မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


14 February 2010

0 စိတ်ဖိစီးမှု ဆိုတာ ဘာလဲ



စိတ်ဖိစီးမှု ဆိုတဲ့ စကားလုံး ကြားလိုက်တာနဲ့ လူ တော်တော် များများ လန့်သွားတတ်ကြပါတယ်.။ ဘာလို့လဲ ဆိုတော့ ကိုယ်နားမလည်သော ၊ မကျွမ်းကျင်သော ကိစ္စ ဖြစ်နေလို့ပါ.။ စိတ်ဖိစီးမှုကို ဘယ်လို စမ်းသပ်နိုင်သလဲ..။ စိတ်ဖိစီးမှု ကိုယ့်မှာ ဘယ်လောက် ဖြစ်နေပြီလဲ ဘယ်လို စမ်းသပ်မလဲ..။

စိတ်ဖိစီးမှု ဘာလဲ ဆိုတာကို အလွယ်ကူဆုံးနည်းနဲ့ ဒီလို လက်တွေ့ပြပါတယ်.။ အောက်ပါ အတိုင်း စမ်းသပ်ကြည့်ရအောင်..။

အခု ...ကျွန်တော် ပြောတဲ့ အတိုင်း တဆင့်ချင်းစီ လိုက်လုပ်ကြည့်ပါ..။

၁။ ကွန်ပျူတာကို အခု သုံးနေရာက နေရပ်လိုက်ပါ..။

၂။ ထို့နောက် ထိုင်ခုံမှ နောက်ကျောမှီကို အသာမှီလိုက်ပါ..။


၃။ ထို့နောက် မိမိ၏ ဘေးပတ်ဝန်းကျင်မှာ ရှိနေသော အနီရောင်ပါသော ပစ္စည်းများကို ရေတွက်ကြည့်ပါ.။


၎။ ထို အနီရောင် ပစ္စည်းများသည် အင်္ကျီ ၊ လုံချည် ၊ ဘောင်းဘီ ၊ ဦးထုပ် ၊ လက်ကိုင်ပုဝါ ၊ ဘောပင် ၊ ဖန်ခွက် ၊ လွယ်အိတ် ၊ ဖိနပ် အစရှိသော အနီရောင် ရှိသော အရာဝတ္ထု ပစ္စည်းများ အားလုံးကို ရေတွက်ပါ.။


၅။ အနီရောင်လိုလို ၊ ပန်းရောင်လိုလို အရာဝတ္ထု ပစ္စည်းများကို ချန်ထားခဲ့ပါ.။

၆။ အကယ်၍ ဤအဆင့်တွင် သင် ရေတွက်ပြီးပြီ ဟု သေချာ ပါက ပို၍ သေချာ စေရန် နောက်တစ်ကြိမ် ထပ်ရေတွက်ပါ.။

၇။ အိုကေ..။ သင် ရေတွက်၍ ရလာသော အနီရောင် ပစ္စည်းများ အရေအတွက်ကို ချရေးထားလိုက်ပါ.။


ရပါပြီ..။ ကျွန်တော် အခု မေးခွန်း တစ်ခု မေးပါတော့မယ်..။

(အခု ဒီအတိုင်း ဖတ်မသွားပါနဲ့..။ အဆင့်အတိုင်း လိုက်လုပ်မိစေရန် ကျွန်တော် အောက်က မေးခွန်းကို ဖျောက်ထားပါ့မယ်..။ အထက်ပါ ၇ ချက်အတိုင်း သေချာ လုပ်ပြီးပြီ ဆိုမှ အောက်မှာ ဖျောက်ထားသော နေရာကို Select လုပ်ကြည့်ပါ..။ )

မေးခွန်း။ ။

ယခု သင့်ပတ်ဝန်းကျင်မှာ ရှိနေသော အနီရောင်များကို ရေတွက်ပြီးပြီ ဆိုပါလျှင် သင့် အခန်းထဲမှာ အစိမ်းရောင် ပစ္စည်း ဘယ်နှစ်ခု ရှိပါ သလဲ..။






“ ဟာ..”


ဆိုပြီး ကြည့်ခိုင်းတာ တခြား ၊ မေးတာ တခြား ဆိုပြီး သင် အံ့သြသွားပါသလား..။ မအံ့သြပါနဲ့...။ လူတွေကို စိတ်ဖိစီးမှု ပေးနေတာကလည်း ဒီအရာပါပဲ..။ လူတွေက ကိုယ်ဖြစ်ချင်တာ ကိုယ်လုပ်ချင်တာပဲ သိနေ ၊ လုပ်နေကြတယ်...။ ဘယ်သူတွေ ဘာတွေ ဖြစ်နေတယ်.။ ဘယ်သူတွေ ဘာတွေ ပြောင်းလဲ နေတယ်.။ ပတ်ဝန်းကျင်မှာ ဘာတွေ လိုအပ် ပြောင်းလဲ နေတယ်.။ သတိမထားမိတတ်ကြပါဘူး.။ ကိုယ်လုပ်ချင်တာ ကိုယ်ဖြစ်ချင်တာတွေကိုပဲ ဦးတည်ရင်း ဖြစ်မြောက်ရေးကို ကြိုးစားကြရင်း မဖြစ်မြောက်သေးတာကို ဒေါသတွေ ထွက်လာတတ်ကြတယ်.။

ကိုယ့်ဖြစ်ချင်တာတွေ မဖြစ်လာသေးတော့ စိတ်မရှည်တတ်ကြ ၊ ဒေါသတွေ ထွက်ကြ ၊ သူများတွေကို ပိုပြီး လျစ်လျှူရှု သလို ဖြစ်လာတယ်.။ ကိုယ့်ကိုယ်ကိုယ်ပဲ အမြဲ ဖြစ်မြောက်ရေးကို ရှုမြင်ရင်း စိတ်ဖိစီးမှု ဆိုတာ ဖြစ်လာတာပါ..။

စိတ်ဖိစီးမှု ဆိုတာကို အလွယ်ဆုံး သရုပ်ပြရရင် ဒါပါပဲ..။



William J Rothwell ရဲ့ မိန့်ခွန်း စာအုပ်လေးထဲမှ အပိုင်းအစ တစ်ခုကို
ကိုဇော်
သင့်တော်သလို ပြင်ဆင် ခံစားသည်.။


http://zaw357.multiply.com/journal/item/649 မှာ 25.9.2009 ကရေးထားတာပါ။


.
Share/Bookmark

0 ယောက် ရဲ့ ထင်မြင်ချက်: