မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


07 February 2010

5 သနပ်ခါးတွေတော့ ဈေးတက်ဦးမယ်

ဟိုတစ်နေ့က ကျွန်တော့်ဆီကို ကြော်ငြာ တစ်ရွက် ရောက်လာတယ်။ သူတို့ Marketing လုပ်တဲ့ ကြော်ငြာ စာရွက် နဲ့ ကြော်ငြာ နမူနာ အထုပ်ကလေး။ Bio - essence ကုမ္ပဏီက ကြော်ငြာတာပါ။ သူတို့ ကြော်ငြာတာကို ဖတ်ကြည့်လိုက်တော့ ကျွန်တော် အံ့သြသွားပါတယ်။

ကျွန်တော်တို့ စက်ရုံက Marketing စက်ရုံဆိုတော့ ဒီလိုပဲ အဆက်အသွယ်ရှိပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့က စင်တွေ ရောင်းတဲ့ စက်ရုံပါ။ Marketing သမားတွေ အချင်းချင်းဆိုတော့ သူ့ ကြော်ငြာ ငါ့ပေး ၊ ဒီလိုတွေ ဖြစ်ရင်း ကျွန်တော့်ကို မလေး တရုတ်မက “ ဟဲ့...နင့်တို့ မြန်မာ နိုင်ငံက ထုတ်တဲ့ သစ်သားနဲ့ လုပ်တာလေ..။” ဆိုပြီး ပေးပါတယ်..။ ဒီတော့ ကျွန်တော်က တအံ့တသြ ကြည့်လိုက်တော့. “ သနပ်ခါး ” ကနေ ထုတ်ထားတဲ့ Cream ပါ။


ကျွန်တော့်ကိုလည်း Bio - essence က နမူနာ အထုပ်လေး ပေးလို့ပါ။ ဟီး...ပေးမှတော့ စမ်းသုံးကြည့်တာပေါ့ဗျာ။ တော်တော် ကောင်းတာကို အံ့သြစွာ တွေ့ရပါတယ်..။ ကျွန်တော့်ကို နမူနာ အနေနဲ့ (၃) မျိုးပေးသွားပါတယ်။


၁) TANAKA WHITE - Skin White Perfection Lotion
၂) TANAKA WHITE - Pejuvenating Whitening Day Cream
၃) Renewal Night Cream



အလကားရလို့ ပြောတာ မဟုတ်ဘူးဗျာ။ တကယ်ကို ကောင်းပါတယ်။ ကျွန်တော်က ဒီလိုလေး စဉ်းစားမိလို့ပါ ။ ကိုယ့်နိုင်ငံက ထုတ်တဲ့ “ သနပ်ခါး ” ကို ကိုယ့်နိုင်ငံက လူတွေက ဘာမှ မစမ်းသပ်ပဲ လိုရင် ကျောက်ပြင်ပေါ်တင်ပြီး သွေးလူး လိုက်တာပဲလေ။ ကျွန်တော်လည်း သနပ်ခါး တော်တော် ကြိုက်တာဗျ။ အိပ်ခါနီး သနပ်ခါး လိမ်း အိပ်လိုက်ရမှာ..ဟီး..ဂလို ။


အခုတော့...ဒီ Bio - essence က “ သနပ်ခါး” (TANAKA) ဆိုတဲ့ နာမည်နဲ့ပဲ ထုတ်တာပါပဲ။ ပြီးတော့ သူတို့ ကြောငြာ စာရွက်မှာ မြန်မာ နိုင်ငံ မှ သနပ်ခါး ကို ဘယ်လို ထုတ်လုပ်ပါတယ် ဆိုတာ အသေးစိတ်ရေးထားသေးတယ်။ ပြီးတော့ မြန်မာနိုင်ငံသူတစ်ယောက်ကလည်း မျက်နှာပေါ်မှာ သနပ်ခါး လိမ်းထားတဲ့ ပုံလေးတောင်မှ ပါသေး။ ငါတို့ မြန်မာနိုင်ငံက သနပ်ခါး ကတော့ နိုင်ငံတကာ မှာ ရောင်းတန်း ဝင်နေပါပေါ့လားလို့လေ။ အောက်မှာပါ..Bio - essence က ထုတ်တဲ့ သနပ်ခါး Cream ဆိုတာ..






အဲဒီတော့....


ဟာဗျာ..နေပါဦးဗျ။ ပုံပြလိုက်တာနဲ့ ပုံပေါ်မောက်တင်ပြီး R-Click နှိပ်ပြီး Save as image နဲ့ ကူးပြီး Print ထုတ် ဆိုင်မှ သွားပြပြီး ဝယ်လိမ်းဦးမှ ဆိုပြီး ကူးနေကြပြီလား။ နေကြပါဦး.။ ပြောတာလေး ပြီးအောင် တော့ ဖတ်ပါဦး။ လှချင်ကြတာ သိပါတယ်....ဟီး။


ကျွန်တော်တို့ ယောကျာ်းလေးတွေနဲ့တော့ သိပ်မကိုက်ဘူး ထင်တာပါပဲ။ ဘာလို့လဲ ဆိုတော့ အရမ်းနုပြီး လှလွန်းအားကြီးနေတယ်။ အခု ကျွန်တော် အခန်းပြန်ရောက်တော့မှ လိမ်းတာနော်။ လိမ်းတယ် ဆိုတာကလည်း လှချင်လို့ မဟုတ်ပါဘူး။ ကိုယ့်နိုင်ငံက ထုတ်တဲ့ သနပ်ခါးနဲ့ လုပ်တယ်။ ပြီးတော့ တကယ်ကောင်းတယ် ဆိုရင် သူငယ်ချင်း မိန်းကလေးတွေကို ပြောလို့ရအောင်ပါ..ဟီး ။


ကျွန်တော် ယောက်ျားလေး တောင်မှ အဲဒီ Cream က မျက်နှာကို ညက်ပြီး တင်းတင်းလေး ဖြစ်နေတယ်။ မှန်ထဲမှာ ကျွန်တော်မျက်နှာက ဘယ်လို ပြောရမှန်းတောင်မှ မသိဘူး။ ကျွန်တော်လည်း မပြောတတ်ဘူး။ ကျွန်တော်က Fair & Lovely က လွဲရင် ဘာမှ လိမ်းဖူးတာ မဟုတ်ဘူးလေ။ ဂွတ်တယ်ဗျာ။


ရပါတယ်..ကူးကြပါတော့။ ပြီးတော့ ဆိုင်ကိုပြေးပြီး မေးကြပေတော့။ တကယ်ကောင်းလို့ ပြောတာပါ။ ဒါကြောင့် ကျွန်တော် ဒီလို စဉ်းစားမိတာ။ သြော်..တကယ်လို့ ဒီ Cream က အရမ်းပေါက် သွားရင် အများကြီး ထုတ်ရတော့မယ်လေ။ ဒါဆိုရင် သူတို့ မြန်မာနိုင်ငံက သနပ်ခါးတွေကို ပိုဝယ်မှာလေ။ ဒါဆိုရင်တော့ ကျွန်တော့်တို့ မြန်မာနိုင်ငံသူတွေ သနပ်ခါး လိမ်းကြဖို့ တော်တော်ခက်သွားလိမ့်မယ်။ ဒီအချိန်ဆိုရင် သနပ်ခါးက တော်တော် ဈေးတွေ ကြီးလာမှာ ကျွန်တော် မြင်ယောင်နေသေးတယ်ဗျာ။



ကမ္ဘာမြေရဲ့ တစ်နေရာက ချစ်သူလေးကို လည်း ဝယ်ပေးချင်လိုက်တာဗျာ။ သူနဲ့ကလည်း မတွေ့သေးလို့..ဟီး။(ဘယ်ဆီကို မင်းရောက်နေလဲ..ဘာတွေကို မင်းလုပ်နေလဲ ...)


ခင်မင်စွာဖြင့်
ကိုဇော်



http://zaw357.multiply.com/journal/item/623 မှာ 12.9.2009 ကရေးထားတာပါ။

.
Share/Bookmark

5 ယောက် ရဲ့ ထင်မြင်ချက်:

~ဏီလင်းညို~ said...

အံမာ...
သူက သီချင်းတောင်ဆိုနေသေးတယ်...။
အတော်ပျော်နေတယ်ပေါ့လေ...ဟတ်လား...း)
ကျွန်တော်ကတော့ မျက်နှာမှာဘာမှ မလိမ်းဖြစ်တာ...ရှစ်တန်းလောက်ထဲကပဲ...။
စဉ်းစားသာကြည့်ပေတော့လေ...။
ဘာရုပ်ပေါက်နေမလဲဆိုတာ...း)
သရဲကတောင် ကျွန်တော့်ထက် ပိုခန့်ချော..ချောဦးမှာ...ခွိ...း)
ခင်မင်တဲ့
ဏီလင်းညို

ချစ်ကြည်အေး said...

ကိုဇော်ရေ အမက လင့်ခ် ယူသွားပြီးမှ ဘလော့ဂ်လစ် ထဲမထည့်မိပဲ သူငယ်ချင်းများ လစ်ထဲမှာပဲ ထည့်ထားမိလေတော့ ပို့စ်အသစ် တက်မလာဘူးဖြစ်နေတာ...ဒါ့ကြောင့်မရောက်နိုင်တာ...ခု အိုခေသွားပါပြီနော်...လာပြန်တော့လည်း မိတ်ကပ် အညွှန်းနဲ့ တန်းတိုးနေပါ့လား...
ခေါင်းစဉ်မှားနေတယ် ဈေးတက် ဖြစ်ရမှာ...အချိန်ရရင် ပြင်လိုက်နော်...:))

Flower said...

ဟဟ.. ကြော်ငြာနေပါတယ်ဗျို့ .. သနပ်ခါးကြော်ငြာသလိုနဲ့ သူ့မျက်နှာ ဖွေးကြောင်း လူသိအောင်ကြော်ငြာနေပါတယ်.. မမြက်ဖူးသူများ ယုံပေးလိုက်ကြပါ.. မြင်ဖူးသူများကတော့ ကတ္တရာပေါ်ထုံးသုတ်တာကို မြင်ယောင်ပါလိမ့်မယ်.. ခိခိ ..... ထပ်ကြော်ငြာပေးလိုက်တယ်နော်....

Anonymous said...

အိုး ခုမှသိ၊ အမြန်ပြေးပြီး ၀ယ်ထားမှ ဖြစ်မယ်....
ဘယ်ဆီကိုရောက်ရောက်..ဘာတွေပဲလုပ်လုပ်..
...

Anonymous said...

ဘယ်ဆီကိုရောက်ရောက်..ဘာတွေကိုလုပ်လုပ်....
ကို ရေးရမှာ ပဲရေးမိလို့ တစ်ခေါက်ပြန်ရေးမိတာပါရှင်။
...