မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


10 February 2010

0 ပထမအကြိမ် ဘိုးဘွားထောက်ပံ့မှု မှတ်တမ်း

အဘိုးသိန်း-အဘွားစန်း

အသင်း၏ ပထမဆုံးထောက်ပံ့ရေးနှင့် စောင့်ရှောက်ရေး အဖြစ် ဖေဖေါ်ဝါရီ(၇)ရက်နေ့ ညနေပိုင်း ဆွေးနွေးပွဲအပြီးတွင် သွားရောက်ထောက်ပံ့ ပေးဖြစ်ခဲ့ပါသည်။ ဗပာန်းမြို့နယ်၊ ဗိုလ်စိန်မှန်ရပ်ကွက်ရှိ အဖိုးဦးသိန်း နှင့် အဘွားဒေါ်စန်း တို့အား မဗေဒါရောင် ဦးဆောင်ပြီး အသင်းသူ၊ အသင်းသားအချို့ သွားရောက်၍ ထောက်ပံ့ရေး ကုသိုလ်ငွေအဖြစ် ငွေကျပ်နှစ်သောင်းအား ပေးအပ်ကုသိုလ် ယူကန်တော့ ဖြစ်ခဲ့ပါတယ်။

အဘိုး ဦးသိန်းသည် လေဖြတ်ထားသည်မှာ တစ်နှစ်ကျော်ခန့်ရှိပြီပာု သိရသည်။ နေ့ နှင့် ည မှားအိပ်နေတတ်ပြီး ကျွန်တော်တို့ အဖွဲ့ရောက်သွားချိန်မှာတော့ ပလက်ကုလားထိုင်ပေါ်တွင် အဖိုး အိပ်ပျော်နေပါသည်။ သားသမီး အရင်းအခြာ တစ်ဦးမှ မကျန်ရစ်တော့ပဲ အဖိုး၏တပည့် တပန်းများ၏ လစဉ်ထောက်ပံ့ပေးနေသော ဆန်နှင့် နေ့စဉ် ပို့ပေးနေသော ပာင်းတစ်ခွက်ဖြစ်သာ ရပ်တည်နေရရှာပါသည်။

အဖိုးသည် တစ်ချိန်က မက္ကနစ်တစ်ဦးပာု သိရသည်။ အဖိုး၏ ဝေရာဝစ္စမှန်သမျှကို အဘွားဒေါ်စန်း တစ်ဦးတည်းသာ ဒိုင်ခံလုပ်ပေးနေရပါသည်။ အဘိုးနှင့် အဘွားတို့မှာ တောင်ဝှေးနှင့် ဘိုးသူတော် ပမာ ဖြစ်လို့နေပါတယ်။ တောင်ဝှေးလဲတော့ ဘိုးသူတော် ထူပေးနိုင်ပေမယ့် ဘိုးသူတော် လဲသွားသော် တောင်ဝှေးထူပေးနိုင်မှာ မပာုတ်ပါဘူး။

လက်ရှိ အခြေအနေတွင် အဘွား တစ်ယောက် ကျန်းကျန်းမာမာ ရှိနေသဖြင့် တော်သေးနေခြင်း ဖြစ်ပါသည်။ အဘိုးမှာအသက် (၉၁)နှစ်ကျော် ရှိနေပါပြီ။ မျက်စိဘယ်ဘက် ခွဲစိတ်ထားပြီး၊ ညာမျက်စိလည်း သိပ်မကောင်းတော့ပါ။ နားလည်း မကောင်းတော့ကြောင်း သိရသည်။ ဆေးကုသပေးလို့လဲ လက်မခံပဲ၊ အသက်ကြီးရင့်လာသည့် အတွက် စိတ်ဆိုး၊ ဒေါသထွက်လွယ်သည်။ တစ်ခါတရံ သူငယ်ပြန်သကဲ့သို့ ဖြစ်နေသည်။

အကြော်စုံကို ကြိုက် နှစ်သက်တတ်ပြီး ၊ လမ်းလျောက်နိုင်လျှင် တရွေ့ရွေ့နဲ့ လဖက်ရည် သွားသောက်တတ်ကြောင်း သိရသည်။ အဘွားဒေါ်စန်းမှာ အသက်(၆၅)ကျော်ပြီ ဖြစ်သော်လည်း လက်ရှိအချိန်ထိ ကျန်းမာလျက်ရှိသည်။ သို့သော် ညဘက် အဖိုးမအိပ်သော်ကြောင့် အဘွားလည်းအိပ်မရ၊ နေ့ခင်းဘက်ကြတော့လည်း အိမ်အလုပ်ဗာရီရ လုပ်ရင်းဖြစ်သာ အချိန်ကုန်နေတတ်သောကြောင့် အဘွား၏ ကျန်းမာရေးကိုလည်း စိုးရိမ်မိပါသေးသည်။

အဘိုးတို့ အဘွားတို့ စားချင်ရာစား၊ လှူချင်ရာလှူဖို့ပါ ဆိုပြီး ထောက်ပံ့ကုသိုလ်ငွေကို ကန်တော့ ပေးအပ်လိုက်ချိန်တွင် အဘွားတစ်ယောက် မျက်ရည်တလည်လည်နှင့်၊ အသင်းသူအသင်းသားများ၏ ဖြူစင်သော ထောက်ပံ့ ကုသိုလ်ငွေသည် အိုကြီးအိုမဘိုး၊ ဘွားတွေအတွက် သံသရာ အထောက်ပံ့ကောင်း တစ်ခု ဖြစ်လာနေတော့မှာ မလွဲသေချာလျက် ရှိခဲ့ပါပြီ။




အဘိုး ဦးဆန်းဗပာာဒူး(ခေါ်)ဦးသန်း-အဘွားဒေါ်ကြည်

ရန်ကုန်တိုင်း၊ ဒလမြို့နယ် ကမာကသွယ်ရပ်ကွက် အတွင်းရှိအဘိုး ဦးဆန်းဗပာာဒူး(ခေါ်) ဦးသန်း (၈၉)နှစ်နှင့် အဘွားဒေါ်ကြည် (၈၅)နှစ်တို့ထံကိုတော့ ဖေဖေါ်ဝါရီလ (၉)ရက်နေ့တွင် Save The Aged အသင်းသူ၊ အသင်းသားများ ဖြစ်သောဗေဒါဇော်၊ စိမ်းလန်း၊ ဇင်ဇင်တို့ သွားရောက် ထောက်ပံ့လှူဒါန်း ဖြစ်ခဲ့ပါသည်။

အဘိုးနှင့် တွေ့ဆုံဖြစ်ခဲ့ပုံလေးကလည်း အနည်းငယ် ထူးခြားပါသည်။ အဘိုးသည် လစဉ်လ တိုင်း ရန်ကုန်ဘက်ကမ်းသို့ ကူးကာပင်စင်ရုံး၌ ပင်စင်လစာ ငွေကျပ်(၇၀၀)ကို လစဉ် ဒလဘက်မှ လာရောက်ထုတ်ယူနေကြ ဖြစ်သည်။ Save The Aged အသင်းသားတစ်ဦး၏ မိခင်သည် ၄င်းအဘိုးအို အားပင်စင်ရုံး၌ တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

ပင်စင်လာထုတ်သည့် အဘိုးသည် ကားစရိတ် မရှိသောကြောင့် နေအိမ်မှ နှစ်မှတ်တိုင် လမ်းလျောက်လာပြီး ဒလ သဘောင်္ဆိပ်မှ ရန်ကုန်ဘက်ကမ်းသို့ ကူးလာရသည်။ နှစ်မှတ်တိုင် ယဉ်စီးခမှာ (၁၀၀)ကျပ်သာ ဖြစ်သည်။ သဘောင်္စီးခမှာ (၂၀)ကျပ်ဖြစ်သည်။ သို့သော် အဘိုးသည် ယဉ်စီးခ မတတ်နိုင်၍ လစဉ် ထိုသို့ လမ်းလျောက်လာရကြောင်း သိရသော Save The Aged အသင်းသား ၏ မိခင်သည် ထိုနေ့မှာပင် ငွေကျပ်အနည်းငယ် လှူဒါန်းမှုပြုခဲ့ပြီး အဘိုးအိုနှင့် ပတ်သက်သော အချက်အလက်အချို့ကို Save The Aged အသင်းသို့ ဆက်သွယ်အကြောင်း ကြာလာခဲ့သည်။

ဒီလိုနဲ့ အဘိုး၊ အဘွားတို့နှင့် ဆက်သွယ်ထောက်ပံ့မှု စပေးဖြစ်ခဲ့တာပါ။ ဒီနေ့ ကျွန်တော်တို့ အဖွဲ့သူ၊ အဖွဲ့သားတွေ ရောက်ရှိသွားချိန်မှာတော့ အိမ်မှာအဖိုးရှိမနေခဲ့ပါဘူး။ တစ်ရပ်ကွက်လုံး ပတ်ပြီးမှ အိမ်ကို ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ရှိခဲ့တာပါ။ ခနော်နီ၊ ခနော်နဲ့ အိမ်လေးထဲမှာ အဘွားရယ်၊ အဘွားရဲ့ သားတစ်ဦး၊ သမီးတစ်ဦးရယ်ရှိပါတယ်။ သားနဲ့ သမီးမှာ နှစ်ဦးလုံးခြောက်ဆယ်ကျော် အိုစာနေတဲ့ အသက်ရွယ်တွေပါ။

အဘွားဒေါ်ကြည်သည် မြန်မာလူမျိုး ဖြစ်ပြီး၊ အဘိုးဦးသန်းမှာ ပိာန္ဒူလူမျိုးတစ်ဦးပာု သိရပါသည်။ ငယ်စဉ်က ရဲအုပ်တစ်ယောက် အဖြစ် အမှူထမ်း ဖူးခဲ့ပါသည်။ လွတ်လပ်ရေး ရပြီးကာစလောက်က ဖြစ်မယ် ထင်ပါသည်။ အသက် (၈၉)နှစ်သည့် တိုင်အောင် ဒိုးဒိုးဒေါက်ဒေါက်နဲ့ သွားလာနေဆဲပါ။

အိမ်မှာ အဘွားပဲ ရှိနေတော့ အဘွားနဲ့ပဲ နွေးထွေးစွာ စကားပြောဖြစ်ခဲ့ပါသည်။ ဆံပင်တစ်ခေါင်းလုံး ဖွေးဖွေးဖြူနေတဲ့ အဘွားပာာ ငယ်စဉ်က တော်တော်ချောလိမ့်မည်ပာု မှန်းဆ မိသည်။ ရယ်စရာအဖြစ် တွေးမိတာ အဘိုးက ရဲအုပ်ဆိုတော့ ဗိုလ်အောင်ဒင် ဇါတ်ထုတ် ထဲကလို အဘွားရဲ့ အချစ်ကို သေနတ်ထောက်ပြီးများ ယူခဲ့လေသလားလို့။

အဘွားမှာ ဝမ်းသာကြည်နူးစိတ် တို့ကြောင့် မျက်ရည်တွေနဲ့ လဲ့နေပါတယ်။ အဘွားသားတို့နဲ့ လိုက်မလားဆိုတော့ အဘွားက အားနာတယ်၊ အနာတွေ ပေါက်နေတော့ အားနာတယ်ရယ်လို့ ချစ်စဖွယ် ပြောခဲ့ပါတယ်။ ပာိုးအရင် ရက်တွေတုန်းက စိတ်ညစ်ပြီး ဘုရားလည်းမရှိခိုးဘူး၊ ဒီအတိုင်းနေနေတာ၊ ခုပြန်ရှိခိုးတာ ရက်နှစ်ဆယ်လောက်ရှိပြီ။ ကြည့်စမ်းသားတို့ ရောက်လာတယ်။အဘွားက တစ်ခါတလေ မောင်လေး ဆိုပြီးခေါ်ပါတယ်။ သူငယ်ပြန်ချင်နေတဲ့ သဘောပါ။

ကလေးတွေကို ချစ်တတ်ပြီး။ မြစ်တွေ နဲ့ ပျော်ပျော်နေချင်ပုံ ရပါတယ်။ မြစ်ပေါက်စလေးတွေ ကလည်း အဘွားနားကို မကပ်ချင်ကြပါဘူး။ အဘွားနေကောင်းလား ဆိုတော့ ဒူးတွေ သိပ်မကောင်းတော့ဘူးတဲ့။ တစ်ခါတလေ ထိုင်ပြီးရင် ပြန်မထနိုင်တော့ပါဘူး။ တွဲထူပေးမှပြန်ထ နိုင်ရှာပါတယ်။ အဖိုး ကလည်းအဲ့လိုပါပဲ ဒူးတွေမကောင်းတော့ပါဘူးတဲ့။အပြင်က ပြန်လာရင် အိမ်ပေါ်ကို လူတွဲမှ တက်လို့ရတာပါ။ ပြန်လာတိုင်းလည်း တခြား လူတွဲတာ မခံပါဘူး။ သူ့အကြည်တွဲမှ ပဲရတာပါ။


ဒေါ်ကြည်.. ပဲာ့... ဒေါ်ကြည် ဒီအဘွားကြီး ဘာလုပ်နေလဲ ဆိုပြီး ဗျစ်တောက်ဗျစ်တောက်နဲ့ ပြောဆိုပြီး အိမ်ပေါ်တက်လာရင် အဘွားလည်း မနေနိုင်ပါဘူး။ အမြဲပဲ ထထပြီး အဘိုးကို တွဲပြီး အိမ်ပေါ်တက်ခိုင်း ရပါတယ်။ အဘိုး၊အဘွား ရဲ့ ရိုးမြေကျ ကြင်နာမှုကိုလည်း မြင်ယောင်ပြီး ကြည်နူးမိပါတယ်။ နောက်တစ်ခါလာခဲ့ဦးနော်။ လာရင် ကြက်သားပာင်း ချက်ကျွေးမယ်ရယ် လို့ လဲတဖွဖွနဲ့မှာ ရှာနေပါတယ်။ အိမ်အပြန်လမ်းမှာ တော့........

ငါတို့လည်း တစ်နေ့အိုခဲ့ရင် ဒီလိုဒုက္ခဆိုတာ မလွဲမသွေပဲပေါ့ရယ်လို့ အတွေးကိုယ်စီနဲ့။


လေးစားစွာဖြင့်
ဗေဒါ

STA မှာ ဗေဒါဇော် ရေးသားသည့်အတိုင်း ကူးယူဖော်ပြပါသည်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ကုသိုလ်တစ်ခု၏ ဒိုင်ယာရီ

နံနက် အာရုဏ်တက်သည်နှင့် ၀တ္ထုထဲကလိုတော့ ကဗျာမဆန်လှငှက်လေးများ တေးသီသံလဲမကြားရ မနက်ခင်းလေ အထိအတွေ့ကလဲမအေးမြလှ မျက်စိနှစ်ဖက်ကို ပွတ်သတ်ပြီး အိပ်မှုန်စုံမွှားဖြင့် နိုးထရတော့သည် နာရီကို လှမ်းကြည့်တော့ ၇ှစ်နာရီထိုးပြီး ဖြစ်တော့သည်တမုံ့ ။

ဒီနေ့တော့ တာမွေဆီစက်ဝင်း၇ှိ အဘွား ဒေါ်စန်းမြအား သွားရောက်လှူဒါန်းရန် အလို့ငှာ ကျွန်တော်တို့ အဖွဲ့စုရပ်တွင်(၁၀)နာရီတိတိ ချိန်းဆိုထားသည် ဖြစ်လေရကာ အချိန်မှာ နှစ်နာရီပင် ပို၍နေပေတော့သည် လ္ဘက်ရည်သောက် အ၀တ်အစားလဲ လိုင်းကားတိုးစီး စသည့်အချိန်များ ပေါင်းထည့်ပြီးလျှင် စုရပ်ဖြစ်သော မြေနီကုန်းရှိ ကင်းလ္ဘက်ရည်ဆိုင်သို့ ရောက်လတ်သော် အချိန်တိကျလှစွာသော အနက်ရောင်မှာ ဆယ်နာရီထိုးအတိတွင် ပင်စက္ကန့်တံမှာ ဆယ့်နှစ်ဂဏန်းသို့ပင် ကွက်တိရောက်သောဟူ၏။

လ္ဘက်ရည်သောက်ရင်း စောင့်စားပြီးသည့် သကာလလွန်စွာမှပင် အချိန်တိကျကြကုန်သော ကျွန်တော့ညီအစ်ကို မောင်နှမများအားလုံး စုံစေ့သည့်အချိန်အထိ အနက်ရောင်မှာ တစ်နာရီနှင့် လေးဆယ့်ငါးမိနစ်တိတိသာ စောင့်ရသည် ဖြစ်သောကြောင့် အလွန်မှပင် ကျေးဇူးတင်မိပေ၏။

လူစုံသည့်နောက် တာမွေဆီစက်ဝင်းရှိ အဘွားဒေါ်စန်းမြအိမ်သို့ ချီတက်ကြတော့သည် တစ်မုံ့ အဘွားအိမ်ရောက်သော် အဘွားကမရှိ သီရိမင်္ဂလာဈေးသို့ သွားသည်ဆိုသဖြင့် လိုက်ခေါ်ရာ ကံကောင်းထောက်မစွာဖြင့် ကားဂိတ်တွင် တွေ့သောကြောင့် အဘွားအိမ်သို့ ပြန်လည်ခေါ်ခဲ့ရ၏၊

အဘွားမှာ မောနေသည့်ကြားမှ ကျွန်တော်တို့အား အအေးသောက်ရန် ပြောပါသေးသည်(သဒ္ဒါမူလ ကုသိုလ်မျှက ပီတိဝေဖြာရှိသည် သာတည့်) ရှိရှိမရှိရှိ သောက်ပါသားတို့ရယ် ဟူသောအဘွား၏ အသံကရင်ကို ရိုက်သည့်တေးတစ်ပုဒ်။

အဘွားအိမ် ချို့ချို့ငဲငဲ့ပေါ်သို့ တက်ကြရာ ကျွန်တော်တို့ လေးဦးသားမှာ နေရာမဆန့်သဖြင့် ကျွန်တော်အနက်ရောင်မှာ အပေါက်ဝတွင် သာထိုင်ရသော ဟူ၏။ အဘွားအိမ်မှာ ခနော်နီခနော်နဲ့ ကြမ်းခင်းနှင့် ၀ါးခြမ်းလေးများကို ကာပြီး ပီနံအိတ်များ ဖျာဟောင်းများ စသည်တို့ဖြင့် ကာထား၏။ အမိုးမှာ လဲပီနံအိတ်အဟောင်းများ တာလပတ်စ အဟောင်းများဖြင့်သာ မိုးထားသည်ဖြစ်ရာ "မိုးတွင်းဆိုရင် အဘွားလဲ မိုးလွတ်တဲ့ နေရာလေးမှာ ဟိုရွှေ့ဒီရွှေ့နဲ ထိုင်ရတာပါဘဲ ညဘက်တွေ လဲကောင်းကောင်း မအိပ်ရပါဘူး" အဘွားစကားသံဆုံးတော့ ရင်ထဲကျင်ခနဲ ဖြစ်မိသည်။

