မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


17 February 2010

0 အမေးများ


လောကမှာ ( အဟဲ. . လောကနဲ့ကို ကိုင်တုပ်ပစ်လိုက်တာပဲ ) မေးခွန်းတစ်ခုကို တွေ့ပြီ ဆိုရင် မေးခွန်းတစ်ခု စစ်စစ်သာမှန်ခဲ့ပါက အချက် သုံးမျိုးထဲမှာ တစ်ခု မဟုတ်တစ်ခု နဲ့ မဖြစ်မနေ အကျုံးဝင်တယ် လို့ ကျွန်တော် ထင်မိတယ်။ မေးခွန်းတစ်ခုဟာ ဘာမှ အကြောင်းအရာ ရှိရှိ ၊ မရှိရှိ ။ မေးခွန်း တစ်ခု ဆိုတာသေချာတာနဲ့ ဒီအချက် သုံးချက်မှာ တစ်ခုခုနဲ့ အနည်းဆုံး ပတ်သတ်နေလိမ့်မယ် ဆိုတာ သေချာပါတယ်။ ဒီအချက်တွေကတော့ . . .

၁) အဖြေ သိလျှက်နဲ့ မေးသော မေးခွန်း

၂ ) အဖြေ မသိပဲ မေးသော မေးခွန်း


၃) အဖြေ မရှိပဲ မေးသော မေးခွန်း

လို့ ကျွန်တော် သတ်မှတ်မိတယ်။


၁) အဖြေ သိလျှက် နဲ့ မေးသော မေးခွန်း

ဒီမေးခွန်းကတော့ ဥပမာ အားဖြင့် ၁ + ၃ = ? ဆိုသော မေးခွန်းမျိုး။ ဥပမာ - ၁ + ၃ = ၄ ဆိုသော အဖြေကို ကြိုတင် သိထားပြီးသား ဖြစ်သော်လည်း တစ်ဖက်သား သိမှ သိရဲ့လားလို့ ပညာစမ်းကာ မေးသော မေးခွန်း။


၂) အဖြေ မသိပဲ မေးသော မေးခွန်း

ဒီမေးခွန်းကတော့ ကိုယ်တစ်ကယ် မသိသော အရာတစ်ခုကို သိချင်၍ သူများကို မေးသော မေးခွန်း ။ ဥပမာ - ခါကာဘိုရာဇီ တောင်က ဘယ်လောက်မြင့်လဲ ဆိုသော မေးခွန်းမျိုး။


၃)
အဖြေ မရှိပဲ မေးသော မေးခွန်း

ဒီမေးခွန်းကတော့ နည်းနည်းထူးဆန်းနေပါလိမ့်မယ်။ လူတစ်ယောက်ကို အခက်အခဲ ဖြစ်စေလိုတဲ့ အခါတွေမှာ သုံးပါတယ်။ ဥပမာ - အသက် ၂၅၀ နေရသော လူသည် ဘယ်နိုင်ငံသား ဖြစ်သလဲ ၊ တကယ်ချစ်တယ် ဆိုရင် ဓူဝံကြယ်ကို ခူးပေးမှာလား ဆိုတာမျိုး။ လူတစ်ယောက် အဖြေရခက်ပြီး တကယ်လည်း အဖြေမှန်ကို ကိုယ်လည်း မသိ ၊ တကယ်လည်း မရှိသော မေးခွန်းများ ဖြစ်သည်။


ဒါကြောင့် မေးခွန်းတစ်ခုကို စာဖတ်သူ တွေ့လိုက်ရတယ် ဆိုရင် အထက်ပါ အချက်သုံးချက်ထဲမှာ တစ်ခုခုနဲ့ ကိုက်ညီနေပါလိမ့်မယ်။

ကိုဇော် လျှောက်တွေးမိသည်။


.
Share/Bookmark

0 ယောက် ရဲ့ ထင်မြင်ချက်: