မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


12 February 2010

1 နောက်ဆုတ်သင့်လား


တစ်ခါက..
ဂျက်ကင်းဖီးလ်နဲ့ မာစ်ဗစ်တာ ဟင်ဆင် တို့ နှစ်ဦး သူတို့ ဖတ်ထားသမျှ ၊ ကြုံရ ကြားခဲ့ရသမျှ ဗဟုသုတ အတိုအတွာလေးတွေကို စုပြီး စာအုပ်ထုတ်ချင်တယ်.။ သို့သော် သူတို့က အောင်မြင် ကျွမ်းကျင်သော စာရေးဆရာများ မဟုတ်ကြ..။ ဒါပေမဲ့..ဒီစာအုပ်လေးကိုတော့ ပြုစုချင်စိတ်က သူတို့ စိတ်ကို အမြဲ လှုံ့ဆော်နေသည်..။

ထိုနောက် သူတို့ နှစ်ပေါင်းပြီး စာအုပ်လေးကို ပြုစုကာ ပုံနှိပ်ထုတ်ဝေရန် ပုံနှိပ်တိုက်များကို လိုက်လံစပ်ကြသည်.။ ပုံနှိပ်တိုက်ပေါင်း ၁၀၀ ကျော်ကျော်က ငြင်းပယ်ကြသည်..။ ဒါကို သူတို့က လက်လျှော့မသွား ။ ဆက်၍ကြိုးစားကြရာ..နောက်ဆုံး၌ ထုတ်ဝေရေး လုပ်ငန်းငယ်လေး တစ်ခုက ရိုက်နှိပ်ရန် သဘောတူညီမှု ရရှိလေသည်..။

ထိုကဲသို့ ပုံနှိပ်တိုက်ပေါင်း ၁၀၀ ကျော်က ငြင်းပယ်ခဲ့သော ဤ စာအုပ်လေးသည် ရောင်းအကောင်းဆုံး စာအုပ်ဖြစ်လာရုံမျှ မက ပရိတ်သတ်က နှစ်ခြိုက်လွန်းလှ သဖြင့် နောက်ထပ် အတွဲများပင် ထိုနာမည်ကို ထပ်ကာ အတွဲများ အနေဖြင့် ဆက်လုပ် ထုတ်လုပ်ဝေခဲ့ရသည် အထိ အောင်မြင် သွားခဲ့သည်.။

ယခု ဆိုလျှင် ထိုစာအုပ်များမှာ အုပ်ရေ၁၂ သန်းကျော် အထိ ရောင်းချခဲ့ရပြီး ဖြစ်ပေသည်...။ ထိုစာအုပ်လေးမှာ Chicken Soup For The Soul (နှလုံးသား အာဟာရ ) စာအုပ်ပင် ဖြစ်လေသည်.။

Chicken Soup For The Soul စာအုပ်ထဲမှ ပင် ပြန်ယူရေးပါသည်.။

ကိုဇော် တင်ပြသည်။

http://zaw357.multiply.com/journal/item/643 မှာ 20.9.2009 က ရေးထားတာပါ။

.


Share/Bookmark

1 ယောက် ရဲ့ ထင်မြင်ချက်:

Flower said...

ဒီစာအုပ်ကတော့ ကျွန်မအကြိုက်ဆုံးစာအုပ်လေးတွေ ဖြစ်ပါတယ်..
မြန်မာပြန်ထားတဲ့ စာအုပ်ဘဲဖြစ်ဖြစ် မူရင်းစာအုပ်လေးတွေဘဲ ဖြစ်ဖြစ် နှစ်နှစ်သက်သက်နဲ့ ဖတ်ဖြစ်တဲ့ စာအုပ်လေးတွေပါ..
ကောင်းတာလေးတွေကို စာဖတ်သူများကို ပြန်လည် မျှဝေပေးဖြစ်ပါတယ်...