မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


08 February 2010

0 အခွင့်အရေး ဘယ်လောက်လိုပါသလဲ


တစ်ခါက...

အမေရိကန်နိုင်ငံ တင်နက်ဆီပြည်နယ် အနောက်ပိုင်းမြို့နယ်ကလေး တစ်မြို့မှာ လူငယ်လေး တစ်ယောက်ရှိသည်.။ သူ့ဘဝက တော်တော် ခက်ခဲ ကြမ်းတမ်းသည်.။ အကူအညီအထောက်အပံ့ကမရှိ.။ သူမှာ နည်းပါးလှတဲ့ သူငယ်ချင်းတွေထဲက အချစ်ဆုံး သူငယ်ချင်း ဂျင်မီအိမ်သို့ပင် သွားလည်ခွင့်မရ..။ ဂျင်မီက ဘာမှ မဖြစ်ပေမဲ့ ဂျင်မီ မိဘတွေက သူ့ကို အောက်တန်းစားလေး ၊ ပေါင်းသင်းရန် မကောင်းတဲ့ ကောင်လေး ၊ ကလေကချေကလေးဟု ယူဆသည်.။

သို့သော်..လူငယ်လေးက စိတ်ဓါတ်ကျ မသွား..။ အားလျှော့ မသွား..။ တစ်နေ့မှာ ငါ ထူးချွန် အောင်မြင် ကျော်ကြားရမည်ဟု သူခံယူထားသည်.။ ဘာလုပ်ရမည်...။ ဘယ်နေရာမှာ အောင်မြင်ရမည်တော့ သူလည်း သေချာ မသိသေး..။အောင်မြင် ကျော်ကြား ရမည်ဟူသော စိတ်ဓါတ်ကတော့ ရင်ထဲမှာ မပြတ် ကိန်းအောင်းနေတယ်.။

သူ့မှာ ဂစ်တာ အဟောင်းလေး တစ်လုံးရှိသည်.။ တီးတတ်ဖို့ ဆိုတာ ဝေးစွ..။ ကြိုးပင် သူမညှိတတ်..။ ဒါပေမဲ့...ကြိုးမညှိတတ်သော ဂစ်တာလေးကို သူ မြတ်နိုးစွာ နေစဉ် ခတ်နေလေ့ရှိသည်.။ ဂျင်မီမှာ အကိုဝမ်းကွဲ တစ်ယောက်ရှိသည်..။ အဆိုတော် လွန်ဇိုဂရင်း ...။ သူက ဂျင်မီတို့ အိမ်သို့ မကြာ မကြာ လာလည်လေ့ရှိသည်.။ လူငယ်လေးသည် ဂျင်မီ သို့ အိမ်သို့လည်း သွားရောက်ခွင့် မရှိ၍ အဆိုတော်ကြီး ဂျင်မီတို့ အိမ်ကို လာလည်ရင် သူက လမ်းကြားလေးမှ အပြန်ကို စောင့်ကာ အဆိုတော်ကြီးကို တွေ့ဆုံသည်.။

အဆိုတော်ကြီးကလည်း ကောင်လေးကို သနားသဖြင့် ကောင်လေးနဲ့ စကားစမြည်ပြောရင် ဂစ်တာ ကြိုးညှိနည်း ကို သင်ပေးသည်.။ နောက်..ကောင်လေး တီးခတ်တတ်အောင် ဂစ်တာ အခြေခံ သံစဉ် တချို့ကို သင်ပြပေးသည်.။ သူသင်ပေး သည်က တကယ်ကို များများစားစား မဟုတ်..။ ကောင်လေးကလည်း အဆိုတော်ကြီးဆီမှ အများကြီး ရဖို့ မျှော်လင့်မထားပါ.။ သူ့အတွက် လိုအပ်သည်မှာ မျှော်လင့်ချက်ဟူသော အခွင့်အရေး လမ်းစလေး တစ်ခုတစ်လေ ရဖို့သာ ဖြစ်သည်..။

ထိုကဲ့သို့ ငယ်စဉ်က အထောက်အကူ ကင်းမဲ့ ခဲ့သော လူငယ်ကလေးသည် နောင် နှစ်အနည်းငယ် ကြာသောအခါ အဲလ်ဗစ် ပရက်စလေ (Elvis Presley) ဟူသော နာမည်ဖြင့် အဆိုတော်ကြီး လွန်ဇိုးဂရင်း ပေးခဲ့သော အခွင့်အရေး သေးသေးလေး အကူအညီဖြင့် အမေရိကန် တစ်နိုင်ငံလုံး၏ မေတ္တာကို ခံယူနေရသု တစ်ဦး ဖြစ်နေခဲ့လေပြီ..။ အောင်မြင်ရေးအတွက် အခြေခံကောင်း တစ်ခု အဖြစ် အဆိုတော်ကြီး လွန်ဇိုးဂရင်း ပေးခဲ့သော အခြေခံလမ်းစ ကလေးကိုပင် ထိုက်ထိုက်တန်တန် အသုံးချကာ သူ့အတွက် အနုပညာ ကမ္ဘာ၌ ထိုက်တန်နေရာတစ်ခု ရယုသွားနိုင်ခဲ့လေသည်.။

ကျွန်တော်တို့၏ ကမ္ဘာမှာ ကျွန်တော်အမြဲကြားနေရတာကတော့ သူကတော့ အောင်မြင်မှာပေါ့.။ အထောက်အပံ့တွေ ကောင်းနေတာကိုး ၊ ငါ့မှာကျတော့ ဘယ်သူကမှ ဘာမှ မထောက်ပံ့ကြတာကိုး ဆိုသော စကားသံများသာ ကြားနေခဲ့ရသည်..။ ဘဝတစ်ခု အောင်မြင်ဖို့ အခွင့်အရေးတွေ ဘယ်လောက်လိုသည် ဟု သင်ထင်ပါသလဲ.။ အဲလ်ဗစ် ပရက်စလေ (Elvis Presley) သည်.နည်းပါးလှစွာသော အခွင့်အရေးဖြင့််ပင် ဒီကမ္ဘာမှာ သူ့အတွက် နေရာ တစ်နေရာ ရယူသွားနိုင်သည် မဟုတ်ပါလား.။


Arthur Lynch Williams All You Can Do Is All You Can Do..But All You Can Do Is Enough ထဲမှ အပိုင်းအစ တစ်ခုကို ကိုဇော် ထပ်ဆင့်ခံစားသည်..။


http://zaw357.multiply.com/journal/item/630
မှာ 14.9.2009 ကရေးထားတာပါ။


.
Share/Bookmark

0 ယောက် ရဲ့ ထင်မြင်ချက်:

Related Posts Plugin for WordPress, Blogger...

ဧည့်သည်များ

သွားသွားလာလာ
hidden hit counter




free counters

6.8.2010 မှ စ ကလိသည်။

.