မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


11 February 2010

2 မေးလ်လေးနှစ်စောင်



ကျွန်တော့်ဆီကို ဒီရက်ပိုင်းမှာ ထူးထူးခြားခြား မေးလ်လေး နှစ်စောင် လက်ခံရရှိပါတယ်။ တခြားမေးလ်တွေကတော့ ဘာမှ မထူးပါဘူး Fwd To Fwd Mail တွေပါပဲ။ ကျန်တာတွေကတော့ Invitations Mail တွေပါ။ ဒါကြောင့် လွယ်လွယ်မြန်မြန်နဲ့ စစ် ၊ ဖျက်ပါပဲ။

ဒါပေမဲ့ ဒီမေးလ်လေး နှစ်စောင်ကတော့ ထူးခြားတယ်။ သူတို့နဲ့ ကျွန်တော် Contact မရှိဘူး။ ဒါကြောင့် Buddy လည်း မဟုတ်ဘူး။ ဒါပေမဲ့ သူက ကျွန်တော့် အကောင့်ကို သီးသန့်လှမ်းဖိတ်တယ် www.mmtube.tv က ။ ဒါနဲ့ပဲ ဘာလဲဟ ဆိုပြီး ဝင်ကြည့်တော့ အကယ်ဒမီပွဲ လွှင့်မယ်တဲ့။

ကျွန်တော် ဝမ်းနည်းသွားတယ်။ သေချာတယ် ကျွန်တော် အဲဒီမှာ ရှိမနေနိုင်တဲ့ အတွက် အကယ်ဒမီတော့ ကျွန်တော် တတ်မယူနိုင်တော့ဘူးးP ။ ဒါပေမဲ့ ကိုယ်ကလည်း အဆက်ပြတ်နေတော့ ဘာတွေများ ၊ ဘယ်သူတွေ ရမလဲလို့ပေါ့လေ စောင့်ကြည့်မိပါတယ်။ အဆင်ပြေပါတယ် ( အလကားကြည့်ရတာကိုး ) ။ ကျွန်တော့် အကောင့်ကို ဘယ်လို လုပ်ထားလဲတော့ မသိပါ။ ဘာမှ ပိုက်ပိုက် မတောင်းပဲအဆင်ပြေသွားတယ်။

အလကားရတော့ ကြည့်မိပါတယ်။ အကယ်ဒမီပွဲ ကြည့်တာ ရယ်ရပြီး ဒေါသတွေထွက်နေရတယ်ဗျ။ ဘာလို့လဲ ဆိုတော့ ဘေးက စီဘောက်ကြောင့် ၊ မလွယ်ဘူးဗျာ ဘယ်က ဘယ်သူမှန်း မသိပဲ။ အော်လိုက် ဆဲလိုက်ကြတာဆိုဗျာ။ လက်လန်တယ်။ တာဝန်ရှိသူတွေကလည်း Block လုပ်လိုက်။ ခဏနေ ပြန်ဖွင့်လိုက်ပဲနဲ့ပေါ့ဗျာ။ ဘာလို့ ဒီလို ဖြစ်ပြီး ဆဲနေကြတာလဲ မသိဘူးဗျ။ ဒါပေမဲ့လည်း သူ့ကို စိတ်ထဲက ထုတ်ပြီး အကယ်ဒမီပွဲကိုပဲ အာရုံထည့်ထားလိုက်တော့တယ်။

အကယ်ဒမီ ရသူတွေထဲမှာ ကျွန်တော် အကျေနပ်ဆုံးက “ ဒေါ်ခင်မို့မို့အေး ” ပါပဲ။ သူတို့ကို သရုပ်ဆောင်လို့ မြင်သင့်တာ ကြာပါပြီ။ စိတ်မကျေနပ်ဆုံးကတော့ မျက်လုံးတွေ ပြုးတူးပြဲတဲ နဲ့ သရုပ်ဆောင်တတ်တဲ့ “ ဒေါ်မို့မို့မြင့်အောင် ” ။ သူနဲ့ ကျွန်တော် ရန်စလည်း မရှိပါဘူး။ ကျွန်တော် ဖြစ်စေချင်တာက ကိုရီးယား ၊ Hollywood ကားတွေထဲက မျက်လုံးလေးတွေကို နူးညံ့စွာနဲ့ သရုပ်ဆောင်တတ်စေချင်တာပါ။ အခုတော့ မြန်မာ သရုပ်ဆောင်တွေကို ကျွန်တော် ကြည့်လိုက်ရင် ဝုန်းဒိုင်းကြဲနေတာပဲ။ ဘာကို အတုခိုးတာလဲ ဆိုရင် အိန္ဒိယက ရုပ်ရှင်တွေကို အတုမိသွားတာ ဖြစ်မယ် လို့ ထင်မယ်တယ်။

