မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


16 February 2010

0 ကဗျာဆိုတာ ဘာလဲ



ကျွန်တော့်ကို Online မှာ သူငယ်ချင်းတွေက ဒီလို ခဏခဏ မေးကြပါတယ်.။ ဖြေရတာ များလာလို့ အခု လို Post ပဲ တင်လိုက်တာပါ.။

၁။ ကဗျာ ဆိုတာ ပါဠိ လို “ ကာဗျ ” ဆိုတဲ့ စကားလုံးက ဆင်းသက်လာတာလို့
ပြောကြတယ်.။ ဒါပေမဲ့ သူ့ အဓိပ္ပါယ်ကို ဘယ်သူမှ မသိကြဘူး.။


၂။ ကဗျာ ဆိုတာ သတ္တက လို “ ကာဝိ ” ကနေ ဆင်းသက်လာတာ လို့ ပြောကြ
တယ်.။ ဒါပေမဲ့ သူ့အဓိပ္ပါယ်ကို ဘယ်သူမှ မသိကြဘူး.။

၃။ ကဗျာ ဆိုတာ ဟိန္ဒူ လို “ ကဗိဟု ” ဆိုတာကနေ ဆင်းသက်လာတာလို့ ပြောကြ တယ်.။ ဒါပေမဲ့..သူ့အဓိပ္ပါယ်ကို ဘယ်သူမှ မသိကြဘူး..။


ဟာ....ဘာပြောပြော သူ့ အဓိပ္ပါယ်ကို မသိကြဘူးပဲ ပြောနေမှတော့ ကဗျာ ဆိုတာ ဘာလဲ..။ ကဗျာကို ရှေးခေတ်ကတည်းက ရေးခဲ့ကြတယ်.။ ကဗျာကို တစ်ယောက်က သင့်တော်သော ၊ ဆိုလို့ကောင်းမယ်ထင်သော စာသားလေးများကို ကာရံထားပြီး ရေးလိုက်သောအခါ “ ကာရံ ” ဟူ၍ ဖြစ်လာသည်..။ ထိုနောက်...ထိုကာရံများကို တစ်လုံးနဲ့ တစ်လုံး ချိတ်ဆက်မိအောင် ဆက်လက် ရေးသားသော အခါ ကဗျာ တစ်ပုဒ်၏ အမျိုးအစား များ ပေါ်ထွန်းလာသည်.။

ကဗျာကို ပျို့ပဲ ရေးရမည်.၊ အလင်္ကာပဲ ရေးရမည်.၊ လေးချိုးပဲ ရေးရမည်..၊ ဒွေးချိုးပဲ ရေးရမည် ဟု မည်သူမှ မသတ်မှတ်ထားပါ.။ ထိုကာလ ထိုခေတ်တွေ လူတွေ ကြိုက်နှစ်သက် ခံစားမိသော စာလုံးများ ၊ စာသားများက ကဗျာ အမျိုးအစားများကို ဖြစ်ပေါ်လာစေခဲ့ပါတယ်.။ ဒါကြောင့် ခေတ်ဟောင်း ကဗျာ ဆရာများက ယခု ခေတ်ပေါ် မော်ဒန်ကဗျာများကို နားမယဉ် ၊ လက်မခံနိုင် ဖြစ်ကြ၍..သူကလည်း အရင်က ကဗျာ ဆရာကြီးဟု ခံယူထားသော ကြောင့် ကဗျာ အမျိုးအစား ပြိုင်ပွဲနှင် အယူအဆ လွဲမှုများ ဖြစ်ပေါ်လာ ရတာပါ.။

ဒါတွေနဲ့ ပတ်သတ်လို့ ကျွန်တော် ဘာမှ မပြောလိုပါ.။ ကျွန်တော် ပြောလိုတာက ကဗျာ ဆိုတာ ဘာလဲ..။ ကဗျာ ဆိုတာကို ကျွန်တော်ကတော့ ဒီလိုလေးပဲ ခံစားမိတယ်.။ ကဗျာ ဘာလို့ ရေးလဲ ဆိုတာက စပြောရမှာပဲဗျာ.။ ဒီတော့ ..ကဗျာ ဆိုတာ ရင်ထဲက စကားလုံးလေးတွေကို စာသားအဖြစ် များများစားစားကြီး ချမရေးချင်လို့ ကျစ်လျစ်သိပ်သည်းသော စာပုံစံ အဖြစ်ပြောင်းလိုက်တာပါ..။ ဒါကို ကဗျာလို့ ကျွန်တော် ယူဆပါတယ်.။ ရင်ထဲမှာ ဖြစ်ပေါ်နေတဲ့ ရင်တွင်းခံစားချက်တွေ ဖွင့်ထုတ်ထားသော စာသားလေးတွေကို ဖတ်သူ ရင်ထဲကို ရောက်အောင် ၊ ရင်ထဲမှာ ဟင်ခနဲ ၊ ဟာခနဲ့ ဖြစ်အောင် ခံစားလိုက်ရအောင် ရေးထားတာကို ကဗျာလို့ ကျွန်တော် ယူဆလိုက်တယ်.။

ဒါကြောင့် ကဗျာ တစ်ပုဒ်ကို ရေးသူက အာရုံစူးစိုက်ပြီး ကြိုးစားပမ်းစား ရေးထားပေမဲ့ ဖတ်သူ ရင်ထဲ မရောက်ရင် ဒီကဗျာဟာ ဘာမှ မဟုတ်ဘူး..ဆိုတာမျိုး ဖြစ်လာတာပါ.။ ဒီလိုပဲ..ဘာရယ် မဟုတ်ပဲ ရေးလိုက် မိတဲ့ ကဗျာလေးတစ်ပုဒ်က ဖတ်သူတွေ ရင်ထဲကို တိုက်ရိုက် ရောက်သွားတဲ့ အခါမှာ ကဗျာကောင်းလေး တစ်ပုဒ် ဖြစ်လာခဲ့တယ်.။ ဒါကြောင့် ကဗျာမှာ ရေးသူနဲ့ ဖတ်သူ ချိတ်ဆက်မိဖို့လည်း လိုအပ်ပါတယ်.။

ရေးသူရဲ့ ရင်ထဲက အကြောင်းအရာကို ဖတ်သူ ရင်ထဲကို ရောက်သွားနိုင်အောင် အသံလေးတစ်ခု ကိုယ်စားပြု ခဲ့ရင် ကဗျာ ဆိုတာ အသက်ဝင် လာမှာပါပဲ..။

ဒါကြောင့် ကဗျာ ဆိုတာကို ကျွန်တော် ထိရောက်သော စကားလုံးလေး တစ်ခုနဲ့ပဲ ကိုယ်စားပြုချင်တယ်..။

“ ကဗျာ ဆိုတာ ရင်ထဲက လာတဲ့ အသံ..။ ”


ကဗျာ ဆိုတာ ဘာလဲ လို့ မေးသူများကို ဒီ Post လေးနဲ့ပဲ ဖြေလိုက်ပါတယ်.။ ကျေနပ်ကြပါစေဗျာ..။


ခင်မင်စွာဖြင့်
ကိုဇော်



http://zaw357.multiply.com/journal/item/651 မှာ 25.9.2009 ကရေးထားတာပါ။

.

Share/Bookmark

0 ယောက် ရဲ့ ထင်မြင်ချက်: