မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


07 February 2010

2 ချောက်ကမ်းပါး



ချောက်ကမ်းပါး

ငါ့ရဲ့ အပေါ်မှာ..
အရောင်ညိုညိုနဲ့..
သစ်ပင်အိုအို တစ်ပင်ရှိတယ်...၊
သူ့ခါးက ခပ်ကိုင်းကိုင်းရယ်...။

ည......
လေပြေမှာ..
မိုးတွေ စွေလာရင်
ငါ့ခေါင်းကို တဝုန်းဝုန်းရိုက်တယ်...။

ငါ့အပေါ်ကနေ
ခပ်ဝေးဝေးကို ငေးရင်
ခပ်ဆွေးဆွေးလှတယ်လို့ ပြောကြတယ်..။
ငါကတော့ အပေါ်ကို မတတ်နိုင်ခဲ့...။

ချစ်သူရည်စားတွေ...
ငါ့..အပေါ်မှာ ....
ဟိုးအဝေးကိုငေး..
သူတို့ ဆွေးကြတယ်..။

ပျော်ပွဲစားထွက်တဲ့ မိသားစုတွေ..
ငါ့..အပေါ်မှာ ခဏနား..
အဝေးက ရှုခင်းကို ရှုစားကြတယ်..။

မူးရစ်ရမ်းကား ကားသမား
ငါ့ အပေါ်က ခုန်ဆင်း...
ဇာတ်လမ်းရှင်းသွားတယ်....။

စိတ်ဓါတ်ကျနေသူ တချို့
ငါ့..အပေါ်က သစ်ပင်မှာ ကြိုးဆွဲ ..
ဘဝကို အရှုံးပေးသွားတယ်..။

ငါဟာ...
ပျော်တတ်တယ်..၊

ကြည်နူးတတ်တယ်.၊
ဝမ်းနည်းတတ်တယ်..၊
ကြေကွဲတတ်တယ်.၊
ငါက မဖော်ပြတတ်သော...
ချောက်ကမ်းပါး တစ်ခုရယ်သာ...။ ။

ကိုဇော်


http://zaw357.multiply.com/journal/item/622 မှာ 11.9.2009 က ရေးထားတာပါ။

.
Share/Bookmark

2 ယောက် ရဲ့ ထင်မြင်ချက်:

အဆိပ်သင့်သူ said...

ကဗျာလေးဖတ်ရတာ ကောင်းတယ်ရှင်။
ကျွန်မက ကဗျာတွေချစ်တတ်သူပါ။
ကဗျာဆိုတာ ကျွန်မအတွက်တော့ အိပ်မက်ပါပဲ။
အိပ်မက်ဟာကဗျာလို့ပြောချင်တယ်။

အမည်မဲ့ said...

ချောက်ကမ်းပါးလေးရဲ့ မြိုသိပ်ခံစားမှုကို မြင်မိတယ်။
ဂွတ်တယ်..ကိုဇော်