မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


17 February 2010

2 တူလေးတစ်ကောင် အကြောင်း


ကျွန်တော့်မှာ တူလေး တစ်ကောင်ရှိပါတယ်.။ အဲ..တစ်ယောက်လို့ မပြောပဲ တစ်ကောင်လို့ ပြောရတဲ့အကြောင်းကလည်း ရှိပါသေးတယ်.။ မျောက်ရှုံးအောင် ဆော့တဲ့ကောင် ဒါကြောင့် တူလေး တစ်ကောင်လို့ပဲ ပြောလိုက်ပါတယ်.။ သူက ကျွန်တော့်အကိုဝမ်းကွဲရဲ့ သားဆိုတော့ ကျွန်တော့်တူ ဝမ်းကွဲပေါ့..။ ဒီကောင်ကလည်း အကြောက ခပ်တင်းတင်းဗျ..။ ဒါပေမဲ့ တစ်ဆွေလုံး တစ်မျိုးလုံးမှာ ရုပ်အချောဆုံး ကျွန်တော့်ကိုပဲ ကြောက်တယ်...ဟီး.။ ကျန်တာ ဘယ်သုမှ ပြောလို့ရတာ မဟုတ်ဘူး..။

အဲ..တစ်နေ့ ကျောင်းကနေ ကျောင်းအုပ်ဆရာကြီး ဦးကျားမောင် ကိုယ်တိုင်ရဲ့ လက်မှတ်နဲ့ “ မောင်ပြည့်စုံကျော် ၏ ပညာရေးအတွက် ဆွေးနွေးရန် ” ဆိုပြီး ခေါင်းစဉ်တပ်ထားတဲ့ ဖိတ်ခေါ်စာကို တွေ့ရတယ်.။ ကျွန်တော်လည်း ဒီဖိတ်ခေါ်စာကို ဖတ်ပြီးတော့ တော်တော်အံ့သြသွားတယ်.။ ကျွန်တော့်တူက ကျွန်တော်ကိုယ်တိုင် စာပြပေးလို့ အတန်းထဲမှာရော ၊ ကျောင်းမှာပါ ပထမပါ.။

ဒီလောက့် စာတော်တာကို ဗျာ.။ သူ့ကို ကြည့်လိုက်တော့ သူကတော့ ဘာမှ မသိသလို မျက်နှာနဲ့..။ ဒီတော့ သူ့အဖေ နဲ့ အမေကလည်း ကျွန်တော့်ကိုပဲ သွားခိုင်းလို့ ကျွန်တော်ပဲ ဆရာကြီးနဲ့ တွေ့ရဖို့ သူ့ကျောင်းကို သွားခဲ့ပါတယ်.။

ကျွန်တော့် သူ့ကျောင်းကို ရောက်ပြီး ကျောင်းအုပ်ဆရာကြီးနဲ့ တွေ့တော့...ဆရာကြီးက ကျွန်တော့်ကို အံ့သြသလို လှမ်းကြည့်တယ်.။ ဒီတော့ ကျွန်တော်က..

ဆရာကြီး...။ ကျွန်တော့်က မောင်ပြည့်စုံကျော်ရဲ့ မိဘတော့ မဟုတ်ပါဘူး.။ သူ့ကို ကျောင်းစာ အပါအဝင် ၊ အရာရာသင်ပေးနေတဲ့ သူ့ဦးလေးပါ.။ သူနဲ့ ပတ်သတ်ပြီး ဆွေးနွေးဖို့ ဆိုလို့ သူ့မိဘတွေ မအားလို့ ကျွန်တော် လာတာပါ ဆရာကြီး..။ ”

ဒီတော့မှာ ဆရာကြီးဦးကျားမောင်က မခံချိ မခံသာ ခံစားနေရတဲ့ မျက်နှာနဲ့...

“ ဟုတ်ပါတယ်..။ မောင်ရင်ရယ်. ။ မင်း တူလေးက ပညာရေးမှာ ထုးချွန်ပါတယ်.။ အတန်းထဲမှာလည်း အမြဲတမ်း ပထမပါပဲ..။ ဒါပေမဲ့..သူ ပြီးခဲ့တဲ့ လက အတန်းတွင်း စာမေးပွဲမှာ သူဖြေထားတာတွေက မေးတာတွေ အတွက် ဆရာမတွေ သင်ပေးထားတဲ့ အဖြေနဲ့ တော်တော်များများ လွဲပြီးဖြေထားတယ်.။

မှားပြီး ဖြေတာလား..။ ဒါမှ မဟုတ်.. တမင်ဖြေတာလား.။ ဆရာကြီးလည်း ဘယ်လိုပြောရမှန်း မသိလို့ အုပ်ထိန်းသူတွေကို ခေါ်ပြီး ပြောချင်လို့ ဆရာကြီး ခေါ်လိုက်တာပါ.။ ”

ပြီးတော့ ဆရာကြီးက ဘေးမှာ ရှိတဲ့ ဖိုင်တွဲတစ်ခုကြားက တစ်ရွက်လေး တစ်ရွက်ကို ထုတ်ပြီး ကျွန်တော့်ကို လှမ်းပေးတယ်.။ ကျွန်တော် ယူဖတ်ကြည့် လိုက်တော့ စာကြောင်းတွေမှာ ကွက်လပ်လေးတွေနဲ့ မေးထားတာလေ..။ ဒီမှာ လိုတာတွေ ထပ်ထည့်ပြီး ဖြေရမှာ အဲဒီလို ပုံစံမျိုးတွေ.။ ဥပမာ - ညအခါ---------- ဆိုရင် ---------- နေရာမှာ လသာသာ ပေါ့ဗျာ..။ ဒီလို.........။

ကျွန်တော်ဖတ်ကြည့်လိုက်တော့ ..............မေးထားတာတွေက အများကြီးပေါ့လေ.။ ဒီမှာ မင်နီကြီးနဲ့ ဝိုင်းထားတဲ့ နေရာလေးတွေက အမေးလေးတွေက ဒီလို...။

၁။ မိဘဆရာ ---------------

၂။ မာတာပီတု -------------


၃။ ကျားကြီး ----------------


အဲဒီမေးခွန်းလေး ( ၃ ) ကို ကျွန်တော့်တူ ဒီကောင်က ဘယ်လို ဖြေထားလည်း ကြည့်လိုက်တော့..ကျွန်တော် ဆရာကြီး ပြောသလိုပါပဲ ကျွန်တော်လည်း မျက်လုံးပြူးသွားတယ် ။ ပထမ မေးခွန်းကို သူက...

၁။ မိဘဆရာ သေပါ..။

ဟာ....ဒါ....ဒါ...ကျန်ခဲ့တာလား..။ တကယ်က ရိုသေပါ ဖြစ်ရမှာလေ...။ ဒီကောင်တော့လား..။ ဒါနဲ့ နောက်အဖြေကို ဆက်ဖတ်ကြည့်လိုက်တော့..။

၂။ မာတာပီတု ဘူးနဲ့ ထု ။

လုပ်ချလိုက်ပြန်ပြီ.။ တကယ်အမှန်က မာတာပီတု အလုပ်အကျွေးပြု လေ.။ ဒါတော့ ကျွန်တော် ခန့်မှန်း မိလိုက်တယ်.။ ဟိုတစ်နေ့က သူ့အမေက သူ့ကို ပြောလို့ မရလို့ ဆိုပြီး အနီးမှာ ရှိတဲ့ ပလတ်စတစ်ဘူးလေး နဲ့ ခေါင်းကိုထုလိုက်တာလေ.။ ဒါကို ရေးထားတာ ဖြစ်မယ်.။ နောက်ဆုံးအဖြေကိုတော့ ဆရာကြီးက အသည်းအနာဆုံးဖြစ်မယ် ထင်တယ်.။ အဖြေမှန်က ကျားကြီး ခြေရာကြီး မဟုတ်လား..။ ဒါကို သူဖြေထားတာက ကြည့်ဦး..။

၃။ ကျားကြီး ဆရာကြီး .......တဲ့လေ.။ .

ဆရာကြီးကတော့ ရင်နာနေမှာပဲ..ဟုတ်တယ်လေ..။ ဆရာကြီး နာမည်က “ ဦးကျားမောင် ” လေ ။ ကျွန်တော်ထင်တယ်.။ ဒီကောင်ကြီးလာရင် သေချာတယ် ကျွန်တော့်ခြေရာ နင်းမဲ့ကောင်..ဟီး ။ အခုတော့ ကျွန်တော့တူလေး အသက် ၁၃ နှစ် ၈ တန်းရောက်နေပြီ..တဲ့.။

လေးစားစွာဖြင့်
ကိုဇော်


http://zaw357.multiply.com/journal/item/657
မှာ 28.9.2009 ကရေးထားတာပါ။

.

Share/Bookmark

2 ယောက် ရဲ့ ထင်မြင်ချက်:

Anonymous said...

အ၇မ်း၇ီ၇တယ်အိမ်ကတူလေးတွေကိုလွမ်းလို့ငိုချင်သလိုလည်းဖြစ်သွားတယ်

Yaw Mang said...

hahahaha...

Dar lae kyite tal....:):)

I was exactly like that except that i didn't have an uncle like you. But i was an uncle like that!!!