မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


18 February 2010

0 ယုံကြည်မှု ၏ စွမ်းအား (၂)


ဟိုတလောက ကျွန်တော် စာလေး တစ်ပုဒ် ဖတ်လိုက်ရတယ်.။ အာဖရိက တောနက်ထဲမှာ အခုအချိန်အထိ ရှိနေတဲ့ လူရိုင်းတွေက သူတို့ ကိုးကွယ်ရာ မဖြစ် ကျောက်တုံးမဲမဲကြီးကို နေ့စဉ် ရှိခိုး ကိုးကွယ်ကြတယ်.။ သူတို့မှာ ဗုဒ္ဓဘာသာ ၊ ခရစ်ယန်ဘာသာ ၊ ဟိန္ဒူဘာသာ ၊ မူစလင်ဘာသာ အစ ရှိတာတွေ မရှိကြဘူး.။

အဲ..ဒါပေမဲ့ သူတို့အထဲက ဦးနှောက် စွမ်းအားရှိတဲ့ သူတစ်ယောက်က ငါတို့ လူတွေကို ဒီအတိုင်း လျှောက်ပြီး ပစ်ထားလို့ မဖြစ်ဘူး.။ ဘာမဟုတ်တဲ့ အချိန်တန်ထွက် ၊ အချိန်တန် ဝင်နေတဲ့ နေလုံးကြီးကို ရှိခိုးနေတယ် ဆိုတာ အဓိပ္ပါယ်မရှိဘူးလို့ တွေးပြီး ငါတို့ အတွက် ကိုးကွယ်ရာ တစ်ခုတော့ ရှိရမယ် ဆိုပြီး သူတို့ တောနက်ထဲကို လိုက်ရှာပါတယ်.။ ဒီမှာ ဒီထူးထူးဆန်းဆန်း ကျောက်တုံးအနက်ကြီးကို တွေ့တာပါပဲ.။

ဒီမှာ သူက မိတ်ဆွေတို့ ငါ့ကို ကောင်းကင်က ဘုရားက ငါတို့အားလုံး ကိုးကွယ်ဖို့ အခုပဲ ကောင်းကင်ကနေ ပစ်ချပေးလိုက်တဲ့ ကျောက်တုံးကြီး ဖြစ်တယ် ဆိုပြီး သူက အားလုံးကို လှည့်ဖျားပါတော့တယ်.။ အားလုံးကလည်း သူလောက် ဥာဏ်ရည် မပြည့်ဝကျတော့ သူလှည့်ဖျားတာ ခံရပြီး နေ့စဉ် အားလုံးဟာ သူတို့ အထွက်အမြတ်ထားရာ ကျောက်ကလပ် အမြင့်ပေါ်မှာ တင်ပြီး နေ့စဉ် ရှိခိုးစေတယ်.။ ဒီတော့ ဘာဖြစ်လာလဲ ဆိုတော့ ဘာမှ မဟုတ်တဲ့ ကျောက်တုံးတစ်တုံးဟာ လူတွေ အားလုံးရဲ့ ယုံကြည်မှု ကြောင့် အစွမ်းထက်လာရတာပါပဲ.။

အဲဒီအချိန်က စပြီး လူရိုင်းတွေ ကိုးကွယ်တဲ့ ကျောက်တုံးကို သွားယုမိရင် ၊ သွားထိခိုက် စော်ကားမိရင် ဘာဖြစ်မှန်း မသိဘူး ဆိုတဲ့ ကျိန်စာသင့်သလို ဒဏ်တွေ ခံစားလာရတယ်.။ ဒီမှာ လူတွေက လူရိုင်းတွေ ကျောက်တုန်းကို အစွမ်းရှိတယ်လို့ ထင်ကြတယ်.။ တကယ်တော့ ဒီကျောက်တုံးက အစွမ်းရှိတာ မဟုတ်ပါ.။ ဒီကျောက်တုံးကို ကိုးကွယ်နေတဲ့ လူရိုင်းတွေရဲ့ ယုံကြည်မှု စွမ်းအားက ဒီကျောက်တုံးကို ဘာရောက်နှောင့်ယှက်သူတွေကို တုံပြန်တာပါ.။

ဒါကြောင့် ဘယ်အရာ မဆို ယုံကြည်မှုပဲ လိုပါတယ်.။ အရာရာ အဆင်ပြေ အောင်မြင်လာ နိုင်ပါတယ်.။ ကိုယ့်ကိုယ်ကိုယ်ပဲ ယုံကြည့်လိုက်စမ်းပါ..။


ယုံကြည်မှု ကို စမ်းသပ်သောနည်းကိုတော့ “ ယုံကြည်မှု ၏ စွမ်းအား (၃) ” မှာ ဆက်ဖတ်ကြည့်ပေးပါ.။


လေးစားစွာဖြင့်
ကိုဇော်


http://zaw357.multiply.com/journal/item/664 မှာ 30.9.2009 က ရေးထားတာပါ။

.

Share/Bookmark

0 ယောက် ရဲ့ ထင်မြင်ချက်: