မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


06 February 2010

0 ဒီလိုမျိုး အနိုင်ယူတတ်ပါ့မလား


Winston Churchill (British Prime Minister 1874-1965) တစ်ခါက ဟောပြောပွဲတွင် စင်အောက်မှ လူတစ်ဦးက စာတစ်စောင် လှမ်းပေးသည်။ စာထဲတွင် (လူပြိန်း)ဟုသာ ရေးထားသည်။ စင်အောက်တွင် သူ့အား ကန့်ကွက်မည့် သူများ သူအား အရှက်ကွဲစေရန် လုပ်လိုက်ကြောင်း သူသိလိုက်သည်။ Churchillမှာ ဘာမှ မဖြစ်သည့်ပုံစံဖြင့် ...

"ကျွန်တော် စာတစ်စောင် ရလိုက်တယ်။ စာရေးသူဟာ စာထဲမှာ အကျိုး
အကြောင်း ရေးဖို့မေ့ပြီး သူ့နာမည်ပဲရေး ထားတယ်"

ဟုပြောသည်။
စိတ်မဆိုးသည့်အပြင် ဟာသနှောပြီးတစ်ဖက်လူအား အလိမ္မာနည်းဖြင့် အနိုင်ယူလိုက်ခြင်း ဖြစ်သည်။ ဒီလိုမျိုး ကျွန်တော်တို့ ပတ်ဝန်းကျင်တွင် ကိုယ်နှင့် သဟဇာတ မကျသူများ ၊ ကိုယ့်ကို မလိုမုန်းထား ရှိသူများက ကျွန်တော်တို့ကို ရှေ့တင်တစ်မျိုး ၊ ကွယ်ရာတစ်မျိုး ဝေဖန် အပြစ်တင် ရှုံချတာ ခံရတဲ့ အခါ ဘယ်လို ပြုမူ ဆက်ဆံမိပါသလဲ..။

ခဏလောက်ပြန်လည် စဉ်းစားကြည့်လိုက်ပါ။


မျက်မှောင်ကို ကျုတ် မျက်နှာကြီး နီ တတ်လာအောင် ဒေါသတွေထွက်လာကာ. ဟော
ဟောဒိုင်းဒိုင်း ပြောချလိုက်တာပါပဲလား။

တချို့ကကျတော့ အော်ဟစ်ဆဲဆို ၊ တုတ်ဓါးဆွဲပြီး ပြဿနာကို ဖြေရှင်းလိုက်
တာပါပဲလား..။

တချို့ကျတော့..ကိုယ့်ကို မဟုတ်တာတွေ လာပြောနေရင် ဒေါသတွေထွက်ပြီး
မျက်ရည်တွေ ထိန်းမရအောင် ကျလာတာပါပဲလား။

ဒေါသထွက်တဲ့ အချိန်မှာ ကိုယ် ဘယ်လို ပြုမူဆောင်ရွက် မိပါသလဲ။


ဒေါသကို ရှေ့ထားပြီး ဟောဟော ဒိုင်းဒိုင်း ဆုံးဖြတ်ချက်ချပြီး ရန်လိုတုန့်ပြန်တတ်တယ်
ဆိုရင် သင်ဟာ ဘယ်လိုလုပ်ပြီး ဝန်ကြီးချုပ်တစ်ယောက်လို ကြီးမားတဲ့ ပြဿနာတွေကို ဖြေရှင်းဖို့ ၊ များပြားလှတဲ့ အတိုက်အခံတွေကို ဖြေရှင်းဖို့ အားရှိနိုင်တော့မှာ မဟုတ်ပါဘူး။

ဒီလိုမျိုး ပြဿနာကို ရင့်ကျက်စွာမကိုင် တွယ်တတ်ရင် ကျွန်တော် သေချာ ပြောရဲပါတယ် သင် ဝန်ကြီးချုပ် မဖြစ်နိုင်ပါ။ အဲ..တကယ်လို့ ကံကောင်းထောက်မစွာ ဝန်ကြီးချုပ် ဖြစ်လာခဲ့ရင်တောင်မှ သင်ဟာ ဘယ်သူနဲ့မှ မတည်သော ၊ ပြဿနာ များသော ၊ လူမုန်းများသော ၊ ပြဿနာများကို မကိုင်တွယ်ဖြေရှင်းတတ်သော ဝန်ကြီးချုပ်မျှသာ ဖြစ်ပါလိမ့်မယ်။


ပြဿနာကို ဘယ်လို ကိုင်တွယ်ဖြေရှင်းလဲ..(How To Solve The Problem ) ဆိုပြီး ကျွန်တော်ရေးထားပါသေးတယ်..။


ကိုဇော်

http://zaw357.multiply.com/journal/item/568
မှာ 3.9.2009 ကရေးထားတာပါ။

.

Share/Bookmark

0 ယောက် ရဲ့ ထင်မြင်ချက်: