်တုပ်မေ့သွားပါတယ်။ တရုတ်တွေက သူ့ထက် ၃ ဆ လောက်ဈေးပေါအောင် ထုတ်ပြီး ဂျပန်ကို ကျော်တတ်ပစ်လိုက်တယ်။ အရည်အသွေးကတော့ “ လှယဉ်ကျေးမယ် နဲ့ စုန်းမ ” လို။

ဒါကလည်း နည်းပညာနဲ့ ဈေးကွက် ၊ ဈေးကွက်နဲ့ လူ့အရင်းအမြစ်စွမ်းအား ပြိုင်ဆိုင်မှု။ ဒါ..မာယာ။

ဂျပန်က မြန်မာနိုင်ငံမှာ ရုပ်မြင်သံကြားစနစ်တွေ တပ်ဆင်တော့မယ် ဆိုတော့ လာရောက်လေ့လာတယ်။ ပြီးတော့ စကားတစ်ခွန်းပဲ ပြောတယ်။ အခု မြန်မာနိုင်ငံရဲ့ ရုပ်မြင်သံကြားထုတ်လွှင့်ပြသဖို့ စက်ကိရိယာ တန်ဆာပစ္စည်းတွေ သူတို့ ဂျပန်နိုင်ငံက အားလုံးကို အကုန်အကျခံပါမယ်။ လွှင့်ဖို့နေရာသာ ကိုယ့်ဖာသာ စီစဉ်ကြပါ။

ဟာခနဲ အံ့သြသင့်ပြီး ဝမ်းသာသွားကြတယ်။ ဒီလောက် ဈေးကြီးတဲ့ ရုပ်မြင်သံကြား ထုတ်လွှင့်ဖို့ စက်ကိရိယာတွေ အားလုံးကို အလကားပေးမတဲ့။ ပျော်ခဲ့ကြတယ်။ သို့သော်...... ( ထို သို့သော် သည် အရေးကြီးပါသည်။ )

သို့သော်...

ထို အချိန်က ကမ္ဘာမှာ Multi စနစ် မရှိသေး။ PAL နဲ့ NTSC စနစ်သာ ရှိသည်။ အမေရိကန် ၊ အင်္ဂလန် က အုပ်စိုးနေသော နိုင်ငံတွေမှာ PAL စနစ်ကို သုံးသည်။ ဂျပန်က NTSC ။ ဒါကြောင့် ဂျပန်တို့ရဲ့ စေတနာနဲ့ ကျွန်တော်တို့ ရုပ်မြင်သံကြားကို ကြည့်ခွင့်ရခဲ့သည်။ ထိုသို့ ရုပ်မြင်သံကြားကို ကြည့်ရဖို့ ဂျပန်က လာသော NTSC တီဗီများကိုသာ ဝယ်၍ ကြည့်ရှုရသည်။ ရတယ်လေ ဘာပဲ ဖြစ်ဖြစ် ကြည့်ရရင် ပြီးတာပဲ။

ဒါပေမဲ့ မှတ်မိကြပါဦးမည်။ ကုလားကားတွေဆိုလျှင် ကျွန်တော်တို့ ကြည့်၍ မရ။ ကုလားကားတွေက PAL စနစ်တွေ ဟုဆိုသည်။ ဒီလို NTSC နဲ့ ထုတ်လွှင့်သော ဂျပန် စက်တွေနဲ့ ရုပ်မြင်သံကြားထုတ်လွှင့်တော့ ကျွန်တော်တို့တွေလည်း NTSC နဲ့ပဲ ထုတ်လုပ်သော ဂျပန် စက်များကိုသာ ဝယ်ယူ၍ ကြည့်ရှုရလေတော့သည်။ ထို့ကြောင့် တခြားနိုင်ငံတွေမှ PAL စနစ်ဖြင့် ထုတ်လုပ်သော တီဗီများကို ဈေးကွက်ထဲ ဝင်လို့မရ။

ဒါနဲ့ပဲ ဂျပန်က မြန်မာနိုင်ငံကို ရုပ်မြင်သံကြား ထုတ်လွှင့်စက်တွေ အလကားတပ်ပေးပြီး သူတို့ စနစ်နဲ့မှ ကြည့်၍ရသော ရုပ်မြင်သံကြားများ ၊ ဗီဒီယိုပြစက်များကို ရောင်းချခြင်းဖြင့် အမြတ်ငွေပေါင်းများစွာကို နှစ်ပေါင်းများစွာ သဲ့ယူသွားပါတော့တယ်။ ဒါမျိုး မြန်မာနိုင်ငံမှာတင်မကပါ။ ဂျပန်နိုင်ငံ ဒီလိုလုပ်သွားခဲ့သော နိုင်ငံများစွာ...။

ဒါက ကမ္ဘာမှာ ဂျပန်တွေ ပထမဦးဆုံး ကျင့်သုံးသွားတဲ့ “ ဈေးကွက် ထိုးဖောက်မှု ” ။ ဒါ..မာယာ။

အခုတော့လည်း Multi စနစ် တွယ်ကျယ် ဝေ့ဝဲစွာ ပေါ်ထွက်လာပြီ ဖြစ်သောကြောင့် ဂျပန် တစ်နိုင်ငံထဲတော့ လက်ဝါးကြီး အုပ်ထားလို့ မရတော့ပါ။ အခု လတ်တလောကတော့ သူ့ပစ္စည်းကို အရည်အသွေးကောင်းကောင်းနဲ့ သင့်တော်သော ဈေးနဲ့ ရောင်းတယ်။ ဒါပေမဲ့ သူ့ပစ္စည်းနဲ့ တွဲသုံးရသော ပစ္စည်းများကို သူများနဲ့ မတူအောင် လုပ်ထားပြီး ဈေးမြင့်မားစွာ ရောင်းနေသော ကုမ္ပဏီက “ SONY ” ။

သူ့ပစ္စည်းတွေ အရည်အသွေးကောင်းပါတယ်။ သို့သော် နောက်ဆက်တွဲ ပစ္စည်းတွေက တန်ဖိုး မြင့်မားလွန်းတယ်။ ဥပမာ - ကင်မရာကိုပဲ ကြည့်။ သူကမှာ ထည့်ရတာက သူများတွေလို ရိုးရိုး SD Card မဟုတ်။ SONY MEMORY STICK PRO DUO တဲ့။
မချစ်လို့တော့ မဟုတ်ဘူး ၊ မတတ်နိုင်လို့ပါ :P ၊ SONY ကို ကျွန်တော် ရှောင်တယ်။




ဒါပါပဲ..ဘယ်နေရာမှာ မဆို။ စီးပွားရေးနဲ့ ပတ်သတ်ပြီး လူမှုရေးပါ ပါဝင်ပတ်သတ်ပြီး မီဒီယာတွေက အမျိုးမျိုးထုတ်လွှင့်ကြတယ်။ ဒါနဲ့ပဲ ကျွန်တော်တို့ သာမာန်လူသားတွေက ဟိုဟာလည်း ကြောက်ရ ဒီဟာလည်း ကြောက်ရ ဖြစ်ပြီး ဘာလုပ်ရမှန်း မသိ။ ဒါ..မာယာ။

ငယ်ငယ်က သုတစွယ်စုံတွေ ဖတ်ပြီး ကျွန်တော် ရင်တွေတုန် ၊ ခေါင်းတွေနောက် ဖြစ်ဖူးတယ်။ ၁၉၉၄ လောက်ကပေါ့။ လက္ခဏာဆရာကြီး ကိုင်ရို က သူရဲ့ ကမ္ဘာအတွက် တစ်သက်စာ ဟောစာတမ်းထဲမှာပါတယ်တဲ့။ ၁၉၉၉ ခုနှစ်ကျရင် ကမ္ဘာပျက်မယ် တဲ့။

ဟာဗျာ..အထိတ်တလန့်နဲ့ပါပဲ။ ကျွန်တော့်အဖေကို မေးတော့ ဖေဖေက ...

“ ပျက်တော့လည်း ပျက်ပေါ့ သားရယ်။ ဘာဖြစ်လဲ။ အားလုံး သေကြရမှာပဲလေ။ ”

တဲ့ ။ လေသံအေးအေးနဲ့ စိုးပိုင် သီချင်း ညည်းသလို ပြောတယ်။ ကျွန်တော်ကတော့ ထိန့်လန်ခြောက်ခြားနေခဲ့မိတယ်။ အခုတော့ အဲ...သက္ကရာဇ် ဘယ်လောက်ပါလိမ့်။ အော်...၂၀၁၀ တောင်မှ ရောက်နေပါရောလား။

ကျွန်တော် မသေသေးဘူး။
ကျွန်တော် မသေသေးဘူး။
ကျွန်တော် မသေသေးဘူး။
( သုံးကြိမ် တိုင်တိုင် ဟစ်ကြွေးလိုက်တယ်။ )

ကမ္ဘာလည်း မပျက်သေးဘူး။ ကျေးဇူးတင်ပါတယ် ကမ္ဘာကြီးရယ်။

အခု..၂၀၁၂ ကမ္ဘာ ပျက်မယ် ဆိုပဲ။ လူဦးရေရဲ့ သုံးပုံ တစ်ပုံပဲ ကျန်မယ်တဲ့။ ကျွန်တော် မယုံပါဘူး။ ကျွန်တော် ကမ္ဘာကြီးကိုပဲ ယုံတယ်။ ဒါဟာ...မာယာ။

ကျေးဇူးတင်ပါတယ် ကမ္ဘာကြီးရယ်။ မင်းကတော့ မာယာ မများပါဘူး။ လူတွေက မင်းကို မာယာ များသလို လုပ်နေတာ။ ဘာပဲ ပြောပြော မင်းကိုတော့ ငါ ချစ်တယ်။ တကယ်တော့ မာယာများတဲ့ ကမ္ဘာ ဆိုပေမဲ့ မင်းက မာယာမများပါဘူး။ လူတွေကသာ မာယာများနေကြတာလေ။

