မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


31 March 2010

8 အိပ်ယာဝင်ပုံပြင်







အကယ်၍ ကိုယ်ချစ်သော သူကို အိပ်ယာဝင် ပုံပြင်လေး တစ်ပုဒ် ပြောပြပါ ဆိုပါစို့။ သင် မည်ကဲ့သို့သော ပုံပြင်မျိုးကို ပြောပြမလဲ။ ဆွတ်ပျံကြည်နူးဖွယ်ရာ ပုံပြင်များ ပြောပြမလား ၊ ကြောက်လန့်သွေးပျက်ဖွယ်ကောင်းသော ပုံပြင်များ ပြောပြမလား။ တကယ်ဆို ကိုယ်ချစ်သောသူကို သွေးပျက်ဖွယ် ပုံပြင်များ ဘယ်သူမှ ပြောချင်မှာ မဟုတ်ပါ။ ပြောဖြစ်လိမ့်မည်လဲ မဟုတ်။

ကျွန်တော် ပြောခဲ့သော ကိုယ်ချစ်သော သူဆိုတာ “ မိမိကိုယ်တိုင် ” ကို ဆိုလိုသည် ဆိုပါစို့။ ဘယ်လို အိပ်ယာဝင် ပုံပြင်လေးများ ပြောပြမလဲ။ ကျွန်တော်တို့ အိပ်ယာဝင်တိုင်း မိမိကိုယ်ကို အိပ်ယာဝင် ပုံပြင်လေး တစ်ပုဒ်တော့ ပြောပြပါ။ ထိုပုံပြင်များက တစ်နေ့စာ ကိုယ်လုပ်ထားခဲ့သော လုပ်ရပ်တွေ ၊ မျှော်လင့်ခြင်း အိပ်မက်တွေ ၊ ကိုယ်နဲ့ ဆုံတွေခဲ့ရသူများနဲ့ ပြောဆိုခဲ့တာတွေ ၊ ကိုယ်ရောက်ခဲ့တဲ့ နေရာလေးတွေ အပါအဝင် တစ်နေ့တာရဲ့ ဖြစ်စဉ်တစ်လုံး ဖြစ်ချင် ဖြစ်မယ် ၊ ဖြစ်စဉ် တစ်ခုလုံးရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်ချင် ဖြစ်မယ်။ အဲဒီအထဲက ဘယ်အပိုင်းကို ပြန်စဉ်းစားပြီး ကိုယ့်ကိုယ်ကိုယ် အိပ်ယာဝင်ပုံပြင် အနေနဲ့ ပြောချင်ပါသလဲ။

ကျွန်တော်ကတော့ စဉ်းစားနေမိတယ် ဘယ်လို ပုံပြင် ဖြစ်လေလိမ့်မလဲ။ ပျော်စရာ ပုံပြင်လား ၊ ကြေကွဲစရာ ပုံပြင်လား ၊ ကြည်နူးစရာ ပုံပြင်လား ၊ ပူပင်သောက ဖြစ်စရာ ပုံပြင်လား ၊ ဗရုတ်သုတ်ခ ပုံပြင်လား ၊ အရည်မရ အဖတ်မရ ပုံပြင်လား ၊ တောင်တောင်အီအီ ပုံပြင်လား ။ ကိုယ့်ဖာသာကိုယ် ပြောမဲ့ ပုံပြင်ကို ကိုယ့်ဖာသာ ရွေးခြယ်ခွင့် ရှိပါတယ်။ ဒါပေမဲ့ တကယ်တမ်း ဘယ်လို ပုံပြင်မျိုးကိုမှ ရွေးပြီး အိပ်ယာဝင်ချိန်မှာ ပြန်ပြီး စဉ်းစား ပြန်ပြောမိနေပါသလဲ။

ကိုယ်ပျော်ရွှင်နေတဲ့ အချိန်ဆိုရင် တစ်နေ့စာ ပျော်ရွှင်မှု ထဲမှာ ပျော်စရာတွေကို ပြန်ပြောမိနေပေမဲ့ ၊ စိတ်ရှုပ်ထွေးနေချိန်မှာ စိတ်ညစ်စရာတွေကိုသာ ပြန်လည်မြင်ယောင်ပြီး ပြန်ပြောမိနေတတ်တယ်။ တကယ်လို့ အိပ်စက် အနားယူတော့မဲ့ အချိန်မှာ အရင်က ဖြစ်ပျက်ပြီးတာတွေက ဘာမှတော့ အသုံးမဝင်တော့ပါ။ သို့သော် ပြန်လည်တွေးမိပြီး အိပ်ယာဝင်ပုံပြင်များ အဖြစ် ပြန်ပြောမိနေတတ်တယ်။

ဒါကြောင့် ဒီနေ့ပဲ စကြည့်လိုက်ပါ။ ဒီနေ့ ည အိပ်ယာဝင်တော့မယ် ဆိုရင် စမ်းသပ်ကြည့်ပါ။ မနေ့က အိပ်ယာဝင် ပုံပြင်က ဘာဖြစ်ခဲ့လဲ ဆိုတာကို ပြန်စဉ်းစားကြည့်ပါ။ မနေ့က ပျော်ရွှင်မှု ပုံပြင်တွေကို ပြောရင်းနဲ့ အိပ်ပျော်သွားလို့ ဒီနေ့ နံနက်မှာ ကြည်လင်စွာ နိုးပြီး လုပ်ကိုင် ပြောဆိုသမျှတွေလည်း အဆင်ပြေခဲ့တယ် ဆိုတာ တွေ့ရလိမ့်မယ်။ တစ်ခု တစ်လေတော့ ခက်ခဲ စိတ်ရှုပ်ထွေးရတာမျိုး ရှိတတ်ပါတယ်။ ထိုအဖြစ်အပျက်လေးကို အိပ်ယာဝင်ပုံပြင် အနေနဲ့ စဉ်းစားနေမိရင်း အိပ်ပျော်ကာ နောက်နေ့ မနက်မှာ စိတ်မကြည်လင်ပဲ နိုးလာပြီး တစ်နေကုန် လုပ်သမျှ အဆင်မပြေတာမျိုးရော ကြုံဖူးပါသလား။ ဒါဟာ မိမိရဲ့ အိပ်ယာဝင်ပုံပြင်ကြောင့် ဆိုတာကို အမှတ်ရပါ။

မနေ့ကဆိုတာ ကျွန်တော်တို့ နောက်မှာ ကျန်ခဲ့ပါပြီ ၊ မနက်ဖြန်ဆိုတာ ကျွန်တော်တို့ ရှေ့မှာ ရှိနေပါတယ်။ မနက်ဖြန်ဆိုသော တံခါးဝကို မရောက်ခင်မှာ သတ္တိအပြည့်ဖြင့် ကြည်လင်စွာ ပြုံးနိုင်နေစေဖို့ ယနေ့ညမှာ ကိုယ့်ကိုယ်ကိုယ် ပြောပြဖို့ အိပ်ယာဝင်ပုံပြင်ကို ကြည်လင် ပျော်ရွှင်စရာများဖြင့် ရွေုးခြယ် ပြောဆိုပါ။ ဒါဆိုရင် သင့်ရဲ့ အိပ်ယာဝင်ပုံပြင် တန်ဖိုးဟာ တစ်နေ့တခြား တန်ဖိုး ရှိလာပါလိမ့်မယ်။


source: Patience Strong ၏ Bedtime Story
ကိုဇော်
31.3.2010 – 2.34 AM





.

Share/Bookmark

6 အတားအဆီး







အခက်အခဲ ဆိုတာ နေရာတကာမှာ ရှိပါတယ်။ အခက်အခဲ ဆိုတာကလည်း မကျော်လွှား နိုင်ခင်ကသာ အခက်အခဲပါ။ ကျော်လွှားပြီး သွားခဲ့ရင် အတွေ့အကြုံ တစ်ခုမျှသာ ဘဝမှာ မှတ်တမ်း အဖြစ် ကျန်နေခဲ့ပါတော့တယ်။

ဘဝပြိုင်ပွဲမှာ ပြေးလွှားနေရစဉ် မိမိလမ်းကြောင်းမှာ အခက်အခဲပေါင်းများစွာ မလွဲမသွေ ကြုံတွေ့ရမှာပါပဲ။ ဒီအချိန်မှာ ကံကြမ္မာက ငါ့မှ ရက်စက်လိုက်တာလို့ မထင်လိုက်ပါနဲ့။ အခက်အခဲ ၊ အတားအဆီး ဆိုတာ ထိုအရာကို ကိုယ်က ကျော်လွှားနိုင် ၊ မကျော်လွှားနိုင်ဘူး ဆိုတာကို သက်သေပြတဲ့ နေရာလေး တစ်ခုမျှသာ ဖြစ်တယ်။

မိမိမှာ အောင်မြင်ဖြတ်သန်းနိုင်ရမယ် ဆိုတဲ့ ယုံကြည်မှု စိတ်ဆန္ဒသာ ရှိပါစေ အားလုံးကို ဖြတ်ကျော်နိုင်ပါတယ်။ မိမိရှေ့မှာ ရှိနေတဲ့ အတားအဆီးတွေကို ကြောက်ရွံပြီး နောက်မဆုတ်သွားပါနဲ့။ ဒါကို ကိုင်တွယ် ဖြေရှင်းပါ။ ကိုယ်ဟာ ဘယ်လို လူစားလဲ ဆိုတာကို ဒီအခက်အခဲ ၊ အတားအဆီးကို ကျော်ဖြတ်ခြင်းဖြင့် ကမ္ဘာပေါ်က လူသားအားလုံးကို ဝင့်ကြွားစွာ ပြသပါ။

တချို့ကိစ္စတွေဟာ ခက်ခဲကောင်း ခက်ခဲပါလိမ့်မယ်။ သို့သော် ကြောက်စိတ်ကို မမွေးပဲ ရှေ့သို့ ဆက်တိုးပါ။ တစ်ခါတစ်လေ မိမိကြောက်နေသော အတားအဆီး အနားသို့ ရောက်သော အခါ ထိုအရာက အလိုလို နောက်ဆုတ် ပျောက်ကွယ်သွားတတ်ပါတယ်။ လိုနေတာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု တစ်ခုတည်းပါ။ မိမိကိုယ်ကိုယ် ယုံကြည်မှု ၊ အမှန်တရားကို ယုံကြည်မှု ထားပါ။

မိမိမှာ အရာရာဟာ အလွယ်တကူ ဖြစ်မြောက်နေတယ် ဆိုရင် ကိုယ့်မှာ ရှိနေတဲ့ ဘယ်လို စွမ်းဆောင်ရည်မှ ပြစရာ မလိုတော့သောကြောင့် အောင်မြင်မှု ကြောင့် ရလာနိုင်သော ဂုဏ်သိက္ခာ ဆိုသော အရောင်လည်း မတောက်ပြောင်လာနိုင်တော့ပါ။ ဒါကြောင့် အတားအဆီးတွေကို ကြိုဆိုပါ။ ဒါကို သတ္တိ ရှိရှိဖြင့် ရင်ဆိုင်ပါ။ ဘာလို့လဲ ဆိုတော့ အတားအဆီး ဆိုတာ “ အခွင့်အရေး ” လို့ ခေါ်တဲ့ အောင်မြင်ရေးရဲ့ အခြေခံ အုတ်မြစ်ရဲ့ တခြား နာမည် တစ်ခုလည်း ဖြစ်လို့ ဖြစ်တယ်။



source; Patience Strong ၏ Obstacles
ကိုဇော်
31.3.2010 – 00.28 AM




.


Share/Bookmark

30 March 2010

5 အိပ်မက်သင်္ဘော






“ ကျွန်တော့် အိပ်မက် သင်္ဘောသာ ဆိပ်ကမ်းမှာ ဆိုက်တဲ့ အခါ. . . . . ”

ဆိုပြီး လူအများက တစ်နေ့နေ့မှာ ကောင်းသော ကံကြမ္မာ တစ်စုံတစ်ခု သူတို့ဆီ ရောက်လာလိမ့်မယ်လို့ မျှော်လင့်ပြီး မရေမရာ ရေရွတ်ကာ အချိန်ကုန်ခံ ထိုင်စောင့်နေတာ မြင်ဖူးကြမှာပါ။

ကိုယ့်ရဲ့ သင်္ဘော ဆိပ်ကမ်းကပ်ရောက်လာချိန်ထိ စောင့်ဆိုင်းမနေပါနဲ့။ သူများတွေ စိတ်ရှည်လက်ရှည် စောင့်စားနေတဲ့ အချိန်မှာ ကိုယ်က သူများတွေထက် ဆိပ်ကမ်းက လွန်ထွက်ကာ ဘဝပင်လယ်သို့ ထွက်သွားပြီး ကိုယ့် သင်္ဘောကို ရှာပါ။ မိုးကုတ်စက်ဝိုင်းအောက်မှာ ကိုယ့်သင်္ဘောကို မျှော်ငေးစောင့်စားရင်း အချိန်တွေ ကုန်ခဲ့တာ နှစ်ပေါင်းများစွာ ကြာခဲ့ပါပြီ။

အခုတော့ မိမိရဲ့ ယုံကြည်မှု ဆိုသော သံလိုက်အိမ်မြှောင်ကို ကိုင်ဆွဲကာ မိမိနဲ့ ဘယ်လိုမှ အကျွမ်းတဝင် မရှိခဲ့တဲ့ အဝေးဆီကို ရဲရဲဝင့်ဝင့်သွားပါ။ မုန်တိုင်းထန်နေတဲ့ ပင်လယ်ပြင်ကို ဖြတ်ကျော်အနိုင်ယူပါ။ ကိုယ့်အတွက် ကံကောင်းခြင်း ဝန်စည်ကို သယ်ဆောင်ပြီး ဆိပ်ကမ်းကို ဆိုက်ရောက်လာနိုးဖြင့် မျှော်နေမိသော ပင်လယ်ပြင်ထဲမှာ မျောနေတဲ့ မိမိရဲ့ သင်္ဘောကို မိမိတစ်ဦးတည်း လိုက်ရှာပါ။ အဖော်မပါ၍လည်း စိတ်ပျက် ဝမ်းနည်းနေစရာ မလို။

ဘဝဆိုတဲ့ မုန်တိုင်း ၊ လောကဓံ ဆိုတဲ့ လှိုင်းပြင်းတွေကြောင့် ရေထဲမှာ မျောချင်တိုင်းမျောနေတဲ့ အိပ်မက်သင်္ဘောကို ဘာမှ မလုပ်ပဲ ကမ်းခြေမှာ ရောက်လာရင်တော့ ဘာတွေ လုပ်မယ် ဆိုပြီး ထိုင် စီမံကိန်းတွေ ချနေမဲ့ အစား မိမိရဲ့ မျှော်လင့်ခြင်း အိပ်မက် သင်္ဘောနဲ့ တွေ့ရဖို့ အခုပဲ လှေတစ်စီးယူကာ ချက်ချင်း ထွက်လိုက်ပါတော့လားဗျာ။

Source; Patience Strong ၏ Ship of Dreams
ကိုဇော်

30.3.2010 – 11.40 AM


.

Share/Bookmark

4 တစ်ခါတစ်ရံမှာ





တစ်ခါတစ်ရံမှာ လူဆိုတာ အမြဲတမ်းပြုံးနေဖို့ မဖြစ်နိုင်သလို ၊ အမြဲတမ်း ပျော်နေဖို့လည်း မဖြစ်နိုင်ဘူး။ စိတ်ဓါတ်တွေ ကျနေချိန်မှာ ခြေလှမ်းတွေပါ လေးလံနေတတ်ပြီး စိတ်အားတတ်ကြွမှုတွေပါ အလိုလို လျော့ကျသွားစေနိုင်ပါတယ်။

တစ်ခါတစ်ရံမှာ လူဆိုတာ ကိုယ့်နှလုံးသားထဲက ခံစားရတဲ့ ကိစ္စတွေဟာ မတရားဘူး ဆိုကာ လူတစ်ယောက်ရဲ့ ခံစားမျှဝေနိုင်တဲ့ အတိုင်းအတာထက် ပိုပြီး ခံစားနေရတယ် ၊ သောက နဲ့ ဝေဒနာတွေဟာ နည်းနည်းပိုနေတယ်လို့ တွေးမိတတ်ကြတယ်။

တစ်ခါတစ်ရံမှာ လူဆိုတာ ကံကြမ္မာက အကွက်ဆင်ပြီး ကိုယ့်နှလုံးသားရဲ့ ဆန္ဒတွေကို လှည့်စားတတ်တယ်။ ဒီအချိန်မှာ ရခဲ့ဖူးတဲ့ ပျော်ရွှင်မှု အမှတ်တရများ ၊ ကြုံခဲ့ဖူးတဲ့ အားတတ်ဖွယ် ကောင်းမွန်မှုတွေ ၊ အောင်မြင်ခဲ့ဖူးတဲ့ ရည်မှန်းချက်တွေ ၊ ဖြစ်ထွန်းခဲ့တဲ့ အိပ်မက်တွေကို မေ့လျော့ထားတတ်ကြတယ်။

ဒါကြောင့် တစ်ခါတစ်ရံမှာ ဖြစ်ပေါ်လာတာတွေကို သတိထားပြီး အခုချိန်မှာတော့ မျက်ရည်တွေ ၊ သောကတွေကို မေ့ပစ်ပါတယ်။ ဘဝမှာ ပျော်ရွှင်ကြည်နူးမှု ၊ အောင်မြင် တတ်ကြွမှုတွေကို အမှတ်ရကာ ဘဝမှာ ပျော်ရွှင်စွာ ဆက်လက်ရင်ဆိုင်သင့်တဲ့ အချိန်ကို ရောက်နေပါပြီ။ တစ်ခါတစ်ရံ ဆိုသော ဖြစ်ရပ်ကြောင့် အောင်မြင်ပျော်ရွှင်ခဲ့ဖူးတာတွေကို မေ့လိုက်ပြီး ရင်မှာ ထာဝရ ပူဆွေးဝမ်းနည်းဖို့ မသင့်ပါဘူး။ ပျော်ရွှင်ခြင်းကို အခုက စပြီး ဆုပ်ကိုင်ကြပါစို့။


source; Patience Strong ၏ Sometimes
ကိုဇော်
30.3.2010 – 4.12 AM




.
Share/Bookmark

4 မျှော်လင့်ခြင်း ပြူတင်းပေါက်များ






ကျွန်တော်တို့ ခန္ဓာကိုယ်ဟာ အိမ်တစ်လုံးဆိုပါစို့။ ကျွန်တော်တို့ရဲ့ စိတ်ထွက်ပေါက်များကို ပြူတင်းပေါက်များ အဖြစ် အပြင်ကို လှမ်းကြည့်လိုက်ပါ. . . .။

ထိတ်လန့်ကြောက်ရွံ့မှု ၊ အားငယ်မှုတွေနဲ့ ပြူတင်းပေါက်ကနေ အပြင်ကို လှမ်းကြည့်လိုက်ပါ။ ဘာတွေကို မြင်ရပါသလဲ။ ညိုမှိုင်းနေသော အရာများ ၊ အရိပ်မည်းမည်းများဖြင့် ရှုခင်းများ ၊ ခြောက်ခြားဖွယ်ရာ လောက ၊ ဘေးအန္တရာယ်တွေနဲ့ ဘဝများ ၊ ပျက်ဆီးခြင်းကို ရှေးရှုနေမှုများ ၊ ငှက်ဆိုးထိုးသံများ ၊ ကမ္ဘာပျက်တော့မဲ့ အရိပ်အယောင်များ။

ပျော်ရွှင်နေရင်း မျှော်လင့်ချက်များနဲ့ ပြူတင်းပေါက်ကနေ အပြင်ကို လှမ်းကြည့်လိုက်ပါ။ ဘာတွေကို မြင်ရပါသလဲ။ လင်းလက်နေသော မိုးသားကောင်းကင် ၊ လှပသော ကမ္ဘာလောက တစ်ခု ၊ မသေချာပေမဲ့ ယုံကြည်ခြင်းတွေနဲ့ ရှင်သန်နေတဲ့ အလင်းတန်းများ ၊ တတ်ကြွသော ခြေလှမ်းများ ၊ စိတ်ကူးအိပ်မက်တွေနဲ့ ရှင်သန်နေကြသူများ။



ကြည့်လိုက်ပါ . . သင်ရဲ့ မျှော်လင့်ခြင်း ပြူတင်းပေါက်ကနေ အပြင်လောကကို မျက်လုံး ဝင့်ကာ လှမ်းကြည့်လိုက်ပါ။ ရွှေရောင်သန်းသော ရောင်စဉ်တွေနဲ့ အတူ နံနက်ခင်းမှာ ငွေနှင်းမှုန်တွေ မိုးကုတ်စက်ဝိုင်းပေါ်မှာ ကျဆင်းလာတာမျိုး ဖြစ်လာနိုင်ပါတယ်။ ညက မှိန်ပျောက်ဆုံးခဲ့တဲ့ ခွန်အားတွေလည်း ဒီနံနက်ခင်းမှာ လတ်ဆတ်လန်းဆန်းစွာ ရရှိလာနိုင်ပါတယ်။ မှုန်ဝါးနေတဲ့ နေ့တိုင်းဟာလည်း ဒီနေ့မှာ သင့်အတွက် ကြည်လင်လာနိုင်ပါတယ်။ ဒါကြောင့် ဒီနေ့ ၊ ယခုနေ့ဟာ သင့်အတွက် နေ့ထူး နေ့မြတ်ပဲ ဖြစ်တယ်။ ကိုယ့်ရဲ့ လောကကို မျှော်လင့်ချက်တွေ အပြည့်နဲ့ မျှော်လင့်ခြင်း ပြူးတင်ပေါက်ကနေ တရှိုက်မက်မက် ကြည့်လိုက်စမ်းပါ။


source; Patience Strong ၏ Windows of Hope
ကိုဇော်
30.3.2010 – 2.58 AM




.


Share/Bookmark

0 ရိုးရှင်းသောဘဝရဲ့ ပျော်ရွှင်မှု



ကမ္ဘာမြေရဲ့ တစ်နေရာက ချစ်သူ..သို့.. . . ။




ကိုဇော်

.
Share/Bookmark

29 March 2010

4 သတိရနေစေတဲ့ အရာများ





ကျွန်တော်တို့ဘဝမှာ ဝမ်းနည်းကြေကွဲ နေရတဲ့အခါ ဖြေသိမ့်နိုင်စေဖို့ ပြန်စဉ်းစားရင် သတိရနေစေတဲ့ အရာများစွာ အမြဲတမ်း ရှိနေပါတယ်။ ကြုံခဲ့ဖူးတဲ့ ချီးမွမ်းသံများ ၊ ရရှိခဲ့ဖူးသော နှစ်သက်ဖွယ်ရာ အချိန်လေးတွေ ၊ ပြန်တွေးမိရင် စိတ်ဓါတ်တွေ တတ်ကြွလာစေတတ်တဲ့ အတိတ်က ဖြစ်ရပ်တွေ ၊ ဒီအဖြစ်အပျက်များက ကျွန်တော်တို့ စိတ်ဝိညာဉ်ကို အမြဲပြန်လည် အားဖြည့်ပေးနိုင်သော သတိရနေစေတဲ့ အရာများကို မိမိဖာသာ ပြန်လည် ရှာတွေ့နိုင်ပါတယ်။

လူတိုင်းမှာ သတိတရ ပြန်တွေးကြည့်မယ် ဆိုရင် ပြန်လည် မတွေးမိ ၊ မစဉ်းစားနိုင်လောက်အောင် ကောင်းကျိုးပြု အရာများ ချို့တဲ့မနေကြပါ။ စိတ်ညစ်ကြေကွဲမှု ဆိုသော အရိပ်မည်းကြီး ဖုံးလွှမ်းခံရသူဟာ ဝမ်းမြောက် ဝမ်းသာစွာ မရှိနေနိုင်ပါ။ သို့သော် စိတ်ပျက် ဝမ်းနည်း အားငယ်နေတဲ့ အချိန်မှာတောင်မှ ဝမ်းမြောက်ဝမ်းသာစွာ ဖြစ်စေနိုင်တဲ့ သတိရနေစေသော အရာများ ရှိနေပါသေးတယ်။ ဘယ်လိုပဲ အဖြစ်အပျက်ဆိုးများစွာ ကြုံနေရပါစေ သတိတရ ဝမ်းမြောက်စရာ တစ်ခုခုတော့ ရှိနေပါတယ်။ အရင်က မိမိကိုယ်တိုင် ဝမ်းမြောက်ကြည်နူးစေခဲ့တဲ့ သတိရနေစေတဲ့ အရာများကို ပြန်လည် သတိရပြီး ပြန်လည် တတ်ကြွစေနိုင်ပါတယ်။


ထိုအရာများက ဘယ်တော့မှ အိုမင်းခြင်း မရှိနိုင်သော အရာများသာ ဖြစ်ပါတယ်။ အချိန်ပေါင်းများစွာ ကျော်လွန်ဖြတ်သန်းသွားပါစေ သူတို့ကတော့ အိုမင်းခြင်း မရှိပါဘူး။ ထိုအရာများက မိမိ တန်ဖိုးထားခဲ့သော အိပ်မက်များ ၊ နှစ်သက်မိသော လက်ဆောင်များ ၊ ပြန်လည် သတိရနေတတ်သော အမှတ်တရ ဖြစ်ရပ်များ ၊ မေတ္တာတရားများ ၊ ခင်မင်ရင်းနှီးသော ပန်းပွင့်လေးများ ၊ နှစ်ပတ်လည် လက်ဆောင်များ အစရှိသော သတိရစေနိုင်သော အရာများက မိမိကို စိတ်ပျက် ဝမ်းနည်းကြေကွဲနေမှုမှ ပြန်လည် အားပေး ဆွဲခေါ်သွားပါလိမ့်မယ်။

Source; Patience Strong ၏ Something to Remember
ကိုဇော်
29.3.2010. – 6.07 PM




.
Share/Bookmark

7 ဘူးမားရင်း

Patience Strong ၏ Sweet Thoughts ကို ဆရာ ညွှန့်ဝေမိုး က “ ချိုသော အတွေးစကား ” ဆိုသော နာမည်ဖြင့် စာအုပ်ထုတ်ဝေထားတာပါ။ မူရင်း အင်္ဂလိပ်လိုရော ဘာသာပြန်သူ ရဲ့ စာလေးရော တွဲပြီး ဖော်ပြထားတဲ့ အတွက် အဆင်ပြေလှပါတယ်။ ခေတ်ကာလ အတိုင်းအတာ တစ်ခု ကြာသွားခဲ့ပြီ ဖြစ်သော စာအုပ်ထဲမှာ စာများက ကျွန်တော့်အတွက် အဆင်မပြေလှပါ။ ဒါကြောင့် အင်္ဂလိပ်ဘာသာမှ ကျွန်တော် နားလည်သလို ရေးသားတင်ပြပါတယ်။

ဘူးမားရင်း


ကိုဇော် တင်ပြသည်။




Share/Bookmark

6 ကုသိုလ် မျှဝေသည်



ဒီနေ့ သူငယ်ချင်း တစ်ယောက်က ထမင်းစားဖိတ်လို့ သွားစားရတယ်။ ကိုယ်နဲ့ လုံးဝ မသိသူတွေနဲ့လည်း သူငယ်ချင်း ဖြစ်ခဲ့ရပြီး ၊ လိုင်းပေါ်မှာပဲ တွေ့ခဲ့ရပြီး အပြင်မှာ မမြင်ဖူးသူတွေကိုလည်း တွေ့ခဲ့ရတယ်။ မစားရတာ ကြာပြီ ဖြစ်တဲ့ ကုလားဟင်းနဲ့လည်း ထမင်းက စားလိုက်ရတော့ လူကလည်း ငတ်ငတ်နဲ့ တွယ်လိုက်တာ နဂိုကတည်းက ပူနေတဲ့ ဗိုက်က ပိုဖောင်းလို့။

ခင်မင်ရသော မမြင်ဖူး ၊ မတွေ့ဖူးသော သူငယ်ချင်းများ ၊ အခုလို့ မြင်လိုက် ၊ တွေ့လိုက်ရတဲ့ သူငယ်ချင်းများ နဲ့ တကူးတက ဖတ်ခေါ်တဲ့ သူငယ်ချင်းများကို ကျေးဇူးတင်ပါတယ်။

ဒီနေ့ ကျွန်တော် သွားတာ ရည်ရွယ်ချက် နှစ်ခုနဲ့ပါ။ သူငယ်ချင်းများနဲ့ ဆုံတွေ့ရန် ၊ နောက်တစ်ခုကတော့ ဆရာတော် ဦးကောဝိဒ ဂရုဏာသက်စွာ အားပေးစောင့်ရှောက်ထားသော အနာကြီးရောဂါသည်များ အတွက် မြရတနာရွာလေးဟာ အလှူရှင် ကိုကြီး ( စင်္ကာပူ ) ကြောင့် ရေကိုတော့ လုံလောက်စွာ သုံးဆောင်နေနိုင်ကြပါပြီ။

အခုတော့ ဒီရွာလေးကို ရွာလမ်းလေးကတော့ ဖုန်တထောင်းထောင်းနဲ့ ဖြစ်နေတာကို ကျောက်ကားမှ ကျောက်များကို ဝယ်ယူ ရရှိစေခြင်းဖြင့် အရင်က ကျောက်ကား အစီး ၅၀ လိုအပ်မယ်လို့ ခန့်မှန်းထားပေမဲ့ တကယ်တမ်း မိုးတွင်းဆိုရင် ရေပြန်မြှပ်နိုင်သောကြောင့် နောက်ထပ် ကျောက်ကား အစီး ၅၀ လိုအပ်နေပါတယ်လို့ နိဗ္ဗိန်ဆော် ကိုဇကားဝါ နေရာမှာ တွေ့လိုက်ရတယ်။ ကျောက်ကားတစ်စီးကို ၁၀၀၀ နှုန်းဖြင့် ကျပ်ငွေ ၅၀၀၀၀ လိုအပ်နေပါတယ်။ ကျွန်တော် ချက်ချင်းပဲ လှူချင်စိတ်ဖြစ်ပြီး ချက်ချင်း ဆက်သွယ် လှူလိုက်တယ်။

ဘာလို့လဲ ဆိုတော့ မြရတနာရွာလေးမှာ ရှိနေတဲ့ အနာကြီးရောဂါသည် တစ်ယောက် ပြောတဲ့ စကားက ကျွန်တော့်နားထဲမှာ မထွက်ဘူး။

“ ကျွန်တော်တို့က အသက်ရှူနေရတဲ့ အသားတုံးကြီးတွေပါဗျာ။ ”

တဲ့။ အခု ဒီအသားတုံးကြီးတွေ မိုးတွင်းမှာ မိုးထဲ ရေထဲဖြတ်သန်းသွားလာနေရမှာ ဆိုသော အဖြစ် မျက်လုံးထဲ မြင်ယောင်မိပြီး ကျွန်တော် လှူလိုက်တာ တစ်ခုပါပဲ။ လူတွေပေမဲ့ လူတောထဲကို မတိုးဝင်နိုင်တဲ့ သူတို့ကို သွားလေမှာတော့ လူလိုသူလို ဖြစ်စေချင်တာပါ။

ဒီနေ့တော့ အလှူငွေလည်း လွှဲပေးရင်း သူငယ်ချင်းတွေ ခေါ်ထားတဲ့ ထမင်းဝိုင်းကိုလည်း သွားရင်း သူတို့ကိုလည်း ဒါ ကျွန်တော် ပြောပြလိုက်တော့ သူတို့ကလည်း တတ်နိုင်သလောက် ထည့်ဝင်ကြပါတယ်။ ဒါကြောင့် အားလုံး အချုပ်အားဖြင့်. . . .

လမ်းခင်းဖို့ ကျောက်ကားအတွက် ------ - ၅၀၀၀၀
ဆရာတော် ဦးကောဝိဒ နဝကမ္မအတွက် --၃၀၀၀၀
--------------------------------------------------------------
စုစုပေါင်း -----------------------------၈၀၀၀၀

လှူဒါန်းလိုက်နိုင်ပါတယ်။ ကျွန်တော့် အလှူမှာ ဆရာတော် ဦးကောဝိဒ နဝကမ္မ အတွက် ပါဝင် အားဖြည့် လှူဒါန်းပေးတဲ့ သူငယ်ချင်းတွေကတော့ . . . “ ဖြိုးသီရိ နဲ့ ရဲနိုင်ဝင်း ” တို့ပါ။

ကျွန်တော်တို့ ဗုဒ္ဓဘာသာတွေမှာ ထူးခြားစွာ ကုသိုလ်ယူနိုင်တာကတော့ ကိုယ်တိုင် ကိုယ်ထိ လက်ရောက် လှူမှ မဟုတ်ပါ။ သူများ လှူတာကိုလည်း ပီတိ ပွားများပြီး “ သာဓု ” သုံးကြီမ် ခေါ်ဆိုတာနဲ့တင် သာဓု ခေါ်ဆိုသူလည်း ကုသိုလ်တွေ ရပြီး လိုအင် ဆန္ဒတွေ ပြည့်ဝကြတယ် ဆိုတာပါပဲ။

ဒါကြောင့် ယနေ ကျွန်တော်နှင့် သူငယ်ချင်းများ လှူသော အလှူလေးကို အားလုံး ကုသိုလ်ပါဝင်နိုင်ရန် အမျှ ပေးဝေပါတယ်။

“ အားလုံး . .အမျှ . . အမျှ . . .အမျှ . . .ယူတော် မူကြပါကုန်လော့. .။ ”



ကိုဇော်



Share/Bookmark

28 March 2010

3 အတ်တလတ်စ် သို့ မဟုတ် မိုးကောင်းကင်ကို အောင်နိုင်သူ

အမှန်တရား ဆိုတာ ဘာလဲ။ ပညာကို အသိပညာနဲ့ အတတ်ပညာဆိုပြီး သရုပ်အပေါ်ဆုံး ခွဲခြားပြနိုင်တာ တစ်ခုနဲ့ ကျွန်တော် တင်လိုက်တာပါ။ ကျွန်တော် နှစ်သက်သလို အားလုံးလည်း နှစ်သက်ကြလိမ့်မယ်လို့ ယုံကြည်မိပါတယ်။

အမှန်တရားကို လက်ဝယ်စွဲမြဲနိုင်ပါစေ။

မြင်ကွင်း ကျယ်ကျယ် ဖတ်လိုလျှင် Full screen ကို နှိပ်ကြည့်ပါ။

အတ်တလတ်စ် သို့ မဟုတ် မိုးကောင်းကင်ကို အောင်နိုင်သူ


ကိုဇော်

.
Share/Bookmark

3 ရွက်လှပင် စိုက်မယ်

ဒါလေးကတော့ တော်တော် မိုက်တယ်။ ရွက်လှပင်လေးတင် မကဘူး။ ကောင်းကင်ကနေ နှင်းတွေပါ ကျနေတာ။ ဒီရွက်လှပင်ကို ဘယ်လို ခေါ်ပါလိမ့်ဗျာ . . .မေ့နေပြီ။ လိုချင်သူများ အောက်မှာ ဒေါင်းပါ။





ပျော်ရွှင်ပါစေ
ကိုဇော်

.
Share/Bookmark

0 ပန်းစိုက်မယ်



ဒါလေးကတော့ ပန်းလေးပါ။ မွှေး မမွှေးကတော့ ကိုယ်တိုင် နမ်းကြည့်မှပဲ သိမှာပေါ့ဗျာ။ အင်း...ခက်နေတာက မလေးရှားရဲ့ အထိမ်းအမှတ် ပန်း ဖြစ်နေတာပါပဲ။ လိုချင်သူများ အောက်မှာ ဒေါင်းပါ။





ပျော်ရွှင်ပါစေ
ကိုဇော်


.
Share/Bookmark

0 ရွှေငါးမွေးမယ်



ဒါကလည်း ငါးတော့ ငါးပါပဲ သူကတော့ ရွှေငါးလေးပေါ့...သေးတော့ သေးတယ်။ ဒါပေမဲ့ ကွန်ပျူတာ ဖွင့်ထားရင်း အပျင်းရဘူးပေါ့ဗျာ..။ လိုချင်သူများ အောက်မှာ ဒေါင်းပါ။





ပျော်ရွှင်ပါစေ
ကိုဇော်


.



Share/Bookmark

0 ငါးမွေးကြမယ်

ကွန်ပျူတာထဲမှာ ငါးမွေးချင်သူတွေ အတွက်ပါ။ အရင်က ကျွန်တော် ကြောင်လေး ပေးထားတော့ ညီလေး တစ်ယောက်က ခွေးတွေ ၊ ငါးတွေပါ မွေးချင်တယ်တဲ့။ သူကတောင်းတယ်။ ဒါပေမဲ့ ကျွန်တော်ကလည်း မရှာပေးနိုင်ဘူး ဖြစ်နေတယ်။ ဒီမှာ သူ့ဖာသာ ရှာလို့ တွေ့သွားတယ် ဆိုပြီး ကျွန်တော့်ဆီကို လင့်ပို့ထားတာလေးပါ။ ဒါကို ကျွန်တော်က သွားယူပြီး အခုတော့ ပြန်ပြီး ဝေမျှပါတယ်။

ငါးမွေးဖို့ ဆိုတာ ရေထဲမှာမှ ဖြစ်မှာ မဟုတ်လား။ ဒါကြောင့် Desktop Theme နောက်ခံကို ရေအောက်ထဲမှာလို ဖြစ်အောင် နောက်ခံလေးပါ ထည့်ပေး ထားပါတယ်။ လိုချင်သူများ အောက်မှာ ဒေါင်းပါ။





ပျော်ရွှင်ပါစေ
ကိုဇော်


.


Share/Bookmark

27 March 2010

4 ထိကရုံးပင်များ






ကိုယ့်အပေါ် လာကျောရင် သီးမခံတတ်သူ ၊ တင်စီးပြီးပြောရင် နည်းနည်းလေးမှ မခံသူ ၊ တွေ့ရင်တွေ့တာ ၊ ဖြစ်ရင်ဖြစ်တာကို ဟောဟောဒိုင်းဒိုင်း ပြောချလိုက်ရမှ ကျေနပ်သူတွေကို ပြိုင်ပွဲလုပ်မယ် ဆိုရင် “ အထူးဆု ” ရမယ် ဆိုပြီး ကျွန်တော် တွေးထားမိသော ကျွန်တော့် သူငယ်ချင်း တစ်ယောက် ရှိပါတယ်။

သူနဲ့ ပတ်သတ်ပြီး ကျွန်တော့်မှာ အမှတ်ရစရာ ၊ သတိရစရာ များစွာ ရှိပေမဲ့ အမြဲတမ်း သူ့အကြောင်းတွေးမိရင် ပြန်ပြီး ပြုံးမိနေတတ်တဲ့ အဖြစ်အပျက် တစ်ခုတော့ မှတ်မှတ်ထင်ထင် ရှိတယ်။ ဒိုင်ယာရီ မဟုတ်ပေမဲ့ မှတ်စုလေးတွေ ချချရေးထားတတ်တဲ့ ကျွန်တော့် စာအုပ်ထဲမှာတော့ သူနဲ့ ကျွန်တော် ဖြစ်ပျက်ခဲ့တာကို ဒီလို ခေါင်းစဉ် တပ်ထားတယ်။


“ ခင်ဗျားက ပိုချမ်းသာတယ်။ ”



~ ~ ~ ~ ~ ~ ~ ~ @ @ @ ~ ~ ~ ~ ~ ~ ~ ~ ~


အဲဒီနေ့က သူနဲ့ ကျွန်တော် ဆရာတစ်ယောက်အိမ်ကို သွားတယ်။ ဆရာက သီတာလမ်းမှာ နေတယ်။ ဆရာနဲ့ ပြောပြီး ဆိုပြီးလို ကျွန်တော်တို့ ပြန်တော့ မြို့ထဲဆက်သွားဖို့ ကိစ္စက ရှိနေသေးတယ်။ ကားစီးဖို့ စောင့်နေရတဲ့ မှတ်တိုင်က သီတာလမ်းမှတ်တိုင်။

သူ့မှာ မဟုတ်မခံ စိတ်ဓါတ်တွေ ကြွယ်ဝနေပေမဲ့ သနားကြင်နာမှု စိတ်ဓါတ်တွေကလည်း ပြည့်လျှံနေလေ့ရှိတယ်။ အဲဒီအချိန်က မြို့ထဲကို ကားစီးမှ ကားခက တစ်ယောက် တစ်ဆယ်ပဲ ကျတဲ့ ခေတ်။ သူနဲ့ ကျွန်တော် နှစ်ယောက် ဆိုတော့ နှစ်ဆယ်ပေါ့။ စကားတပြောပြောနဲ့ ကားမှတ်တိုင် ရောက်တော့ ကျွန်တော့်ပိုက်ဆံအိတ်ကို ကြည့်လိုက်တော့ အိတ်ထဲမှာ အကြွေက မပါ။

“ ဟေ့ကောင် . . မင်းမှာ အကြွေပါလား။ ငါ့မှာ အတန်ကြီး ဖြစ်နေတယ်။ ကားပေါ်ရောက်မှဆို စပယ်ယာက ပွစိပွစိ လုပ်နေဦးမယ်။ ”

ဆိုတော့ သူက သူ့အိတ်ထဲက ၂၀ တန်လေး တစ်ရွက်ထုတ်ပြတယ်။

“ အကြွေဆိုလို့ ဒါပဲ ကျန်တော့တယ်ကွ။ ကျန်တာက ၅၀၀ တန်ပဲ ဖြစ်နေတယ်။ နေပစေကွာ မြို့ထဲ ရောက်တော့မှ တစ်ခုခု စားရင်း လဲတော့မယ်။ ”

သူ့မှာ အကြွေပါရင် ပြီးတာပဲလေ ဆိုပြီး ကျွန်တော့်တို့ စီးမဲ့ကားကို မျှော်နေတုန်း သူ့ဘေးကို ခပ်နွမ်းနွမ်းဝတ်ထားတဲ့ ဦးလေးအရွယ် လူကြီးတစ်ယောက် ရောက်လာတယ်။

“ ငါ့တူရယ် ဦးလေးကို ထမင်းဖိုးလေး နည်းနည်းလောက် လှူပါလားကွယ်။ ”

အသံလာရာကို ကျွန်တော် လှည့်ကြည့်လိုက်တော့ အသက်ကြီးပြီ ဖြစ်သော်လည်း အိုမင်းမစွမ်းတော့ မဟုတ်။ တမင် အိုအောင် ဖန်တီးထားသော အသံနဲ့ ဟန်ပဲ ရှိတယ်။ နွမ်းနေတဲ့ အင်္ကျီကလည်း အလုပ်မလုပ်ပဲ သူများ ဘုန်းကံကို မှီစားနေရသူတို့ အတွက် ဝတ်ရန် သင့်တော်သော ဝတ်စုံ တစ်စုံမျှသာ။ ကျွန်တော် ဒီလို လူတွေကို ဘယ်တော့မှ မလှူ။

တကယ်တမ်း ဆင်းရဲချို့တဲ့လှသော သက်ကြီးရွယ်အိုများ အတွက် ကျွန်တော် အိတ်ထဲက ငွေစများ ကြွေကျသွားတတ်ပေမဲ့ ၊ ဒီလိုလူတွေကိုတော့ ကျွန်တော် ရေမလောင်းချင်။

သူကတော့ ကြားလိုက်ရတဲ့ အသံနဲ့ ဟန်ကြောင့် လက်က အိတ်ထဲကို စမ်းလိုက်မိလျှက်သား ဖြစ်သွားတယ်။ ပြီးမှ အကြွေ ၂၀ သာ ရှိတာကို သတိရသွားသလိုနဲ့ လက်ကို ပြန်ရုတ်ပြီး. . .

“ မင်းမှာ အကြွေမပါတော့ဘူးလား။ ကြည့်ပါဦး။ ”

“ အေးလေ. . မရှိတော့လို့ ငါ့မင်းကို ခုနက မေးတာပေါ့။ ငါ့မှာ ၅၀၀ တန်ပဲရှိတယ်။ ”

သူ့မျက်နှာမှာ လှူလိုက်ချင်သော အငွေ့တွေ ဖြတ်သန်းလို့။ ဒီလိုလူတွေကို ပွားများအောင် ကျွန်တော် ရေမလောင်းချင်ပေမဲ့ သူများရဲ့ အလှူကိုတော့ ကျွန်တော် ပိတ်ပင်လိုခြင်း အလျင်းမရှိ။ ဒါကြောင့် ကျွန်တော် ဘာမှ ဆက်မပြော။ သူကတော့ ဦးလေးကြီးကို တလှည့် ၊ သူ့အိတ်ထဲက ၅၀၀ တန်နဲ့ ၂၀ တန်ကို တလှည့် ကြည့်ပြီး . . .

“ ကျွန်တော် လှူချင်ပါတယ် ဦးလေးရယ်။ ဒါပေမဲ့ ကျွန်တော်တို့မှာ ကားစီးဖို့ပဲ အကြွေက ပါတော့လို့ ။ အကြွေ မရှိတော့လို့ပါ။ ”

သူက ဒီလို ပြောတော့ ဦးလေးကြီးက . . .

“ ငါ့တူက ဘယ်လောက်လှူချင်လို့လဲကွယ်။ ”

“ ကျွန်တော် ၂၀ လောက်တော့ လှူချင်ပါတယ်။ ဒါပေမဲ့ ကျွန်တော့်မှာ ၅၀၀ တန်ကြီး ဖြစ်နေလို့ ......ဒါကြောင့်ပါ။ ”

ဒီလို ယောင်ဝါးဝါးပြန်ဖြေတယ်။ ဦးလေးကြီးက ရုတ်တရက် ဝမ်းသားသွားသလိုနဲ့. . .

“ ဒါဆို ဒီလို လုပ်ပါလား ငါ့တူရယ်။ မင်း ၅၀၀ တန် ဦးလေး လဲပေးမယ်လေ။ မင်းဦးလေးကို ၂၀ လှူမှာ မဟုတ်လား။ ”

“ ဟုတ်ကဲ့. . . ။ ”

ဘယ်လို လဲပေးမယ် ဆိုတာ မသိပေမဲ့ သူလက်က အိတ်ထဲက ၅၀၀ တန်ကို ဆွဲထုတ်ပြီးသား ဖြစ်သွားတယ်။ နောက် ဦးလေးကြီးကို ကမ်းပေးပြီး လျှက်သား ဖြစ်သွားတယ်။ ဦးလေးကြီးက သူ့ဆီက ၅၀၀ တန်ကို လှမ်းယူလိုက်ပြီး သူ့အင်္ကျီအတွင်းထဲကို လက်နှိက်လိုက်ပြီး ပြန်ထွက်လာတော့ လက်ကိုင်ပုဝါလေးနဲ့ ထုပ်ထားတဲ့ အထုပ်လေး တစ်ခုပါလာတယ်။

အံ့သြနေတဲ့ မျက်လုံး နှစ်စုံ ၊ သူနဲ့ ကျွန်တော် ကြည့်နေတုန်းမှာပဲ ဦးလေးကြီးက လက်ကိုင်ပုဝါလေးကို ဖြန့်လိုက်တော့ အထဲမှာ လိပ်ခေါက်ပြီး သိမ်းထားတဲ့ ပိုက်ဆံ အထပ်လိုက်ကို လှမ်းမြင်လိုက်ရတယ်။ အပေါ်ဆုံးက ၂၀၀ တန် ၊ နောက် ၁၀၀ တန် ၊ နောက် ၅၀ တန် ဆိုသလို အစီစဉ်လိုက် သေသပ်စွာ ထပ်ထားတယ်။ ၂၀၀ တန်တင် ၃ ရွက်လောက် ရှိမယ်။ နောက်ထပ် ပိုက်ဆံ အားလုံးနဲ့ ဆိုရင် သူ့ရဲ့ လက်ကိုင်ပုဝါထဲမှာ ပိုက်ဆံအားလုံးပေါင်း ၁၂၀၀ ၊ ၁၃၀၀ လောက်တော့ အသာလေး။

သူကတော့ သူ့ရဲ့ လက်ကိုင်ပုဝါထဲက ၂၀၀ တန် တစ်ရွက် ၊ ၁၀၀ တန် ၂ ရွက် နဲ့ ၅၀ တန် ၁၀ တန်များဖြင့် ပြန်အမ်းငွေ ၄၈၀ ပြည့်အောင် ထုတ်ရေတွက်နေတယ်။ နှစ်ကြိမ်လောက် ရေတွက်ပြီးတော့. . .

“ ရော့. . ငါ့တူ လှူချင်နေတဲ့ ပိုက်ဆံ ၂၀ ကို နှုတ်ပြီး ကျန်တဲ့ ၄၈၀ ။ ”

ဆိုပြီး လှမ်းပေးပါလေရော။ ပထမတော့ ကြောင်နေတဲ့ သူရော ၊ ကျွန်တော်ရော ငေးနေမိတယ်။ နောက်တော့ သူက ဦးလေးကြီး ကမ်းပေးလာတဲ့ ပိုက်ဆံ ၄၈၀ ကို လှမ်းယူလိုက်ပြီးတော့မှ မဟုတ်မခံ ၊ ဟောဟောဒိုင်းဒိုင်း ဗြောင်ဖွင့်ပြောတတ်တဲ့ သူရဲ့ အကျင့်တွေက ဗီဇအဖြစ်နဲ့ ပေါ်လာတော့တာပါပဲ။

“ ဒီမှာ ဦးလေး။ ”

သူက ဒီလို ခေါ်လိုက်တော့ ဦးလေးကြီးကလည်း “ ဟေ ” ဆိုပြီး ယောင်ဝါးဝါး လှည့်ကြည့်တယ်။

“ ခင်ဗျားဗျာ. . .၊ ကိုယ့်မှာလည်း ပိုက်ဆံတွေ ရှိနေရက်သားနဲ့ ဘာလို့ သူများတွေဆီမှာ လိုက်တောင်းနေတာလဲ။ တကယ်ဆို ကျွန်တော့်မှာ ၅၀၀ တန် နဲ့ ၂၀ တန်လေး နှစ်ရွက် အားလုံးပေါင်းမှ ၅၂၀ ပဲ ရှိတယ်။ ဦးလေးမှာက ၂၀၀ တန်တွေ ၊ ၁၀၀ တန်တွေနဲ့။

တကယ်တမ်း အားလုံးကို ယှဉ်ပြီး တွက်ကြည့်လိုက်ရင် ဦးလေးက သူများဆီက တောင်းနေတယ် သာ ပြောတာ ဦးလေးက ကျွန်တော့်ထက်တောင်မှ ချမ်းသာသေးတယ်။ ကျွန်တော့်မှာ ၅၀၀ ကျော်ပဲ ရှိတာ ဦးလေးမှာက ထောင်ကျော်တောင်မှ ရှိတယ်။ ခင်ဗျားက ကျွန်တော့်ထက် ပိုချမ်းသာတယ်။ ”

“ ဟာ. . .”

ဆိုပြီး ကျွန်တော်ရော ၊ ဦးလေးကြီးပါ ဖြစ်သွားပြီး ဦးလေးကြီးလည်း လှည့်ပြေးတော့တာပဲ။ ကျွန်တော်လည်း ရှက်လည်း ရှက် ၊ ဘာမှ ဂရုမစိုက်ပဲ ပြောနေတဲ့ သူ့ကိုလည်း ဆွဲနေရတာပေါ့လေ။ သူကတော့ နဂိုကတည်းက ခပ်ရွတ်ရွတ်ဆိုတော့ ဘေးက ဘယ်သူ့ကိုမှ ဂရုမစိုက်ဘူး။ ဘေးက လူတွေကလည်း ပြုံးသူကပြုံး ၊ ဒေါသထွက်သူက ထွက်နဲ့ ဝိုင်းကြည့်နေကြတယ်။

သူ့ကို ဆွဲရင်း ခေါ်ရင်းနဲ့ပဲ သီတာလမ်းကားမှတ်တိုင်မှာ ကားစောင့် မစီးဖြစ်တော့ပဲ။ ကျွန်တော်တို့ သူ့ဒေါသတွေကို သယ်ပိုးရင်း လမ်းကျယ်မှတ်တိုင် ရောက်မှပဲ ဘတ်စ်ပေါ် တတ်ဖြစ်တော့တယ်။ ဒါတောင်မှ ဘတ်စ် ပေါ် ရောက်တော့ သူက ပြောနေသေးတယ်။

“ ဒါနဲ့များ တောင်းစားနေသေးတယ်။ သူ့မှာ ပိုက်ဆံတွေ အများကြီး ရှိနေရဲ့သားနဲ့ ။ သူက ငါ့ထက်တောင်မှ ချမ်းသာ သေးတယ်။ ”

တဲ့လေ။ ဘေးက မစို့မပို့ ကြားရတဲ့ သူတွေကတော့ ဘာမှန်း မကွဲပြားဘူးပေါ့။ အခုနေပြန်တွေးကြည့်တော့လည်း သူပြောတာ အဟုတ်ပါပဲ။ ဒါပေမဲ့ အဲဒီအချိန်ကတော့ သူရဲ့ ပြောထွက်မှု နဲ့ ဘေးက လူတွေကြောင့် ကျွန်တော် ပူထူမိနေတာကတော့ ပြောမနေနဲ့တော့. . . ။


~ ~ ~ ~ ~ ~ ~ ~ @ @ @ ~ ~ ~ ~ ~ ~ ~ ~ ~

တစ်ခါတစ်လေ ကျွန်တော် စဉ်းစားမိပါတယ်။ လူတွေ ပြောပြောနေကြတဲ့ “ အဆိပ်ပင် ရေမလောင်းဘူး ” ဆိုသော စကားကိုပါ။ ဒါပေမဲ့ တချို့လူတွေကတော့ “ အဆိပ်ပင် ” တွေတော့ မဟုတ်ကြပါဘူး။ ဒါတို့က “ ထိကရုန်း ” လို အပင်လေးတွေပါ။ ဒါပေမဲ့ သူတို့ကို ရေများများ လောင်းမိတော့လည်း သူတို့က အပင်သာ အထက်ကို ကြီးထွားမလာတာ ဘေးကိုတော့ ကျယ်ပြန့်တတ်တယ် မဟုတ်လား။

ဒီလို လူမျိုးတွေကို အားပေးအားမြှောက် လုပ်ပြီး ရေများများ လောင်းပေးမိရင် နောင်ဆိုရင် ကျွန်တော်တို့ လူတွေ သွားလို့ မရအောင် သူက လူသွားလမ်းတွေကိုတောင်မှ ဖုံးလွှမ်းသွားအောင် ပေါက်တတ်တယ် မဟုတ်လား။

မြေမွမွလေးမှာ ဖိနပ်ဗလာ ခြေကြွကြွလေးနဲ့ သွားနင်းလို့လည်း မရပေဘုး။


“ ထိကရုံးပင်ဆိုတာ ဆူးတွေနဲ့လေ။ ”


ကိုဇော် ခံစားပုံဖော်သည်။


Share/Bookmark

26 March 2010

1 ပြည်မြို့ ၁၀ ထပ်ကြီးဘုရား၏ ထူးခြားဖြစ်စဉ်






ကိုဇော်



.


Share/Bookmark

6 မေ့ပစ်ပြီး တစ်က စရအောင်





အလုပ်ပိတ်ရက် စနေ ၊ တနင်္ဂနွေမှာ အလုပ်ဖွင့်ရက်လို စောစောထပြီး ပြာယာခတ်အောင် ပြင်ဆင်ဖို့ မလို။ အေးအေးဆေးဆေး အိပ်ယာမှ ထကာ လုပ်နေကြ အလုပ်များကို ဇိမ်ရှိရှိ အချိန်ဆွဲကာ ပြင်ဆင်ကြတယ်။ သားသမီးတွေကလည်း သူတို့ ဘိုးဘွားများထံ အလည်သွားကြသဖြင့် အိမ်မှာ ကျွန်တော်နဲ့ ဇနီးသာ ရှိတယ်။

အေးအေးဆေးဆေး လုပ်စရာရှိတာတွေ လုပ်ပြီးတော့ နေ့လည်စာ စားချိန်ကို ကျော်လွန်ပြီး ညနေတောင်မှ ရောက်လုပြီ။ ကျွန်တော်နဲ့ ဇနီး အနီးနားရှိ ထရွန်တို ဟိုတယ်ဆီကို စားသောက်ဖို့ ထွက်လာခဲ့တယ်။ ထရွန်တို ဟိုတယ်က ကြယ်လေးပွင့် အဆင့်ရှိ ဟိုတယ် တစ်ခု ဖြစ်တယ်။ စားသောက်ခန်းတွေကလည်း သန့်ရှင်းသပ်ရပ်လှတယ်။ ဝန်ထမ်းတွေကလည်း ယဉ်ကျေးဖော်ရွေကြတယ်။

ကျွန်တော်တို့ မှာစားစရာ ရှိတာတွေကို မှာထားပြီး စားစရာတွေ ရောက်လာတော့ ပြဿနာပါ အတူပါလာတယ်။ ကျွန်တော့်ဇနီး မှာထားသော ကုန်းဘောင်ကြီးကြော် ထဲတွင် အသေအချာပါလာတာက စားဖိုခန်းသုံး လက်အိတ်၏ ထိပ်ပိုင်း ရာဘာ အပိုင်းအစလေး။

ကျွန်တော် စားပွဲထိုး မိန်းကလေးကို လှမ်းခေါ်လိုက်ပြီး . . . .

“ ဒါ ဘာလဲ ဟင်. .။ ”

ဆိုပြီး မေးငေါ့ပြလိုက်တယ်။ ကျွန်တော့်ဇနီးကလည်း ရွံရှာသော မျက်နှာဖြင့် . .

“ ဒါ ဘယ်လို ပါလာတာလဲ။ ”

လို့ စိတ်ပျက်သော လေသံဖြင့် မေးတယ်။ စားပွဲထိုး မိန်းကလေး မျက်နှာပျက်သွားပြီး. . .

“ ဟင်. . .ကျွန်မလည်း မသိဘူး။ ”

ဟု ဆိုကာ ကုန်းဘောင်ကြီးကြော်ကို အမြန်သယ်မကာ စားဖိုခန်းထဲသို့ ယူသွားတယ်။ ပြီးတော့ သူနဲ့ အတူ ချက်ချင်း ဆိုသလိုပဲ စားသောက်ခန်း တာဝန်ခံဖြင့် ပြန်ရောက်တယ်။

“ ဒီလို မထင်မှတ်ပဲ ဖြစ်သွားတဲ့ အတွက် ကျွန်တော်တို့ အားနာစွာ တောင်းပန်ပါတယ် ခင်ဗျား။ ဒါက တကယ်ကို ကျွန်တော်တို့ စားဖိုဆောင်ရဲ့ ဆိုးရွားသော ချို့ယွင်းချက်ပါ။ ကျွန်တော် လူကြီးမင်းတို့ကို အားလုံးရဲ့ကိုယ်စား တောင်းပန်ပါတယ်။ ”

ကျွန်တော်တို့လည်း သူတို့ စားစရာတွေကို စားရသေးတာ မဟုတ်သောကြောင့် ဘာမှ မဖြစ်ပေမဲ့ အခုလို တောင်းပန်သောကြောင့် အတော်အသင့် စိတ်ကျေနပ်သွားတယ်။ ဒါကလည်း ဖြစ်သင့်ပါတယ်။ ဒီလိုပဲ သူတို့ တောင်းပန်ရမယ်လေ။ ဒါ သူတို့ရဲ့ အမှား။ ဒါပေမဲ့ စားသောက်ခန်း တာဝန်ခံက ဒီလောက်နဲ့ မပြီးသွား ။ သူ့ နောက်မှ သူ့လူတွေဘက်သို့ လှည့်ကာ. . .

“ ကဲ. . .စားပွဲပေါ်က အားလုံးကို ရှင်းစမ်းကွာ။ ”

လို့ ပြောပြီး ကျွန်တော်တို့ ဘက် လှည့်ကာ . . .

“ ကျွန်တော်တို့ ဖြစ်ခဲ့တာတွေကို မေ့ပစ်ပြီး တစ်က ပြန်စကြရအောင်...။ ”

ကျွန်တော်တို့ ပြုံးမိသွားတယ်။ သူ့လူတွေကတော့ စားပွဲပေါ်မှာ သောက်လက်စ ဝိုင်ပုလင်း ၊ ဇွန်း ၊ ခရင်း ၊ ထမင်းဇလုံ အပါအဝင် အားလုံးကို သိမ်းသွားတယ်။ စားပွဲခင်းကိုလည်း သိမ်းသွားပြီး စားပွဲခင်း အသစ် လာခင်းတယ်။

နောက်တော့ ကျွန်တော်တို့ကို အခုမှ ရောက်လာတဲ့ စားသုံးသူတွေ အလား မီနူးကဒ် အသစ် ချပေးတယ်။ ဘေးမှာ စားပွဲထိုးလေးကလည်း အခုမှ စတင်ပြီး မှာကြားမည့်သူကို စောင့်မျှော်နေသော မျက်နှာဖြင့်. . .

“ အခုတော့ ကျွန်တော်တို့ ဖြစ်ခဲ့တာတွေ မေ့လိုက်ခဲ့ပြီး အသစ်က ပြန်စပါပြီ။ လူကြီးမင်းတို့ သုံးဆောင်ချင်တာ အခုက စပြီး တစ်ကနေ စတင်မှာလို့ ရပါပြီ။ ”

ထိုနောက် ကျွန်တော်တို့ စားစရာများကို ယခုမှ ရောက်သူများကဲ့သို့ မှာကြတယ်။ ဝိုင်ပုလင်း အသစ်လာချကာ ကျွန်တော်တို့ ရှေ့မှာ ဖောက်တယ်။ ဇွန်း ၊ ခရင်း အသစ်များ လာချတယ်။ ပြီးတော့ ပူနွေးပြီး ရနံ့ကောင်း ၊ အရသာ ရှိသော ဟင်းလျာများ တစ်ခုပြီး တစ်ခု လာချတယ်။ ကျွန်တော်တို့ အားလုံး တစ်က ပြန်စကြတယ်။

စားသောက်ခန်း တာဝန်ခံက ခုနက ကျွန်တော်တို့ ဖြစ်ခဲ့သော “ အရမ်းဆိုးလှချည်လား ” ဆိုသော အဖြစ်အပျက်ကို အခု “ အရမ်းကောင်းတာပဲ ” ဆိုသော မှတ်ချက်ဖြင့် ပြန်လည် အစားထိုးပေးနေခြင်း ဖြစ်သည်။ အခုက သူတို့ ဖြစ်ခဲ့သော အဖြစ်အပျက် အတွက်လည်း အလုံးစုံ သူတို့မှာ တာဝန် ရှိကြောင်း ဝန်ခံကာ တာဝန်ယူသည်။ ဘာကြောင့်ပါ ၊ ဘယ်လိုကြောင့် ဖြစ်တာပါ ဆိုသော ဆင်ခြေများ ပေးမနေ။

ထိုဆင်ခြေအစား ပိုပြီး အဆင့်အတန်းမြင့်သော အရာ သူတို့ ပြန်ပြီး ဝန်ဆောင်မှု ပေးတယ်။ ဒါကတော့ သူဝန်ဆောင်မှု အပြည့်ဖြင့် အရင် ဖြစ်ခဲ့သမျှ အားလုံးကို မေ့ပစ်လိုက်ပြီး ပိုပြီး အဆင့်မြင့်သော ဝန်ဆောင်မှုကို အစားထိုး လဲလှယ် ပေးခဲ့ခြင်း ဖြစ်သည်။

ဟင်းလျာတွေက အရသာ ရှိလှသလို ၊ အပြင်အဆင်နဲ့ ဝန်ဆောင်မှုကလည်း ထိပ်တန်းကျလှသည်။ တကယ်ကို ပြောင်မြောက်ပီပြင်သော ဝန်ဆောင်မှု တစ်ခုကို သူတို့ ကျွန်တော်တို့ အတွက် ဖန်တီးပေးခဲ့ခြင်း ဖြစ်သည်။

နောက်ထပ် ပိုပြီး ဝန်ဆောင်မှု လက်ဆောင် ကျွန်တော်တို့ သူတို့ဆီက ရခဲ့တာ ရှိပါသေးတယ်။ ဒါကတော့ . . . .အဲဒီနေ့လယ်စာက ကျွန်တော်တို့ အတွက် ဟိုတယ်ရဲ့ အထူးဧည့်သည်တော် ဆိုသော “ လက်ဆောင် ” ဖြစ်သွားခဲ့တာပဲ ဖြစ်တယ်။




ကျွန်တော်တို့ ဘဝတွေမှာရော အမှား တစ်ခု အတွက် အမြဲတမ်း ယူကျုံးမရ ဖြစ်ကာ တသသ စွဲလန်း ညစ်နွမ်းနေမိပါသလား။ ဒါမှမဟုတ်. . တစ်စုံတစ်ယောက်ရဲ့ အမှားကို ကျွန်တော်တို့ ခွင့်မလွှတ်နိုင်ဖြစ်ပြီး အမြဲတမ်း အပြစ်တင် ပြောဆို မိနေပါသလား။ ဒါဆိုရင်တော့ ကိုယ်လည်း စိတ်ရှုပ်ရသလို ၊ သူလည်း စိတ်အနှောင့်အယှက် ဖြစ်ရမှာပါပဲ။

ဒါကြောင့် အခု အချိန်က စပြီး ဖြစ်ခဲ့သမျှတွေကို ကျွန်တော်တို့ မေ့ပစ် လိုက်ပြီး အရာအားလုံးကို တစ်က ပြန်စကြရအောင်. . . . .။


source; Richard Porter ၏ Let's Start Over
ကိုဇော် ခံစားပုံဖော်သည်။

.
Share/Bookmark

25 March 2010

6 လေတိုက်ခံခဲ့ရသူများ

.
အရင်လို မအားတော့တာ အမှန်ပေမဲ့ အလုပ်ကတော့ ပြောင်းဖို့ ဘာမှ မပြောသေးဘူး။ ဒါကြောင့် ကျွန်တော် အရင်လို များများ မရေးတင်နိုင်တော့ပေမဲ့ ရတဲ့ အချိန်လေးမှာ အဆင်ပြေသလို တင်သွားပါ့မယ်။ ကြည့်လို့ ဖတ်လို့ အဆင်မပြေတာများ ရှိရင် အောက်မှာ Comment ပေးခြင်း ၊ Cbox မှာ အော်သွားခြင်းဖြင့် ပြောခဲ့ပါ။ တကယ်တော့ Cbox မထားချင်တော့ပေမဲ့ သူငယ်ချင်းတွေ တောင်းဆိုလို့ ပြန်ထားလိုက်တာပါ။


သို့သော်.. . .

တကယ်လို့ Cbox မှာ ယုတ်ရင်းကြမ်းတမ်းသူရဲ့ စာများကို တွေ့ခဲ့ပါလျှင် မေတ္တာစိတ် အပြည့်ဖြင့် ငြိမ်းချမ်းစွာ လျစ်လျူရှု ပေးသွားပါ။ ကိုယ်ရေးချင်တာသာ ရေးသွားပေးပါ။ ကျွန်တော့်ကို ခင်၍ ကူညီပေးနေသော Cbox သန့်ရှင်းရေး သူငယ်ချင်းများက သင့်တော်သလို စီမံသွားပါလိမ့်မယ်။ သူတို့ကြောင့် စာဖတ်သူများလည်း စိတ်လက် မချမ်းမသာ ၊ အနှောက်အယှက် မဖြစ်ပါနဲ့။ သူတို့ ဒီလို လာရေးတာကိုက ကျွန်တော့်ကို သူတို့ အရေးတယူ ရှိနေတာလို့ပဲ ကျွန်တော် ခံယူထားပါတယ်။ သူတို့ကြောင့် ကျွန်တော့်မှာ စိတ်ဆင်းရဲခြင်း ၊ စိတ်အနှောက်အယှက် ဖြစ်ခြင်းလုံးဝ မဖြစ်မိပါ။

~ ~ ~ ~ ~ ~ ~ ~ ~ @ @ @ ~ ~ ~ ~ ~ ~ ~ ~ ~

အခု ဒီစာလေးကိုတော့ “ ဝေဖန်မှု ” အကြောင်းကို ဟိုတလောက ကျွန်တော် ရေးထားတာကို ဖတ်ပြီး သူငယ်ချင်း တစ်ယောက်က သူရဲ့ ဘဝ အဖြစ်အပျက် အမှန်ကို ရေးပို့ပေးတာပါ။ ဗဟုသုတ ရဖွယ်များ နှင့် ရသများစွာ ထုံမွှန်းပါဝင်ပါတယ်။

ကျွန်တော် ပြောပြတာထက် ကိုယ်တိုင် ဖတ်ကြည့်တာက ပိုပြီး ရသ မြောက်စေပါလိမ့်မယ်။ Fullscreen ကိုနှိပ်ပြီး ဖတ်ခြင်းဖြင့် မြင်ကွင်းပြည့် မြင်ရစေပါတယ်။

လေတိုက်ခံခဲ့ရသူများ

လေးစားစွာဖြင့်

ကိုဇော်

.

Share/Bookmark

2 ဘဝတန်ဖိုး

.




လူတစ်ယောက်ဟာ အရမ်းကို စိတ်ပင်ပန်း နွမ်းနယ်နေမိတယ်။ သူ့မှာ တစ်နေ့ တစ်နေ့ များပြားလှတဲ့ အလုပ်တွေနဲ့ အလုပ်ချိန်တွေ မလေက်ငမှုကြောင့် စိတ်ကြပ်တည်းမှု ဖြစ်ကာ စိတ်ဖိစီးမှု ခံနေရတယ်။ ဒါကြောင့် သူက အတိုင်ပင်ခံ ဆရာဆီကို ရောက်တော့ အတိုင်ပင်ခံ ဆရာက သူ့ ဖြစ်ပျက် သမျှ တွေကို သေချာ နားထောင်ပြီး . . . .

“ ခင်ဗျားကို ကျွန်တော် အဖြစ်အပျက်လေး တစ်ခု ပြောပြမယ်ဗျာ။ ဒီအထဲက ခင်ဗျား ဘာဖြစ်ချင်လဲ ဆိုတာကို ရွေးပေါ့။ ဟုတ်ပြီလား။ ”

“ ဟုတ်ကဲ့..။ ”

ဘာမှန်း မသိပေမဲ့ သူ့အတွက် ပြောပြမှာ ဆိုတော့ သူ ခေါင်းငြိမ့်လိုက်တယ်။

“ တစ်ခါက. . .

အလုပ်မှာ အင်္ဂျင်နီယာ တစ်ဦး ကုန်ကြမ်းတစ်ခုမှ ဖြစ်နိုင်သော အခြေအနေများကို တွက်ချက်ပြီး စာရင်းပြုစုတယ်။ ကုန်ကြမ်းကနေ ကုန်ချော ထုတ်လုပ်လို့ ရတာတွေကိုပေါ့။ ပြီးတော့ ဒီစာရင်းကို ကြည့်ပြီး သူ့ဖာသာသူလည်း အံ့သြသွားတယ်။ သူ့စာရင်းက အောက်ပါ အတိုင်းပြတယ်။

သံမဏိ ၅ ဂရမ်လေးသော သံချောင်းတစ်ချောင်းမှ အမျိုးမျိုးသော ပစ္စည်းများ ပြုလုပ်နိုင်ပါသည်။ ထို့အထဲတွင်. . .

၁) ၅ ဂရမ်လေးသော သံမဏိချောင်းမှ အိမ်ရိုက်သံများ ပြုလုပ်ခဲ့ပြီး ပြန်လည် ရောင်းချ ခဲ့မယ် ဆိုရင် အသားတင်အမြတ် ၁၀ ဒေါ်လာ ရရှိနိုင်ပါသည်။

၂)
၅ ဂရမ်လေးသော သံမဏိချောင်းမှ အပ်ငယ်လေးတွေ ပြုလုပ်ခဲ့ပြီး ပြန်လည် ရောင်းချ ခဲ့မယ် ဆိုရင် အသားတင် အမြတ် ဒေါ်လာ ၃၀၀၀ ရနိုင်ပါသည်

၃) ၅ ဂရမ်လေးသော သံမဏိချောင်းမှ နာရီ စက်သံပတ်ကြိုးများ ထုတ်လုပ်ရောင်းချ ခဲ့မယ် ဆိုရင် အသားတင် အမြတ် ၂၅၀ , ၀၀၀ ရရှိနိုင်ပါသည်။

ထိုကဲ့သို့ အင်္ဂျင်နီယာက သူ့ဖာသာသူ တွက်ပြီး သူ့ဖာသာ အံ့သြတကြီးနဲ့ပေါ့။ သံမဏိ ၅ ဂရမ်လေးက ထုတ်လုပ်လိုက်တဲ့ ပစ္စည်းတွေ မတူတာနဲ့ သူ့ကြောင့် ရရှိလာမဲ့ တန်ဖိုးတွေလည်း ဘာလို မတူတာလဲ သူ စဉ်းစားတယ်။

ကျွန်တော်တို့ ဘဝဟာလည်း ၅ ဂရမ်လေးသော သံမဏိချောင်းနဲ့ တူပါတယ်။ ဒီလို ၅ ဂရမ်လေးသော သံမဏိချောင်းကို ကျွန်တော်တို့ အားလုံး နေ့စဉ် ရရှိနေကြပါတယ်။ နေ့စဉ် ၅ ဂရမ်လေးသော သံမဏိချောင်းများကို ကျွန်တော်တို့ ဘယ်လို အသုံးပြုလဲ ဆိုတာ ကျွန်တော်တို့ အပေါ်မှာပဲ သက်ဆိုင်ပါတယ်။

လူတိုင်းမှာ နေ့စဉ် ၂၄ နာရီ ရှိပါတယ်။ ဒါကို ၅ ဂရမ် ရှိသော သံမဏိကဲ့သို့ အိမ်ရိုက်သံများ လုပ်မလား ၊ အပ်ငယ်လေးများ လုပ်မလား ၊ နာရီ စက်သံပတ်ကြိုးများ လုပ်မလား ဆိုတာကတော့ အသုံးပြုသူနဲ့ ဆိုင်ပါတယ်။

မည်သူ မဆို ၂၄ နာရီ ရတာချင်း အတူတူ တစ်ယောက်က အိမ်ရိုက်သံတွေ လုပ်နေချိန်မှာ တစ်ယောက်က နာရီ စက်သံပတ်ကြိုးလို ပိုပြီး အဖိုးတန်တာကို ထုတ်လုပ်နိုင်တာကတော့ လူတစ်ယောက်ချင်းစီနဲ့ပဲ ဆိုင်ကပါတယ်။

ဒါကြောင့် သင်ကရော....။ ”

ဆိုပြီး အတိုင်ပင်ခံက စိတ်ဖိစီးမှု ဖြစ်နေသူကို မေးလိုက်တယ်။

~ ~ ~ ~ ~ ~ ~ @ @ @ ~ ~ ~ ~ ~ ~ ~ ~

အခုတော့ ကျွန်တော်က စာဖတ်သူကို မေးပါတယ်။ စာဖတ်သူကရော. .??? ကိုယ့်ရဲ့
၅ ဂရမ် အလေးချိန်ရှိနေတဲ့ သံမဏိလို တစ်နေ့တာကို ဘယ်လို ကုန်ဆုံးပါသလဲ။ အိမ်ရိုက်သံတွေ လုပ်မိနေလား ၊ အပ်တွေ လုပ်နေတာလား ၊ နာရီ စက်သံပတ်ကြိုးတွေ လုပ်နေတာလား။


source; Chicken Soup For The Soul
ပေးပို့လာတဲ့ ညီလေးကိုလည်း ကျေးဇူးတင်ပါတယ်။ သူမှာ ရေးပို့လိုက် မှားလိုက် ဆိုတော့ နောက်ဆုံး Scan ဖတ်ပြီး ပို့လာတာလေးပါ။

ကိုဇော်


.


Share/Bookmark

24 March 2010

8 ခပ်ညံ့ညံ့ အောင်သွယ်တော်



လူတစ်ယောက်ဟာ တစ်ချိန်ချိန်မှာ တစ်ယောက်ယောက်ကို ကူညီရင်း အောင်သွယ်တော် တစ်ယောက် ဖြစ်လာနိုင်ပါတယ်။ ဖြစ်ခဲ့ရင်လည်း ဖြစ်ခဲ့ဖူးမယ်။ အခု လက်ရှိ ဖြစ်နေရင်လည်း ဖြစ်နေလိမ့်မယ်။ ကျွန်တော်လည်း ဟိုးအရင်က ဘဝမှာ ပထမဦးဆုံးဆိုသော အောင်သွယ်တစ်ယောက် ဖြစ်ခဲ့ဖူးပါတယ်။

အခု ဒီအဖြစ်အပျက်လေးကို ကျွန်တော့် ထုံးစံ အတိုင်း တွေးမိတာလေးတွေပါ ထည့်ရေးထားပါတယ်။ တစ်ခုခုတော့ မြင်သာမယ် ထင်ပါတယ်။

ခပ်ညံ့ညံ့ အောင်သွယ်တော်

ကိုဇော် ခံစားတင်ပြသည်။

.
Share/Bookmark

2 ကျွန်တော် ကူညီမိ အပြစ်ရှိ...(၃)




ကြာတော့ ကြာခဲ့ပါပြီ။ အဲဒီနေ့က ကျွန်တော် ကျွန်တော့်သူငယ်ချင်း တစ်ယောက်ဆီကို စာထည့်ဖို့ စာတိုက်ကြီးကို ရောက်သွားခဲ့တယ်။ နိုင်ငံရပ်ခြားကို စာထည့်မှာ ဆိုတော့ စာတိုက်ကြီးကို ကိုယ်တိုင်သွားထည့်တာ။

ကျွန်တော်လည်း စာထည့်ပြီးတော့ မိုးက ဘာမပြော ၊ ဘာမပြောနဲ့ အချိန်အခါမဟုတ် ရွာချပါလေရောဗျာ။ ကျွန်တော်က စာတိုက်ကြီးကနေ ထွက်မလို့လုပ်နေတာ ဆိုတော့ မိုးဒဏ်ကို မခံရသေးဘူးပေါ့။ သူများတွေ ဗြုံးစားကြီးရွာချတဲ့ မိုးတွေအတွက် စိတ်အနှောင့်အယှက်ဖြစ်ကာ ပြေးကြ လွှားကြ ဖြစ်နေကြတယ်။

ဒီအချိန်မှာ ကျွန်တော်တို့ရှိနေတဲ့ စာတိုက်ကြီးထဲကို အဒေါ်ကြီးတစ်ယောက် ( အဒေါ်ဆိုတာထက် အဖွားအရွယ်ထင်တယ်.။ အသက်တော်တော်ကြီးနေပုံရတယ်။ ) ဝင်လာတယ်။ သူလည်း မိုးဒဏ်ကို ခံစားလာရတော့ မျက်နှာတွေရော ၊ အဝတ်အစားတွေပါ မိုးရေတွေ စိုနေပြီ။ ပြီးတော့ သူရဲ့ နွမ်းပါးမှု့ကို ပိုပြီး ပေါ်လွင်နေစေတယ်။ သူ မိုးတွေ မိထားတဲ့ အဝတ်တွေထဲက ၊ အင်း သူ့အကျီင်္ကြားထဲက စာလေးတစ်စောင်ကို အသက်ကို ဖက်နဲ့ ထုပ်ထားသလို ရိုရိုသေသေ ထုတ်လိုက်တယ်။ သြော်..သူလည်း စာလာထည့်တာ ထင်တယ်လို့ ကျွန်တော် တွေးမိတယ်။

ဒါပေမဲ့ လူကိုတောင်မှ ရွဲရွဲစိုနေစေတဲ့ မိုးက သူ့ရဲ့ စာလေးကိုလည်း အလွတ်မပေးပါဘူး။ သူ့စာလေးလည်း ရွဲရွဲစိုနေပြီ။ ဒီမှာ မနေနိုင်တဲ့ ကျွန်တော်က…

“ အဒေါ်ကြီး။ အဒေါ်ကြီးက စာထည့်မလို့လား။ စာတွေလည်း ရေစိုကုန်ပြီ။ ”

“ အေးကွယ်။ မလေးရှားက သားဆီကို စာထည့်မလို့လေ။ အခုတော့ မိုးက ဗြုံးဆို ရွာချလိုက်တော့ မနေ့ကနဲ့ တစ်ညလုံးရေးထားတဲ့ စာလေးတော့ သွားပါပြီကွယ်။”

ဟုတ်တယ်ဗျာ။ ကျွန်တော် စာကို ယူကြည့်လိုက်တော့ စာက ရေစိုပြီး တော်တော်ကပ်ကုန်ပြီ။ စာကို စာအိတ်ထဲတော့ မထည့်ရသေးဘူး။ ကျွန်တော် အသာလေးခွာကြည့်တော့ ခွာလို့တော့ရသေးတယ်။ စာကိုရေးထားတဲ့ မင်တွေကတော့ သိပ်လည်း မကောင်းတော့ ရေစိုမခံတော့ ပျံနေပြီ။ ဒါနဲ့…

“ အဒေါ်ကြီး စာတွေ ရေစိုပြီး ပျံနေပြီ။ နောက် ခဏလောက်နေရင် စာက ဖတ်လို့တောင်မှ ရတော့မှာ မဟုတ်ဘူး။ အဒေါ်ကြီး စာကို ကျွန်တော့်မှာ စာရွက်နဲ့ ဘောပင်ပါတယ်။ ကူးရေးပေးရမလား။ ”

ဒီအဒေါ်ကြီး ဝမ်းသာသွားတာ မျက်နှာမှာ အထင်းသားမြင်နေရတယ်။

“ ကောင်းတာပေါ့ ငါ့တူရယ်။ ကူညီပြီး ရေးပေးစမ်းပါ။ အဒေါ် ဒီစာကို တစ်နေ့လုံး ၊ တစ်ညလုံး ရေးထားရတာ။ အဝေးက သားလေးကို သတိရကြောင်း ရေးချင်တာပါပဲ။ စာကလည်း သိပ်တော့ မတတ်ပါဘူးလေ။ ဒါပေမဲ့ သားဆီဆိုတော့လည်း ရေးချင်တယ်။ သားကိုလည်း အားရှိစေချင်လို့။ ”

ဟုတ်ပါတယ်။ ဒါတွေ ကျွန်တော် တကယ်ကို ခံစားမိတယ်။ ဒါနဲ့ ကျွန်တော် ကျောပိုးအိတ်ထဲက ဘောပင်နဲ့ စာရွက် အလွယ်တကူပဲ ထုတ်လိုက်ပြီး သူ့ရှေ့မှာ တင် သူ့စာထဲက စာတွေကို ကူးရေးပေးလိုက်တယ်။ သူ့မှာ တော်တော် ကြိုးစားရေးထားရတယ် ဆိုတာ သိသာတယ်ဗျာ။ စာတွေမှာ မှားလိုက်တာ ၊ မှားလို့ ပြင်ထားလိုက်တာ အများကြီးပဲ။ နောက် စာလုံးပေါင်းတွေက လွဲသေး။ လက်ရေးကလည်း တုန်တုန်ချိချိနဲ့ ကြိုးစားရေးထားတာ အရမ်းကို သိသာတယ်။ တော်တော်ကို ဖတ်ယူရတယ်။

အဲ နည်းနည်းပြောဦးမယ်။ ကျွန်တော်က အရင်အထက်တန်း ကျောင်းသားဘဝက ဆိုရင် ကျောင်းမှာ အငှား ရည်းစားစာ ရေးနေကြဗျ။ ဒါကလည်း ကျွန်တော် လက်ရေးလှတာလေး တစ်ခုနဲ့ အလုပ်ဖြစ်ခဲ့တာပဲ။ မုန့်နဲ့ လက်ဖက်ရည်ကတော့ မပူရဘူးလေ အဟီး။

ဒါပေမဲ့ မကောင်းတာက မကျေနပ်လို့ ကောင်မလေးတွေ သွားတိုင်ရင် ပေးသူကို ဆရာမတွေ ဆူတဲ့ အပြင် ကျွန်တော် ရေးသူပါ အဆူခံရတယ်။ ဒီမှာ ပေးသူတွေသာ ပြောင်းသွားတယ် ရေးသူက ကျွန်တော် ဆိုတော့ ဆရာမတွေ ခဏခဏ သတိပေးတာ ခံရတာပေါ့။ ဒါပေမဲ့ကူညီချင်တဲ့ ကျွန်တော်ကတော့ ဆက်ရေးပေးနေမိတာပါပဲ။

ဒါနဲ့ ဒီအဒေါ်ကြီးစာကို ကျွန်တော် ရေးပြီးသွားပြီး သူ့ကိုပြလိုက်တယ်။

“ အောက်က အဒေါ်ကြီး လက်မှတ်ထိုးလိုက်။ ဒါဆိုရပြီဗျ။ ”

“ အေး…အေး။”

သူကလည်း ပြာပြာသလဲ လက်မှတ်လေးထိုးရှာပါတယ်။ နောက်ပြီး ကျွန်တော် စဉ်းစားလိုက်တယ်။ ကူညီမဲ့ ကူညီမှတော့ မထူးပါဘူးဗျာ။ တစ်ခါတည်း ကျွန်တော့်မှာ အပိုရှိနေတဲ့ စာအိတ်လေးထဲပါ ထည့်ပေးလိုက်မှ။ သူလည်း မဝယ်ရတော့ဘူးပေါ့ဗျာ။ ဒီတော့ ကျွန်တော် သူ့စာလေးကို ခေါက်ပြီး စာအိတ်ထဲ ထည့်မလို့ ပြင်လိုက်ရင်း သူ့ကိုလှမ်းကြည့်တော့ သူက ကျွန်တော့်ကို တစ်ခုခု ပြောချင်သလို မျိုးနဲ့ လှမ်းကြည့်နေတယ်။

“ ဘာလဲ အဒေါ်။ ဘာပြောစရာ ရှိလို့လဲ။ ပြောစရာ ၊ ရေးစရာ ရှိသေးရင် ပြောလေ။ ကျွန်တော် ထပ်ပြင် ၊ ထပ်ထည့်ရေးပေးမယ်။ ”

ဒါတောင်မှ သူက ပြောရနိုးနိုး…၊ မပြောကောင်းနိုးနိုး ဖြစ်နေတယ်.။

“ ပြောပါ အဒေါ်ကြီး။ ကျွန်တော် ဘာထပ်လုပ်ပေးရမလဲ။ အားမနာပါနဲ့။ ”

ဒီတော့မှ သူက စိတ်အေးသွားပုံနဲ့ ပြောတယ်။

“ စာရဲ့ အောက်မှာ မှတ်ချက်လေး ရေးချင်လို့ပါ။ ”

“ သြော်…ဒါများ အဒေါ်ရယ်။ ပြော ဘယ်လို ရေးရမှာလဲ။ ”

ကျွန်တော်က စာလေးကို ပြန်ဖြန့်ရင်း မေးလိုက်တယ်။ ဒီတော့မှ သူက….

“ စာရဲ့အောက်ခြေမှာလေ “ လက်ရေးသီးခံ ဖတ်ပါရန် ” ဆိုတာလေး ရေးချင်လို့ပါ။ ”

“ ဘာ…”

ကျွန်တော် လက်ရေးကိုများဗျာ။

“ ဟုတ်တယ်လေကွယ်။ စာရဲ့ အဆုံးမှာဒီလိုပဲ ရေးတတ်ကြတာ မဟုတ်လား။ ”

“ သြော်. . . ”

ကျွန်တော် ဘာမှ ထပ်မပြောတော့ပါ။ သူပြောတဲ့ အတိုင်းပဲ ရေးပေးလိုက်ပါတယ်။ သူပြောတာလည်း ဟုတ်နေတာပဲလေ။ ရှေးက လူတွေက စာအဆုံးမှာ ဒီလိုပဲ ရေးတတ်ကြတာကိုး။ ဘယ်လိုပဲ ဖြစ်ဖြစ်ပါ။ ကျွန်တော် ကူညီချင်မိ ကျွန်တော်ပဲ အပြစ်ရှိပါတယ်။ အပြောခံရတာတောင်မှ နည်းသေး။

တစ်ခါတစ်လေ လူတွေကို ကူညီရတာ
“ ရင်မောတယ်.။ ”


ကိုဇော် ခံစားပုံဖော်သည်။

http://zaw357.multiply.com/journal/item/780 မှာ 24.11.2009 က ရေးထားတာပါ။

.
Share/Bookmark

3 ကျွန်တော် ကူညီမိ အပြစ်ရှိ...(၂)



ကျွန်တော် အခုလို ဆောင်းမနက်ခင်းမှာ လေ့ကျင့်ခန်းအနေနဲ့ စောစောထပြီး ပြေးတတ်တယ်။ အဝေးကြီးလည်း မဟုတ်ပါဘူး။ ပြီးတော့ ပြေးင်္နေကြ နေရာတွေကိုလည်း မပြေးဘူး။ ဒီနေ့ အရှေ့ဘက်ဆိုရင် ၊ နောက်နေ့ မြောက်ဘက် ၊ နောက်နေ့ တောင်ဘက် ဒီလိုတွေ စိတ်ကူးပေါက်ရာ ပြေးတယ်။ မနက်နေလေးထွက်လာမှ အေးအေးဆေးဆေး လမ်းလျှောက်ပြီး ပြန်လာတတ်တယ်။

တစ်နေ့တော့ ကျွန်တော် မနက်ပိုင်းပြေးလို့လည်းပြီးရော နေ့ထွက်လာတော့ ကျွန်တော် လမ်းလျှောက်ပြန်လာတော့ အဲဒီဘက်တွေမှာ အိမ်ကြီး ၊ အိမ်ကောင်းတွေပဲ ရှိတတ်တဲ့ ဆိတ်ငြိမ်ရပ်ကွက်။ လမ်းတွေမှာလည်း လူတွေပြတ်တတ်တယ်။ အိမ်တွေအားလုံးကလည်း စိတ်ငြိမ်ရပ်ကွက်တို့ ထုံးစံအရ ငြိမ်သက်လို့။

ဒါနဲ့ ကျွန်တော် အေးဆေးလမ်းလျှောက်လာလို့ ခဏကြာတော့ အိမ်တစ်အိမ်ရှေ့မှာ ကလေးလေးတစ်ယောက် ခြံဝန်းကျယ်ကြီးကို ဘောင်ခတ်ထားတဲ့ အုတ်တံတိုင်းမှာ ကပ်ပြီး တပ်ထားတဲ့ လူခေါ်လျှပ်စစ်ခေါင်းလောင်းလေးကို နှိပ်ဖို့ ကြိုးစားနေတယ်။

ဒီအိမ်ကြီးကို ကာရံထားတဲ့ အုတ်နံရံတွေနဲ့ မျက်နှာစာက တံခါးကြီးကလည်း အိမ်ကို အပြင်ကမမြင်ရလောက်အောင် မြင့်မားလှတယ်။ ကောင်လေးက ဘောင်းဘီတိုလေးနဲ့ သူ့လက်ထဲမှာ မုန့်ဟင်ခါးနှစ်ထုပ်ကိုလည်း ကျွတ်ကျွတ်အိတ်နဲ့ ဆွဲလာသေးတယ်။

ကျွန်တော် လှမ်းကြည့်လိုက်တော့ သူ အုတ်နံရံမှာ ကပ်တပ်ထားတဲ့ လူခေါ်ခေါင်းလောင်းလေးကို မမှီတမှီ ခုန်ခုန်ပြီးတော့ နှိပ်ဖို့ကြိုးစားနေတယ်။ ဒါပေမဲ့ တော်တော်နဲ့လည်း မမှီဘူးဖြစ်နေတယ်။ လက်ထဲက မုန့်ဟင်းခါးထုပ်တွေနဲ့ ခုန်နေတော့ မတော်တဆပြုတ်ကျမှ သူအဆူခံနေရဦးမယ်။ ဒါကြောင့်…

“ ဒီမှာ ငါ့ညီ မင်း ခေါင်းလောင်းနှိပ်ဖို့ လုပ်နေတာလား။ ”

“ ဟုတ်တယ် အကို အဟီး။ ”


“ အေးကွာ ခက်တာပဲ။ လူကြီးတွေကလည်း မင်းကို တစ်ယောက်တည်း လွှတ်ရလား။ အခု မင်းအစား အကို ခေါင်းလောင်းနှိပ်ပေးရမလား။ ”


ကောင်လေးက ပြုံးပြီး ခေါင်းငြိမ်ပြတယ်

“ ဟုတ်ကဲ့ အကို နှိပ်ပေးပါ။ ”

ဒါနဲ့ ကျွန်တော်လည်း သူ့ကို ကူညီတဲ့အနေနဲ့ ခေါင်းလောင်းခလုပ်ကို နှိပ်လိုက်တယ်။ အထဲမှာလည်း သွားပြီး အသံမြည်သံကို ကြားရတယ်။ ကောင်လေးက ပြုံးရင်..

“ မရသေးဘူး အကို။ ခပ်နာနာသာ အကြာကြီး နှိပ်ဗျ။ ဒါမှ သူတို့ကြားပြီး ထွက်လာမှာ။ ”

“ သြော် ဒီလိုလား။ အေး . . . အေး။ ”

ကျွန်တော်လည်း သူပြောတဲ့ အတိုင်း ခပ်နာနာ ခပ်ကြာကြာလေး နှိပ်ပေးလိုက်တယ်။ ဒါနဲ့ အိမ်အထဲကနေ တံခါးဖွင့်သံတွေ ကြားရတယ်။ ဒါနဲ့ ကောင်လေးဘက်လှည့်ပြီး …

“ ကဲ အဆင်ပြေပြီ မဟုတ်လားကွ။ ”

“ ဟုတ်ကဲ့ အကို၊ အဆင်ပြေပြီ လာ..လာ အကို။ ကျွန်တော်တို့ ပြေးကြမယ်။ ”

ကျွန်တော် အံ့သြသွားပြီး..

“ ဟေ ဘာလို့ ပြေးမှာလဲ။ ဘာလို့လဲ။ ဒါ မင်းအိမ် မဟုတ်ဘူးလားကွ။ ”

“ မဟုတ်ဘူးအကို။ ဒါက သူများအိမ်လေ။ ဒီအိမ်က လူကြီးက အရမ်းဒေါသကြီးတာ ကျွန်တော်တို့ သူ့ခြံရှေ့က ဖြတ်လျှောက်လို့ သူရှိရင်တောင်မှ မျက်နှာကြီးတည်ပြီး ကြည့်တတ်တယ်။ သူအပြင်ထွက်တဲ့ အချိန်ဆိုရင် သူ့အိမ်က ခွေးနဲ့ ရှူးတိုက်တတ်တယ်။ ဒါကြောင့် ကျွန်တော်တို့ကလည်း သူပြန်ပြီး စိတ်ညစ်အောင် ၊ ဒေါသထွက်အောင် ဒီလို အမြဲစနေကြပဲလေ။

လာ…လာ..အကို ပြေးတော့ အခု ခေါင်းလောင်ခလုပ်ကို အကို နှိပ်မှန်းသိရင် အကိုလည်း လွယ်မှာ မဟုတ်ဘူး။ ကျွန်တော်ကတော့ ပြေးပြီဗျ။ ”

“ ဟာ။”

ကျွန်တော် ဒီလိုပဲ ဖြစ်သွားပြီး။ ကောင်လေးကို ကြည့်လိုက်တော့ ကိုယ်တော်ချောလေးက ပြေးသွားလိုက်တာမှ မှုံနေပြီ။ ကျွန်တော်ကသာ မနက်ကပဲ ပြေးပြီးသားကို နောက်ထပ် ထပ်ပြေးရဆိုတော့ လူက မော ၊ ဟိုလူကြီးဆိုတာသာ တွေ့သွားရင် ဆိုပြီး စိတ်ကမောနဲ့ ဒူးတွေက ယိုင် သိပ်မပြေးနိုင်တော့ဘူး။

သြော် သူများခက်ခဲနေတာ တွေ့ရင် ကူညီချင်တဲ့ ကျွန်တော်. . . ဘယ်သူဘာပြောပြော ကျွန်တော် ကူညီချင်မိ ကျွန်တော်ပဲ အပြစ်ရှိပါတယ်။ ပြေးလိုက်စမ်းဟ. . . . ။



ကိုဇော် ခံစားပုံဖော်သည်။

http://zaw357.multiply.com/journal/item/779
မှာ 24.11.2009 က ရေးထားတာပါ။

.
Share/Bookmark

3 ကျွန်တော် ကူညီမိ အပြစ်ရှိ..(၁)

ကျွန်တော် ရင်ထဲက စိတ်ထဲမှာ ရှိတဲ့ အတိုင်း လူတွေကို ကူညီခဲ့ဖုးပါတယ်။ ဒါကြောင့် သင်ခန်းစာများစွာလည်း ရခဲ့ပါတယ်။ ဒါပေမဲ့.. သူများတွေကို ကူညီဖို့ ပေါ်လာရင် ကျွန်တော် မနေနိုင်ခဲ့။ ဒါပေမဲ့လည်း ကြာတော့ သင်ခန်းစာများက ကျွန်တော့်ကို ခြောက်လှန့်နေခဲ့တယ်။ သင်ခန်းစာလေးတွေက ရယ်ဖို့လည်း ကောင်းပါတယ်။ ဒါပေမဲ့..... ဒီအချိန်မှာ ကျွန်တော် ရယ်နေနိုင်မယ်လို့ ထင်ပါသလား။

မယုံရင် ဖတ်ကြည့်ဗျာ။

~ ~ ~ ~ ~ ~ ~ ~ ~ @ @ @ ~ ~ ~ ~ ~ ~ ~ ~ ~


အဲ..ဒီတစ်နေ့က ကျွန်တော် ကားမှတ်တိုင်မှာ ကားစောင့်နေပါတယ်။ လူကလည်း ဘယ်သူမှ မရှိ။ ကျွန်တော်တစ်ယောက်တည်း။ ဒီအချိန်မှာ ကားမှတ်တိုင်ထဲကို အကြော်ဗန်းလေး ကိုင်ပြီး ကောင်မလေး တစ်ယောက် ဝင်လာတယ်။ သူလည်း ကားစောင့်နေတဲ့ ပုံပေါ့။

ခဏကြာတော့ ....

အကိုကြီး ကျမ အကြော်ဗန်းလေး ခဏကြည့်ပေးထားပါ။ ကျမ ပစ္စည်းလေးတစ်ခု ကျန်ခဲ့လို့ သွားယူလိုက်ဦးမယ်။ ”

ကျွန်တော် ဘာပောရမလဲ။ ခေါင်းငြိမ့်ပြီး “ ဟုတ်ကဲ့ ” ပဲပေါ့။ ဘာများ အပန်းကြီးမှာမို့လို့လဲဗျာ။ ခဏနေတဲ့ အချိန်အထိ ဒီကောင်မလေး ပြန်မလာ။ ဖြစ်ချင်တော့ ကျွန်တော် စီးမဲ့ကားက လာနေပြီ။ ကျွန်တော့်မှာ မတတ်နိုင်သေး။ ကိုယ့်ကို ယုံကြည်လို့ လွဲထားခဲ့တဲ့ ဟာကို ကျွန်တော် မျက်ကွယ် မပြုနိုင်။

အကြော်ဗန်းတစ်ချပ်နဲ့ ကျွန်တော် ဒုက္ခရောက်နေတယ်။ နောက်ထပ် ကားတစ်စီး ဝင်လာတယ်။ ကျွန်တော့်မှာ မတတ်နိုင်။ လွတ်သွားပြန်တယ်။ ဒီအချိန်ထိလည်း သူပြန်မလာ။ ခဏနေတော့ ကားမှတ်တိုင်ထဲကို ကားစောင့်တဲ့ ၅ နှစ်သားလေးနဲ့ မိခင် ... သားအမိဝင်လာတယ်။ နောက်ထပ် ဘယ်သွားမယ်မှန်း မသိတဲ့ စုံတွဲ တစ်တွဲ ဝင်လာတယ်။ အကြော်ဗန်းကြီး ဘေးမှာ ချပြီး အုတ်ခုံလေးမှာ ထိုင်နေတဲ့ ကျွန်တော့်ကို အံ့သြသလို ကြည့်ကြတယ်။

ကျွန်တော်ကလည်း “ ကျွန်တော့်အကြော်ဗန်း မဟုတ်ဘူးဗျ။ ” ဆိုပြီး သူတို့ မမေးတာကို ဘယ်လိုလုပ် သွားဖြေမလဲ။ ခဏကြာတော့ လူကြီး ၃ ယောက်ဝင်လာတယ်။ သူတို့ကလည်း ကွက်ကြည့် ၊ ကွက်ကြည့်။ ဒီအချိန်မှာ သားအမိ ၂ ယောက်ဆီက ကောင်လေးက ပြဿနာ ထရှာတယ်။ အကြော်စားချင်တယ် တဲ့။ အမေလုပ်တဲ့ သူကတော့ ဟန့်တယ်။

ကျွန်တော်ကတော့ အကြော်တစ်ခု ဘယ်လောက်ရှိမှာလဲဗျာ။ ဒါကြောင့် ရော့ တစ်ခု ဆိုပြီး ကောင်လေးကို ကြွေးလိုက်တယ်။ အကြော်သည် ကောင်မလေး ရောက်လာမှ သေချာ ပြောပြီး ကျသလောက်ပေးလိုက်မယ်ပေါ့လေ။ ဟော ပြောနေ ဆိုနေရင်းနဲ့ အကြော်သည် ကောင်မလေး ပြန်ရောက်လာတယ်။ သူ့နောက်မှာလည်း ရုပ်ခပ်ကြမ်းကြမ်းနဲ့ လူနှစ်ယောက်ပါလာတယ်။

ကျွန်တော်လည်း သူပြန်ရောက်လာမှ လွတ်ပြီ။ ကျွတ်ပြီ ဆိုသလိုပါပဲ။ သူ့အကြော်ဗန်းကြီး ကျွန်တော် စောင့်နေရတာ မလွယ်ဘူးလေဗျာ။ ဒါကြောင့် အကြော်ဗန်းကြီး ပြန်အိပ်ရင်း ကောင်လေးစားထားတဲ့ အကြော်တစ်ခုဖိုးလည်း ပေးလိုက်မယ် ဆိုပြီး စဉ်းစားမိတယ်။ ဒါကြောင့်...

“ ကဲ..ညီမရေ။ ပြန်လာပြီလား။ ညီမ အကြော်ဗန်း ပြန်အပ်ပြီနော်။ ဒီကလေးလေးကိုတော့ အကို အကြော်တစ်ခု ကျွေးထားတယ်။ ဒါလေး ဘယ်လောက်ကျလဲ။ ဘယ်လောက်ပေးရမလဲ။ ”

“ ငါးထောင် ”


“ ဟင်...။ ”

ကျွန်တော့်ပါးစပ်ထဲက အသဲနှလုံးတွေပါ ခုန်ထွက်သွားလား အောက့်မေ့ရတယ်။ ဘယ်နှယ့်အကြော်လေး တစ်ခုကို “ ငါးထောင် ” ရယ်လို့။ မဟုတ်တာ။

“ မဟုတ်ဘူးလေ ညီမရဲ့။ ဒီကလေးစားတဲ့ အကြော်တစ်ခုက ဘယ်လောက်တန်လို့လဲ။ ဒါကို ပြောတာလေ။ ”

“ အို ဒီကလေးစားတာ ဒီတစ်ခုတည်းဆိုပေမဲ့ ရှင်စားလိုက်တာက နည်းတာ မဟုတ်ဘူးလေ။ ကြည့်ပါလား ကျမ အကြော်ဗန်းထဲမှာ အကြော်တွေ ဘာမှမရှိတော့ဘူး။ ”


“ ဟာ. . .”

ကျွန်တော်လည်း ဘာမှထိတောင်မှ မထိမိပါ။ အခုတော့ သူ့အကြော်တွေ ကျွန်တော် စားတယ် လုပ်ကုန်ပြီ။ သူ့ဘေးက လူတွေကို ကြည့်လိုက်တော့ လူမိုက်ပုံတွေနဲ့ ကျွန်တော့်ကို ထိုးတော့ ကြိတ်တော့မလို ဖြစ်နေတယ်။

ကျွန်တော်နဲ့ အတူတူ ကားမှတ်တိုင်မှာ စောင့်နေတဲ့ လူတွေကလည်း သူများကို ကူညီပြောရမှာ သူတို့အတွက် တော်တော် ခြေတွေ ၊ လက်တွေ တိုသွားမဲ့ပုံ ပေါ်နေတယ်။ ဒါကြောင့် ဟိုဘက်တိုးသွားကြတယ်။ ကျွန်တော်လည်း ကျွန်တော် အကြော်ဝယ်ကျွေးထားတဲ့ ကောင်လေး အမေကို အကူအညီတောင်းသလို လှမ်းကြည့်လိုက်တော့ လာမရှုပ်နဲ့ ဆိုတဲ့ ပုံစံနဲ့ သူ့ကလေးလက်ဆွဲပြီး ဟိုဘက်တိုးသွားတယ်။ သြော်..လူတွေများ။

ဒါနဲ့နောက်ဆုံးတော့ ကျွန်တော် ကူညီမိ အပြစ်ရှိပါတယ်လေ။ ဒါကြောင့် ကျွန်တော် ပိုက်ဆံ မထုတ်ပေးရင် ဒီအကြော်သည်မလေးနဲ့ လူကြမ်းနှစ်ယောက်က ကျွန်တော့်ကို ပြဿနာ ရှာကြတော့မှာလေ။ ကျွန်တော့် ၁၀၀၀ တန်လေး ၅ ရွက် အတောင်ပေါက်ပြီး သူတို့ဆီကို ရောက်သွားကြတယ်။ ပိုက်ဆံရတာနဲ့ သူတို့လည်း အကြော်ဗန်းလေး ပိုက်ပြီး သုတ်ခြေတင်ထွက်သွားလိုက်ကြတာ။

ဒါနဲ့ ကျွန်တော်လည်း ကျွန်တော်စီးမဲ့ ကားကို ဆက်စောင့်နေလိုက်တယ်။ ဒီတော့မှ ကျွန်တော်စီးမဲ့ ကားကလည်းတော်တော်နဲ့ မလာ။ ခုနက ရပ်စောင့်နေတဲ့ လူတွေသာ တတ်သွားကြတယ်။ ကျွန်တော် မတတ်ရသေး။ ဒီအချိန်မှာ ကျွန်တော့်ဘေးနား ကျွန်တော်နဲ့ ရွယ်တူ ကောင်လေးတစ်ယောက် ရောက်လာပြီး ပြောတယ်။

“ အကို ခုနက အကိုတို့ ဖြစ်နေတာ ကျွန်တော် အကုန်လုံးမြင်တယ် အကို။ ကျွန်တော့်မှာလည်း ဝင်မပြောသာလို့သာ ကြည့်နေရတာ။ သူတို့က ဒီလိုပဲ အကို.။ ဒီမှတ်တိုင်မှာ လာကားစောင့်တဲ့ မျက်နှာစိမ်း အချဉ်ကို ရှာပြီး ဒီလိုပဲ လုပ်နေကြ။ ကျွန်တော်တို့ ဒီနားက တော်တော် များများ သိကြတယ်။ စိတ်မကောင်းပါဘူး အကိုရာ။ နောင်ဆို သတိထားလို့ရတာပေါ့လေ နော်။ ”

တဲ့။ ကျွန်တော့်မှာ စကားလေးတစ်ခွန်းပဲ ထွက်လာမိတော့တယ်။

“ သြော်။”

ဟုတ်ပါတယ်လေ။ ဒါကြောင့်မို့ ခဏက လူတွေ ကျွန်တော့်ကို ကြည့်နေတာ တစ်မျိုးဖြစ်နေတာ နေမှာ။

ကျွန်တော် ကူညီမိ ကျွန်တော့်မှာပဲ အပြစ်ရှိပါတယ်။



ကိုဇော် ခံစားပုံဖော်သည်။


http://zaw357.multiply.com/journal/item/778 မှာ 23.11.2009 က ရေးထားတာပါ။
.
Share/Bookmark

23 March 2010

3 ပြောင်းလဲသင့်တဲ့ အချိန်

.



တစ်ခါက

ဘုရင်ကြီးတစ်ပါးဟာ တိုင်းပြည်ကြီးတစ်ပြည်ကို အုပ်ချုပ်သတဲ့။ ဒီလိုနဲ့ အုပ်ချူပ်လာလိုက်တာ တစ်နေ့လည်း ကျရော သူ့တိုင်းပြည်မှာ ရှိတဲ့ အချမ်းသာဆုံးသူဌေးကြီး သေဆုံးသွားသတဲ့။

ဒါနဲ့ ဒီသူဌေးကြီးရဲ့ အသုဘ အခမ်းအနားကို ဘုရင်က သူ့ရဲ့ မှူးကြီးမတ်ရာတွေနဲ့ သေချာစွာ ကြီးကျင်းပစေတယ်။ ဒီလို သူဌေးကြီး အသုဘပြီးလို့ တစ်လလောက်ကြာတော့ သူဌေးကြီးရဲ့ အရိုက်အရာကို ဆက်ခံဖို့ဆိုတာ သူဌေးကြီးမှာ သားလေးတစ်ဦးတည်းပဲ ရှိတယ်။ သူက အခုမှ အသက်က ၈ နှစ်။ ဒါပေမဲ့လည်း သူဌေးကြီးရဲ့ အမွေတွေကို ဆက်ခံဖို့ဆိုတာလည်း သူပဲ ရှိလေတော့ သူ့ကို သူဌေးအရိုက်အရာ ဆက်ခံဖို့ ရှင်ဘုရင်ကြီးက အခေါ်လွှတ်လိုက်သတဲ့။

ဒီတော့ ရှင်ဘုရင် အခေါ်လွှတ်လိုက်လို့သာ လာရတာ ကလေးဆိုတော့ လမ်းမှာ တွေ့တဲ့ ရေအိုင်လေးတွေကို ခုန်ကျော်လာတယ်။ သစ်ပင်တိုတွေကိုလည်း ခုန်တတ်ကျော်ခွ လာတယ်။ ကျောက်ခဲလေးတွေကိုလည်း ကန်ကျောက်လာတယ်။ ကလေးပီပီ ပျော်ရွှင်စွာနဲ့ ကစားလာတယ်။ ဒါနဲ့ တိုတိုပြောရရင် နောက်ဆုံးမှာ ရှင်ဘုရင့်ဆီကို ရောက်ပြီး ရှင်ဘုရင်က ဒီကလေးလေးကို သူဌေးအရိုက်အရာကို ချီးမြှောက် လိုက်ပါတော့တယ်။

ဒီကလေးလေး သူဌေးအရိုက်အရာကိုလည်း ခံယူပြီး ရှင်ဘုရင့် နန်းတော်ထဲကနေ ပြန်လာခဲ့တယ်။ သူဒီလို ပြန်သွားတာကို ဘာရယ် မဟုတ်ပဲ ရှင်ဘုရင်ကြီးက လေသာဆောင်ကနေ ထွက်ပြီး ကြည့်နေခဲ့တယ်။

ဒီမှာ ထူးခြားတာကို ရှင်ဘုရင်ကြီး မြင်ခဲ့တယ်။ ဒီကလေးလေးဟာ အလာတုန်းက ခုန်ကျော်ခဲ့တဲ့ ရေအိုင်လေးတွေ ၊ သစ်ပင်တိုတွေ ၊ ကန်ကျောက်ခဲ့တဲ့ ကျောက်တုံးလေးတွေကို အခု အပြန်မှာတော့ ခုန်မကျော်တော့ဘူး။ မကန်ကျောက်တော့ဘူး။ ရေအိုင်လေးတွေကိုလည်း ဘေးကနေ ကွေ့ပတ်ပြီး သွားတယ်။ သစ်ပင်တိုတွေကိုလည်း အသာအယာပဲ ကျော်ခွသွားတယ်။ ကျောက်ခဲ ၊ ကျောက်တုံးတွေကိုလည်း အသာအယာ ကျော်ခွသွားခဲ့တယ်။

ဒီလို ထူးခြားလှတဲ့ သူဌေးဖြစ်စ ကလေးငယ်ရဲ့ အချင်းအရာကြောင့် ရှင်ဘုရင်ကြီးက သူဌေးငယ်လေးကို ပြန်လည် အခေါ်လွှတ်ပြီး မေးမြန်းသတဲ့။

“ အသင် သူဌေးငယ်။ သင့်ကို ငါကိုယ်တော်မြတ် အလာတုန်းကလည်း လေသာဆောင်ကနေ ကြည့်နေခဲ့တယ်။ အခု အပြန်ကျတော့လည်း ကြည့်နေခဲ့တယ်။ သင့်ရဲ့ အပြုအမူကလည်း လွန်စွာမှာ ထူးခြားလှတယ်။

သင် ဤနန်းတော်သို့ လာစဉ်မှာ ရေအိုင်ငယ်လေးတွေကို ခုန်ကျော်ခဲ့တယ်။ သစ်ပင်တိုတွေကို တတ်ခုန်ကစားခဲ့တယ်။ ကျောက်တုံးလေးတွေကို ကန်ကျောက်ခဲ့တယ်။ ဒါကို ငါ ကိုယ်တော်မြတ်လည်း မြင်ခဲ့တယ်။ အခု အပြန်မှာကျတော့ ဒီရေအိုင်ပဲ ၊ ဒီသစ်ပင်ပဲ ၊ ဒီကျောက်တုံးလေးတွေကိုရော ဘာလို သင် အလာတုန်းကလို မပြုမူတော့တာလည်း ဆိုတာ ငါကိုယ်တော်မြတ် သိချင်လို့ သင့်ကို ပြန်လည် အခေါ်လွှတ်လိုက်ရခြင်း ဖြစ်တယ်။
ဘယ်အတွက်ကြောင့် ဒီလို ပြုမူရပါသလဲ။ ”

ဒီတော့ သူဌေးလေးက ဘာပြောလဲဆိုတော့...

“ ဒီလို ရှိပါတယ် အရှင်မင်းကြီး။ ကျွန်တော်မျိုး ဒီကိုလာတဲ့ အချိန်မှာ သာမာန် ကလေးတစ်ယောက် မျှသာဖြစ်ပါတယ်။ ဒါကြောင့် လွတ်လပ်ပေါ့ပါး ပျော်ရွှင်စွာ နေထိုင်ခွင့်ရပါတယ်။ ဒီနန်းတော်ထဲကို ရောက်ပြီး အရှင်မင်းကြီး ပေးအပ်တဲ့ သူဌေးဘွဲ့ကို ရအပြီးမှတော့ ကျွန်တော်က သာမာန်ကလေး တစ်ယောက် မဟုတ်တော့ပါဘူး။ အသက်အရွယ်က ကလေးဖြစ်ပေမဲ့ ကျွန်တော့် အခုတော့ သူဌေးဖြစ်နေခဲ့ပါပြီ။ ဒါကြောင့် အလာတုန်းကလို ဘာမှ ကိုယ့်ကိုယ်ကို ထိန်းကျောင်းနေစရာ မလိုတော့ပဲ။ နေချင်သလို နေစရာ မလိုအောင် ဖြစ်နေလို့ မရတော့ပါ။

သူဌေးတစ်ယောက်ဆိုတာ သူဌေးတစ်ယောက်ရဲ့ ဟန်ပန် ၊ အမူအကျင့် ၊ အပြောအဆို ၊ အနေအထိုင်ဆိုတာ ရှိပါတယ်။ ဒါကြောင့် အလာတုန်းက သာမာန်ကလေး တစ်ယောက်နဲ့ အပြန်မှာ သူဌေးတစ်ယောက်ရဲ့ အမူအကျင့် မတူတော့လို့ ကျွန်တော်မျိုးလည်း အပြန်မှာ သာမာန်ကလေးငယ်တစ်ယောက်လို ခုန်ပေါက်ပြေးလွှား ခြင်းမရှိတော့ပဲ သူဌေးတစ်ယောက် ဟန်ပန်နဲ့ ပြန်ရခြင်း ဖြစ်ပါတယ် အရှင်မင်းကြီး။

ဒါဟာ ကိုယ့်ကိုယ်ကို ထိန်းကျောင်းလိုက်တာ ဖြစ်သလို သူဌေးတွေရဲ့ အမူအကျင့် ဂုဏ်သိက္ခာကို လေးစားလိုက်နာလိုက်တာလည်း ဖြစ်ပါတယ်။ လောကမှာ ပြောင်းလဲသင့်တယ် ဆိုတဲ့ အချိန်မှာ ပြောင်းလဲဖြစ်အောင် ပြောင်းလဲသင့်တယ် မဟုတ်ပါလား အရှင်မင်းကြီး။


သူဌေးလေးရဲ့ လျှောက်တင်ချက်လည်း ပြီးရော.ရှင်ဘုရင်ကြီးက အလွန်နှစ်သက် သဘောကျတော်မူပြီး ဆုတော်လာဘ်တော်များ ချီးမြှင့်တော်မူ လေတော့သည်။

ထို သူဌေးလေးသည် “ အနာထပိဏ်သူဌေး ” ပဲ ဖြစ်လေတော့သည်..။

မှတ်ချက်။ ။ ဤပို့စ်နှင့် ပတ်သတ်၍ တချို့နေရာများတွေ “ ဇောတိက သူဌေး ” ဟူ၍ ဖော်ပြတတ်ပြီး ၊ အသက်အရွယ်ကိုလည်း ၁၂ နှစ်သားဟု ဖော်ပြတတ်ပါသည်။ တကယ်တော့ ၈ ရှစ်နှစ်သား ဖြစ်ပါသည်။

အနာထပိဏ် = အားကိုးရာမရှိသူများကိုကျွေးမွေးသောသူ ”



ကိုဇော် ခံစားတင်ပြသည်။


http://zaw357.multiply.com/journal/item/765 မှာ 19.11.2009 ကရေးထားတာပါ။

.
Share/Bookmark

2 ဥပမာလေး ၂ ခု

.
“ လောကမှာ ကိုယ့်ကိုယ်ကိုယ် ငါ... တော်တယ်ကွ ” ဆိုပြီး အထင်ကြီးနေသူတွေအတွက် သူတို့ဆင်ခြင်နိုင်စေဖို့ ဥပမာလေး ၂ ခု ရှိပါတယ်။


ဥပမာ (၁)

ထက်တတ်ကာ အောက်ဆင်း
နိမ့်ချည်တစ်လှည့် မြင့်ချည်တစ်လှည့်

စီးဆောရဲ့သဘော..။

အမြင့်ဆုံးလို့ ထင်တဲ့အချိန် ကျချိန်...

အနိမ့်ဆုံးလို့ ထင်တဲ့အချိန် တတ်ချိန်...။ ။

( ချင်းရိုးရာစကားပုံ)

ဒီစကားပုံလေးကတော့ ချင်းရိုးရာ စကားပုံလေး တစ်ပုဒ်ပါ။ လူ့လောကကြီးကို “ စီးဆော ” နဲ့ ဥပမာပေးပြီး ခိုင်းနှိုင်းထားတာပါ။ ငါ အမြင့်ဆုံးလို့ ကိုယ့်ကိုယ်ကိုယ် ထင်မှတ်နေတဲ့ အချိန်မှာ ဒါဟာ ကျနေတဲ့ အချိန်ဆိုတာ သတိထားမိစေဖို့။ တစ်ခါတစ်လေ စိတ်ဓါတ်ကျပြီး စိတ်ညစ်နွမ်းစရာ ဖြစ်ပြီး အနိမ့်ဆုံးလို့ ထင်မှတ်နေတဲ့ အချိန်မှာ ဒါဟာ တတ်နေတဲ့ အချိန်ပဲ ဖြစ်တယ်လို့ ဥပမာဆောင်ပါတယ်။

~ ~ ~ ~ ~ ~ ~ @ @ @ ~ ~ ~ ~ ~ ~ ~


ဥပမာ (၂)



ထိန်ထိန်အသာဆုံးအချိန်သည်

ဆုတ်စပြုချိန်ဖြစ်၍
အမှောင်ဆုံးအချိန်ကား

ဆန်းစပြုချိန်ပေတည်း...။

(တရုတ်ရိုးရာ စကားပုံ)

ဒီစကားပုံလေးကတော့ တရုတ်ရိုးရာ စကားပုံလေးတစ်ပုဒ်ပါ။ လူ့လောကကြီးကို “ လမင်းကြီး ” နဲ့ ဥပမာပေးပြီး ခိုင်းနှိုင်းထားတာပါ။ ငါ့ကိုယ်ဟာ အထွန်းလင်းဆုံးလို့ ထင်နေတဲ့ အချိန်ဟာ မှောင်လာဖို့ ဆုတ်ယုတ်နေတာလို့ သတိထားမိစေဖို့။ တစ်ခါတစ်လေ ကိုယ့်ဖာသာကိုယ် ဘဝက မျှော်လင့်ချက်မဲ့ နေတယ် ၊ ဘာလုပ်လုပ် အဆင်မပြေဘူးဆိုပြီး မျှော်လင့်ချက်မဲ့ မှောင်မိုက်နေတယ် ဆိုရင် ဒီထက် ပိုပြီး မဲမှောင်စရာ မရှိတော့ပါဘူး ၊ ကြိုးစားရင် အမှောင်ကမ္ဘာကနေလွတ်ပြီး အလင်းရောင်တွေ့လာရမှာပါလို့ ဆိုလိုတာပါ။

ဘာရယ်မဟုတ်ပေမဲ့ အခုပဲ ရှာတွေ့လို့ အခုပဲ တင်လိုက်တာပါ။ တိုတောင်းလှတဲ့ လူ့ဘဝမှာ ကိုယ့်ကိုယ်ကိုယ် တော်လှပြီ ၊ တတ်လှပြီလို့ တွေးနေ ၊ ထင်နေ ၊ မြင်နေသူများ အတွက် ဥပမာလေး ( ၂ ) ခုပေါ့။


ကိုဇော် ခံစားပုံဖော်သည်။

http://zaw357.multiply.com/journal/item/777
မှာ 23.11.2009 က ရေးထားတာပါ။

.

Share/Bookmark

22 March 2010

8 သက်ရောက်မှု

.

ငယ်ငယ်က ဗဟုသုတပြည့်တဲ့ ကျွန်တော့် အဖေက ပြောတော့ ကျွန်တော့်မှာ အံ့သြမှုတွေနဲ့ ဝေ့သီနေတဲ့ မျက်လုံး တစ်စုံကို တပ်ပြီး နားထောင်မိတယ်။

“ ကမ္ဘာတစ်ဘက်က ဘရာဇီးနိုင်ငံမှာ လိပ်ပြာလေး အတောင်ပံခတ်တာက ကမ္ဘာတစ်ဘက်က အာဖရိကတိုက်မှာ လေပြင်းမုန်တိုင်းတွေ ကျနိုင်တယ်။ ”

“ ကမ္ဘာတစ်ဘက်က ကလေးငယ်တစ်ယောက် မြစ်ထဲကို သေးပေါက်ချတာက ကမ္ဘာတစ်ဖက်မှာ ရေကြီးသွားနိုင်တယ်။ ”

“ ကမ္ဘာတစ်ဘက်က လူတစ်ယောက် မြစ်ထဲမှာ လှိုင်းထအောင် ရေကူးလိုက်ခြင်းက ကမ္ဘာတစ်ဖက်ခြမ်းမှာ ဒီရေတွေ ဖုံးလွှမ်းသွားနိုင်တယ်။ ”

“ ကမ္ဘာတစ်ဘက်က လူတစ်ယောက် လက်ခုပ်တီးလိုက်တာမှာ ကမ္ဘာတစ်နေရာမှာ တောင်တွေ ပြိုကျသွားနိုင်တယ်။ ”

ငယ်ငယ်က ဒီလိုလေးတွေ ကြားဖူးတာမှာ တအံတသြ နားထောင်ခဲ့ရပေမဲ့ ကြီင်္းလာလို့ ပထဝီရဲ့ သဘောတရားလေးတွေ သိလာတော့ တကယ်ကို ဖြစ်နေနိုင်တယ် ဆိုတာ သိလာရတယ်။ ဒါ သက်ရောက်မှု တွေလေ။

ဒီကြားထဲ သူငယ်ချင်း တစ်ယောက် ကြားခဲ့ရတာလေးကို တဆင့်ပြန်ပြောတော့ ပိုပြီး အတွေးကို ပွားစေခဲ့တယ်. . .

အိမ်နားမှာ ညီအစ်ကို နှစ်ယောက် ဆော့နေရာကနေ ရန်ဖြစ်ကြတယ်။ အမေက ဘေးမှာ ရှိနေပေမဲ့ ဘာမှ မပြောဘူး။ ရန်ဖြစ်ရာကနေ အစ်ကို လုပ်တဲ့ အကြီးက ညီလုပ်သူကို ဆဲလိုက်တယ်။ ရိုင်းရိုင်းဆိုင်းဆိုင်း စရိုက်တွေ ဆိုတော့ သူတို့ထုံးစံပဲပေါ့။

“ ငါ --- မသား။ ”

တဲ့။ ဒီတော့ အမေလုပ်သူက “ ဟဲ့. . ဘာလို့ ဆဲတာလဲ။ ” ဆိုပြီး မဆုံးမပဲ။ သားအကြီးကို ဆုံးမတဲ့ စကားက ကဗျာ မဆန်ပေမဲ့ တွေးစရာပါလာတယ်။

“ နင်က နင့်ညီကို ဒီလိုပြောတော့ . . နင်က “ မအေ---- ” ပေါ့။ ”

တဲ့။ ကျွန်တော် ဟာ ခနဲ ဖြစ်သွားတယ်။ ကောင်းလိုက်တဲ့ ဥပမာလေးပဲ။ လူတွေဟာ ကိုယ့်ကပဲ သူများကို ပြောချင်နေတာ။ သူများကို ပြောလိုက်တဲ့ ရိုင်းစိုင်းတဲ့ စကားက ကိုယ့်ကို ဘယ်လို ပြန်ပြီး သက်ရောက်တယ် ဆိုတာကို မစဉ်းစားမိကြဘူး။ ကိုယ်ကပဲ ဖိပြောလို့ ကိုယ်အနိုင်ရပြီ ထင်တတ်ကြတယ်။ ကိုယ်ပြောသမျှ စကားမှာ ကိုယ့်အတွက် သက်ရောက်မှုတွေ ရှိတယ်။

မလှပပေမဲ့ ဒီဥပမာလေးကို ကျွန်တော် နှစ်သက်တယ်။

~ ~ ~ ~ ~ ~ ~ ~ @ @ @ ~ ~ ~ ~ ~ ~ ~ ~ ~

ဒီနေ့ မနက်.....

အလုပ်သိမ်းခါနီးမှ. . . . အရင်က ထုတ်ထားတဲ့ Memo တစ်စောင်က အခုမှ Active ဖြစ်ပါတယ်လို့ ပြောပါတယ်။ ဘာလို့လဲ ဆိုတော့ အလုပ်မှာ တရုတ်မ တစ်ယောက် အသစ်ဝင်လို့ ဖြစ်တယ်။

ဒီအတွက် သက်ရောက်မှုက နောက်ဆိုရင် အခု ကျွန်တော် လုပ်နေသော ညဆိုင်း စာရင်းတွေကို လုပ်စရာ မလိုတော့တာပဲ။ အသစ်ဝင်တဲ့ တရုတ်မကတော့ ညဆိုင်းမှာ လာမလုပ်ပါ။ ညဆိုင်းမှာ စူပါတွေနဲ့သာ သူ့ဖာသာ ဆက်လက် လည်ပတ် သွားပါလိမ့်မယ်။ ဒါကလည်း အရင်က ကိုယ်က တောင်းဆိုမိတာ။

ဒီတော့ ကျွန်တော်က ထိုင်နေရတော့မှာတော့ မဟုတ်ပါ။ ဒါကြောင့် လူတောင်းထားသော စူပါ ၄ ယောက်ထဲမှာမှ ကျွန်တော် အလုပ်က ဘယ်ကို ရောက်မယ် မှန်း မသိ။ အခု Store နေရာမှာပဲ ဆိုရင် နေ့ဆိုင်းပြောင်းရရုံသာ။ Marketing ဆိုရင်တော့ စူပါ သွားလေရာ ကားတစ်စီးနဲ့ ရွေ့လျားခြင်းပေါ့။ ထုတ်လုပ်ရေးဘက် ဆိုရင်တော့ တောကျတဲ့ စက်ရုံဆီကို ပြောင်းရပြီ။

ဒါကြောင့်. . . . . . . . . . . . . . .

မရေရာ မသေချာတဲ့ လောကကြီးမှာ ဘယ်အရာမှ မတည်မြဲပါဘူး။ ဒါကြောင့်လည်း ကျွန်တော် အားလုံးကို ခံယူနိုင်စွမ်းရှိစွာ နဲ့ပဲ အရာရာ ပြင်ဆင်ထားပါတယ်။ ဒီအတွက် ကျွန်တော် အားရင် အားသလို စာတွေ ဆက်တိုက်ရေးခဲ့တာပါ။ ကျွန်တော့်ကို ခင်မင်စွာ Comment ပေးခြင်း ၊ မပေးခြင်း ကျွန်တော် စောင့်မနေပဲ ကျွန်တော် ရေးလို့ရသလောက် စာတွေ ဆက်တိုက် ရေးသွားခဲ့ပါတယ်။

ကျွန်တော် အချိန်ရှိသလောက် အစွမ်းကုန် ကြိုးစား ရေးခဲ့ပါတယ်။

အခုတော့ ညဆိုင်းလို အေးချမ်းစွာ ကျွန်တော် စာရေးနိုင်တော့မယ် မဟုတ်တော့ပါ။ အချိန်လုရင်းနဲ့ပင် ဒီစက်ရုံမှာပဲဆို ကျွန်တော် စာရေးဖို့ အချိန် ခက်သွားပါတော့မည်။ ဒါဆို တစ်နေ့ တစ်ပုဒ်တောင်မှ တင်နိုင်ဖို့ မလွယ်။ ဒါပေမဲ့ ရက်ခြားတော့ ကျွန်တော် ဆက်ရေးလို့ ရပါသေးတယ်။

ထုတ်လုပ်ရေးဘက်ကို ဆိုရင်တော့ တောကျတဲ့ နေရာမို့ ကျွန်တော့် အင်တာနက် ဝါယာလက်က မိဖို့ မလွယ်တော့ပါ။ ဒါဆိုရင်တော့ ကျွန်တော် ဘလော့လေးကိုပါ နှုတ်ဆက်ရပါတော့မယ်။ မရေးချင်လို့ မဟုတ်ပါ . . . ရေးမဖြစ်တော့လို့ပါ။ တစ်ပတ်တစ်ပုဒ်တောင်မှ တင်မိဖို့ မလွယ်။


ဒါကြောင့် ကျွန်တော် တင်သမျှကို စိတ်ဝင်တစား ဖတ်ပေးသော စာဖတ်သူ သူငယ်ချင်းများကို အထူးပဲ ကျေးဇူးတင်ပါတယ်။

* ကျွန်တော့်ကို ချစ်သော
* ကျွန်တော့်ကို မုန်းသော
* ကျွန်တော့်ကို ဘယ်လိုမှ မနေသော


စာဖတ်သူများ ၊ ရေးဖော်သူငယ်ချင်းများ ၊ ခင်မင်ရသူများကို ဘာမှ မသေချာသော လောကကြီးမှာ သေချာစွာ ကျွန်တော် ကြိုတင်စွာ နှုတ်ဆက်သွားပါတယ်။

အခြေအနေ အရ ဖြစ်နိုင်ခဲ့ရင်တော့ ကျွန်တော် ရတဲ့ အချိန်လေးမှာ
စာတွေ ရသလို ဆက်တင်ပါ့မယ်။ မဖြစ်နိုင်ခဲ့ပြီ ဆိုရင်တော့. . . . .

“ ကမ္ဘာတစ်ဖက်က မျက်စောင်းလေးပဲ ထိုးလိုက်တာပါ။ ဒါပေမဲ့. . . ကမ္ဘာတစ်ဖက်က ကျွန်တော့် ဘက်မှာတော့ဗျာ. . . .

အ . . .လဲ . . . လဲ. . . အ . . .ကွဲ . . . ကွဲ . . .။ ”


*** စာဖတ်ကြသူ သူငယ်ချင်းများ ပျော်ရွှင်ပါစေသား။ ***


ခင်မင်လေးစားစွာဖြင့်
ကိုဇော်
( 22.3.2010 - 12.17 PM )

.


Share/Bookmark

7 ပုစွန်ခြောက်ဘူးလေး

.
လွန်ခဲ့တဲ့ အပတ်ကတည်းက ဖုန်းကြိုဆက်ပြီး ခေါ်ထားတယ်။ ညကလည်း ဖုန်းဆက်ခေါ်လို့ အစ်ကို တစ်ယောက် သားလေး မွေးနေ့ကို ဒီနေ့ သွားရတယ်။ ကလေးက ရက်တစ်ရာပြည့်။ ဒါပေမဲ့ အတော်ထွားတယ်။ ငါးလသားလောက် မှတ်ရတယ်။

ကျွန်တော်လည်း အလုပ်က ပြန်ရောက်တာနဲ့ ချက်ချင်းသွားတယ် ဆိုပြီး ရေချိုးဖို့ ပြင်နေတုန်း ညီငယ်တစ်ယောက်က ပြုံးပြီးတော့ လာတယ်။ သိပြီ သိပြီ။ “ သူပြုံးနေသည် အကြွေးယူတော့မယ် ” ဆိုတာမျိုး။ ဘာလဲ ဆိုတော့ “ ပုစွန်ခြောက် နည်းနည်းလောက် ” တဲ့။

ကျွန်တော်က သိပ်ပြီးတော့ ချက်မစားဖြစ်ပါ။ တစ်ခါတစ်လေ စိတ်ကူးပေါက်ရင်တော့ ခရမ်းသီးနှပ် ၊ အသုတ်လေးတွေ သုတ်စားဖို့ ပုစွန်ခြောက်လေးတွေတော့ ဝယ်ထားတတ်တယ်။ တစ်ခါတစ်လေ ပိုပြီး စိတ်ကူးပေါက်ရင် ထမင်းကို ဆန့်ဆန့်လေးချက် ၊ ပုစွန်ခြောက်နဲ့ ဆီရွဲရွဲလေးဆမ်းပြီး ၊ ဘာဂါက အသားပြားကြော်နှစ်ခု ၊ ဟင်းခါးလေးနဲ့ တွယ်လိုက်ရင် တော်တော် မိုက်သဗျ။ ပဲကုလားဟင်းလေးနဲ့ ဆို ဇိမ်ပဲ။

ဒါကြောင့် ကျွန်တော် ပုစွန်ခြောက် အကောင်ကောင်းကောင်း ကြီးကြီးတွေကို ဝယ်ထားတတ်တယ်။ ဒါမှ မဟုတ်လည်း မြန်မာနိုင်ငံက လူကြုံနဲ့ မှာထားတတ်တယ်။ ဒါကြောင့် ချက်မစားဖြစ်ပေမဲ့ ကျွန်တော့်မှာ ပုစွန်ခြောက်တွေ အမြဲရှိနေတယ်။ အဲ. . . ကျွန်တော်က ပုစွန်ခြောက်တွေကို အိတ်နဲ့လည်း မထုတ်ထားဘူး ၊ ပုလင်းနဲ့လည်း မထည့်ဘူး ၊ Microwave Oven မှာ သုံးတဲ့ အပါးသား ပလတ်စတစ်ဘူးနဲ့သာ ထည့်ပါတယ်။ လေလည်း လုံသလို ပိုးမွှားလည်း စိတ်ချရတယ်။ ပြီးတော့ အကြည်ရောင်လေး ဆိုတော့ မြင်နေရတယ်။



ကျွန်တော်လည်း အပြင်သွားဖို့ ပြင်နေတာ ဆိုတော့ သူ့ကို ဘာမှလည်း ရှည်ရှည် ဝေးဝေး ပြောမနေတော့ပဲ သိမ်းထားတဲ့ ကျွန်တော့် စားစရာ သေတ္တာထဲကနေ ဒီဘူးလေးကို ထုတ်ပေးလိုက်တယ်။ ပြီးတော့ ရေချိုးဖို့ ပစ္စည်းတွေ ယူပြီး ထွက်လာတော့ သူက နောက်ကနေ လှမ်းအော်တယ်။

“ ကိုဇော် ရပြီ ၊ ဒီမှာနော် နည်းနည်းပဲ ယူတာ။ ဘူးလေးကို ဒီနားမှာ ထားလိုက်ပြီ။ ”

တဲ့။ တစ်ခါမှလည်း ကျွန်တော် သူတို့ ယူတာကို မကြည့်မိပါ။ သူကလည်း ဒီလိုပဲ ပြောနေကြ။ ကျွန်တော်ကလည်း ဒီလိုပဲ နေနေကြ။ အခုလည်း လှည့်မကြည့်အား ကိုယ့်ဖာသာ အပြင်သွားမှာ ဆိုတော့ ကမန်းကတန်းပဲ ရေဝင်ချိုးလိုက်တယ်။ ရေချိုးရင်းမှာ ချေးတွန်းရင်း နည်းနည်းလည်း ကြာသွားတယ်။

ပြီးတော့ ကျွန်တော် ကိုယ့်နေရာ ကိုယ်ပြန်လာပြီး အပြင်သွားဖို့ ပြင်ဆင်တယ်။ အားလုံးပြီးတော့ သွားဖို့ ဖိနပ် ထုတ်တော့မှ သူတင်ထားခဲ့တဲ့ ပုစွန်ခြောက်ဘူးလေးကို မျက်စိက အကြည့်ရောက်သွားတယ်။

ဟာ . . ခနဲ့ အသံထွက်သွားပြီး ဖိနပ်ကို ချ ၊ ဘူးလေးကို မလိုက်တော့ ကျွန်တော့် လက်ပေါ်တွေပါ လိုက်တတ်လာလို့ ပြန်ချလိုက်ရတယ်။ ပုရွတ်ဆိတ်တွေ။ သေချာ ကြည့်လိုက်တော့ ဘူးထဲတောင်မှ ဝင်နေပြီ။ ထပ်ပြီး သေချာကြည့်တော့ ခုန ညီငယ် အဖုံးကို သေချာ အံကျအောင် မဖုံးခဲ့လို့ အနံ့ရပြီး ပုရွတ်ဆိတ်တတ်နေတာ။ မြန်လိုက်တဲ့ ကောင်တွေ။ ဘူးထဲမှာလည်း ပုစွန်ခြောက်တွေက တစ်ဝက်ကျော်ကျော်။ သူတို့က ပျားနေတာပဲ။

အပြင်သွားခါနီးမှ ဒါတွေကို ပုဂံပြားထဲ ပြောင်းပြီး တစ်ခုချင်းစီ ရွေးနေဖို့ ကျွန်တော့်မှာ အချိန်မရတော့။ ကျွန်တော့်မှာ လုပ်စရာ တစ်ခုပဲ ရှိတော့တယ်။ ဒီဘူးထဲကို နောက်ထပ် ပုရွက်ဆိတ် ထပ်မဝင်နိုင်အောင် လုပ်ဖို့။ ဒီလို ထပ်မဝင်နိုင်အောင် ဆိုတာကလည်း ဒီဘူးအဖုံးကို သေချာ ပိတ်လိုက်ရုံမှ လွဲ၍ တခြား မရှိတော့။

ဒါကြောင့် ဒီအတိုင်းပဲ ဘူးကို သေချာ ပိတ်ခဲ့ပြီး ကျွန်တော် မွေးနေ့ကို ထွက်လာတယ်။ ဘူးထဲမှာ နေရာက အကျယ်ကြီး ကျန်နေသေးတော့ ပုရွတ်ဆိတ်တွေလည်း မသေနိုင်။ အောက်ဆီဂျင်ကို လုံလောက်စွာ ရမှာပါ။ ကျွန်တော် ပြန်လာတော့မှ လုပ်တော့မယ်လို့ စဉ်းစားမိတယ်။


~ ~ ~ ~ ~ ~ ~ ~ @ @ @ ~ ~ ~ ~ ~ ~ ~ ~ ~


ကျွန်တော့်မှာ သူတို့ မွေးနေ့အိမ်ရောက်သွားမှ လက်ဆောင်က မဝယ်ရသေး။ ကလေးကလည်း ရက် ၁၀၀ သားသာ ပြောတာ ၅ လသားလောက်ရှိတယ်။ ပြီးတော့ ကျွန်တော်က ဒါတွေ မဝယ်တတ်။ ဒါကြောင့် ဒီအစ်မကိုပဲ မေးပြီးမှ ကလေးအတွက် သွားဝယ်ရတယ်။ မယုံ မရှိနဲ့ နှစ်နှစ်သားကလေး အကျိင်္ီလေးတွေ ဝယ်ခဲ့ရတယ်။ ဟုတ်ပါတယ် နောက်လည်း ကြီးလာမှာပဲလေ။ ဝယ်ပေးလိုက်တာ နှစ်ထည်။

ကလေးမွေးနေ့တွေမှာ ကျွန်တော် မပါမဖြစ်လက်ဆောင် ဝယ်ပေးနေကြ ပစ္စည်းက “ ကလေးအိမ်သာခွက်လေး ” ။ ဒါက ၄ နှစ်လောက်ထိ သုံးလို့ ရတယ်လေ။ တခြားဟာတွေက ခဏပဲ ကလေးကြီးလာရင် သုံးမရတော့။ ဒါလေးလည်း ဝယ်ပေးလိုက်သေးတယ်။ ( ကုန်ပါပြီတော်...ပိုက်ပိုက်တွေ ....:P )



သူတို့ဆီမှာ ဟက်ပီဘက်ဒေး ဘာညာ အော်ဟစ်ပြီး ဘူဖေး နှစ်ကြိမ် စားပစ်လိုက်တယ်။ နောက်တော့ လူကလည်း အိပ်ချင်။ လည်ချောင်းယားနေရတဲ့ အထဲ သွားသောက်မိတဲ့ ဖာလူဒါကလည်း ချောင်းတွေဆိုးနဲ့မို့ ပြန်တော့မယ် လို့ နှုတ်ဆက်ပြီး ပြန်လာခဲ့တယ်။ အခန်းရောက်တော့ လူက ပြိုင်းကာ အိပ်ငိုက်ပြီး မျက်လုံးတောင်မှ မဖွင့်ချင်တော့ ။ အဝတ်အစားလေးလဲပြီး အိပ်တော့မယ် ဆိုကာမှ မနက်က ပုစွန်ခြောက်ဘူးလေးကို သွားသတိရတယ်။

ပုရွက်ဆိတ်တတ်နေလို့ အရင်နေရာကနေ နောက်တစ်နေရာကို ပြောင်းထားတာ မဟုတ်လား။ ဒါနဲ့ လုပ်တော့ မလုပ်နိုင်သေးပဲ ဘာရယ် မဟုတ် ထကြည့်လိုက်တော့။ မှေးနေတဲ့ မျက်လုံးတွေ ကျယ်ကုန်တယ်။ မိုက်ခရိုဝေ့ ဘူးလေးထဲမှာ ပုစွန်ခြောက်တွေနဲ့ ပုရွက်ဆိတ်တွေ ရောနေတာ အခုတော့ ဒီလို မဟုတ်တော့ဘူး။

သူတို့အင်အားနဲ့ မတွန်းလှန်နိုင်ဘူး ၊ သူတို့ပါးစပ်လေးနဲ့ မကိုက်ဖြတ်နိုင်ဘူး။ ဒါပေမဲ့ သူတို့မှာ လုပ်လို့ရတာက ဘာလဲ ထွက်ပေါက်ကို သူတို့ ရှာလို့ ရတယ်။ ဒါကြောင့် သူတို့ အခု ပိတ်မိနေတယ် ဆိုတာကို သိတာနဲ့ တပြိုင်နက် သူတို့ ပထမ လိုချင်မှု ဆိုသော အစာ ကို ထားခဲ့ပြီး အသက်ရှင် လွှတ်မြောက်ရေးကို ပထမဦးစားပေး ထားလိုက်ကာ ဘူးနှုတ်ခမ်းသားနားမှာ သူတို့ စုပြုံတိုး နေကြတယ်။

သူတို့လို အကောင် သေးသေးလေးအတွက် အထဲက အောက်ဆီဂျင်က အခု လတ်တလော အတွက်တော့ အသက်ရှင်ဖို့ လုံလောက်ပါလိမ့်မယ်။ သို့သော် ရေရှည်အတွက် ဘယ်သူမှ အာမခံ မခံပေးနိုင်။ ဒါကို သူတို့ကလည်း သိတယ်။ ဒီအချိန်မှာ အသက်ရှင်နေသေးတာပဲ ဆိုပြီး သူတို့ ပုစွန်ခြောက်ကိုပဲ မဲပြီး စားနေမိတယ် ဆိုရင် နောင်တစ်ချိန် ဘူးထဲမှာ အောက်ဆီဂျင်ပြတ်ပြီ ဆိုသော အခါမှ သူတို့ ထွက်ဖို့ လမ်းစရှာမယ် ဆိုရင် နောက်ကျခဲ့ပါပြီ။




အခုတော့ ကျွန်တော် တော်တော် အံ့သြမိတယ်။ ဘယ်သူမဆို ပုရွက်ဆိတ်တတ်တယ် ဆိုရင် ချက်ချင်းကို ဖယ်ရှားမိကြမှာပါ။ ဒီတော့ ကျွန်တော်လို အဖြစ်အပျက် မကြုံရဖူးဘူးဟု ထင်မိတယ်။ အခုတော့ မထင်မှတ်သော အနေအထားအရ ကျွန်တော် တွေ့လိုက်ရတာ။ သိခွင့်ရလိုက်တာ။

အခုတော့ ပုရွက်ဆိတ်တွေ အကုန်လုံး တစ်ကောင်မှ ပုစွန်ခြောက်ပေါ်မှာ ရှိမနေကြ။ သူတို့ အားလုံး ထွက်ပေါက်အတွက် ဘူးနှုတ်ခမ်းနားမှာသာ ဝိုင်းဝန်း စုပြုံတိုးဝှေ့နေကြတယ်။ သူတို့ရဲ့ တတ်နိုင်သော အင်အားကုန် စုထုတ်ပြီး ဘူးနှုတ်ခမ်းသားကို ကိုက်နေကြတယ် ၊ ဖဲ့နေကြတယ်။

ဒီမှာ ကျွန်တော့်အတွက် ခေါင်းထဲမှာ လက်ခနဲ တစ်ခု ဖြစ်လာတယ်။ တကယ်လို့ သူတို့ကို ပုစွန်ခြောက်နဲ့ အတူတူ ဖြစ်အောင် ပြန်ရော လိုက်ရင်ရော သူတို့ ဘယ်လို နေမလဲလို့။ ဒါကြောင့် ဘူးနှုတ်လမ်းနားမှာ ကပ်နေတဲ့ ဒီအကောင်လေးတွေကို ကျွန်တော် ဘူးအပြင်ကနေ လက်နဲ့ ဘူးကို တောက်ချလိုက်ပြီး ခေါက်ချလိုက်တယ်။ ပုရွက်ဆိတ်တွေ အားလုံး ဘူးထဲမှာ ပုစွန်ခြောက်တွေနဲ့ ပြန်ရောသွားတယ်။

ပုစွန်ခြောက်ဘူးထဲကို အခုမှ ကျလာတဲ့ ပုရွက်ဆိတ် တစ်ကောင်ဆိုရင် သူ ပျော်နေရှာမှာ ငါ စားစရာတွေ တွေ့ပြီ ဆိုပြီး ၊ အခုတော့ ကျသွားတဲ့ ပုရွက်ဆိတ်တွေ အားလုံး ပုစွန်ခြောက် အကောင်တွေပေါ်ကနေ ချက်ချင်း ဘူးနှုတ်ခမ်းသားက အဖုံးနေရာမှာ ပြန်လာတိုးနေကြတယ်။ ချက်ချင်း ဆိုသလိုပါပဲ။ ကျွန်တော် အံ့သြ မင်တတ်သွားမိတယ်။

ဒါနဲ့ ကျွန်တော် ချက်ချင်း ဘူးကို ဖွင့်လိုက်ပြီး ဘူးအဖုံးမှာ တိုးနေတဲ့ သူတို့ကို အပြင်ကို ခေါက်ပြီး ခါချလိုက်တယ်။ တချို့တစ်ဝက်ကလည်း ဘူးထဲက ပုစွန်ခြောက်ထဲကို ပြန်ကျသွားတယ်။ ဒီတော့ ကျွန်တော် ဘူးအဖုံးလေးကို ပြန်ပိတ်လိုက်တယ်။ သူတို့ ချက်ချင်း ဘူးအဖုံးနားကို ပြန်တတ်ပြီး တိုးနေကြတယ်။ ကျွန်တော် ဖွင့်ပြီး ခါထုတ်လိုက်ပြန်တယ်။

ဒီလို လေးကြိမ်လည်း လုပ်ပြီးရော ကျွန်တော့်ပုစွန်ခြောက်ဘူးလေး ထဲမှာ ပုရွက်ဆိတ် တစ်ကောင်မှ မရှိတော့ပါ။ ကျွန်တော် အံ့သြငြိမ်သက်စွာ စဉ်းစားမိတယ်။ ငါ အခု တွေ့ရှိချက်က ပုရွက်ဆိတ်ရောနေတဲ့ အရာမှာ ပုရွက်ဆိတ်ကို အလွယ်တကူ ဖယ်ပစ်တဲ့ နည်းပါလား ဆိုပြီး ကျွန်တော် ပုစွန်ခြောက်ဘူးလေးကို သိမ်းပြီး အိပ်လိုက်တယ်။

~ ~ ~ ~ ~ ~ ~ ~ @ @ @ ~ ~ ~ ~ ~ ~ ~ ~


အခု အိပ်ယာက နိုးတော့ ကျွန်တော် စိတ်ထဲ တစ်မျိုး ထပ်ဖြစ်ပြီး ပုစွန်ခြောက်ဘူးလေးကို ယူကြည့်လိုက်တယ်။ ဘူးလေးထဲမှာ ပုစွန်ခြောက်လေးတွေက ကွေးကွေးလေးတွေနဲ့ ငြိမ်သက်လို့ ပုရွက်ဆိတ်ဆိုပြီးလည်း တစ်ကောင်မှ မရှိ။ ဘူးထဲမှာလည်း မရှိ ၊ ဘူးနှုတ်ခမ်းမှာလည်း မရှိ။ အထဲက ပုစွန်ခြောက်အကောင်တွေ ကြားထဲမှာလည်း မရှိ။ ဘူးလေးကို ကြည့်နေရင်း ခဏကြာတော့ ကျွန်တော် ခေါင်းထဲမှာ အတွေးတစ်ချက် ရောက်လာခဲ့တယ်။

ငါတို့ကရော. . . .၊ ငါတို့ လူသားတွေကရော . . .၊ ဒီပုရွက်ဆိတ်လောက်တောင်မှ အမျှော်အမြင်ရှိရဲ့လား။ ငါတို့လိုချင်တာ ဖြစ်ချင်တာတွေကို လိုက်ရှာရင်းနဲ့ ထွက်ပေါက်မရှိတဲ့ ဘောင်တစ်ခုမှ ပိတ်မိနေတယ် ဆိုတာကို သတိမှ ပြုမိရဲ့လား။ နောက်ဆုံး အောက်ဆီဂျင်ပြတ် အသက်ငတ်နေတော့မှ ကမူးရှူးထိုး ထွက်ပေါက်ကို လိုက်ရှာနေမိလား။

လောကမှာ ဘာက အရေးအကြီးဆုံးလဲ။ ပုရွက်ဆိတ်တစ်ကောင် အတွက်ကတော့ အသက်ရှင် ရပ်တည်ရေးက အရေးအကြီးဆုံး ဆိုတာကို သူက သူလာရှာတဲ့ အစာ ပုစွန်ခြောက်တွေကို စွန့်လွှတ်ပြီး ထွက်ပေါက်ရှာပုံဖြင့် သက်သေပြသွားတယ်။

ကျွန်တော်တို့ လူတွေ အတွက်ကျတော့ အသက်ရှင်ရပ်တည်မှု ဆိုတာ မရှိမဖြစ် လိုအပ်ပေမဲ့ လူဆိုတာမှာ ပိုပြီး ပြည့်စုံစေဖို့ “ ကိုယ့်ကျင့်တရား ” က ပိုပြီး အရေးကြီး မနေဘူးလား။

ဂုဏ် ၊ ဥစ္စာ ၊ အာဏာ ၊ ပညာ ၊ အသုံးအဆောင် စတာတွေကို ပြည့်စုံ ကြွယ်ဝစေဖို့ ကျွန်တော်တို့ ဘယ်လောက်များ ကိုယ့်ထွက်ပေါက် ကိုယ်မဲ့အောင် ကိုယ်ကျင့်တရား တွေကို အဆုံးရှုံးခံပြီး လိုက်ခဲ့မိပြီလဲ။ နောက်တော့မှ အောက်ဆီဂျင်ပြတ် အသက်ရပ်တော့မယ် ဆိုတော့မှ ငါတော့ ကိုယ်ကျင့်တရားတွေ ဆုံးရှုံးခဲ့ပါလား ဆိုပြီး ထွက်ပေါက်မဲ့ ဖြစ်ကြရတော့မလား။

ဒီလို အချိန်မှာ ကိုယ်အရင်က ပိုက်တွယ် ရှာဖွေထားတဲ့ ဂုဏ် ၊ ဥစ္စာ ၊ အာဏာ ၊ ပညာ ၊ အသုံးအဆောင် တွေက ဘူးထဲမှာ လှောင်ပိတ်ခံထားရတဲ့ ပုရွက်ဆိတ်လို ဒါတွေကို ဖက်တွယ်ရင်း သေဆုံးကြရမှာပဲ မဟုတ်လား။ ဒါဆို ကျွန်တော်တို့ ဘာကြောင့် ကိုယ့်အတ္တကို အခြေခံပြီး “ ကိုယ်ကျင့်တရား ” တွေကို အဆုံးရှုံးခံနေရတော့မှာလဲ။

လောကမှာ လူသာ သေတယ် နာမည်မသေဘူး ဆိုတဲ့ လူတိုင်းဟာ “ ကိုယ်ကျင့်တရား ” ကတော့ မြင့်မားကြပါတယ်။ ဒါကြောင့်မို့ သူတို့ကို “ လူ ၊ လူ့ ၊ လူး ” ထဲက “ လူ ” လို့ ခေါ်ကြတာပါပဲ။ လူမှန်ရင် ဘာမှ မချွန်ရင်နေပါစေ ကိုယ်ကျင့်တရားလေးတော့ ချွန်ထားဖို့ လိုပါတယ်။ ဒါမှလည်း ထွက်ပေါက်မဲ့တဲ့ အဖြစ်မျိုး မကြုံရတော့ဘူးပေါ့။

* * * ထွက်ပေါက်မဲ့သော ဘဝများမှ ကင်းလွတ်ကြပါစေ။ * * *

လေးစားစွာဖြင့်
ကိုဇော်

.


Share/Bookmark