မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


03 February 2010

3 လေကဗျာ

လေကဗျာ

ငါ့ရဲ့နဂို စိတ်ကိုက

လေ နဲ့ ဝမ်းနဲ့ မကွဲဘူး..

နေညိုလာရင်

လေပြိုလာပြီး

ငါ..လေကဗျာတွေ ရေးတယ်...။

ကိုယ်ထုတ်တဲ့လေ...

ကိုယ့်ဖာသာကိုယ်

မွှေးတယ် ထင်ရင်..

ကိုယ့်ဖာသာကိုယ်

ဗူးထဲထည့်ပြီး ရှူကြည့်ပါလား...။

ကိုယ့်ရဲ့...အရွယ်ကလည်း

လေတိုက်တိုင်း ရင်ခုန်တတ်တဲ့ အရွယ်လို့

လေလုံးထွားပြီး မပြောချင်ဘူး..။

လေညာအရပ်က အချစ်သီချင်းဆိုရင်း

လေပြေထဲမှာ လမ်းလျောက်တာ

လေဟာနယ်ထဲ ရောက်နေသလို

ကိုယ်ဖာသာ ခံစားမိသေးရဲ့......။

ဒါပေမဲ့....ထားလိုက်ပါလေ....

လေချဉ်တတ်တာဟာ

လေထိုး ၊ကျွတ်ဖာဆိုင်သွားရအောင်

လေလျော့သွားတာမှ မဟုတ်တာ...

လေသေနတ်ပစ်တယ်ဆိုတာ..

လေက ကျည်ဆံမဟုတ်ပဲ

ခဲတောင့်ထည့်ပစ်ရတော့...

တအံ့တသြ ဖြစ်ဖူးသေးတယ်.....။

သူများတွေက

လေချိုတယ် ပြောလို့

ကိုယ်မြည်းကြည့်တာ...

အရသာ မရှိဘူး......။

လေနီကြမ်း ၊ လေဖျော့ဖျော့ ဆိုလို့

ကြည့်တော့လည်း

သူတို့ အရောင်ကို

ကိုယ်လေ မမြင်ရဘူး...။

လေညွှန်တံ ကိုကြည့်မိတော့..

လေကို ညွှန်ပြနေတာလား...

လေက ညွှန်ကြားနေတာလား...

မသဲကွဲ...

ဖြစ်နိုင်ရင်...

လေ ဒီဘက်က တိုက်တာကို

ပြတဲ့ အတံ မို့လို

လေတိုက်ပြတံ လို့ ပြောင်းချင်တယ်..။

ရေဖျဉ်း ဆွဲတာ...ဒါဆိုရင်

လေဖျဉ်း ဆွဲတာဆိုရင်..

အင်း...နေပါစေတော့.....။

ဘတ်စ်ကား အဖုံးမှာ...

ဆီ ၊ ရေ ၊ လေ ၊ ဝိုင် ကိုကြည့်ပြီး

လေ အတွက် ဂုဏ်ယူမိသေးတယ်....။

လေ အကြောင်းကို တွေး...

လေ အကြောင်းကို ရေး...

လေ အကြောင်းပြောရင်...

လေတွေသာ ကုန်သွားမယ်..

လေ အကြောင်းပြောလို့ ကုန်မှာ မဟုတ်ဘူး...။

ဘာပဲ ပြောပြော...

လေဝင်..လေထွက်....

လေ အသက်ရှူနေတိုင်း...

လေကို သတိရနေမှာပါ....။



ကိုဇော်




ကျွန်တော် ငယ်ငယ်က ရေးမိခဲ့တဲ့ ကဗျာလေးတစ်ပုဒ်ပါ....။
ပြန်သတိရလို့ ရေးလိုက်တာပါ....။


http://zaw357.multiply.com/journal/item/481/481 မှာ 12.7.2009 ကရေးထားတာပါ။

.

Share/Bookmark

3 ယောက် ရဲ့ ထင်မြင်ချက်:

Flower said...

လေပေါတော့မှာပေါ့..
လေမျိုး ၈၀ လျှက်ဆား စားတာကိုး.. လေပုတ်ထုတ်ဆေးကလဲ သောက်သေး.. လေကွဲ ဆေးဆိုလဲ စားလိုက်တာဘဲကိုး ဖြစ်တော့မှာပေါ့.. အချိန်မီ လေသလပ်ခံလိုက်ရင် လေမဖြတ်ဘဲကောင်းသွားပါလိမ့်မယ် ဒါကြောင့်ပြောတယ် ..လေမပေါပါနဲ့လို့..ခုတော့ လေကြောမှာ မျောသွားပြီ.. တော်ပြီ လေကုန်တယ် မပြောတော့ဘူး.လေယာဉ်စီးပြီး လေထဲမှာ ပျံဝဲနေတာဘဲကောင်းတယ်..

အဆိပ်သင့်သူ said...

အော်.လေတွေများလိုက်တာ။
ကောင်းပါ့ရှင်။
ဒီလိုကဗျာကိုရသ ကဗျာလို့ခေါ်မလားရှင်။

အမည်မဲ့ said...

အော် ကိုဇော်
လေဒက်ဖနေးရှင်းပေါ့နော့။:P