မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


04 February 2010

0 ဒီလို နေသင့်လား


အဖြစ်အပျက်လေးတစ်ခု ကြားဖူးပါတယ်။

ကျမ်းဂန်တတ်ဆရာတော်တစ်ပါးဟာ..သူ့ကို လာလျောက်တဲ့သူတွေကို သူသိတဲ့ အတိုင်း
မပြောပဲ လူတွေ စိတ်ဆိုးမှာ စိုးလို့ အလိုက်အထိုက် ပြောတတ်သတဲ့။ တစ်နေ့တော့ သူဆီကို ဒကာတစ်ယောက်က....

“ဆရာတော် ဒါန နဲ့ သီလ မှာ ဘုရားက ဒါန အကျိုးကို တရားတော်တိုင်းမှာ ဟောတာတွေ့ဖူးတယ်။ ဒီတော့ ဒါနနဲ့ သီလမှာ ဒါန က ပိုပြီး အဓိက ကျတယ်လို့ ယူဆမိတယ် ၊ ဟုတ်ပါလား။”

လို့မေးတော့ ဆရာတော်က ...


“ဟုတ်တယ် ဒကာ ။ ဒကာပြောတာလည်း ဟုတ်တာပဲ။”

လို့ ပြန်ဖြေတာကို ဘုန်းကြီးကျောင်းမှာ
ရှိနေတဲ့ ကပ္ပိယကြီးက ကြားသတဲ့။ နောင်...တော်တော်ကြာပြန်တော့...နောက်ထပ် ဒကာ တစ်ယောက်က မေးပြန်တယ်..

“ဆရာတော်..ဒါန နဲ့ သီလ မှာ ဘုရားက သီလသာလျှင် အမြတ်ဆုံး ဆိုပြီး ပြောသွားတယ်။
ဒါဆိုတော့ သီလ က ဒါန ထက်မြတ်တယ်လို့ ဆိုချင်တာလား။”

လို့ မေးပြန်တော့ ဆရာတော်ကလည်း


“ ဟုတ်တယ် ..ဒကာ ..ဒကာ ပြောတာ ဟုတ်တာပဲ ”

လို့ ပြောတာကို
ကပ္ပိယကြီးက ကြားပြန်တယ်...။ ဒါနဲ့ သူက မနေနိုင်တော့လို့...ဧည့်သည်တွေ အကုန်လည်း ပြန်ရော ၊ သူက ဆရာတော်ကို ဒီလို လျောက်သတဲ့...။

“ဆရာတော်...ဆရာတော်ကလည်း စာတတ်ပေတတ် ဘုန်းကြီးပဲလေ...။ ဘယ်သူက မှန်တယ် ဘယ်သူက မှားတယ်ဆိုတာကို သေသေချာချာ ဆုံးဖြတ်ပေးလိုက်ပေါ့။ပြောသမျှ အေး မင်းပြောတာလည်း မှန်တာပဲ လုပ်မနေနဲ့လေ။ အမှန်ကို ပြောမှ ပေါ့..။”

လို့
သူက ဆရာတော်ကို လျောက်သတဲ့..။ ဒီတော့ ဆရာတော် သေချာ စဉ်းစားပြီး ဘာပြောလဲ ဆိုတော့...

“ ဟုတ်တယ် ကပ္ပိယကြီး ၊ ကပ္ပိကြီးပြောတာလည်း မှန်တာပါပဲ..။”

တဲ့လေ..။
လူမုန်း မခံရအောင် နေတဲ့ နည်းလေးပါ။

ကျွန်တော်တို့ ဒီလို နေသင့်လား..။

ကိုဇော် ခံစားတင်ပြသည်။

http://zaw357.multiply.com/journal/item/503 မှာ 26.7.2009 ကရေးထားတာပါ။

.


Share/Bookmark

0 ယောက် ရဲ့ ထင်မြင်ချက်: