မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


15 February 2010

1 Lenovo ကုမ္ပဏီဆိုတာ



Lenovo Group Limited သည် ကမ္ဘာ့ PC ထုတ်လုပ်မှု နဲ့ စတုတ္ထမြောက် အကြီးဆုံးနဲ့ တရုတ်တိုင်ပေ ရဲ့ အကြီးဆုံး ကွန်ပျူတာ ကုမ္ပဏီ ဖြစ်ပါတယ်..။ အစဦးမှာ ကွန်ပျူတာ အရောင်းနဲ့ စခဲ့တာ ဖြစ်ပေမဲ့ နောက်ပိုင်းမှာ IBM အပါအဝင် နိုင်ငံခြား Brands များကို သွင်းယူပြီး ဈေးကွက်ကို ဝင်ရောက်ခဲ့ပါတယ်.။

၁၉၉၇ ခုနှစ်မှာ Lenovo သည် ကိုယ်ပိုင် PC ထုတ်လုပ်သူ ဖြစ်ခဲ့ကာ ၁၉၉၇ ခုနှစ်မှာ တရုတ်နိုင်ငံ ကွန်ပျူတာဈေးကွက်ကို ဦးဆောင်သူ ဖြစ်လာခဲ့ပါတယ်.။ ၂၀၀၄ ခုနှစ်မှာ လူက်ငန်းချဲ့ထွင်ဖို့ IBm ရဲ့ PC ထုတ်လုပ်မှု အပိုင်းကို ဒေါ်လာ ၁.၂၅ ဘီလီယံ နဲ့ ဝယ်ယူလိုက်ပါတယ်.။ ၄င်းသည် Lenovo ရဲ့ ကြီးမားသော အလှည့်အပြောင်း ဖြစ်ပါတယ်.။

IBM ရဲ့ ThinkPad အမှတ်တံဆိပ် ကွန်ပျူတာ များ နာမည်ရနေချိန်မှာ Lenovo က လွဲပြောင်းယူလိုက်လို့ မြန်မြန်ဆန်ဆန် လူသိများစေခဲ့တာပါ ။ Lenovo ကလွဲပြောင်း ယူလိုက်ခြင်းသည် IBm ရဲ့ နည်းပညာများကိုပါ ရခဲ့သလို နည်းပညာသစ် များ ၊ ဒီဇိုင်းသစ်များကိုလည်း ဖော်ဆောင်ထုတ်လုပ်နေပါတယ်။ Lenovo သည် ဘေဂျင်း မြို့မှာပင်မရုံးခန်း အခြေစိုက်ပြီး အမေရိကန် မြောက်ကာရိုလိုင်းနားပြည်နယ် မောရစ်ဗီးလ် မှာလည်း ဖွင့်ထားပ်ါတယ်.။ ဟောင်ကောင်မှာလည်း ရုံးခွဲတည်ရှိပါတယ်.။

Lenovo မှ Desktop , Laptop , Servers ခရီးဆောင် ကွန်ပျူတာ ၊ မိုဗိုင်းလ်ဖုန်းနဲ့ ဆက်စပ် အရံပစ္စည်းများကို ထုတ်လုပ်နေပါတယ်.။ သတင်း အချက်အလက် နဲ့ အိုင်တီ ဝန်ဆောင်မှု လုပ်ငန်းကိုလည်း ဆောင်ရွက်ပါတယ်.။

သူ့ရဲ့ Website ကတော့ www.lenovo.com ပဲ ဖြစ်ပါတယ်..။


source; Computer Journal



http://zaw357.multiply.com/journal/item/648 မှာ 24.9.2009 ကရေးထားတာပါ။

.

Share/Bookmark

1 ယောက် ရဲ့ ထင်မြင်ချက်:

Flower said...

တရုတ်တစ်ပြည်လုံးကတော့ Lenovo မှ Lenovo ပါဗျား
ဘယ်နေရာကြည့်ကြည့် သူ့မျက်နှာကြီးဘဲ
နံမည်လဲကြီးပါတယ်..ဈေးလဲကောင်းပါတယ်
ခက်တာက မြန်မာပြည်ရောင်းဖို့ကျ အညံ့စားတွေထုတ်တယ်...
ဝယ်တဲ့သူတွေကလဲ quality ကိုမကြည့်
price ကိုဘဲ ကြည့်နေတော့
ခက်ပါ၏.. ခက်ပါ၏...