မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


21 February 2010

1 ကိုယ်ကရော အပြစ်ကင်းရဲ့လား


တစ်ခါက ...

ရွာတစ်ရွာမှာ ကွမ်းအရမ်းစားတဲ့ သူကြိး တစ်ယောက် ရှိတယ်.။ သူ ကွမ်းစားပုံက လွန်လွန်းတယ် လို့ ပြောလို့ရတယ်.။ မနက် မိုးလင်းလို့ သွားတိုက်တဲ့ အချိန်ပဲ ကွမ်းကို ထွေးပြီး သွားတိုက်သတဲ့.။ ကျန်တဲ့ အချိန်တွေကတော့ သူ့ပါးစပ်ထဲမှာ ကွမ်းအမြဲတမ်း ငုံထားတယ် ဆိုပဲ.။ ထမင်းစားရင်တောင်မှ သူက ကွမ်းကို မထွေးဘူး.။ ပါးစောင်တစ်ဖက်မှာ ငုံထားလိုက်ပြီး ထမင်းစားတယ် ဆိုပဲ.။ အိပ်ရင်တောင်မှ ကွမ်းငုံပြီးမှ အိပ်လေ့ရှိတယ်.။ ဒါကြောင့် သူကြီးသာ ဖြစ်နေတာ ကွမ်းနဲ့ ပတ်သတ်ရင် သူ့ကို ဘယ်သူမှ ပြောလို့မရဘူး ဆိုပဲ..။

အဲ...သူတို့ ရွာမှာ အရက်သမားတစ်ယောက်ရှိတယ်.။ အရက်သမားကတော့ အများကြီး ရှိမှာပေါ့လေ.။ ဒါပေမဲ့ ..ဒီအရက်သမားကတော့ အလွန်ဆိုး ဆိုပဲ.။ မနက်မိုးလင်းကတည်းက မျက်နှာ မသစ်ဘူး.။ အရက်နဲ့ အရင် ပလုပ်ကျင်းတယ် ဆိုတာ ဒီလို လူလေ.။ မူးလာရင်လည်း ရမ်းသလား မမေးနဲ့။ သူ မူးလာရင် တစ်ရွာလုံးကိုလည်း ပတ်ရမ်းပြီး ဆဲနေတော့တာပဲ.။ ဒါကြောင့် သူမူးလာရင် လူတွေ အလုပ်ပျက်လို့ သူဆိုရင် အားလုံးက ရွံကြောက်ကြောက်ပြီး စိတ်ညစ်နေကြတယ်.။

တစ်နေ့တော့ ဒီအရက်သမားက အလွန်မူးပြီး ရွာထဲမှာ မူးပြီး သောင်းကျန်းနေတယ် ဆိုပဲ.။ ရွာသားတွေလည်း ပြောလို့မရတဲ့ အဆုံး ရွာသူကြီး ဆီ သွားတိုင်ကြတယ်.။ ဒီတော့ ရွာသူကြီးက သူ့ဆီကို ဒီအမူးသမားကို ခေါ်ခဲ့လို့ အမိန့်ထုတ်လိုက်တယ်.။

သူကြီးခေါ်လို့သာ မဖြစ်မနေလာရတာ အမူးသမားက လာချင်တာ မဟုတ်ဘူး.။ ယိုင်ထိုးယိုင်ထိုးနဲ့ သူရောက်လာတယ်.။ သူကြီးရှေ့လည်း ရောက်ရော သူကြီးက ဘာမပြော ညာမပြောနဲ့ သူ့အိမ်မှာ ရှိနေတဲ့ ခွေးစားခွက် အင်တုံလေးကို ဆွဲယူလိုက်ပြီး အရက်သမားရဲ့ ခါးကြားမှာ ထိုးထားတဲ့ အရက်ပုလင်းလေးကို ဆွဲယူလိုက်တယ်.။ နောက်တော့ ခွေးစားခွက် အင်တုံလေးထဲကို မပြောမဆိုနဲ့ လောင်းထည့်လိုက်ပြီး သူ့ခွေးကို “ အို...အို..” ဆိုပြီး ခေါ်ပြီး ခွေးစားခွက်ကို တွန်းပေးလိုက်တယ်.။

အားလုံးလည်း သူကြီး ဘာလုပ်နေတာ ဆိုတာ သဘောမပေါက်ဘူးပေါ့..။ ဒါကြောင့် အားလုံး ဝိုင်းအုံပြီး ကြည့်နေကြတယ်.။ အခေါ်ခံရတဲ့ ခွေးကလည်း သူ့စားခွက် လေးထဲကို ငုံပြီး နမ်းလိုက်တယ်.။ နောက်တော့ အရက်နံ့လည်း ရရော ခွေးက တွန့်သွားပြီး နောက်ဆုတ်သွားတယ်..။ နောက်တော့ အဝေးကို နောက်ဆုတ် ထွက်သွားတယ်.။ ဒီတော့ သူကြီးက အရက်သမားကို ပြုံးကြည့်လိုက်ပြီး ...

“ တွေ့လား...မင်း အခု သောက်နေတဲ့ အရက်ဆိုတာ ခွေးကတောင်မှ မသောက်ဘူးကွ..။ သိပြီလား.။ မင်း....ပြောလို့လဲ မရဘူး..။ ခွေးတောင်မှ မသောက်တဲ့ ဒီအရက်ကို မင်းလည်း မသောက်သင့်တော့ဘူး.။”

သူကြီးက ဒီလို ပြောပြီး အရက်သမားကို ကြည့်လိုက်တော့ အရက်သမားက ဘာမှ ပြန်မပြောနိုင်ပဲ ငြိမ်သွားတယ်.။ ဒီတော့ သူကြီး အပါအဝင် ရွာသားတွေ အားလုံးလည်း သူကြီး ပညာပေးတာ ကောင်းလို့ အရက်သမားတော့ သဘောပေါက်လို့ ငြိမ်သွားပြီလို့ ထင်နေတာပေါ့လေ.။

ဒီအချိန်မှာ အရက်သမားက ငြိမ်နေရာကနေ တစ်ခု ပြောတယ်.

“ ဟုတ်ပါတယ်..သူကြီးမင်းခင်ဗျား..။ ကျွန်တော်သောက်နေတဲ့ အရက်ကို ခွေးကတောင်မှ မကြိုက်ပါ ၊ မသောက်ပါဘူး ခင်ဗျား..။ ဒါပေမဲ့ ဒီလိုပါပဲ...ခွေးက ကွမ်းကိုလည်း မကြိုက်ပါ ၊ မစားပါဘူး ခင်ဗျား..။ ”

လို့ ပြောပြီး ထွက်သွားသတဲ့..။ ဒီတော့ သူကြီး အပါအဝင် ရွာသားတွေ အားလုံးလည်း ဘာမှ မပြောနိုင်တော့ပဲ ကျန်ခဲ့သတဲ့..။

ဒီလိုပါပဲ..။

လူတွေမှာ ကိုယ်ကသာ သူများကို ပြောချင်ကြတာ......၊

ကိုယ်ကရော အပြစ်ကင်းရဲ့လား.................??????


ကိုဇော် ခံစားပုံဖော်သည်..။


http://zaw357.multiply.com/journal/item/675 မှာ 8.10.2009 က ရေးထားတာပါ။

.

Share/Bookmark

1 ယောက် ရဲ့ ထင်မြင်ချက်:

Anonymous said...

မှန်လိုက်တာရှင်..လူဆိုတဲ့ ပုထုဇဉ်တွေမှန်သမျှ အပြစ်နဲ့ ကင်းတဲ့သူရှိမယ်လို့ မထင်မိပါဘူးရှင့်။ စာရေးသူရေ....
may