မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


18 February 2010

3 ဟိုးလေး တကျော် ဖြစ်ခဲ့တဲ့ ကဗျာ


အထက်တန်းကျောင်းသား ဘဝတုန်းက ကျောင်းမှာ အလွန် ဟိုးလေးတကျော် နာမည်ကြီးသွားတဲ့ ကဗျာလေး တစ်ပုဒ်ရှိဖူးတယ်။ ဒါပေမဲ့ အဲဒီကဗျာက ကောင်းလွန်းလှတယ်တော့ မဟုတ်ပါဘူး။ ကဗျာကို တင်ပြထားပုံနဲ့ ကဗျာရဲ့ ရွတ်ဆိုလို့ ကောင်းလွန်းလို့သာ ဒီကဗျာက အရမ်းပေါက်သွားတာ။ အကြောင်းအရာက ဘယ်လိုမှ မကောင်း။

ဒီလို မကောင်းလို့လည်း ပိုပေါက်သွားတယ်။ ပြီးတော့ ကဗျာကို တစ်ယောက်တည်းကလည်း စပ်တာ မဟုတ်ဘူး။ သူငယ်ချင်း သုံးယောက်အတူတူ စပ်တာဗျ။ ဒါကြောင့်လည်း ဒီလို ဖြစ်သွားတာ..။ အဲဒီကဗျာလေး ဖြစ်လာပုံကို ကျွန်တော် မှတ်မိနေပါသေးတယ်။

အဲဒီနေ့က ကျောင်းက ကျွန်တော်တို့ အတန်းမှာ ဆရာမက မဝင်ဘူး။ အထက်တန်းကျောင်းသားဘဝ ၊ မျောက်မူးလဲ ဘဝ ။ ဒီအချိန်မှာ ကျောင်းရဲ့ အပြင်မှာ မိုးတွေက သိပ်သိပ်သည်းသည်းရွာနေတယ်။ အားလုံးလည်း ကိုယ့်ဖာသာ လုပ်ချင်တာ လုပ်နေတဲ့ အချိန်။ ကျွန်တော်ကလည်း မိုးက အရမ်းအေးနေတော့ တိတ်တဆိတ်ပဲ ငြိမ်ပြီး ကွေးနေရင်း မိုးတွေရွာနေတာကို ကြည့်ပြီး မရှိသေးတဲ့ ချစ်သူကို သတိရမိပြန်တယ်။

ဒါကြောင့် စားပွဲခုံမှာ စာအုပ်နဲ့ ဘောပင်လေးကို ကိုင်ပြီး ဘာရယ် မဟုတ်ပဲ ကဗျာလိုလို စာလေးတစ်ကြောင်း ချရေးမိတယ်။

မိုးတွေက ရွာ
လေတွေက တိုက်


အင်း.......ဘာဆက်ရေးရမှန်း မသိဘူး။ ဒီအချိန်မှာ ဘေးက ကျွန်တော့်သူငယ်ချင်းက

“ မင်း ကဗျာ ရေးနေတာလား။ မပြီးသေးဘူးပဲ . .ငါ ဆက်ရေးမယ် ။”

ဆိုပြီး စာအုပ်ကို ဆွဲယူပြီး ရေးပါတော့တယ်။ ဟာ ဒီကောင် ပေါက်ကရတော့ လုပ်တော့မှာပဲလို့ ထင်နေတုန်း။ သူကတော့ ရေးနေပြီ...

“ ရော့..ရပြီ။ ”

ဆိုပြီး ပြန်ပေးတော့ ဒီလို သူက ဆက်ရေးထားတယ်။

မိုးတွေက ရွာ
လေတွေက တိုက်

ချစ်သူလေးကို

မြွေပွေး ကိုက်. . ။


တဲ့။ ဟာကွာ လို့ စိတ်ညစ်သွားတုန်း။ ဘေးက နောက်တစ်ကောင်ကလည်း ယူပြီး ဆက်ရေးတယ်။ နောက်တော့ ကဲကွာ ဆိုပြီး သူရေး ကိုယ်ရေးနဲ့ ကျွန်တော်လည်း ဝင်ရေးလိုက်တာ ကဗျာလေး တစ်ပုဒ် ပေါက်ကရ ဖြစ်လာပါတော့တယ်။

ရေးလို့လည်း ပြီးရော ကိုယ့်ဖာသာကိုယ်လည်း သဘောတွေကျလို့...။ ဒါနဲ့ပဲ ထုံးစံ အတိုင်း ကဗျာကို လေး ၊ ငါးစောင်ကူးပြီး လျှောက်ဝေတာပေါ့လေ။ ဒါနဲ့ ဒီကဗျားက တော်တော်ပျံ့သွားပြီး ဆရာမကြီးက ခေါ်ဆူရတဲ့ အထိကို ဖြစ်ရော..။ ဟဲဟဲ . . သတိရနေပါသေးတယ် ကဗျာလေးရယ်။ ကဗျာလေးရဲ့ ခေါင်းစဉ်ကို ဒီလို ပေးထားတယ်ဗျ. .“ အချစ်စစ် ” တဲ။

အချစ်စစ်

မိုးတွေက ရွာ
လေတွေက တိုက်

ချစ်သူလေးကို

မြွေပွေးကိုက်. . ။

မြွေပွေး မဟုတ်ရင်

မြွေဟောက်ကိုက်..။


ကောင်မလေးက

သေပွဲဝင်

ကောင်လေးက

ကြေကွဲချင်. . ။


သို့ပေမဲ့လည်း

မကြေကွဲအား

နောက်တစ်ယောက်ရှာဖို့

ထွက်လို့သွား. . .။


( သူငယ်ချင်း သုံးယောက် ပေါက်ကရ စပ်မိတာလေးပါ။ )


ဒီလိုပဲ ငယ်ငယ်က တော်တော်ကို ပေါက်ကရ နဲ့ ဆိုးခဲ့ကြဖူးပါတယ်........ဘယ်ပဲ ပြောပြော ငယ်ကဘဝကိုလည်း ပြန်သတိရတယ်ဗျာ။

ကိုဇော် ပြန်လည်ရေးသားသည်။


.

Share/Bookmark

3 ယောက် ရဲ့ ထင်မြင်ချက်:

nyimg said...

တော်တော်ထိမိတဲ့ကဗျာပဲဗျ...ကောင်မလေးကိုသွားပြမိရင် တော်တော်ဖြေရှင်းရလိမ့်မယ်နော်..

Flower said...

နောက်တစ်ယောက်ရှာဖို့ထွက်လို့သွား.
ထွက်လို့သွားတဲ့ ကိုရွှေဇော်
ချစ်သူအသစ်နဲ့ပျော်
အပျော်လွန်ရင်း ချီးပုံနင်း
ကိုဇော်ညစ်ပတ်ခြင်း........

မဆုံးသေးဘူးထင်လို့
ကဗျာကို ဆက်ရေးပေးလိုက်တယ်..
ဟီဟီး......

~ဏီလင်းညို~ said...

ကိုဇော်ရေ....
တောကြီးမြွေဟောက်ရော မပါဘူးလားဟင်....?
ခိခိ...း)
ခင်မင်တဲ့
ဏီလင်းညို