မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


17 February 2010

2 တစ်လုံးချိုင် နဲ့ ကျွတ်ကျွတ်အိတ်


ကျွန်တော့်ဘဝရဲ့ ရင်အခုန်ဆုံး အချိန်တွေကို ပြောပါ ဆိုရင် ကိုယ့်အဆောင်မှာ PT ဝင်ဝင်ချင်း နာမည်စာရင်းခေါ်တဲ့ ၁၅ မိနစ်အချိန်အတော်အတွင်းကိုလည်း မေ့ထားလို့ မရပါဘူး.။ ဘာလို့လည်း ဆိုရင် ဒီပြင်အချိန်တွေမှာ ကျွန်တော့်ကို အတန်းထဲက နေရာမှာ ဖမ်းလို့မှ မရတာ.။ PT အချိန်ကတော့ မရှိမဖြစ် ရှိရမယ်လေ.။ အမှတ်ရမှာကိုး.။

ဒီ PT ဝင်ခါစ ၁၅ မိနစ်မှာ ဘာလို့ ရင်ခုန်ရတာလဲ ဆိုရင် ဒီအချိန်မှာ PT လာတဲ့ သုတွေကို နာမည် နဲ့ ကျောင်းဝင်နံပါတ်နဲ့ စစ်တယ်လေ.။ ဒီအချိန်မှာ မှတ်ချက်တစ်ခုခုနဲ့ အဆူမခံရရင် ဒီနေ့အဖို့တော့ ကျွန်တော့်အတွက် သာသာယာယာရှိနေပါပြီ.။ ဒါပေမဲ့...ကျွန်တော့်ကို ကျွန်တော့်တို့ အဆောင် ရူပဗေဒ ပါမောက္ခကတော့ ခဏခဏ ခေါ်ခေါ်တွေ့ရတယ်ဗျ.....ဟီး...ချောလို့ထင်ပါတယ်.။

ဒီနေ့ PT ဝင်တော့လည်း နာမည်စာရင်းတွေ ခေါ်တော့ ကျွန်တော် ရင်ခုန်နေတာပေါ့လေ.။ တော်ပါသေးရဲ့..ဘာမှ မပါလို့..ဆိုပြီး နာမည်စာရင်းတွေ ကောက်အပြီး ဆရာမ စာရွက်ပြန်သိမ်းတော့ ပျော်နေတုန်း နောက်ဆက်တွဲ စာရွက်လေးကို ဆရာမက ကြည့်ပြီး..မောင်ဇော်.... ကျောင်းဝင်အမှတ် -------- ဆိုပြီး ခေါ်လိုက်တယ်.။ ဟာ..လုပ်ပြီ..။

“ ဟုတ်..ဆရာမ ..။ ကျွန်တော်ပါ.။ ”

ဆရာမက ကျွန်တော့်ကို တစ်ချက်လှမ်းကြည့်ပြီး ( နှစ်ချက်ကြည့်စရာလည်း မလိုဘူးလေ.။ အမြဲမှတ်မိနေတာကို..။)

“ မင်းကို ဆရာကြီးက တွေ့ချင်နေတယ်.။ PT ပြီးရင် သွားလိုက်ဦး.။ ”

“ ဟုတ်ကဲ့ပါ..ဆရာမ..။ ”

ကျွန်တော်လည်း နည်းနည်းတော့ တင်းသွားတယ်.။ PT မှာလည်း သိပ် စိတ်မဝင်စားတော့ဘူး.။ ငါ့ပဲ ခေါ်နေတာပဲပေါ့လေ.။ PT ပြီးတော့ သူငယ်ချင်းတွေကလည်း ကျွန်တော့်ကို ဘာလို့ခေါ်တာလဲ တဲ့ မေးတယ်.။ ကျွန်တော်လည်း မသိဘူးလေ.။ ကျွန်တော်ပြောတဲ့ မသိဘူးလေမှာ အဓိပ္ပါယ်က တစ်မျိုးပါ.။

အပြစ်မရှိဘူးလို့ ပြောတာ မဟုတ်ဘုူးနော်.။ ကျွန်တော်ကို ဘာအပြစ်နဲ့ခေါ်မှန်းကို မသိတာ..။ PT ကထွက်တော့ ကျွန်တော် ဆရာကြီးဆီ သွားတယ်.။ အဲ..ဆရာကြီး ဆိုတာ တက္ကသိုလ်မှာတော့ “ ပါမောက္ခ ” ပေါ့ဗျာ..။ ဆရာကြီး ရုံးခန်းထဲ ဆရာကြီးကို ခွင့်တောင်းပြီး လှမ်းဝင်လိုက်တော့ ကျွန်တော့် ဆရာကြီးနဲ့ အတူ ပြဿနာကိုပါ တွေ့လိုက်ရတယ်.။

ခက်ပြီ..။ မနေ့က ကျွန်တော်နောက်လိုက်တဲ့ ကောင်မလေး.။ ဟီး.ဘာရယ် မဟုတ်ပါဘူးဗျာ.။ သူငယ်ချင်းတွေက ပြောကြတယ်. ကျွန်တော့်ကို မင်း အဲဒီကောင်မလေးကို စကားလိုက်ပြောရဲလားတဲ့.။ ကျွန်တော်လည်း သူ့ကို မတွေ့ဖုးပါ.။ ဒါပေမဲ့ သူက လှတပတလေးပါ.။ ကျွန်တော်ကတော့ စိတ်မှ မဝင်စားတာ ဟိုကောင်တွေနဲ့ လောင်းလိုက်လို့ စကားလိုက်ပြောကြည့်တာ.။ ဟဲ..မာနလေးဗျ..သူ့နား ကျွန်တော်ရောက်သွားတော့ သူက “ နင့်လို ကောင်မျိုးကို မစဉ်းစားဘူး ” တဲ့.။

အင်..ကျွန်တော် နင်သွားတယ်.။ သူ့ကို ကျွန်တော်ဘာမှတောင်မှ မပြောရသေးဘူးလေ.။ ကျွန်တော်ဘာပြောမယ် ဆိုတာကို သူက သိနေတာ ကျနေတာပဲ.။ ကျွန်တော်က စကားလိုက်ပြောတယ် ဖြစ်အောင်ပဲ သူနဲ့ ဟိုပြောဒီပြောနဲ့ ဟိုကောင်တွေကို အနိုင်ယူမလို အခုတော့ သူပြောလိုက်တာ ကျွန်တော် နင်သွားတယ်.။ ဒီတော့..

“ ဟ..ငါ ဘာပြောမှာ နင်သိလို့လား.။ ”

“ သိတယ်..နင်လို လူမျိုးကို မစဉ်းစားဘူး.။ ”

“ ဟာ...နင်က အသလွတ်ပါလား..။ နင်က ငါ့ကို မစဉ်းစားဘူး ပြောရအောင် နင် ငါ့ကို သိလို့လား.။ ”

“ သိတယ်.။ နင်က ရုပဆောင်က ကျောက်ကျောကောင်...။”

“ ဟာ...။”

သူနဲ့တွေ့မှပဲ ကျွန်တော် တဟာဟာ ဖြစ်နေတော့တာပဲဗျာ.။

“ အော် ...နင်က ငါ့ကို သိနေတာကိုး..။ ထားပါတော့လေ.။ ဒါပေမဲ့..ငါ အခုပြောမဲ့ စကားတော့ နင် မသိပါဘူး..။ ငါ ပြောရဲတယ်.။ ”

“ အောင်မာ ...ဘာလို့ မသိရမှာလဲ..။ နင်လို့ မျက်ခွက်ပြောင် ၊ ပေါက်ကရ ပြောတဲ့ ကောင်ရဲ့ ဆီက စကားကလည်း ဘယ်လိုလုပ် အကောင်းဖြစ်မလဲ..တစ်လုံးချိုင့်ရဲ့..။ ”

“ အမ်...ဘာ...ဘာတစ်လုံးချိုင့်လဲ..။ ”

“ ဟုတ်တယ်လေ..။ နင်က အဆင့်မရှိတဲ့ကောင် တစ်လုံးချိုင့်ကောင်..။”

ဟာဗျာ...။ အသားလွတ်ကြီးကို ဖဲ့နေတာပဲဗျာ.။ သူ့လည်း ကျွန်တော် ဘာမှ မပြောရသေးဘူး.။ ကျွန်တော်ကလည်း ဘာမှ မပြောပါဘူး.။ အလကား နောက်မှာပါ.။ အခုတော့ သူ့ကို တကယ် ရည်းစားစကားလာပြောတယ် ထင်နေတယ် ထင်တယ်.။ ကျွန်တော်လည်းတင်းသွားတယ်.။ ဒါနဲ့ပဲ..။

“ အေးပါ ..ဟုတ်ပါပြီ.။ ငါက တစ်လုံးချိုင့်ပါ..။ ထားလိုက်ပါတော့ ..။ အဆင့်မရှိတဲ့ကောင် တစ်လုံးချိုင့်ပေါ့.။ ငါက တစ်လုံးချိုင့်ဆိုရင် နင်က ကျွတ်ကျွတ်အိတ်လေ..။ တစ်လုံးချိုင့်က သုံးပီးရင် ဆေးကြောပြီး ပြန်သုံးလို့ ရသေးတယ်.။ နင်က ကျွတ်ကျွတ်အိတ် သုံးပြီးရင် လွှင့်ပစ်ရုံပဲလေ.။ ဆေးလိုတောင်မှ မရဘူး.။”

ဟီး...ကျွန်တော်လည်း တင်းသွားလို့ ဒီလို ပြောပြီး လှည့်ပြန်လာတာ.။ ခက်တာက သူ့က ကျွန်တော့်ကို သိနေတော့ အဆောင်ကို လာတိုင်တော့တာပေါ့ဗျာ.။ အခု...ဆရာကြီးရှေ့မှာ သူက ဒေါသတွေ နဲ့ ပြောနေတုန်း.။ ဆရာကြီးက ကျွန်တော့်ကို ကြည့်ပြီး..

“ မင်း...ဒီလို ပြောမိလား..။ ”

ဆရာကြီးကလည်း ခဏခဏ သူနဲ့ လာတွေ့နေရတော့ ကျွန်တော့်ကို တော်တော် မှတ်မိနေတာပါ.။ ကျွန်တော်လည်း ခေါင်းပဲ ငြိမ့်ပြလိုက်တယ်.။ ဒီတော့ ဆရာကြီးက ဒေါသအိုး လှတပတလေးဘက်ကို လှည့်ပြီး ပြောတယ်.။

“ကဲ...သမီး..။ အခုတော့ ဒေါသတွေ လျှော့ပြီး အခန်းပြန်တော့ သမီး .။ ဆရာကြီး ဒီကောင်ကို မှတ်လောက်အောင်ကို ဆုံးမလိုက်ပါ့မယ်.။ နောက်တစ်ခါ ဒါမျိုး မဖြစ်အောင်...။”

ဒီတော့...သူက ကျွန်တော့်ကို မျက်စောင်းလှမ်းထိုးပြီး ထွက်သွားတယ်.။ ကျွန်တော်လည်း မျက်စောင်းပြန်မထိုးတော့ပါဘူးလေ.အရှေ့မှာ ဆရာကြီး ရှိနေတယ်.။ သူထွက်သွားပြီး ခဏနေတော့ ဆရာကြီးက .........

“ မင်းကွာ...ကြံကြံဖန်ဖန် ပြောတတ်တယ်..ဟားဟားဟား။ ”

ဆရာကြီး ဒီလို ရယ်လိုက်တော့..ကျွန်တော်တောင်မှ ကြောင်သွားတယ်။ ပြီးတော့ နည်းနည်းလည်း ကြောက်သွားတယ်.။ အရင်အကြိမ်တွေက ဆို ဆရာကြီး မျက်နှာထား တည်နေတော့ ကြောက်ချင်ယောင် ဆောင်နေရတာလေ ...၊ တကယ်က ကြောက်တာ မဟုတ်ဘူး.။ အခုတော့...တကယ်ကြောက်တာ..။ ကြောက်ကြောက်နဲ့ပဲ မေးရတယ်..။

“ ဗျာ....။ ဘာလို့လဲ ဆရာကြီး..။ ”

“ မဟုတ်ပါဘူးကွာ..။ ဒီနေ့ ဆရာကြီး ဇနီးကတောင်မှ ဆရာကြီးကို ထမင်းချိုင့်ထည့်ပေးရင်း.ပြောလိုက်သေတးယ်.။ ထမင်းကိုတော့ ဒီလိုပဲ ထည့်ပေးလိုက်တယ်.။ ဟင်းကတော့ အဆီတွေ ဖိတ်ကုန်မှာ စိုးလို့ ကျွတ်ကျွတ်အိတ်နဲ့ ထုတ်ပေးလိုက်တယ်.။ စားခါနီးကျရင် ချိုင့်ထဲ ပြောင်းထည့်ပြီး ကျွတ်ကျွတ်အိတ်ကို လွှင့်ပစ်လိုက်လို့ ပြောလိုက်သေးတယ်.။ အခုတော့ ထမင်းပြောတာနဲ့ ထပ်တူ ဖြစ်နေလို့..။ ဒါပေမဲ့...။”

ဆရာကြီးက မျက်နှာတည်ပြီး ပြောတယ်.။ ဟဲဟဲ...ဒီလို မျက်နှာတည်ရင်တော့ ကျွန်တော်မကြောက်ပါ.။ ဒါပေမဲ့...မျက်နှာပိုးသပ်ပြီး..

“ ဟုတ်ကဲ့ ဆရာကြီး ပြောပါ..။ ”

ဒီတော့မှာ ဆရာကြီးက ဆက်ပြောတယ်..။

“ မင်းပြောတာကတော့ အမှန်ပဲပေါ့ကွာ.။ ဒါပေမဲ့.. မိန်းကလေး တစ်ယောက်ကို ဒီလိုပြောတာကတော့ မကောင်းဘူးပေါ့ကွာ..။ ဒါကြောင့်..မင်း နောက် ဒီလို မပြောပါဘူးလို့တော့ လက်မှတ်ထိုးသွားရမယ်..။ ”

ဆိုပြီး ကျွန်တော့်ရဲ့ လက်မှတ် လှလှလေးကို ဆရာကြီးက သိမ်းထားလိုက်တယ်လေ.။ ဟုတ်ကဲ့ပါ ဆရာကြီး ...။ ကျွန်တော် နောက်မလုပ်တော့ ပါဘူး.။ နောက်တစ်ခါ ဒါမျိုးလုပ်ရင် ဘယ်ပျော်စရာကောင်းတော့မလဲဗျာ..။ မဟုတ်ဘူးလား..။ နောက်တစ်ခါ နောက်တစ်မျိုးပေါ့လေ.။ ကျွန်တော်ကလည်း ဒီလိုပဲ....။


လေးစားစွာဖြင့်
ကိုဇော်



http://zaw357.multiply.com/journal/item/658 မှာ 28.9.2009 က ရေးထားတာပါ။

.

Share/Bookmark

2 ယောက် ရဲ့ ထင်မြင်ချက်:

~ဏီလင်းညို~ said...

ကိုဇော်ရေ....
နောက်တစ်ခါ..နောက်တစ်မျိုးလုပ်မယ်ဆိုတာချည်းပဲလား.....း)
ခင်မင်တဲ့
ဏီလင်းညို

Yaw Mang said...

Hahahahahaa.....

Kyite tal pyo......

Dar ma Ko Zaw kwa!!!!!!