မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


08 February 2010

2 သစ်စေ့လေး နှစ်စေ့

တစ်ခါက...

စိုက်ခင်းတစ်ခုမှာ တစ်နေ့တည်း ၊ အချိန်တည်း ၊ တစ်နေရာတည်း ၊ လူတစ်ယောက်တည်းကပဲ သစ်စေ့လေး နှစ်စေ့ကို စိုက်ပျိုးလိုက် သတဲ့..။

အဲဒီမှာ သစ်စေ့လေး နှစ်စေ့မှာ တစ်စေ့က ဒီလို စဉ်းစားတယ်.။

“ အင်း...အပြင်လောက ဆိုတာ ဘာကြီးလဲ မသိဘူး..။ နေတွေကလည်း အရမ်းပူတယ် ကြားတယ်.။ ပြီးတော့ လေတွေကလည်း ခပ်ပြင်းပြင်းတိုက်တတ်တယ်တဲ့ .။ နောက် ရေတွေကလည်း ညစ်ပတ်တာတွေ ကြုံရနိုင်တယ်.။ နောက်..စည်းကမ်းမရှိတဲ့ လူတွေက ဟိုဟာချိုး ဒီဟာချိုး လာချိုးဦးမယ်.။ ပြီးတော့ တွေ့ရာ လိုက်ကိုက် ၊ လိုက်စားနေတဲ့ ဆိတ်အပါအဝင် သတ္တဝါ မျိုးစုံရဲ့ အန္တရာယ်ကလည်း ရှိသေးတယ်.။

တော်ပါပြီ. ဘယ်မှလည်း မထွက်တော့ဘူး.။ ဒီအထဲမှာပဲ ဒီအတိုင်းလေးပဲ နေတော့မယ်.။ အညောင့်လဲ ထွက်မနေတော့ ဘူး.။ အပင်လည်း ဖြစ်မနေချင်တော့ဘူး.။ ဒီအတိုင်းပဲ သစ်စေ့လေး အတိုင်းပဲ နေတော့မယ်.။”


အဲဒီအချိန်မှာပဲ ....နောက်သစ်စေ့လေးတစ်စေ့က ဒီလို စဉ်းစားနေတယ်..။

“ အင်း..အပြင်လောက ဆိုတာ ဘယ်လိုမျိုးလဲ..ဒီအထဲမှာလို ကျဉ်းကျဉ်း ကျုတ်ကျုတ်ထက်တော့ ပိုကျယ်မယ် ထင်တယ်.။ နောက် အလင်းရောင်နဲ့ အတူလာမဲ့ နေရောင်ခြည်ကို ထိထိမိမိ ခံစားလိုက်ဦးမယ်.။ တိုက်ခတ်လာမဲ့ လေပြေ လေညှင်းလေးတွေကိုလည်း ခံစားချင်တယ် ။ ကောင်းကင်က ရွာချလာတဲ့ လတ်လတ်ဆက်ဆက် မိုးရေတွေကိုလည်း တဝကြီး စုပ်ယူလိုက်ဦးမယ်.။

ပြီးတော့ ငါ့ အပင်ကြီးရဲ့ အရိပ် အောက်မှာ လာရောက်အရိပ်ခိုတဲ့ သူတွေကိုလည်း အရိပ်မိုးပေးချင်တယ်။ အပင်ကြီး ဖြစ်ချင်တယ်.။ အစို့ ရရင် အစို့ထွက်မယ်.။ အညှောင့်ထွက်လို့ရရင် ထွက်မယ်.။ မြေပြင်ကို ထိုးထွက်မယ်.။ ကောင်းကင်ကို မျှော်ကြည့်မယ်.။ နေရောင်ကို ကြည့်မယ်..။”


ဒီလိုနဲ့ သစ်စေ့လေး နှစ်စေ့မှာ ဒုတိယသစ်စေ့လေးက သစ်စေ့လေး အဖြစ်မှ ညှောင့်လေးတွေ ထိုးထွက်ပြီး ကောင်းကင်ကို မော့ကြည့်ပြီး အပင်လေး ဖြစ်လာတယ်..။ နောက်မကြာခင် အချိန်မှာ အပင်ကြီး ဖြစ်ရန် သူ အားယူနေတယ်..။ ဒီအချိန်မှာတော့ ပထမ သစ်စေ့လေးဟာ မြေကြီးထဲမှာပဲ သစ်စေ့လေး အဖြစ် ကနေ မတိုးထွက်လာဘူး ။ သိပ်မကြာခင် အချိန်မှာပဲ စိုက်ခင်းထဲ လာယက်တဲ့ ကြက်တစ်ကောင်က သူ့ကို ယက်မိသွားပြီး ဆက်ခနဲ့ ကောက်စားလိုက်တာပါပဲ..။

ကဲ...စာဖတ်သူရဲ့ ဘဝကရော ဘယ်နေရာမှ မသွားရဲ ၊ မလာရဲ ၊ မလုပ်ရဲ ၊ မကိုင်ရဲ ၊ မပြောရဲ ၊ မဆိုရဲ ဖြစ်နေပါသလား.။ ဒါဆိုရင် ဒီသစ်စေ့လေး နှစ်စေ့ကို သတိရလိုက်ပါ..။ စာဖတ်သူကရော ဘယ်လို သစ်စေ့လဲ.။


Shen Congwen 沈从文 (1902–1988) Two Seeds ကို
ကိုဇော် ကြည်နူးစွာ ဘာသာပြန်သည်.။


http://zaw357.multiply.com/journal/item/626 မှာ 13.9.2009 မှာ ရေးထားတာပါ။

.
Share/Bookmark

2 ယောက် ရဲ့ ထင်မြင်ချက်:

အဆိပ်သင့်သူ said...

စာအရေးအသားကောင်းတယ်။
စာဖတ်သူကိုဆွဲခေါ်သွားတယ်။
တော်ပါသေးရဲ့ ချောက်ထဲမကျလို့...ဟိဟိ

ချော (အစိမ်းရောင်လွင်ပြင်) said...

စိတ်ဓာတ်ကျနေချိန် ဒီလိုစာတွေ များများဖတ်ပြီး အားပြန်တင်းရမှာဘဲ..
အင်း.. လူတွေရဲ့ စိတ်ကလည်း အမြဲတမ်း မတက်ကြွနိုင်တာ အတော်ခက်သား..
ဒီလိုချိန်မှာ သူများကို စိတ်ဓာတ်ပြန်မြှင့်တင်ပေးဖို့ မပြောနဲ့ကိုယ့်ကိုယ်ကို ယိုင်မသွားအောင် မနည်းကြိုးစားနေရတယ်..

Related Posts Plugin for WordPress, Blogger...

ဧည့်သည်များ

သွားသွားလာလာ
hidden hit counter




free counters

6.8.2010 မှ စ ကလိသည်။

.