ဘယ်လိုပဲ ပြောပြောပါ။ ထိုမေးလ်ကြောင့် ကျွန်တော် တစ်နေ့တာ ပျော်ခဲ့ရပါတယ်။ ကျေးဇူးပါ။

နောက်ထပ် မေးလ်တစ်စောင်ကတော့ တော်တော် ဆိုးပါတယ်။

<christ.love009@gmail.com> ဆိုသူ ပို့သော မေးလ်ပါ။ သူနဲ့ ကျွန်တော် Buddy လည်း မဟုတ်ပါ။ ဘယ်ကနေ ဘယ်လို ကျွန်တော့်မေးလ်ကို ရသွားတာလည်း မသိပါ။ သူပို့ထားသူတွေလည်း အများကြီးပါ။

သူ့မေးလ်ထဲမှာတော့ ဗုဒ္ဓဘာသာတွေကို တော်တော် စော်ကားထားပြီး သူ့ကိုယ်သူ ထာဝရ ဘုရားသခင်ရဲ့ စေတမန် ၊ ဘုရားသခင်ရဲ့ အလုပ်အကျွေးပြုရသူ လို့ သူ့ကိုယ်သူ သတ်မှတ်ထားတယ် ဆိုပဲ။

ဒါနဲ့ပဲ သူ့ကို ဘယ်သူတွေက မေးလ်ပို့ပြီး မေးလာတယ် ဆိုတဲ့ စာတွေကို ပြန်ဖြေတယ် ဆိုပြီး သူ့ရဲ့ ကိုယ်ပိုင် အဖြေတွေနဲ့ သူသိတဲ့ လူတွေရဲ့ မေးလ်လိပ်စာတွေကို လိုက်ပို့တယ်။ ဒီအထဲမှာ ကျွန်တော်ကလည်း ပါတယ်ဗျ။

ဒီတော့ ကျွန်တော် ဘာမှပြန်မပြောလိုပါဘူး။ ဒါပေမဲ့ မနေနိုင်ပြန်ပါဘူး။ ဒါကြောင့် သူ့ကို ကျွန်တော့်ကို လူမှားပို့တယ် လို့ ဆိုထင်လို့ သူ့ရဲ့ မေးလ်ကို နောက်တစ်ခါ လက်မခံတော့ကြောင်း ၊ ကျွန်တော် အခု Filter လုပ်ထားလိုက်ပြီး ဖြစ်ကြောင်း မေးလ်ပို့လိုက်ပါတယ်။ ဒီမေးလ်နဲ့ အတူ အောက်က စာလေးတော့ ထည့်ပို့လိုက်ပါတယ်။

နောက်လည်း ဘယ်တော့မှ ကျနော့်ဆီ ဒီလို စာတွေ မပို့ပါနဲ့။ ဒါလေး ဖတ်ကြည့်ပါ။

“ အဇ္ဇ တဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။ ” တဲ့။ ကျွန်တော် အမြဲရွတ်နေတဲ့ ဂုဏ်တော် ၊ ဂါထာတော် ပါ။

“ ဗုဒ္ဓမြတ်စွာ ဘုရားကို အသက်ထက်ဆုံး ကိုးကွယ် ဆည်းကပ်ပါမည်ဟု အဓိဌာန်ပြုပါသည်။ ” လို့ ဆိုလိုတယ်။

ဒါပြီးတော့ ကျွန်တော်လည်း သူ့ကို Filter လုပ်ထားလိုက်ပါတော့တယ်။ ဘာလို့လဲ ဆိုတော့ အွန်လိုင်းမှာ ဘာသာရေးနဲ့ ပတ်သတ်ပြီး ရှုပ်နေသော အကြောင်းအရာများထဲကို ကျွန်တော် ဝင်မပါချင်ပါ။ ပြောလို့ရတာတွေ ၊ ပြောချင်တာတွေ ရှိနေပေမဲ့ ကျွန်တော် မပြောချင်ပါ။

သို့သော်....ကျွန်တော် မပြောချင်သောလည်း ကျွန်တော့်တို့ ဗုဒ္ဓဘာသာကို တစ်ယောက်ယောက်က အခုလို ဝေဖန်ပိုင်းခြားပြီး စိတ်ထင်ရာ လျှောက်ပြောလာတဲ့ အခါမှာ ထင်ယောင် ထင်မှာ ဖြစ်စေနိုင်ပါတယ်။

ဟိုတလောက ဆိုရင် ဆိုက်တစ်ခုမှာ ဗုဒ္ဓဘာသာကို တိုက်ခိုက်နေတာကို ကျွန်တော်နဲ့ သိတဲ့ ညီငယ်တစ်ယောက်က သူလည်း သေချာ ဘာမှ မသိပဲ ၊ ထင်ယောက် ထင်မှား ရေးထားတာတွေကို “ ဟုတ်တယ် ၊ ဒါလည်း စဉ်းစားစရာပဲ ” ဆိုပြီး သူများကိုပါ သွားပြီး အားပေး အားမြှောက်သွားလုပ်နေတယ်။

ဒီလို လူတွေ အတွက် ကျွန်တော် အခု စာအုပ်လေးတစ်အုပ်ကို တင်ပြချင်ပါတယ်။ ဒါနဲ့ တခြား ဘာသာခြားတွေက ဗုဒ္ဓဘာသာ ဆိုတာ ဘာလဲလို့ မေးလာရင် ပြန်ဖြေ ၊ ပြန်ပြောနိုင်ပါလိမ့်မယ်။ ကျွန်တော့်တို့ ဗုဒ္ဓဘာသာတွေက အတင်းအကြပ် ဘုန်းကြီးကျောင်းမှာ ဘာသာရေးတရားတွေ မသင်ရလေတော့ အဆက်ပြတ်နေကြတာပါ။ ဒီစာအုပ်လေးကို ဖတ်ကြည့်ပါ။ ဒီစာအုပ်လေးကတော့ . . .

ဒေါက်တာ အေ၊အမ် ဘာကာ M.A,ph.D,olitt.,Bar_at_law,D.sc.,M.L.C., အန္ဒိယဝန်ကြီးချုပ်ဟောင်း ကမေး၍ ဘိက္ခူအရိယဓမ္မ B.A ကဖြေသော “ ဗုဒ္ဓါဝါဒ ပြဿနာများ ” လို့ခေါ်ပါတယ်။

ဒီစာအုပ်လေးကို ကျွန်တော် ဗုဒ္ဓဘာသာ စာဖတ်သူတွေတင် ဖတ်စေချင်တာ မဟုတ်ပါဘူး။ ခရစ်ယာန် ( ကျွန်တော် စာလုံးပေါင်း မှားနေရင် ခွင့်လွှတ်ပါ။ ခရစ်ယာန် ကျမ်းစာအုပ်ဟောင်းတွေမှာ ခရစ္စရှန် ၊ ခရစ်ရှန် လို့ ပေါင်းပါတယ်။ ဒါကြောင့် အသံထွက်တော့လည်း ခရစ်ရှန် လို့ပဲ ထွက်ကြတယ်။ အခု နောက်ပိုင်းက မည်သို့ မည်ပုံ ခေါ်ဝေါ်သည် မသိလို့ပါ။ ထားတော့။ ) ခရစ်ယာန် သူငယ်ချင်းတွေလည်း ဖတ်ကြည့်သင့်ပါတယ်။

တစ်ခုခု မကသော ဗဟုသုတတွေ ရလာပါလိမ့်မယ်။ ကိုယ်မသိတာတွေလည်း မြင်လာ ၊ သိလာပါလိမ့်မယ်။ ကျွန်တော် ပြောတာထက် ကိုယ်တိုင် ဖတ်ကြည့်သင့်ပါတယ်။


စာအုပ်လေးကို ဒီနေရာ ကနေ ယူပါ။


ကိုဇော် မျှဝေသည်။


.
Share/Bookmark

2 ယောက် ရဲ့ ထင်မြင်ချက်:

Flower said...

ဘာသာတရားကို တိုက်ခိုက်ထားတဲ့မေလ်းတွေကို ဖတ်ကိုမဖတ်ချင်ဘူး.. ဖတ်ပြီးရင်ဒေါသထွက်ရလွန်းလို့..
လူတွေက အကျိုးရှိတဲ့အလုပ် မလုပ်တတ်ကြတော့ဘူး..
သူများ ဘာသာတရားကို အားတိုင်းလိုက်စော်ကားနေကြတယ်.. သူတို့အတွက် ဘာအကျိုးများရှိလို့လဲ...

Thang No said...
This comment has been removed by a blog administrator.