ငါတို့ကျတော့ မိုးအေးလျှင် စောင်လေးခြုံကွေးပြီ နှပ်နေလိုက်တာ အဘွားကတော့ ကျွန်တော်မျက်စိထဲမမြင် ကြည့်ရဲတော့.. တစ်ချိန်ချိန်တော့ အဘွားအိမ်ခေါင်မိုး မယိုအောင် ကျွန်တော်တို့ ကြိုးစားပါ့မယ် ရင်ထဲမှာ ကတိတွေ ပေးနေမိတယ် အလှူငွေ ပေးအပ်တော့ အဘွားမျက်ရည်တွေဝဲနေတယ်။ ဆုတွေ တစ်သီတစ်တန်း ပေးနေတဲ့အသံတွေရဲ့ နောက်မှာ ၀မ်းသာမှုကြောင့် အနိမ့်အမြင့်မညီမညာတွေ ဖြစ်လို့ အဘွားမှာ သားထောက်အမီးခံ မရှိတာကြောင့် ဈေးရောင်းစားရတဲ့ ဘ၀သားလေးတွေ ရှိတုန်းကတော့ အတူလုပ်ကိုင် စားရတော့ နဲနဲ ချောင်လည်သေးတယ်။ သားတွေ ဆုံးသွားတော့ အမေ့မှာ တစ်ယောက်တည်း ၀မ်းဝအောင် ရုန်းနေရတာလို့ ပြောပြရှာတယ်။ သွေးတက်လို့ ဈေးမထွက်နိုင်တဲ့ ရက်တွေမှာ အနီးနားက ဘုန်းကြီးကျောင်းက ဆွမ်းဟင်းအကျန်လေးတွေသွားတောင်းစားရတယ် သားရယ်တဲ့။

အဘွားခမျာ ခြေထောက်ကလဲ မကောင်းတော့ လမ်းကတော့ ကောင်းကောင်းမလျှောက်နိုင်ဘူးတဲ့။ ကုန်းဘောင်ညှပ်ထားလို့ ခြေထောက်က ဆန့်လိုက်ရင် လက်လေးလုံးလောက် လွတ်နေပါတယ်။ တစ်ခါလဲ ပြောင်းဖူးပြုတ်အိုးမှောက်ကျတော့ ရေနွေးပူလောင်ထားတာ ဆိုပြီး ဒဏ်ရာတွေကို ပြပါသေးတယ်။

အဘွားဈေးရောင်းဖို့ ရာအတွက် အနီးအပါးမှ အဒေါ်ကြီးတစ်ယောက်က ငွေထုတ်ပေးပြီး တစ်ရက်ငါးရာနှုန်းနဲ့ ပြန်ဆပ်ရပါတယ်တဲ့။ ဒါပေမယ့် စားသောက်ဖို့တောင် မလောက်ငှလို့ အဲ့အိမ်ကဘဲ တစ်ရက်ကို ထမင်းတစ်နပ်ဒါနပြုပါတယ် လို့အဲ့အဒေါ်ကြီးက ပြောပြပါတယ်။ ဘယ်လိုဘဲဖြစ်ဖြစ် အဘွားအတွက်ကုသိုလ်ယူနိုင်ခဲ့တဲ့ ဒီရက်ကိုတော့ ဒိုင်ယာရီထဲ ရေးမှတ်ထားလိုက်မိပါတော့တယ်။

အပြန်မှာတော့ မီးခြစ်စက်ထဲက အဘိုးဦးကြည်ဝင်းကို ၀င်ရောက်ကြည့်ရှူ လှူဒါန်းခဲ့ပါသေးတယ်။ အဲ့ဒါကိုတော့ အစောင့်ရှောက်မယ့် သက်ကြီးရွယ်အိုများ တွေ့ရှိက သတင်းပေးကြပါရန် ပန်ကြားခြင်းထဲမှာ ၀င်ရောက်ဖတ်ရှုနိုင်ရန်ပုံနှင့် တကွတင်ပြထားမှာ ဖြစ်ပါတယ်ခင်ဗျာ။






STA တွင် အနက်ရောင် ရေးသားသည့်အတိုင်း ကူးယူဖော်ပြပါသည်။

( သင် တစ်နေ့ အိုရမည်။ )


ကိုဇော်

.

Share/Bookmark

0 ယောက် ရဲ့ ထင်မြင်ချက်: