မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


18 February 2010

0 သြဇာ အာဏာ ရှိချင်သလား



ကျွန်တော် သူငယ်ချင်း တစ်ယောက်က ဟိုတစ်နေ့က ရင်ဖွင့် ငြီးပါတယ်။


သူ့မှာ သြဇာ မရှိဘူးတဲ့။ သူ့အိမ်မှာ သူက အဖေ ၊ အမေ ပြီးရင် အကြီးဆုံး ညီအကို မောင်နှမ ၅ ယောက်မှာ တတိယညီရဲ့ စကားကိုပဲ အားလုံးက လိုက်နာကြသလို ဖြစ်နေတယ် တဲ့။ သူပြောရင် အရာမရောက်ဘူး။ သူ့ညီ ပြောရင် အရာရောက်တယ် တဲ့။

အငယ်ဆုံး ညီမလေးကိုတောင်မှ သူပြောရင် မရချင်ဘူး။ တစ်ခါတစ်ခါ ပြန်ပြန်ပက်တယ်။ သူ့အောက်က ညီမ နဲ့ တခြား ညီတွေ ၊ ညီမတွေဆို ပြောမနေနဲ့တော့တဲ့.။ ကြာတော့ အကို အကြီးဆုံးဖြစ်ပြီး သူ့သြဇာ မပြီးလို့ သူရှက်လာတယ် ဆိုတဲ့ အကြောင်း ပြောရင်း နဲ့ သူ့သြဇာ ရှိချင်တယ်။ ဘယ်လို လုပ်ရမလဲ လို့ ကျွန်တော့်ကို မေးတယ်။ သူက ရပ်ကွက်ထဲက သာရေး ၊ နာရေးတွေမှာလည်း ဝင်ပြီး လုပ်ပါတယ်။ အိမ်မှာတောင်မှ သြဇာ မရှိတော့ ၊ အဲဒီလို နေရာတွေမှာလည်း သူ သြဇာ မရှိကြောင်း ပြောပါတယ်။ သူ အိမ်မှာရော ၊ ရပ်ကွက်ထဲ မှာပါ သြဇာ ရှိချင်ကြောင်း ကျွန်တော် ကို ပြောလာတယ်။

ဒီမှာ ကျွန်တော် လူတစ်ယောက်ကို သွားသတိရပါတယ်။

သူက မိသားစု ၁၀ ယောက် ၊ မောင်နှမ ၈ ယောက်မှာ သူက နံပါတ် ၅ ယောက်မြောက်ပါ။ ဒါပေမဲ့ သူက ဒီ စိသားစု ၁၀ ယောက်ထဲမှာ သြဇာ အရှိဆုံးပါပဲ။ ဘာလို့ သူက သြဇာ ရှိလဲ ဆိုတော့ မိဘကို ရိုသေလေးစား ချစ်ခင်တယ်။ ကျန်တဲ့ ကြီးကြီးငယ်ငယ် မောင်နှမတွေကို လည်း တည်ကြည်စွာ အနစ်နာခံတယ်။ မောင်နှမ တွေ ဆီကနေ သူက သာအောင် လုပ်လိုက်တယ် ဆိုတာ တစ်ခါမှ မရှိဘူး။ မောင်နှမတွေနဲ့ ပတ်သတ်ရင် သူက အမြဲ အနစ်နာခံတတ်တယ်။ ဒီတော့ မောင်နှမတွေ အားလုံးကလည်း သှူု့ကို ချစ်ခင်လေးစား ဆက်ဆံကြတယ်။

သူက ဘာပဲဖြစ်ဖြစ် ပျော်ပျော်ရွှင်ရွှင် နေတတ်တယ်။ ဒါပေမဲ့..ပြောစရာ စကားရှိလာရင် သေသေချာချာ တိတိကျကျ ပြတ်ပြတ်သားသား ပြောတတ်တယ်။ ဒီတော့ မောင်နှမ တွေကလည်း သူကို ရိုသေ လေးစားကြတယ်။ သူတို့ကို အနစ်နာခံ ချစ်သလို သူတို့ကလည်း ဒီအကို ၊ ညီကို လေးစားတော့ သူ့မှာ အလိုလို သြဇာ ရှိလာတာပါပဲ။ ဒီတော့ သူက မောင်နှမတွေ အပေါ်မှာတင် မဟုတ်ဘူး။ မိဘတွေ အပေါ်မှာလည်း ပြောသင့်ပြောထိုက်သော အရာမှာ သြဇာ ရှိတယ်။ နောက် သူတို့ ဆွေမျိုးတွေ ကြားထဲမှာလည်း သူ သြဇာ ရှိတယ်။ နောက်. . . သူတို့ ရပ်ကွက်ထဲမှာလည်း သူက သြဇာ ရှိတယ်။

သူ ဘာလို့ သြဇာ ရှိတာလဲ ဆိုတော့ သူ သြဇာ ရှိအောင်လို့ ရပ်ကွက်ထဲက သာရေး ၊ နာရေးတွေ လိုက်လုပ်နေတာ မဟုတ်ပါ။ သူများအပေါ်မှာ စိတ်ကောင်းထားပြီး အနစ်နာခံ ကူညီတယ်။ ဒီတော့ အားလုံးကလည်း သူ့ကို လေးစားပြီး သူက အလိုလို သြဇာ ရှိလာတာပါ။

အခုတော့ ကျွန်တော့် သူငယ်ချင်းက ဒီလို မဟုတ်ပါ။ အိမ်မှာလည်း သူက ဘာမဆို ဦးအောင်လုပ်ချင်တယ်။ ဥပမာ - အိမ်ကို သတင်းစာ ရောက်လာရင်တောင်မှ သူက အရင်ဦးဆုံး ဖတ်ချင်တယ်။ တစ်ခါတစ်လေ သူ ကျွန်တော်တို့နဲ့ လျှောက်သွားလို့ အိမ်ပြန်နောက်ကျတယ်။ ဒါကြောင့် သူ့အတွက် ချန်ထားတဲ့ ဟင်းက နည်းနေတယ် ဆိုရင် သူ မြည်တွန် တောက်တီးတယ်။ သူ့လုပ်ချင်တာကို သူများပဲ ခိုင်းတယ်။ အငယ်တွေက သူ့ကို အကူအညီတောင်းရင် သူ နေ့ရွေ့ ညရွေ့ လုပ်နေတယ်။ ဒီလို ကိုယ့်ဘက်က အနစ်နာ မခံ နိုင်တဲ့ သူတစ်ယောက် အပေါ်မှာ ပတ်ဝန်းကျင်ကလည်း ပြန်လည် မလေးစားတာ ဘာမှ တော့ မထူးပါဘူး။

ဒါပေမဲ့ . . . ဒါတွေ ကျွန်တော့် ကျွန်တော့် သူငယ်ချင်းရဲ့ ကိုယ်ပိုင် ကိုယ်ရေးကိုယ်တာ အကျင့်တွေကို တိုက်ရိုက် ဒါတွေ ပြင်ကွာ ဟု သွားပြောပိုင်ခွင့် မရှိပါ။ ဒါကြောင့် ကျွန်တော် သူ့ကို တစ်ခုပဲ ပြောလိုက်ပါတယ်။

“ ဒီမှာ သူငယ်ချင်း သြဇာ အာဏာ ရှိဖို့ ဆိုတာ . . . .သြဇာသီး စားလို့ မရဘူး။ သြဇာညွှန်ပြုတ်တို့ လို့ မရဘူး။ သြဇာမြစ်သွေးသောက်လို့ မရဘူး။ သြဇာသား သွေးလိမ်းလို့ မရဘူး။ တစ်ခုပဲလိုတယ်။ ဒါက ကိုယ်ကိုတိုင်က အရင် ဖြောင့်မတ် တည်ကြည်ဖို့တော့ လိုတယ်။ ”
 

လို့  . . .  ၊  သူ သဘောပေါက်ပါ့မလား။ ဒါပေမဲ့. . သု သဘောပေါက်မှာပါ။ အခုနေ သဘောမပေါက်သေးလို့ နောက်တစ်နေ့မှာ သဘောပေါက်ရင်လည်း သူ့အတွက် နောက်တော့ မကျပါ။ သူ မြန်မြန် သဘောပေါက်ရင်တော့ သူအတွက် အကောင်းဆုံး ပေါ့လေ။

လေးစားစွာဖြင့်
ကိုဇော်



http://zaw357.multiply.com/journal/item/662
မှာ 30.9.2009 က ရေးထားတာပါ။

.

Share/Bookmark

0 ယောက် ရဲ့ ထင်မြင်ချက်: