မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


16 February 2010

2 ကဗျာထဲမှာ လျှို့ဝှက်ချက်ရှာ



ကျွန်တော် ငယ်ငယ်က ကဗျာလေး တစ်ပုဒ်ရေးဖူးတယ်.။ ဒီကဗျာလေး ဖြစ်လာတာကလည်း ထူးဆန်းတယ်ဗျ.။ အဲဒီနေ့က ကျွန်တော့် အဖေက ဆန့်ကျင့်ဘက်တွေ အကြောင်းပြောပြတယ်.။ ဒါနဲ့ ကျွန်တော်လည်း နားထောင်နေရင်း ဘာရယ် မဟုတ်ပါဘူး.။ ဒီကဗျာလေး ရေးဖြစ်သွားတာ ကလေးအရွယ် ဆိုတော့လည်း ကလေး အတွေးအရေးလေးတွေ နဲ့ပေါ့လေ.။ ကဗျာ နာမည်လေးကတော့ မြန်မာစကားလုံးတွေ ထဲမှာ ကျွန်တော် အကြိုက်ဆုံး စကားလုံးလေးနဲ့ပေါ့..။

ထာဝရ


ပိန်းရွက်ရေစို ၊ တမာချို

သမင် နဲ့ ကျား ရည်းစားထား

ဖားက မြွေကို ချစ်ရေးဆို

ကမ္ဘာမြေကြီး လက်ခုပ်တီး

အနောက်ဘက်နေထွက်

ကမ္ဘာပျက်မှ မုန်းမေ့မယ်ကွယ်..။ ။


မထင်မှတ်ပဲ နဲ့ ဒီကဗျာလေးက ကျောင်းက သူငယ်ချင်းတွေ တော်တော် များများကြားမှာ ပေါက်သွားတယ်.။ နောက်တော့...ကူးရင်း ကူးရင်း..ဘယ်သူရေးတယ် ဆိုတာတောင်မှ မသိတော့လောက်အောင် ပျံနှံ့သွားတယ်.။

ဒါပေမဲ့..ကဗျာထဲက စားသားတွေ တော်တော်များများ သဘောပေါက်လွယ်ပေမဲ့..“ ကမ္ဘာမြေကြီး လက်ခုပ်တီး ” ဆိုတဲ့ နေရာကို ဘယ်သူမှ သဘာ မပေါက်ကြဘူး.။ ကျွန်တော့်ကို ဘာမေးတော့လည်း ကျွန်တော်က မင်းတို့ စဉ်းစားကြလေ..လို့ ပြောလိုက်တယ်.။ ဒီလိုနဲ့ ဒီကဗျာလေးက ကျောင်းတော်တော် များများ ၊ ကျောင်းသားတွေ တော်တော်များများ ဆီကို ပျံနှံသွားပေမဲ့..“ ကမ္ဘာကြီး လက်ခုပ်တီး ” ဆိုတဲ့ နေရာကို ဘယ်သူမှ မဖော်နိုင်ခဲ့ဘူး..။

တကယ်တော့...ဒီလိုပါ..။ လက်ခုပ်သီး ဆိုတာ ကြားဖူးတယ် မဟုတ်လား.။ မြင်ဖူးရင် ပိုကောင်းတာပေါ့..။ လက်ခုပ်သီးဆိုတာ အလုံးကြီးလေ..၊ သူက နောက်မှ အလယ်ကနေ ကွဲပြီး သူ့အထဲက အသီးအဆံကို စားရတာလေ.။ ဒါဆိုရင် ဒီလက်ခုပ်သီးက အနောက်က အညှာက တွဲလျက်လေး ဆိုတော့ လက်ခုပ်တီးလို့ ရတယ်လေ.။ ဒီလိုပါပဲ ကမ္ဘာမြေကြီးလည်း အလယ်ကနေကွဲပြီး လက်ခုပ်တီးခဲ့မယ် ဆိုရင်လို့ ဆိုလိုခဲ့တာပါ.။

ဒါဟာ ဘယ်သူ့ကိုမှ မပြောပြခဲ့ဖူးတဲ့ ကျွန်တော်ကဗျာလေး တစ်ပုဒ်ရဲ့ လျှို့ဝှက်ချက်လေးပါ.။ ဒီလိုပါပဲ..ကျွန်တော့်ကဗျာလေးတွေမှာ တစ်ခါတစ်လေ မမြင်ရတဲ့ မြှပ်ကွက်လေးတွေ နဲ့ ကျွန်တော် ရေးတတ်တယ်.။ ဘာရယ် မဟုတ်ပါဘူး..အပျော်ရယ်ပါ.။

လွန်ခဲ့တဲ့ ၁၆ နှစ်လောက် ဘယ်သူ့ကိုမှ မပြောပြခဲ့တဲ့ ကဗျာလေး တစ်ပုဒ်ရဲ့ လျှို့ဝှက်ချက်လေးပါ..။


ခင်မင်စွာဖြင့်

ကိုဇော်



http://zaw357.multiply.com/journal/item/653
မှာ 27.9.2009 ကရေးထားတာပါ။

.
Share/Bookmark

2 ယောက် ရဲ့ ထင်မြင်ချက်:

Unknown said...

မိုက်တယ်ဗျ ၀င်ဖတ်သွားတယ်နော်

Unknown said...

ဝင်ဖတ်သွားတယ်နော်အကို