မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


14 February 2010

2 ချစ်တတ်သူများ အတွက် “ လက်ဆောင်မွန် ”

“ အကို . . ချစ်သူများနေ့ နီးလာပြီနော်။ ”

“ သြော်..ဟုတ်။ ”

“ ချစ်သူများနေ့မှာ ဘာလုပ်မှာလဲ အကို။ ”

“ ကျွန်တော် အိပ်နေမှာပါပဲ..သိုးလို့။ ”

“ ဟာ. . .ဘယ်လိုကြီးလဲ အကိုကလဲ။ ”

“ ဟုတ်တယ်ဗျ။ ဒီလိုကြီးပဲ..အဟီး။ ”

“ ဒါကို အကို ချစ်သူများနေ့အတွက် ဘာမှ မလှုပ်ရှားဘူးပေါ့။ ”

“ ဗျာ...။ ”

ကျွန်တော် ဒါပဲ ပြောနိုင်ပါတော့တယ်။ ဟိုတစ်နေ့က လိုင်းမှာ ညီလေးတစ်ယောက်က ဗျူးသွားတာလေးပါ။

ကျွန်တော်လည်း တကယ်ပြောတာပါ။ ဘာလုပ်ရမှန်း တကယ်ကို မသိလို့ပါ။ ငယ်ငယ်က မြင်းငှားစီးလိုမျိုးလည်း ချစ်သူက ငှားစီး...အဲလေ..အငှားတွဲလို့ရတာမျိုးမှ မဟုတ်တာ။ ဘယ်လိုလုပ်ရမလဲ။ ကိုယ့်ဖာသာပဲ ဒီလိုပဲ နေတော့မယ်။ အဲ . .စာလေးတစ်ကြောင့် ဖတ်ဖူးတယ်။ ပြီးတော့ ပြီးခဲ့တဲ့နှစ် ချစ်သူများနေ့မှာ ကျွန်တော့် ဂျီတော့မှာ တင်ဖူးတယ်။
စာလေးက ဒီလို.. . . .

“ တစ်နှစ်မှာ
ငါနဲ့ မဆိုင်တာ တစ်ရက်ရှိတယ်။
ဖေဖော်ဝါရီ ၁၄ ရက်နေ့. .။
သူငယ်ချင်းတွေကတော့ ပြောကြပါတယ်။
“ ချစ်သူများနေ့ ” တဲ့။ ”

ဟုတ်တယ်ဗျာ။ ကိုယ်နဲ့မှ မဆိုင်တာလေ။ စာလေးရွတ်ရင်း ငိုသံတောင်မှ ပါနေပြီလား မသိဘူးနော်။ ကျွန်တော်လည်း “ ချစ်သူများနေ့ဟေ့ ” ဆိုပြီး ဘာလုပ်မလဲ ဆိုတော့ ရပ်ကွက်ပဲ ပတ်ပြေးရတော့ မလိုလို ၊ သူများတွေ ချစ်သူတွေ ကိုယ်စီ ရှိနေလို့ သူတို့ကို ဘုကြည့်ကြည့်ပြီး ရန်လိုက်ထောင်ရတော့ မလိုလို။ “ မေမေရယ် ရှာပေးကွယ် ရည်းစားလိုချင်တယ်။ ” ဆိုပြီး ထွန်းထွန်း သီချင်းဆိုပြီး အိမ်ကိုပဲ ဂျီတိုက်ရတော့ မလိုလို။

မဖြစ်သေးပါဘူး ဒီအရွယ်မှ ကိုယ့်ဖာသာ အေးဆေးနေတာပဲ ကောင်းပါတယ်လေ။ ဒါပေမဲ့ ချစ်သူများနေ့မှာ ဘာမှ မလုပ်ဘူးလား ဆိုတာ သူက တစ်ခုခု ထူးထူးခြားခြား ဘာလုပ်ထားလဲလို့ မေးတာထင်တယ်။

“ အေး...ဟုတ်တယ်။ ဒီလို ဆိုရင်တော့ ရှိတယ်။ ”

ချစ်သူများအတွက်ရယ်တော့ သီးသန့်မဟုတ်ပေမဲ့ ဒီလို ချစ်သူတွေလည်း နောင်ရေးအတွက် အဆင်ပြေ ၊ ဘဝလည်း အေးချမ်းစေဖို့ ကိုယ်တိုင် လုပ်ထားတဲ့ စာအုပ်လေး တစ်အုပ်တော့ ရှိတယ်။

မူရင်းကတော့ Spencer Johnson ရေးတာ ဖြစ်ပြီး မြတ်ငြိမ်း ( ဘာသာပြန် ) က ဘာသာပြန်ထားပါတယ်။ မူရင်းစာရေးဆရာကတော့ အားလုံး သိကြမှာပါ။ နာမည်ကြီး တစ်ယောက် အဖြစ် စာတွေ
တကယ် ကောင်းမွန်မှု နဲ့ ကျော်ကြားပါတယ်။

သို့သော် ဒီစာအုပ်လေးကို မြတ်ငြိမ်း (ဘာသာပြန်) ကတော့ သူ့အာဘော်အတိုင်း ဘာသာပြန်ထားပါတယ်။ ကျွန်တော်ကတော့ သူ ဘာသာပြန်ပြီးသားကို ပြန်ပြီး Ebook အနေနဲ့ လုပ်ပေးထားတာပါ။ မူရင်း ဘာသာပြန်သူရဲ့ စာမူတွေ တစ်လုံးမှ ( ကျွန်တော် စာလုံး အမှားမှ လွဲ၍ ) ပြင်ဆင်ထားခြင်း မရှိပဲ ဘာသာပြန်သူရဲ့ အာဘော်အတိုင်းပဲ ကျွန်တော် ကူးယူပြီး Ebook လုပ်ပေးထားတာပါ။

တကယ်တမ်း ပြောရရင် ဒီစာအုပ်လေး တစ်အုပ်ဖြစ်ဖို့ ကျွန်တော် ၃ လလောက် ရေးခဲ့ရပါတယ်။ အလုပ်ရယ် ၊ နေ့စဉ်ဖတ်နေတဲ့ စာတွေရယ် ၊ နေ့စဉ် ရေးနေတဲ့ ဘလော့ရယ် ၊ တခြားရေးလက်စ ၊ ဘာသာပြန်လက်စတွေရယ် ၊ ဒီစာအုပ်လေးရယ် ဆိုတော့ တော်တော် ရေးခဲ့ရပါတယ်။

ဒီစာအုပ်လေးကို ကျွန်တော် ဘာလို့ ကိုယ်တိုင် Ebook လုပ်တာလဲ ဆိုတော့ အကြောင်းပြချက် နှစ်ခု ရှိပါတယ်။

၁) “ လက်ဆောင်မွန် ” စာအုပ်လေးကို အားလုံးကို ဖတ်စေချင်လို့
၂) တကယ်လို့ ကျွန်တော်သာ စာအုပ်ထုတ်ဖြစ်ရင် ဆိုသော စိတ်ကူးလေး တစ်ခုကို ဒီ Ebook လေးမှ ကိုယ့်ဖာသာ ချကြည့်တာပါ။

ဒုတိယအချက်ကို နည်းနည်းတော့ ပြောပြရဦးမယ်။ စကားလုံးလေးတွေမှာ အသံတွေ ပါပါတယ်။ ဒါကြောင့် စကားလုံးလေးတွေ တစ်ခုနဲ့ တစ်ခု ကွဲသွားတာ ၊ စုထားတာ နဲ့ အသံတွေ ၊ ဇာတ်ဆောင်တွေက ကွဲပြားသွားတတ်ပါတယ်။ ဒီစာအုပ်လေးက စိတ်ကို နည်းနည်း အခြေခံသော စာအုပ်လေး ဖြစ်တော့ ကျွန်တော် စကားလုံးလေးတွေကို နေရာပြောင်းကြည့်ချင်မိတယ်။

ဒါကြောင့် မူရင်းဘာသာပြန်သူ ဆရာ မြတ်ငြိမ်းရဲ့ မူရင်း ဘာသာပြန်မှုကို လုံးဝ မပြောင်းလဲပဲ စကားလုံးလေးတွေ နေရာ အထားအသိုလေးပဲ ဖြတ်တောက် ပြင်ဆင် နေရာ ချပြီး ဒီ Ebook လုပ်လိုက်မိတာပါ။

ဒီစာအုပ်လို ကြီးပွားရေး + ဗဟုသုတ + ရသ စာအုပ်လေး တစ်အုပ်ကို စမ်းကြည့်ပြီး တကယ်တမ်း ရသ + သရုပ်ဖော် စာလေးဆိုရင် ဘယ်လိုများ နေလိမ့်မလဲလို့လည်း သိချင်မိပါတယ်။ ဒါကြောင့်လည်း ကြိုးစားပြီး Ebook လေး ရအောင် ရေးထားတာပါ။

ဒီစာအုပ်ရဲ့ အနှစ်သာရက ကျွန်တော် စမ်းသပ်ထားတာ တစ်ခုတည်း မဟုတ်ပါဘူး။ နဂို မူရင်းက ကောင်းသလို ဆရာ မြတ်ငြိမ်း ဘာသာပြန်ထားတာလည်း ကောင်းပါတယ်။ သူ့ အာဘော်ပေါ့လေ။ နှစ်သက်စရာ ကောင်းပါတယ်။ စာအုပ်ထဲမှာတော့ ပစ္စုပ္ပန် ကို ဘယ်လို မျက်မှောက်ပြုသင့်တယ်။ ပြီးတော့ အတိတ်ကို ဘယ်လို အသုံးချသင့်တယ်။ ဒီနှစ်ခု ပြီးရင် အနာဂတ်အတွက် ဘယ်လို စီမံသင့်တယ် ဆိုတာတွေကို ကွက်ကွက်ကွင်းကွင်း ရှင်းလင်း မြင်သောအောင် တင်ပြထားပါတယ်။

လူတွေ သတိမထားမိတဲ့ အချက်လေးတွေကို ဘဝအောင်မြင်ကြီးပွားရေး အနေနဲ့ နှိုင်းယှဉ်ပြထားပါတယ်။ တကယ်လို့ ကိုယ်က ကြီးပွားရေးမှာ မသုံးပဲ တခြားနေရာမှာ သုံးမယ် ဆိုရင်လည်း ဒီနည်းလမ်းလေးက အဆင်ပြေနေမှာပါပဲ။ ဘယ်သူမဆို မဖတ်မဖြစ် ဖတ်သင့်ပါတယ်။ စာမျက်နှာ ၇၈ မျက်နှာသာ ပါပါတယ်။

အဲ. . . ချစ်သူများနေ့ အတွက် ကျွန်တော် ဘာလုပ်နေလဲ ဆိုတဲ့ ညီလေးရေ။ ကျွန်တော် ဒီစာအုပ်လေး ကြိုလုပ်နေမိပါတယ်။ ဘာလို့လည်း ဆိုတော့ စီးပွားရေး ၊ လူမှုရေး အဆင်ပြေနေသော ချစ်သူ ၊ အိမ်ထောင်တွေ ဖြစ်စေချင်လို့ပါ။

ဖတ်ကြည့်ပါဦး။ ခံစားမှု တစ်ခုခု ရပြီး အကျိုးရှိလိမ့်မယ်လို့ ထင်ပါတယ်။

pdf ဖြင့် ဒီနေရာ ကနေ တိုက်ရိုက်သွားဖတ်ပါ။


မူရင်းစာအုပ်ကို ဝယ်ဖတ်ခြင်းဖြင့် စာပေလောကကို ကူညီပါ။


ကိုဇော် မျှဝေသည်။

.

Share/Bookmark

2 ယောက် ရဲ့ ထင်မြင်ချက်:

Flower said...

ဟုတ်ပါပြီ.. လက်ဆောင်ပေးတာကျေးဇူးပါ
ခက်တာက ဒေါင်းလို့မရတာ...
ကိုယမအသုံးမကျလို့ ချစ်သူမရှိတာ ဘာကိုပတ်ပြေးချင်သေးလို့လဲ
ငှက်ပျောပင်ကြီး ပတ်ပြီးပြေးပေါ့
မောရင် ငှက်ပျော်ပင်ဖက်... :)

အဖြူရောင်နတ်သမီး said...

အတွဲမရှိတဲ့ လူပျိုကြီးတွေနော်...
ဒီလိုနေ့မျိုးရောက်ရင် ပွစိ ပွစိနဲ့....
နောက်နှစ်မှာ အတွဲရပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်...
းးးးးးးးး))))))))))))))