လေးစားစွာဖြင့်
ကိုဇော် ရှာဖွေစုစည်းသည်။


.
Share/Bookmark

0 ဘာသာဗေဒ နဲ့ မက်ဆေ့ဂ်ျ




“ ဆရာပြောရင် မင်း ယုံပါ့မလား။ ”

လေးစားရသော ဆရာက ဒီလို စကားစတယ်။ ' မယုံဘူး ဆရာ ' လို့လည်း မပြောဖြစ် ၊ ' ယုံရမှာပေါ့ ' ဆရာလည်းလို့လည်း မပြောဖြစ်ပဲ ပေထုံထုံ နဲ့ ကျွန်တော် ခေါင်းငြိမ့်ပြလိုက်တော့ ဆရာက သူ့ဖာသာ လျှာကို အလုပ်ပေးပြီး ဆက်ပြောတယ်။

“ လူတစ်ယောက်က ခွေးတစ်ကောင်ကို ဆွဲပြီး ကမ္ဘာပတ်တယ် ဆိုပါစို့။ ဘာတွေ ဖြစ်လာမလဲ သိလား။ ”

ကျွန်တော် ထုံပေပေ ပုံစံပြောင်းလိုက်ပြီး ခေါင်းကို ခါပြလိုက်တယ်

“ အဲဒီခွေးတစ်ကောင်ရဲ့ အသံကို တစ်ကမ္ဘာလုံးက လူတွေ အသံမျိုးစုံ အနေနဲ့ ကြားနေရတော့တာပဲ။ ”

“ ဗျာ..။ ”

ကျွန်တော်ရဲ့ ပေထုံထုံ နဲ့ ထုံပေပေ မောင်နှမ ကျွန်တော် အာမေဋိတ်နဲ့ အတူ လွင့်ထွက်သွားကြတယ်။ နားမလည်တာကို နားမလည်ဘူးလို့ မပြောဖြစ်ရင် အာမေဋိတ်ပြုရတယ် ဆိုပဲ။ ဒါကြောင့် အခု ကျွန်တော် “ ဗျာ ” လိုက်တယ်။ ဒီတော့ ဆရာကလည်း သိနားလည်စွာ ဆက်ရှင်းပြတယ်။


“ ဟုတ်တယ်။ ဘာလို့လဲ ဆိုတော့ ခွေးကတော့ ဒီတစ်ကောင်ပါပဲ။ ဒါပေမဲ့ လူတွေရဲ့ ပတ်ဝန်းကျင် ဒေသအလိုက် ၊ သူတို့ရဲ့ အလေ့အထ စရိုက်အရ ဒီခွေးရဲ့ ပါးစပ်က ထွက်တဲ့ အသံဟာ သူတို့နားမှာ ပြောင်းလဲသွားကြတယ်။


ခွေးကတော့ ဒီတစ်ကောင်ထဲပဲ။ သူ ဟောင်တာလည်း ဒီအသံပဲ။ ဒါပေမဲ့ လူတွေရဲ့ နားထဲမှာ ကြားယောင်ခံယူလိုက်တာက မတူတဲ့ အတွက် သူတို့ ကြားလိုက်ရတဲ့ ခွေးသံတွေကလ
ည်း မတူတော့ဘူး။ မြန်မာနိုင်ငံမှာ ခွေးဟောင်သံကို “ ဝုတ် ၊ ဝုတ် ” လို့ ကိုယ်စားပြုမယ်။ အမေရိကန် နဲ့ အင်္ဂလန်မှာ သွား မဝုတ်လေနဲ့ သူတို့က ခွေးဟောင်သံကို “ ဘာ့ခ် ၊ ဘာ့ခ် ” ( bark ) လို့ ကြားတယ်။ ဘရာဇီးဘက်ကျတော့ ပိုဆိုး ခွေးဟောင်သံကို “ ဘရပ်ခ် ၊ ဘရပ်ခ် ” လို့ကြားတယ်။

ခွေးကတော့ကွာ။ မြန်မာနိုင်ငံမှာ “ ဝုတ် ” လို့ဟောင်မယ်။ အင်္ဂလန်ရောက်ရင် “ ဘာ့ခ် ” လို့ ဟောင်မယ်။ ဘရာဇီးရောက်ရင်တော့ “ ဘရပ်ခ် ” လို့ ဟောင်ရမယ်လို့ သူ ဘယ်သိပါ့မလဲ။ သူကတော့ ဟောင်စရာ ရှိရင် ဟောင်လိုက်မှာပဲလေ။ ဒါပေမဲ့ လူတွေရဲ့ နားထဲမှာတော့ အသံတွေက ပြောင်းလဲ ခံစားကြားယောင်သွားကြတယ်။

ဟိုးအရင် ဂျပန်နိုင်ငံက ဗီစီဒီတွေမှာ သီချင်းပါဆိုလို့ ရအောင် တီထွင်ပြီး သူတို့ နာမည်ပေးကြတယ် “ Karaoke ” တဲ့။ ဒါကို ဂျပန် အသံထွက်အတိုင်းပဲ “ ကာရာအိုကေ ” ဆိုပြီး အသံထွက်ကြတယ်။ ဒီ “ Karaoke ” ဟာ အမေရိကန်နိုင်ငံကို ရောက်တော့ အရမ်းကို ခေတ်စားခဲ့တယ်။ အော်ကြ ၊ ဟစ်ကြ ၊ ဆိုကြပေါ့။ ဒါပေမဲ့ အမေရိကန်တွေက သူတို့ အသံထွက်တွေနဲ့ အသံထွက်လိုက်တယ် “ ကယ်ရိယိုကီး ” တဲ့။




ဒီမှာ မူရင်း ဂျပန်တွေနဲ့ ပြဿနာ ဖြစ်တော့တာပဲ။ အတော်လည်း ကြီးကျယ်ခဲ့တယ်။ နောက်တော့လည်း မူလ စတင်ပေါ်ပေါက်လာခဲ့တဲ့ ဂျပန် အသံထွက်အတိုင်း “ ကာရာအိုကေ ” လို့ပဲ အသံထွက်ဖို့ ဆုံးဖြတ်ခဲ့ကြတယ်။

လူတွေမှာလည်း ဒီလိုပဲ။ အသံထွက်တယ် ဆိုတဲ့ ဘာသာဗေဒ ဘာ သူတို့ ပတ်ဝန်းကျင်အရ ပြောင်းတတ်ကြတယ်။ ဒါကြောင့် မြန်မာလို့ “ ချစ်တယ် ” လို့ ပြောလိုက်ပေမဲ့ တခြား တိုင်းရင်းသားတွေ လိုက်ပြောတော့ “ ဂျစ်ဒယ် ” “ ရှစ်တယ် ” ဒီလိုတွေ ဖြစ်လာခဲ့တာ။ ”

“ သြော်...။ ဒီလိုကိုး ။ ”

ဒီလို အာမေဋိတ် တစ်ခုနဲ့ ကျွန်တော် နားလည်သွားကြောင်း ဆရာ့ကို ဖော်ညွှန်းမိခဲ့တယ်။ ဒီနောက်မှာတော့ ကျွန်တော် ဆက်လေ့လာ စဉ်းစားမိခဲ့တယ်။ ဒါဆိုရင်.................ပေါ့။

ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ကြောင်အော်တဲ့ အသံကို အားလုံးက “ ညောင် ” လို့ပဲ ကြားတယ်လေ။ အခု မလေးရှားက မလေးနိုင်ငံသားတွေကတော့ သူတို့ နားထဲမှာ “ မြောင် ” တဲ့။ အဲဒီ “ ညောင် ” နဲ့ “ မြောင် ” ကြားမှာတင် ရောက်ခါစက ကျွန်တော် တော်တော်လေးကို အနေရ ကြပ်ခဲ့သေးတယ်။ ဒါပေမဲ့လည်း ကြာလာတော့ ကျွန်တော်လည်း “ မြောင် ” တတ်ခဲ့ပါတယ်။

ကျွန်တော် သူငယ်ချင်း နာမည်ကို ဒီလို စာလုံးပေါင်းတယ်။ “ Kyaw Kyaw Lwin ” တဲ့။ မြန်မာလို “ ကျော်ကျော်လွင် ” ပေါ့လေ။ ဒီကို သူရောက်လာတော့ သူ့ကို ဒီက လူတွေက သူ့နာမည်ကို အပြည့်အစုံ ခေါ်ကြတယ်။ “ ကွယ်ကွယ်လွန် ” တဲ့။ သူ့ခင်ဗျာ နေရင်းထိုင်ရင်း နာမည်ပေးထားတဲ့ မိဘတွေကို ပထမဦးဆုံး အကြိမ် ဒေါသတွေ ထွက်လို့။

အဲ..နောက်တစ်ယောက်ကျတော့ တစ်မျိုး။ သူ့နာမည်ကို Chit Htoo ” လို့ ပေါင်းတယ်။ နာမည်အရင်းပါပဲ၊ “ ချစ်ထူး ” တဲ့။ ဒါကို ဒီက လူတွေက စာလုံးပေါင်းဖတ်ပြီး ခေါ်တယ် “ ချစ်သူ ” တဲ့။ သူ့တော့ ရောက်လေရာ နေရာမှာ မျက်နှာတွေ ပွင့်လို့။ ဒါကို ကျွန်တော်တို့ နင်ပဲငဆ အတင်းလိုက် ပြင်ပြောလို့ မဖြစ်ပြန်ဘူး။

လူတွေကို ဘာသာစကားသင်ယူဖို့ အခြေခံ အချက် ၄ ချက်နဲ့ စတင်ကြတယ်လို့ ပြောကြတယ်။ ဒါကို Four Skill လို့ ဆိုတယ်။ အတိုကောက် “ L . S . R . W ” လို့ဆိုတယ်။ အရှည်အားဖြင့် “ Listening . Speaking . Reading . Writing ” လို့ သတ်မှတ်ကြပါတယ်။ ဒီလိုက ပြောစရာက ရှိလာပါတယ်။

ဘာလို့ ဒီလို အစီအစဉ်လိုက် ဖြစ်နေတာလဲ ဆိုတော့ ကျွန်တော် ဆရာ ဦးအေးကိုကို က ဒီလို ပြောပြတယ်။

“ မွေးလာတဲ့ ကလေးတစ်ယောက် စကားပြောရင် စကားမပီဘူးဆိုပါစို့ ၊ ဒါကို ဘာကြောင့်လို့ထင်လဲ။ “

“ လျှာထူနေလို့ပါ။ ”

“ ဟိုဘဝက ဝဋ်ကြွေးကြောင့်ပါ။ ”

“ မိဘက သင်ပေးတာ မကောင်းလို့ပါ။ ”

“ လူမျိုးမတူလို့ ဖြစ်မှာပါ။ ”

တစ်ယောက်တစ်ပေါက်ပါပဲ။ ဘယ်သူမှလည်း အပိုတော့ မပါဘူးပေါ့လေ. . တစ်ယောက်ကို ပါးစပ်က တစ်ပေါက်ပါပဲ။ ဆူညံနေအောင် ဝိုင်းပြောကြတယ်လို့ ဆိုလိုတာပါ။ ဒီတော့ ဆရာက တစ်ခွန်းပဲ ပြောတယ်။ ခက်တာက ကျွန်တော်တို့ အဖြေတွေနဲ့ တစ်ယောက်မှ မတူကြဘူး။ လွဲနေတာပဲ။

“ မဟုတ်ဘူး။ တကယ်တော့ ဒီကလေးက နားမကြားလို့ပါ။ နားမှာ အကြားအာရုံ ချို့ယွင်းချက်ရှိနေလို့ သူများပြောတာကို သေချာမကြားပဲ။ သူ့နားထဲမှာ ကြားသလို ပြန်ပြောတော့ ဗလုံးပထွေးဖြစ်နေတာ။ ဒါကြောင့် သူကြားတဲ့ အတိုင်းပြောတော့ မပီပြင် မရှင်းလင်းပဲ စကားလုံးတွေက အသံထွက်တွေ မှားကုန်တာ။

ဒါကြောင့် L . S . R . W ဆိုတာကလည်း အရင်ဆုံး သူများပြောတာ များများနားထောင်မှ ကိုယ်ကလည်း ပြန်ပြီးတော့ ပြောနိုင်မယ်။ ဒီလိုပဲ သူများရေးတာ များများဖတ်မှ ကိုယ်ကလည်း ပြန်ပြီးတော့ ရေးနိုင်မယ်။ ဒါကြောင့် ဒီလိုပဲ စီထားတာ။ သဘောပေါက်ကြလား ။ ”






ခေါင်းတွေကို ကျွန်တော်တို့ အပြိုင် ငြိမ့်ပြခြင်းဖြင့် ထောက်ခံလိုက်ပါတယ်။

ဒီကြားထဲ ကျွန်တော်တို့မှာ တစ်နေ့တစ်နေ့ လုပ်ဆောင်ရတဲ့ အလုပ်တွေက များလာတော့ လူတွေ တစ်ယောက်နဲ့ တစ်ယောက်ကို လာစမ်းပါဦး ၊ ထိုင်စမ်းပါဦး ဆိုပြီး အေးဆေး စကားပြောနေဖို့ အချိန်လည်း နည်းပါးလာခဲ့ကြတယ်။ ဒီတော့ ကျွန်တော်တို့ ပြောချင်သော အကြောင်းအရာများကို စကားလုံးတွေ များများစားစား အစား ထိရောက်သော စကားလုံး အတိုလေးများဖြင့်ပဲ ပေးပို့ပြောဖြစ်လာကြတယ်။ ဒါကို ကျွန်တော်ကတော့ Message လို့ပဲ တင်စားမိတယ်။

ကျွန်တော့်ရေးသော စာလေးတွေမှာလည်း ကျွန်တော်က သိပ်ပြီးတော့ စာတွေကို အရှည်ရေးချင်တာ မဟုတ်။ ( ဒါတောင်မှ အခု ရေးလိုက်တာ အရှည်ကြီး ဟီး ) ငယ်ငယ်က ညီမတွေ အပါအဝင် ၊ အိမ်နားက ကလေးတွေကို စာသင်ပေးတော့ ကွက်ကျော်နည်းလေးတွေကိုလည်း သင်ပေးဖူးတယ်။ ဥပမာ - ကိန်းဂဏာန်း တစ်ခုထဲက နောက်ထပ် ကိန်းဂဏာန်းတစ်ခု နုတ်တယ် ဆိုပါစို့။ ကိုယ်နုတ်ချင်တဲ့ ကိန်းက အနုတ်ခံ ကိန်းထက် ၁ ငယ်နေရင် ကျိန်းသေတယ်။ ဒါဆို နုတ်ရင် သေချာတယ်။ ၉ ရမယ်။ ၂ ငယ်နေရင် ၈ အစရှိသဖြင့်ပေါ့။

၁၇
- ၈
--------
၀၉

၂၃
- ၎
----------


၅၇
- ၂၉
------------



ဒီလိုမျိုးနဲ့ ကျွန်တော့်စာတွေကို ကိုယ်ပြချင်သော ၊ သိစေချင်သော အချက်အလက်လေးတွေကိုပဲ ထိထိမိမိ တင်ပြချင်ခဲ့တယ်။ ဒါကြောင့် ကျွန်တော် စာတွေမှာ ကျွန်တော် ပြစေချင်သော အဖြစ်အပျက် ၊ ရှူထောင့် ၊ အမြင်လေးတစ်နေရာမှာ ရပ်ထားလိုက်လေ့ရှိပါတယ်။ ဒါကို စာဖတ်သူကတော့ ဆက်လက်ပြီး ကိုယ့်ဖာသာ ဆက်ပြီး တွေးစေချင်တယ်။

ဒါကြောင့် ကျွန်တော့်စာတွေ အောက်ဘက်မှာ ကျွန်တော်ရဲ့ ထင်မြင်ယူဆချက်တွေ ( အတော်နိုင်ဆုံး ) ရေးထားလေ့ မရှိပဲ။ စာထဲမှာပဲ ခေါ်ဆောင် ထည့်သွင်းပြီး ရေးမိပါတယ်။ ဒါကြောင့် တစ်ချို့စာများကို နားမလည်ဘူး ဖြစ်ကောင်း ဖြစ်နေနိုင်ပါတယ်။ ဥပမာ - I.O.U လို့ တွေ့ရင် I Owe You ဆိုတာလောက်တော့ သိသင့်တယ် လို့လည်း ထင်မိတယ်။




တစ်ခုပြောချင်တာကတော့ ကျွန်တော့် စာများကို ဖတ်အပြီး စိတ်တိုင်းမကျစရာများစွာ တွေ့နေနိုင်ပါတယ်။ ဘာလို့လည်း ဆိုတော့ ကျွန်တော်ကိုယ်တိုင်လည်း တချို့ဖတ်ရသော စာများစွာကို စိတ်တိုင်းမကျပါ။ သို့သော် ဒီစာက ဘာကိုဆိုလိုပြီး ရေးတာလဲဆိုပြီး သူတို့ရေးတာကို ကျွန်တော့်ဖာသာ ပြန်တင်ရေးပြီး စဉ်းစားမိတယ်။ ဒါပေမဲ့ ဒုံရင်းပဲ ၊ ကျွန်တော်နားမလည် ။ ဒါပေမဲ့ ကျွန်တော် နားမလည်လိုက်ပေမဲ့ နားလည်သွားသူတွေကိုလည်း ကျွန်တော် မြင်နေရတယ်။

ဒီတော့ဗျာ။

ကျွန်တော့်စာတွေကို လူတိုင်း စိတ်တိုင်းကျဖို့ ဆိုတာ မဖြစ်နိုင်သေးပါ။ အခု ဒီစာကို ကျွန်တော် ခေါင်းစဉ်တပ်ထားသလိုပါပဲ။ “ ဘာသာဗေဒ နဲ့ မက်ဆေ့ဂ်ျ ” ဆိုသလိုပါပဲ။ တိုနိုင်သမျှ တိုအောင် ကျွန်တော် ရေးထားသော စာများကို “ ဘာသာဗေဒ ” ဆိုသော L . S . R . W ဆိုသော လေ့လာနည်းဖြင့် ကြားအောင် ဖတ်ပေးပါ။ ဒါဆိုရင် ပြောနိုင်လာပါလိမ့်မယ်။ မြင်အောင်ဖတ်ပါ။ ဒါဆိုရင် ရေးနိုင်လာပါလိမ့်မယ်။

ကျွန်တော့်စာတွေအတွက် ကျွန်တော် ပေးနိုင်တဲ့ သစ္စာကတော့ “ လိုချင်တာကို ခေါင်းထဲ ယူသွားပါ။ မလိုချင်တာ ( ကိုယ်နဲ့ မအပ်စပ်ဘူး ထင်တာ ) ထားခဲ့ပါ။ ကိုယ်နှစ်သက်တာလေးတွေ သူငယ်ချင်းတွေကို ပြောပြပေးပါ။ ကိုယ်မနှစ်သက်ကို ကိုယ့်စိတ်ထဲမှာ အပြန်ပြန်အလှန်လှန် ဝေဖန် ဆွေးနွေးပါ။ ” ဒါဆိုရင် ကိုယ့်ဖာသာ တိုးတတ်လာပါလိမ့်မယ်။

ဘာပဲ ပြောပြောပေါ့လေ။
တစ်နေ့. . . . ကျွန်တော် စာဆက်မရေးဖြစ်ခဲ့ရင် ဒီလို ဆက်ရေးဖို့ လူတွေ ရှိနေစေချင်တယ်။



လေးစားစွာဖြင့်
ကိုဇော်

.
Share/Bookmark

0 အချစ် = လမင်း


အချစ် = လမင်း




အချစ်ဆိုတာ လမင်းကြီးနဲ့ တူတယ်လို့ ကျွန်တော် ခံစားမိတယ်။

ကြည့်လေ ဟိုမှာ  . . . . .

လမင်းကြီးဆိုတာ တဖြေးဖြေးနဲ့ တိုးတိုးပြီး ပြည့်ရင် ပြည့်လာ မပြည့်ဘူးဆိုရင်တော့ တဖြေးဖြေးနဲ့ လျော့လျော့ပြီး နည်းသွားတာပဲလေ။ နောက်ဆုံးဆိုရင် ပျောက်တောင်မှ ပျောက်သွားသေးတယ် မဟုတ်လား။

အချစ် ဆိုတာလည်း လမင်းကြီးလိုပဲလေ။

အင်း  . . . . တဖြေးဖြေးနဲ့ တိုးတိုးပြီး ချစ်ရင် ချစ်လာ မဟုတ်ဘူးဆိုရင်တော့ ၊ တဖြေးဖြေးနဲ့ အင်း............

ဒါကြောင့် ပြောတာ အချစ်ဆိုတာ လမင်းကြီးနဲ့ တူတယ်လို့ လက်ခံကြလား။


ကိုဇော် ခံစားတင်ပြသည်။

http://zaw357.multiply.com/journal/item/474/474 မှာ 9.7.2009 က ရေးထားတာပါ။

.
Share/Bookmark

2 ဘိုးဘိုးတို့တုန်းက ရေးတဲ့ ကဗျာ

ကျွန်တော်တို့ မမွေးခင်တုန်းက အင်္ဂလိပ်ခေတ် ၊ ဂျပန်ခေတ်လေဗျာ။ အဲဒီတုန်းက အင်္ဂလိပ်ခေတ်ဆို အင်္ဂလိပ်လို ပြောတတ်ကြတယ်။ ဂျပန်ခေတ်ဆို ဂျပန်လို ပြောတတ်ကြတယ်။ အဲဒီတုန်းက အင်္ဂလိပ်ခေတ်ဆိုတော့ စကားပြောရင် အင်္ဂလိပ်လိုလေး ညှပ်ပြောမှ ခေတ်မှီတယ်လို့ ထင်တဲ့ အချိန်ပေါ့လေ။

ဒီခေတ်ဒီအခါက ကာလသား ကျွန်တော်တို့ ဘိုးဘိုးဘွားဘွားတွေက ရည်းစားစာရေးရင်လည်း
အင်္ဂလိပ်လိုလေး ညှပ်ရေးတယ်လေ။ အဲ ကဗျာလေးတွေရေးတော့လည်း အင်္ဂလိပ်လို ညှပ်ရေးတာပေါ့။ ကျွန်တော့်ငယ်ငယ်က ကျွန်တော့် အဖိုးရဲ့အဖေ ကျွန်တော့်အဘိုး စာအုပ်ထဲက တွေ့ပြီး ဖတ်ရတဲ့ ကဗျာလေးတွေမှာ အဟီး ကျွန်တော်ပြောခဲ့သလိုပဲ အင်္ဂလိပ်လိုလေးတွေ ညှပ်ညှပ်ရေးထားတယ်။

ဒီခေတ်မှာတော့ ရယ်စရာ ဖြစ်ရင် ဖြစ်မယ်။
အဲဒီတုန်းကတော့ Top ပေါ့လေ။ အခုအောက်မှာရေးထားတာကတော့ ကျွန်တော်အဘိုးကဗျာ မူရင်းမဟုတ်ပါဘူး။ ကျွန်တော်မှတ်မိသလောက် ပြန်ထပ်ရေးတာပါ။ ဘာပဲ ပြောပြာ အမှတ်တရပေါ့လေ။


ဘိုးဘိုးတို့တုန်းက ရေးတဲ့ ကဗျာ


I see her one time....
တစ်ဒိုင်းဒိုင်းနဲ့ ရင်ခုန်တယ်...။

အပြိုင်းအရိုင်းပဲ ကြင်သမို့...

Can't control my heart....

အပြတ်အသတ် ကျရှုံးခဲ့တယ်...
ဘဝတုံးချင်တုံးပစေ...ငါ ask မဟဲ့...

May l know your name,please?
ပြုံးကြည့်ကြည့်ပြီး ပြန်ဖြေတယ်..
Sweet လိုက်တဲ့ Voice လေး...

ဂိုက်ပေးပြီး say ပုံကိုက..
Her name was beautiful....

“မူယာမိုး” လို့ပြောတယ်...
ဖြူပြာနီဝါတွေ မညှိုးပါဘူး..
ရူပါဖြိုးကာ pretty ပုံက...
Lay my love on you....Honey...
ရန်ဟူသမျှ ကိုယ်ရှင်းမည်...

Really ပါဗျာ..ကိုယ် မ lie ပါဘု...

Love ခရီးဟာ မ Straight ဘူးလို့...

Long Long ago ကတည်းက ပြောကြသည်....

so..so...so...ဘယ်လို များလဲ...

တစ်မျိုးမျိုးတော့ Judge ပါချစ်သူ...

အပြစ်ယူကာ မ say လိုပါဘူး..

ဘေးဆိုတာ မ see ရတာမို့...
ကြိုတင်ကာ Save ဖြစ်ရအောင်....
ခပ်မြန်မြန်သာ Married ချင်တယ်လေး....။ ။

ကိုဇော်




အမှန်အတိုင်း ဝန်ခံရရင်တော့ ညီမငယ် ignore ရေးတဲ့ စာတွေကို ဖတ်ရင်း ဒီအကြောင်းအရာကို ပြန်ပြီး သတိရသွားလို့ ပြန်ရေးလိုက်တာပါ...။ ဘိုးဘိုးရဲ့ မူရင်း အတိုင်းတော့ မဟုတ်တော့ဘူးပေါ့....ဟီး...။ ပျော်ရွှင်ပါစေ....။


http://zaw357.multiply.com/journal/item/473/473 မှာ 9.7.2009 က ရေးထားတာပါ။

.

Share/Bookmark

2 ရင်ခွင်

ရင်ခွင်

လေကြမ်းတော့ ဝင်ခို
လေချိုတော့ ပျံပြေး

ကိုယ့်ရင်ခွင် ယာယီကွမ်းပေမဲ့...

လွမ်းတတ်တယ်လေး.....။

နေပြင်းတော့ မော့သောက်

နေညိုတော့ မေ့သေး

ကိုယ့်ရင်ခွင် စိမ့်စမ်းရေပေမဲ့

ဆွေးတတ်တယ်လေး.....။


မိုးသည်းတော့ ရှောင်ခို

မိုးအေးတော့ ထွက်အဝေး

ကိုယ့်ရင်ခွင် ပမာဇရပ်ပေမဲ့

နာတတ်တယ်လေး.....။


မဲမှောင်တော့ သူမျှော်

လင်းလာတော့ လှည့်မငေး

ကိုယ့်ရင်ခွင် မီးပြတိုက်ပေမဲ့
မေ့ပစ်မယ်လေး....။ ။


ကိုဇော်

http://zaw357.multiply.com/journal/item/472/472 မှာ 9.7.2009 က ရေးထားတာပါ။

.

Share/Bookmark

1 အချိန်ကိုက်ဗုံး



၁၉၄၅ ခုနှစ် ၊ အောက်တိုဘာလ.... အမေရိကန်နိုင်ငံ ၊ အာကင်ဆော ပြည်နယ် ၊ ကားလမ်းကြီး တစ်ခုပေါ်မှာ ကားတွေ ၊ လမ်းတွေ ၊ လူတွေ အားလုံးကို ပိတ်ထားရတယ်။ နေရာပတ်လည်မှာ မီးသတ်ကား ၅ စီးက အသင့်။

ဘေးဝန်းကျင်မှာလည်း ရဲကားတွေ ၁၀ စီးကျော်လောက်က မီးရောင်တွေ တဖျပ်ဖျပ်။
သူတို့အားလုံး အာရုံစိုက်နေကြတာက ဘတ်စ်ကားတစ်စီးစီကို။ ဒီကားပေါ်မှာ လူကြီး လူငယ် ယောက်ျား မိန်းမ ၃၀ ကျော် ရှိနေတယ်။ သူတို့ ဘတ်စ်ကားရဲ့ ထွက်ပေါက်ကို ဖွင့်လို့ မရ.။တကယ်တော့ ဖွင့်မရတာမဟုတ် မဖွင့်ရဲတာ။ အကြမ်းဖက်သမား တစ်ယောက်က တံခါးကို ဖွင့်လိုက်တာနဲ့ ပေါက်ကွဲအောင် တစ်ကားလုံးမှာ ယမ်းဘီလူးတွေနဲ့ အချိန်ကိုက်ဗုံးထောင်ထားတယ်..။ ဗုံးထောင်သူက ဗုံးစပယ်ရှယ်လစ် “ ဖီးလ်မိုက်ကယ် ဟိုးလ် ” ဆိုသူ။

အချိန်ကိုက်ဗုံးအကြောင်းပြောဦး
မှ ၊ အချိန်ကိုက်ဗုံးဆိုတာ ပြင်ဆင်တပ်ဆင်ပြီးသေချာပြီ ဆို ....Timer ခလုပ်ကို နှိပ်ပြီးတာနဲ့ ဒီဗုံးအကြောင်း ကျွမ်းကျင်တဲ့လူက ပြန်ပိတ်ပြီး ရပ်စေမှ ရတဲ့ အရာမျိုး။ အချိန်ကိုက်ဗုံးမှာ မလိုအပ်တဲ့ ဝါယာကြိုးတစ်ချောင်း ကို မှားဖြတ်လိုက်မိရင် တစ်ချပ်ချပ်သွားနေတဲ့ နာရီလေးက တရှိန်ထိုး မြန်သွားတယ်။ အဲ......တခြားကြိုးကို မှားဖြတ်မိရင် ဗုံးက ချက်ချင်းထကွဲစေတယ်။ အချိန်ကိုက်ဗုံး ဆိုတာ ဒီလိုမျိုး။ မှားလို့ မရဘူး။ တွေ့ကရာကြိုးတွေ ၊ဝါယာတွေ သွားထိလို့ ဖြတ်လို့ မရဘူး။ ဖြတ်ပြီးကြိုးပြန်ဆက်လို့ မရဘူး။ အခုကားမှာ တပ်ထားတဲ့ အချိန်ကိုက်ဗုံးဟာ အခုခေတ်ပေါ်ဗုံးတွေလိုမျိုး ဒီဂျစ်တယ် မဟုတ်သေးဘူးလေ။

အဲဒီခေတ်က ခေတ်မမှီဆုံး နာရီလက်တံလေး နဲ့ ပင်နီယံတွေနဲ့ လည်ပတ်နေတာ။
အခု...ဗုံးစပယ်ရှယ်လစ် “ဖီးလ်မိုက်ကယ် ဟိုးလ်” က သူရဲ့ နောက်ဆုံးပေါ် အချိန်ကိုက်ဗုံးကို ဒီကားမှာ စမ်းသပ်ထားတာလေ..။ ကားတစ်စီးလုံး ယမ်းတွေ အပြည့်နေရာတကာမှာ တပ်ထားပြီး သူရဲ့ အချိန်ကိုက်စနစ်ကို ကားတစ်ခါးမှာ တပ်ထားခဲ့တယ်..။ အခု...ပင်နီယံလေးတွေ တလှုပ်လှုပ်နဲ့ နာရီ ၊ စက္ကန့်တံလေးတချပ်ချပ်နဲ့ အချိန်တွေ ၁ နာရီ ကျော်သွားခဲ့ပြီ။ အချိန်ကိုက်ဗုံး အသစ်အဆန်း ဆိုတော့ ဗုံးစပယ်ရှယ်လစ်တွေကလည်း ဘယ်က စလုပ်ရမှန်း မသိဘူး။

ဗုံးစပယ်ရှယ်လစ်တွေဆိုတာကလည်း ဗုံးဆိုတာ သူတို့ အသက်ပဲ။
ဗုံးတစ်လုံးကို ရပ်လိုက်နိုင်ရင် လူတွေ အသက်ကို ကယ်တင်လိုက်နိုင်သလို သူတို့ကိုယ်တိုင်ရဲက အသက်ကိုလည်း ကယ်လိုက်နိုင်တာပါပဲ။ ဗုံးစပယ်ရှယ်လစ်တွေ လက်လျော့တယ်ဆိုတာ ကားထဲက လူတွေနဲ့အတူ သူတို့ အသက်ပါ ဗုံးကွဲရင် အဆုံးရှုံးခံတာမျိုး။

တဖြေးဖြေးနဲ့ အချိန်တွေကုန်လာပြီ။ နောက်ဆုံး ၁၅ မိနစ်ပဲ ကျန်တော့တဲ့ အချိန်။ ဗုံးစပယ်ရှယ်လစ် နှစ်ယောက်ထဲက တစ်ယောက်က သူတို့အထင် ဒီဝါယာကြိုးကို ဖြတ်လိုက်ရင် ဗုံးရပ်သွား နိုင်တယ်လို့ ယူဆထားတဲ့ ဝါယာကြိုးကို ဖြတ်ဖို့ နှစ်ဦးသဘောတူလိုက်တယ်။ ဒါနဲ့ .... ဝါယာကြိုးကို ပလာယာနဲ့ ကိုက်ဖြတ်လိုက်တယ်။ သူတို့ ဒီလို လုပ်နေတာကို အနီးအဝေးနဲ့ ကင်မရာတွေကလည်း ရိုက်နေကြသလို အိမ်ထဲမှာ ကြည့်ဖို့ တိုက်ရိုက်လည်း လွှင့်ပြထားတယ်။


သေချာတယ်လို့ ထင်ရတဲ့ ဒီဝါယာကြိုးလေးကို ပလာယာနဲ့ ကိုက်ဖြတ်လိုက်နာကို ကင်မရာ
ကတဆင့် နေအိမ်အသီးသီးက လူတွေ မြင်လိုက်ကြရတယ်။ ဟာ.....သွားပြီ။ ဒါ တကယ်ဖြတ်ရမဲ့ကြိုး မဟုတ်ဘူး။ တချပ်ချပ်သွားနေတဲ့ ပင်နီယံလေးတွေ တဟုန်ထိုးထလည်ပါလေရော။ ၁၅ မိနစ်ဆိုတဲ့ အချိန်ဟာ ရုတ်တရက် တိုတောင်းသွားတယ်။ အော်သူ အော်...ပြေးသူ...ပြေး...နဲ့ ရှုပ်ရှက် ခတ်သွား တယ်။ မပြေးတာက ဗုံးစပယ်ရှယ်လစ်နှစ်ယောက်

သူတို့ကတော့ သူတို့ရဲ့ အမှားကို အသက်နဲ့ ပေးဆပ်ရမယ်လေ....ပြီးတော့..ကားေ
ပ်ါက လူတွေ...သူတို့ကတော့ မပြေးနိုင်ဘူး။သူတို့............။

ဒီလို ပြေးလွှား ။ ပုန်းကွယ်နေတဲ့ အချိန်မှာ...။
အိမ်နေရင်း အဝတ်အစားတွေနဲ့ ဘတ်စ်ကားနားကို အဒေါ်ကြီးတစ်ယောက် ဗုံးရှိနေတဲ့ ဘတ်စ်နားကို ပြေးပြေးလွှားလွှားရောက်လာ တယ်။ ရုတ်တရက် ဘယ်ကရောက်လာမှန်း မသိတဲ့ အဒေါ်ကြီးကြောင့် ပတ်ဝန်းကျင်က လုံခြုံရေးတွေလည်း တားဆီးဖို့ မေ့သွားကြတယ်။

အဒေါ်ကြီးက ဘတ်စ်နားလည်း
ရောက်ရောအချိန်ကိုက်ဗုံးရဲ့ တဟုန်ထိုးလည်နေတဲ့ ပင်နီယံတွေကြားထဲကိုလက်ထဲက အရာဝတ္ထုတစ်ခုကို ထိုးထည့်လိုက်တယ်။ လူတွေအားလုံး...... တိုက်ရိုက်ကြည့်နေသူတွေရော...ကင်မရာက တဆင့် တီဗီက ကြည့်နေသူ တွေရော အံ့သြစွာ သူတို့ထည့်လိုက်တာကို ကင်မရာနဲ့ သေချာ ဆွဲကြည့်လိုက်တော့.....။

သူ လည်ပတ်နေတဲ့ ပင်နီယံတွေကြားထဲကို ထိုးထည့်လိုက်တာက....
အိမ်မှာ သုံးနေတဲ့ “လက်ချုပ်အပ်လေး ” တစ်ချောင်းပါပဲ။ ဒါပေမဲ့..ဒီလက်ချုပ်အပ်ကလေးတစ်ချောင်း ကလည်ပတ်နေတဲ့ ပင်နီယံတွေ ကြားထဲမှာ “ ဂျမ်း” ဖြစ်ပြီး ဗုံးတစ်လုံးရဲက Timer တွေကို ရပ်တန့်စေခဲ့ပါ ပြီ။ လူတွေအားလုံးလက်ခုပ်ဝိုင်းတီး အားပေးကြတယ်။
ဒီတော့မှ ဗုံးစပယ်ရှယ်လစ်တွေဆိုတာ ကျွမ်းကျင်သူတွေပါ။ သူတို့ဟာ...ဘယ်လို ယမ်း အမျိုးအစားကို သုံးတယ်။ ဘယ်လို ဗုံးအမျိုးအစား ၊ ဘယ်လို လုပ်သင့်တယ် ၊ ဘယ်လိုရပ်ရမယ် ဆိုတာ
တကယ်တော့ ကျွမ်းကျင်သူတွေပါ။ ဗုံးအသစ်အဆန်းဆိုတော့..သူတို့ သတိလွတ်သွားကြတာ။

ဒါကြောင့်

တစ်ခါတစ်လေ အကျွမ်းကျင်လွန်တဲ့အခါမှာ အသေးအဖွဲလေးတွေကို သတိမေ့လျော့သွားတတ်တယ်လေ။
ဒါကြောင့် အချိန်ကိုက်ဗုံးမှာလည်ပတ်နေတဲ့ ပင်နီယံတွေ ရပ်သွားရင် ဗုံးလည်း မပေါက်ကွဲနိုင်တော့ဘူး ဆိုတာကို သူတို့ သတိလွတ်သွားပြီး ဝါယာကြိုး ဖြတ်ဖို့လောက်ပဲ အာရုံစိုက်နေကြတာပါ။

အင်း..........
ဒီလိုပါပဲ တစ်ခါတစ်လေ ကျွန်တော်တို့က လွယ်လွယ်နဲ့ ပြီးမဲ့ကိစ္စတွေကို တော် တော်ခက်ခက်ခဲခဲကြီး စဉ်းစားလုပ်ကိုင်နေမိတတ်ကြတယ်။ ဒီလို အချိန်ဆိုရင် ကျွန်တော်ကို သတိရ ၊ မရရင်နေပါ။

“ အချိန်ကိုက်ဗုံး ” ဆိုတာကိုတော့ သတိရလိုက်ပါဗျာ...။

William J.Rothwell ရဲ့ Time Bomb ကို
ကိုဇော် ခံစားပုံဖော်သည်...။

ကိုဇော်

http://zaw357.multiply.com/journal/item/440/440 မှာ 19.6.2009 မှာ ရေးခဲ့တာပါ။


Share/Bookmark

30 January 2010

0 သူငယ်ချင်းတစ်ယောက် အကြောင်း ( ၂ )

ကျွန်တော်တို့လည်း လှချင်ပါတယ်ဗျာ အဟီး လူပဲလေ။ သူကတော့ တော်တော် ဆိုးတာ။ ပိုပိုဆိုး။ ဒါပေမဲ့ သူက ဘယ်တော့မှ လူသိ မခံချင်ဘူးဗျ။

ကျွန်တော်တို့က ဘယ်မှာတော့ ဘယ်လို ပစ္စည်းလေးတွေ ဒီဇိုင်းမိုက်တယ်။ Nivea မျက်နှာသစ်ဆေးက ဘယ်လို ၊ Gatsby ခေါင်းလိမ်းဆီ အသစ်က ဘယ်ပုံ ကောင်းတယ်။ ဒီလိုတွေ ပြောနေကြရင် သူက စိတ်မဝင်စားသလိုပဲ။ ဘယ်တော့မှ ဝင်မပြောဘူး။ ဒါပေမဲ့ နောက် နှစ်ရက်လောက်နေလို့ သူ့အိမ်သွားကြည့် သူက ဝယ်သုံးပြီးနေပြီ။ အဲဒီလိုမျိုးကြီး။

သူငယ်ချင်းတွေပဲဗျာ ကြာလာတော့ သိလာတာပေါ့။ သူ့ကို ပြောရင် ဘယ်တော့မှ သူက ကောင်းသည် ၊ ဆိုးသည် ဝင်မပြောဘူး။ ဒါပေမဲ့ သူ့ကို ပညာတော့ ပေးဦးမှ.........................................

ဒီလို လေ့လာလိုက်တော့ သူက သူ့မျက်နှာပေါ်မှာ ရှိနေတဲ့ ဝက်ခြံဖုလေး နှစ်ဖုလောက်ကို ကြိတ်ကုနေတာဗျ။ ယောက်ျားလေးပဲ ဘာဖြစ်လဲ ဒီလောက်ကတော့ မဟုတ်ဘူး။ သူက အပြင်မှာသာ ကောင်းသည် ၊ ဆိုးသည် ဝင်မပြောတာ သူ့အိမ်မှာ မျက်နှာကို ပေါင်းတင်ရတာနဲ့ ၊ ဘာလဲ မျက်နှာကို ချေးချွတ်ရတာနဲ့ ရှုပ်နေတာပဲ။ ဒီတော့ ကျွန်တော်တို့လည်း ဒီလို လုပ်ခဲ့ကြပါတယ်။

အော်ပရေးရှင်း. . . စ. . . .တစ်...နှစ်...သုံး. . .

တစ်နေ့တော့ ကျွန်တော်နဲ့ သူငယ်ချင်း တစ်ယောက် သူ့အိမ်ကို သွားတယ်။ ပြီးတော့ ကျွန်တော်တို့ သူ့အခန်းကို ဝင်တော့ ကျွန်တော်က လက်ထဲမှာ ကိုင်ထားတဲ့ သစ်မြစ်လေးတွေကို သူ့စားပွဲခုံပေါ်မှာချလိုက်ရင်း . .

“ ဟူး အိုက်လိုက်တာကွာ..။ နေကလည်း ပူပါ့။ ”

ဆိုပြီး သူ့ကုတင်ပေါ် လှဲလိုက်တော့ သူက ကျွန်တော် တင်လိုက်တဲ့ သစ်မြစ်လေးတွေကို ကြည့်ရင်း. .

“ ဒါ ဘာမြစ်တွေလဲ။ ”

“ သြော် ပရိုမီနာမြစ်လေ။ ငါ့အစ်မပေါ့ကွာ သူ့မျက်နှာမှာ ဝက်ခြံဖုလေးတွေ ရှိနေလို့ ဒါကို သွေးလိမ်းတာ အသားလေး နုချောသွားတာပဲ။ ဒါကြောင့် အခု ကုန်သွားလို့ ငါ့ကိုသွားပြီး ဝယ်ခိုင်းလို့ သူဝယ်နေကြ နေရာမှာ သွားဝယ် ပေးရတာလေ။ ”

“ ဒါက တကယ်ပျောက်လို့လား။ ”

“ ဟ .. ပျောက်လို့ သူက လိမ်းနေတာပေါ့။ မင်းလည်း ငါ့အစ်မ ဝမ်းကွဲကို မြင်ဖူးတာပဲလေ။ သူကအသားအရည် ဘယ်လောက်လှလဲ။ ”

တကယ်တော့ ကျွန်တော့်အစ်မဝမ်းကွဲက သိတောင်မှ မသိ။ သူ့ဖာသာ ဘာတွေလိမ်းလို့ လှနေတာလဲ ကျွန်တော်လည်း မသိ။ အခုတော့ ဒီလိုပဲ “ တွန်း “ ပေးလိုက်တယ်။ ချောက်ဆိုရင် “ လိမ့် ” ဆင်းသွားလိမ့်မယ်။ ပရောဂ မှန်ရင် “ တုန် ” ဆင်း လာလိမ့်မယ်။ ဟဲဟဲ.. ဒီလိုပါပဲ။

ဒါနဲ့ တစ်နာရီလောက် ဟိုပြော ဒီပြောပြောပြီး ကျွန်တော်တို့ ပြန်လာခဲ့တယ်။ ပြန်တော့ စားပွဲပေါ်မှာ တင်ထားတဲ့ ပရိုမီနာမြစ်လို့ ဆိုတဲ့ သစ်မြစ် အချောင်းလေးတွေထဲက တစ်ချောင်းကို ကျန်ခဲ့သလိုနဲ့ မသိမသာ တစ်ခု ချန်ထားခဲ့လိုက်တယ်။ သူကလည်း တွေ့တွေ့ကြီးနဲ့ “ ဟေ့ကောင် တစ်ချောင်းကျန်ခဲ့တယ်။ ” လို့ မပြော။ ဒါက သူ့ရာဇဝင် ကို သူ့ဖာသာ မှတ်တမ်းတင်လိုက်တာ။ သူ့ သမိုင်း သူရေးတာ။

ဒါနဲပေါ့လေ။

နောက်နေ့ကျတော့ အမည်မဖော်လိုသော ကျွန်တော့်သူငယ်ချင်းကြီး ကျောင်းမတတ်တော့ဘူးဗျို့။ နောက်နေ့လည်း မတတ်ဘူး။ ဘယ်တတ်နိုင်မလဲဗျာ။ ကျွန်တော်တို့ကလည်း ရောင်းတဲ့ အစ်ကိုကြီးကို “ အကို မျက်နှာ သေချာ ယောင်တယ်နော်။ ” လို့ မေးပြီးမှ ဝယ်ခဲ့တာ။ “ ပရိုမီနာမြစ် စစ်ရဲ့လား။ ” လို့ မေးမဝယ်လို့ သူကတောင်မှ သံသယ ရှိနေတယ် နဲ့တူတယ်။ ဒါနဲ့ သူ့အိမ်ကို ဖုန်းဆက်ကြည့်တော့ သူအစ်မက ပြောတယ်။ သူ ပင့်ကှူရှပ်လို့တဲ့ မျက်နှာကြီး ယောင်နေတာ ကျောင်းမတတ်နိုင်ဘူး ဆိုပဲ။

ကျွန်တော်တို့လည်း သုံးရက်လောက်မှ သူ့အိမ်ကို သွားတော့ သူက အိမ်ထဲက အိမ်ပြင်ထွက်ဖို့နေနေသာသာ ၊ အခန်းထဲကတောင်မှ အပြင်ကို မထွက်ဘူးဗျ။ သူ့အခန်းထဲ မဝင်ခင် သူ့အစ်မကပြောတယ်။ ဒီအရွယ်ကြီးကျမှ ပင့်ကူက ရှပ်သေးတယ်တဲ့။ အခုတော့ အိမ်ကိုတောင်မှ ဆရာဝန် ပင့်ပြီး ကုနေရတယ် ဆိုပဲ။

သူ့အခန်းထဲရောက်တော့ သူက ရှက်ကိုး ရှက်ကန်းနဲ့ “ ပင့်ကူရှပ်တာကွာ။ ” တဲ့။ သူ့ကို ဘယ်သူ့မှလည်း မမေးဘူး။ ဒါပေမဲ့လည်း ကျွန်တော်တို့လည်း မသိလိုက် မသိဖာသာပဲ ထားလိုက်ပါတယ်။ တစ်ပတ်လောက်နေမှ အမည်မဖော်လိုသူ ကျွန်တော်တို့ သူငယ်ချင်းကြီး ကျောင်းပြန်တတ်နိုင်တော့တယ်။

ကျောင်းရောက်တော့လည်း အားလုံးက အရင်လိုပါပဲလေ။ ဒါပေမဲ့ တစ်ခုပဲ ထူးတယ်။ တစ်ခါတစ်လေပေါ့။ ကျွန်တော်က စကားစပ်မိလို့ သူ့ကို. . .

“ ငါ့အစ်မကွာ မျက်နှာမှာ ဝက်ခြံဖုလေးတွေ ရှိနေတာ ပရိုမီနာမြစ်ကို သွေးလိမ်းတော့ ပျောက်သွားတယ်ကွာ။ ”

ဆိုတော့ သူက ဘာပြောတယ် မှတ်လဲ ရှက်ကိုး ရှက်ကန်း နဲ့လေ. . .

“ အာ..၊ ဒါကတော့ကွာ။ တည့်တဲ့ လူမှပါကွ။ ”

တဲ့။

ဒီလိုပါပဲ ကျွန်တော့် သူငယ်ချင်း အမည်မဖော်လိုသူ “ နေလင်းအောင် ” အဲဒိလို “ တုံး ” တယ်။ အဲဗျာ..နာမည်ကြီး ပြောလိုက်မိပြီ။ တော်ပါသေးရဲ့ ဘယ်သူမှ မကြားလိုက်လို့။

ငယ်ငယ်တုန်းကတော့ ဒီလိုလည်း ပရောဂတွေကို ကုခဲ့ဖူးပါသည်။ ပရောဂ မှန်ရင် “ တုန် ” ဆင်းလာတာပဲ မဟုတ်လား။

ကိုဇော် ခံစားပုံဖော်သည်။

.

Share/Bookmark

0 အပြုံးများ ( ၂ )








မိန်းမကြီး တစ်ယောက်ရှိသည်။ မချောပါ။ ရွက်ကြမ်းရည်ကြိုဆိုသော မျက်နှာကိုပိုင်ဆိုင်ထားသည်။ သို့သော် သူ့မှာ အလွန်တောက်ပ ရွှင်လန်းစေသော အပြုံး တစ်ခုတော့ ရှိသည်။

သူက အိမ် ၊ ခြံ ၊ မြေ ပွဲစား အလုပ်နှင့် အသက်မွေးသည်။ သူ ရုံးထဲ ဝင်လာပြီ ဆိုရင် ရုံးတစ်ခုလုံး ဆူဆူညံညံ လှုပ်ရှား အသက်ဝင်သွားတတ်သည်။ ဒါက သူရဲ့ တွေ့သမျှ လူကို သူ့မှာ ပိုင်ဆိုင်သော အပြုံးတစ်ခု မျက်နှာနှင့် နှုတ်ဆက်သောကြောင့် ဖြစ်သည်။

မနေ့က အလုပ်မပြီးပဲ ပြန်သွားခဲ့ရလို့ ဒီနေ့ ရုံးကို စောစောစီးစီး လာလုပ်နေရသော စူစူပုပ်ပုပ် စာရင်းကိုင်ကိုလည်း သူက “ ဟေး အလုပ်တွေ ရှုပ်နေပြီလား။ ” ဟု ပြုံးပြီး သွားနှုတ်ဆက်တယ်။

ရုံးခန်းကို သန့်ရှင်းရေး လုပ်နေတဲ့ သန့်ရှင်းရေ အဒေါ်ကြီးကို “ စောတယ်နော် ” ဆိုပြီး သူ့အပြုံးနဲ့ နှုတ်ဆက်တယ်။

သူ့အပြုံးက “ နေမင်း ” ၊ တလောကလုံးကို ဖြန့်လင်းစေတယ်။

သူ့အပြုံးက “ သံလိုက် ” ၊ သူများတွေကိုပါ ဆွဲဆောင်ရွှင်ပြုံးစေတယ်။


သူ့အပြုံးက “ အဖြူသက်သက် ” ၊ လူတိုင်းကို စိတ်ကြည်နူးစေတယ်။


ဒီလိုနဲ့ တစ်ရုံးလုံးမှာ သူ့ကို မချစ်ခင်သူ မရှိ ၊ သူနဲ့ အလုပ်တွဲဖက် ဆက်စပ် လုပ်နေသူများ အဖို့ အဆင်မပြေဘူး ဆိုတာ မရှိ ၊ သူ့ဆီကို ရောက်လာသော Customer တွေအတွက် စိတ်မကျေနပ်စရာ ဟူ၍ ပြောသံ မကြားမိ။

ဒါပေမဲ့.. . တစ်နေ့တော့ သူ အလုပ်ကို ကားမောင်းလာရင်း စဉ်းစားဖြစ်တယ်။ ထွေထွေထူးထူးတော့ မဟုတ်ပါဘူး။ လူတိုင်း ဖြစ်တတ်ပါတယ်။ သာမာန်ရိုးကျ ဖြတ်သန်းနေကြ အလုပ်တွေကို နေ့စဉ် ဖြတ်သန်း နေကြရပြီး ဖောက်ထွက် စဉ်းစားချင်သော လူများ ဖြစ်လေ့ဖြစ်ထ ရှိတတ်ကြသော အဖြစ်အပျက်လေး တစ်ခုပါပဲ။

သူမက ဒီလို စဉ်းစားမိတယ်။

“ ငါ နေ့တိုင်း ရုံးကို သွားရင် ၊ ရုံးကို ရောက်ရင် ၊ ရုံးထဲမှာ အလုပ်လုပ်နေရင် ၊ ရုံးက အပြန် ၊ ငါ တစ်ချိန်လုံး ပြုံးနေတာပါပဲလား။ ငါ့အတွက် ထူးထူးခြားခြားလေး ဖြစ်သွားအောင် ဒီနေ့တော့ ငါ ဘယ်သူ့ကို မှ မပြုံးပြပဲ ၊ မျက်နှာ ခပ်တည်တည်နဲ့ နေကြည့်မယ်။ ဒါဆို ဘာများ ထူးခြား မလဲ မသိဘူး။ ”

လို့ သူမက ထူးထူးခြားခြား စိတ်ကူးလေး ရခဲ့ပြီး ဒီစိတ်ကူးလေး အတိုင်းပဲ ရုံးကို ရောက်တော့ ချက်ချင်း အကောင်အထည်ဖော်ဖြစ်ခဲ့တယ်။

သူမ ရုံးကို ရောက်လို့ ကားပေါ်က ဆင်းကတည်းက ရုံးပေါက်ဝမှာ စောင့်နေတဲ့ လုံခြုံရေးကိုလည်း အရင်လို “ ဟဲလို ” ဟု မနှုတ်ဆက်ဘူး။ သူမမှာ ရှင်းလို့ မလွယ်သော ပြဿနာ တစ်ခု ရှိနေသလို ပုံစံမျိုးဖြင့် သူမ မျက်နှာပေါ်မှာ ခပ်တည်တည်ဆိုသော မျက်နှာဖုံးတစ်ခုကို အတင်း ဆွဲယူ တပ်ဆင်ထားခဲ့တယ်။ ဒီတော့ သူမက ခပ်တည်တည် ဖြစ်နေတာကို တွေ့ပြီး လုံခြုံရေးကလည်း အရင်လိုမျိုး ပြုံးပြီး မနှုတ်ဆက်ဘူး။ သူမ လည်း ဖာသိဖာသာ ဖြတ်ကျော်လာခဲ့တယ်။

သူမ ရုံးခန်းထဲ ဝင်တော့လည်း အရင်လို သူမ ဘယ်သူ့ကိုမှ လှမ်းပြီး နှုတ်ဆက်မနေဘူး။ ခပ်တင်းတင်း ဆွဲစေ့ထားသော မျက်နှာပေါ်က မျက်ခုံးများက သူမမှာ အလိုမကျမှု တစ်ခုခု ရှိနေသယောင်ယောင် ၊ ဘယ်သူ့ကိုမှ သူမ ပြုံးပြီး အရင်လို မနှုတ်ဆက်သလို ၊ ဘယ်သူကမှလည်း သူမကို အရင်လို ပြုံးပြီး မနှုတ်ဆတ်ကြဘူး။ အားလုံးရဲ့ စိတ်ထဲမှာလည်း သူမ စိတ်ထဲမှာ တစ်ခုခု ခံစားဖြစ်တည် ငြိမ်သက်နေတယ် လို့ ဝိုးတဝါး ထင်မှတ်နေကြတယ်။

အဲဒီနေ့ကပေါ့။

သူမ အလုပ်ကနေ ပြီးတော့ ရုံးဆင်းချိန်အထိ ရုံးက ပြန်လာပြီး ကားထဲ ရောက်တော့မှ သူမ တစ်နေ့လုံး အောင့်အီး ထိန်းချုပ်မှုကို ဖြေလျှော့လိုက်တယ်။ သြော်...မပြုံုးခြင်း ဆိုတဲ့ သဘောတရား တစ်ခုကို တွေ့ရှိလိုက်ရတယ်။ မျက်နှာ အစိတ်အပိုင်းက လူကို တော်တော် ပင်ပန်းရတာပါလား။ သူမ မျက်ခုံးတွေလည်း ညောင်းနေကြတယ်။ သူမ နဖူးကြောတွေလည်း တဆတ်ဆတ်နဲ့ ၊ သူမ နားထင်မှာလည်း သွေးတွေ တိုးနေတယ်။

သူမ ကားကို လမ်းဘေးထိုးရပ်ပြီး ကားထဲက မှန်လေးကို ကြည့်ပြီး သူမကိုယ်သူမ အားရပါးရ အော်ရယ် လိုက်တယ်။ အပြုံးဆိုတဲ့ တန်ဖိုးကို သူမ သိသွားသလို ၊ မပြုံးခြင်းဆိုတဲ့ မိမိကိုယ်ကို နှိပ်စက်မှုကိုလည်း သူမ သိသွားခဲ့တယ်။ အခုလို အားရပါးရ ရယ်လိုက်မိလို့ ခုနက တင်းကြပ်နေတာတွေ ပြေလျော့သွားခြင်း ဆိုသော ပျော်ရွှင်မှုကိုလည်း သူမ ထိပ်တိုက် တွေ့ဆုံ လိုက်ရတယ်။

ဒီတော့ သူမ အိမ်ရောက်တော့ သူမရဲ့ ဒိုင်ယာရီထဲမှာ အောက်ပါ အတိုင်း ခပ်သွက်သွက် ရေးချလိုက်ပါတော့တယ်။

“ ဘယ်သူတွေ ဘယ်လိုပဲ ဖြစ်နေပါစေ။ ငါနဲ့ တွေ့ဆုံနေတဲ့ လူတိုင်းကို မြင်လိုက်တာနဲ့ အရင်ဆုံး ငါက ဦးအောင် ပြုံးပြတတ်တဲ့ အကျင့်လေး ရှိနေတဲ့ အတွက် ငါ့ကိုယ်ငါ အရမ်းကို ကျေးဇူးတင်ပါတယ်။ ”



အခု စာဖတ်နေသူကရော ၊ သူရယ်ပြ ၊ သူပြုံးပြမှ ကိုယ်က ပြန်ပြုံးပြမယ် ဆိုသော အတ္တဗဟိုပြု စိတ်တွေနဲ့ ကိုယ့်ကိုယ်ကိုယ် လှောင်ပိတ်ထားမိပါသလား။ ဒီလို ဆိုရင်တော့ ဒီစိတ်လေးကို ဘယ်သူမှ မသိအောင် အသာအယာ ကျွတ်ကျွတ်အိတ်ထဲ ထုပ်ပိုးပြီး လူသူဝေးရာ နေရာမှာ မြေမြုပ်လိုက်ပါတော့။ ဘာလို့လည်းဆိုတော့ . . .


အပြုံး ဆိုတာ သံလိုက် နဲ့ တူပါတယ်။ သူ့ဆီကို အပြုံးတွေ တွယ်ကပ်လာစေနိုင်တယ်။

အပြုံး ဆိုတာ မှန် နဲ့ တူပါတယ်။ သူက တဆင့် သူများတွေကိုလည်း ဆင့်ပွား ရောင်ပြန်စေတယ်။


“ ကမ္ဘာလောကကြီး သာယာလှပလာစေရန် သင်၏ မျက်နှာကို အရင်ဆုံး ပြုံးထားလိုက်ပါ။ ”


source; Andrew Jackson Smile ကို
ကိုဇော် သင့်တင့်သလို ပြင်ဆင် ပုံဖော်သည်။


.
Share/Bookmark

0 အတွေးသက်သက်များ


အတွေးသက်သက်များ

ယောင်ပေပေနဲ့...
တစ်ညလုံးကုန်အောင်

အတွေးတွေကို
လွှတ်ထားမိတယ်....။


အချစ် ဆိုတာကို

အဓိပ္ပါယ်သိရဖို့

ကိုယ်ကိုယ်ကိုပဲ ရစ်ပြီး
မေးကြည့်မိတယ်....။


“ ဝလုံး ” မှ ဝိုင်းအောင်
မရေးတတ်ခင်
ကိုယ်က...
အသည်းပုံလှလှကိုတော့....

ဆွဲတတ်နေမိပြန်ရော....။

ပြီးတော့....
ဘာမသိ ၊ ညာမသိ...

လက်ထပ်ပြီးစ ဇနီးမောင်နှံ

“အလက်စကား”ကို
ဟန်းနီးမွန်းထွက်တယ်ဆိုတော့...

ကိုယ်က.....အားကျမိပြန်တယ်....။


နောက်မှ...သိရတယ်....

“အလက်စကား”ဆိုတာ
နေ့တာတိုပြီး ညတာရှည်တဲ့ ဒေသတဲ့လေ...၊

ဒီလိုဆိုပြန်တော့...
သူတို့ဘာလုပ်မှာလဲတွေးပြီး

ကိုယ့်ဖာသာ ရှက်မိပြန်ရော.....။

ထိုးသာထိုးလိုက်ပါ....မောင်ဒီပရယ်...

ရာဇဝင်အိုး ဆိုတာ

ပျားအုံမှ မဟုတ်တာ...

ပျားမတုပ်ပါဘူး.....။

သူများတွေ ပြောပြောနေတဲ့...

၅၂၈ နဲ့ ၁၅၀၀ ကိုတိုင်းဖို့

ကိုယ့်မှာ “မီတာ” မှ မရှိတာ

ရှိရင် ငှားကြပါဦး....။

တကယ်လို့...
တစ်ယောက်ယောက်က ငှားလို့

ဒီ “မီတာ” ရလာရင်တောင်မှ
ကိုယ်...ထပ်မေးရမယ်..

“ဘယ်လိုတိုင်းရမှာလဲ...။”


အာ....
ကိုယ့်ချစ်သူကို
ဒီမီတာကြီးကိုင်ပြီး
သွားတိုင်းမှ...
သူ့မှာ ၁၅၀၀ မပြည့်ရင် ရင်ကျိုးရမယ်...
တော်ပြီကွာ....

ရော့..အင့်...ပြန်ယူ.....။


ဘယ်လိုပဲဖြစ်ဖြစ်....
သူ့မှာရှိသလောက်ကို

ကိုယ်...ထပ်ဆောင်းပြီး.
အစွမ်းကုန်ချစ်မယ်....။


ဘာလို့ချစ်တာလဲ ဆိုတဲ့

အဖြေမဲ့မေးခွန်းတော့....

မမေးပါနဲ့ ချစ်သူ....။

အရပ် ၁၂ ပေ ရှည်သူတွေကို

သတိရပြီး အသက်ရှူကြပ်လို့ပါ....။

သူတို့ကတော့...ပြောကြတာပဲ...

သူတို့ အထက်ပိုင်းမှာ

သာသာယာယာရှိတယ်...တဲ့
အင်းလေ...
ပြောသမျှ ယုံရမှာပေါ့....။


အချစ်ကို ဒီလို ခွဲခြမ်းကြည့်မိတယ်...

အ + ချ စ် ............။

(ဒါကတော့ မင်းပြောမှလား...)


ကိုယ်ကဗျာတွေ ၊ စာတွေရေးတာ...

ချစ်သူက စိတ်ဆိုးတယ်...။

သူ့အကြောင်း မပါလို့တဲ့လေ....။

ပြီးတော့... ဇာတ်လမ်းတွေကလည်း...
တော်တော်များပါ့....တဲ့...၊
ဟင်...ဘယ်လိုပြောရမလဲ....။

သူနားလည်အောင်...

ကိုလည်းမပြောတတ်ဘူး...

ဒီလိုတော့...ပြောကြည့်မယ်....။

“ ငါကလည်း ခက်တယ်...
ကဗျာတစ်ပုဒ်နဲ့ နေမဝင်အင်ပါယာ

ဘယ်ဟာယူမလဲ ဆိုရင်

ဒုတိယအရာကို

ငါ...ငြင်းတယ်....၊
အနားမှာ သူရှိရင်ပေါ့လေ......။”


ကိုဇော်

http://zaw357.multiply.com/journal/item/437/437 မှာ 28. 6.2009 ကရေးထားတာပါ။


.

Share/Bookmark

0 သူငယ်ချင်း ဆိုတာ လက်တစ်ကမ်း




သူငယ်ချင်းတို့ရဲ့ အရောင်က အဖြူရောင်တဲ့....
ချစ်သူတို့ရဲ့ အရောင်က ပန်းရောင်လေ...

အဖြူရောင်မှာ ပန်းရောင် ဖြစ်စေဖို့...ရဲရင့်မှု ဆိုတဲ့...အနီရောင် ထည့်ပေးရမယ်လေ...။


ကျွန်တော်တို့ ငယ်ငယ်က ခေတ်စားခဲ့တဲ့ စကားလေးတစ်ခုပါ...။


ကျွန်တော် လက်မခံပါ။
သူငယ်ချင်းဆိုတာ အဖြူရောင်ပဲ ကောင်းပါတယ်။ တချို့ ရှိကြပါတယ်။ သူငယ်ချင်းဖြစ်ပြီးမှ ချစ်သူ ဖြစ်သွားကြတာတွေ ကျွန်တော် မနှစ်သက်ပါ။ တကယ်တော့ ဘဝမှာ “ သူငယ်ချင်းဆိုတာ လက်တစ်ကမ်းပါပဲ။ ” အနီးဆုံးမရောက်သလို ၊ အဝေးဆုံးမှာလည်း ရှိမနေတဲ့ သူတွေပါ။

ချစ်သူဆိုတာကတော့ ကိုယ်နဲ့ အနီးဆုံး လက်တစ်ကမ်းမဟုတ်တော့ပါဘူး။
ကိုယ်နဲ့ အနီးကပ် ဖြစ်သွားပြီ။ ဒီလို အနီးကပ်လူတွေဟာ ဝေးကွာပြီ ဆိုရင်လည်း လက်တစ်ကမ်းမဟုတ်ဘူး။ ပြန်မဆုံနိုင်တော့လောက်အောင်ကို ဝေးကွာတတ်တယ်။

ဒါကြောင့် ကျွန်တော့်ဘဝမှာ သူငယ်ချင်းပေါင်းများစွာ ရှိခဲ့ပါတယ်။
သူတို့နဲ့ ကျွန်တော်ဟာ လက်တစ်ကမ်း အကွာအဝေးကနေ ရှေ့ကို နီးစပ်ဖို့ တိုးဖို့ ဘယ်တုန်းကမှ မကြိုးစားဖူးပါ။ သူငယ်ချင်းလို့ ခေါ်ပြီးမှ ချစ်သူ အဆင့်တတ်ဖို့ဆိုတာ ကျွန်တော် ဘယ်လိုမှ လိပ်ပြာ မသန့်နိုင်ပါ။ ဒါကြောင့် သူငယ်ချင်းလို့ ကျွန်တော် ခေါ်ဆိုသူတွေကိုလည်း ကျွန်တော် ရိုးစင်းစွာ ဆက်ပါတယ်။ ကျွန်တော်နဲ့ နှစ်ပေါင်းများစွာ တူတူခင်မင်လာခဲ့သော ကျွန်တော့်သူငယ်ချင်း တွေကတော့ ပြောပါတယ်။

“ နင်နဲ့ ပေါင်းရတာ စိတ်ရှင်းတယ်။ ငါ့ကို ဘယ်တော့ ရည်းစား စကားပြော
မလဲ ဆိုပြီး စိတ်တင့်နေစရာ မလိုဘူး။ ”

တဲ့။
ဒါကြောင့် သူငယ်ချင်းလို့ ကျွန်တော်ခေါ်တဲ့ သူများအာလုံးကို ကျွန်တော် အဖြူရောင် သက်သက်သာ ခင်မင်ဆက်ဆံခဲ့ပါတယ်...။ တကယ်တော့ သူငယ်ချင်းဆိုတာ လက်တစ်ကမ်းအကွာအဝေးပါပဲ။ သူငယ်ချင်းတွေအတွက် ဘယ်အချိန်ပဲ ဖြစ်ဖြစ် လိုအပ်နေတဲ့ အချိန်မှာ အဖြူရောင်သက်သက်နဲ့ လက်တစ်ကမ်းအကွာမှာ ရှိနေမှာပါ။

ခင်မင်စွာဖြင့်
ကိုဇော်


http://zaw357.multiply.com/journal/item/406/406 မှာ 19.6.2009 ကရေးထားတာပါ။

.

Share/Bookmark
Related Posts Plugin for WordPress, Blogger...

ဧည့်သည်များ

သွားသွားလာလာ
hidden hit counter




free counters

6.8.2010 မှ စ ကလိသည်။

.