မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


23 February 2010

2 ပျော်ရွှင်စွာဖြင့် ဘဝနေနည်း


ကျွန်တော် Online ပေါ်မှာ ညီမလေး တစ်ယောက်နဲ့ ခင်ခဲ့ပါတယ်.။ Gtalk ကနေ Chatting ကြောင့် ခင်တာ မဟုတ်ပါ.။ ဆိုက်လေးတစ်ခုခုကို အတူတူ ဝိုင်းပြီး ကြိုးစားရင်း ခင်လာကြတာပါ.။

ဒီညီမလေးမှာ ထူးခြားသော အချက်လေး တစ်ခု ရှိတယ်.။ သူရေးတဲ့ စာ ၊ သူရေးတဲ့ Comment လေးတွေပါ.။ သူရဲ့ ဆွေးနွေးချက်တွေ ၊ သူရဲ့ ဝေဖန်အကြံပေးချက်တွေက အရမ်းကောင်းပေမဲ့ သူစာတွေ ဖတ်ရသူက စိတ်လွတ်လပ် ပေါ့ပါးစေတယ်.။ သူကလည်း ပေါ့ပေါ့ပါးပါး ပျော်ပျော်ရွှင်ရွှင် ရေးတတ်တယ်.။ ဟာသလေးတွေ ဖောက်ပြီး ရေးတတ်တယ်.။


ဒါနဲ့ တစ်နေ့ သူနဲ့ Gtalk မှာ Chat မိတော့ သူက ပြောတယ်.။

“ ပေါတယ်လို့ပဲ ထင်ထင် ၊ ပေါတယ်လို့ပဲ ပြောပြော အကိုရေ.။ ဒီလိုပဲ ပျော်ပျော်ရွှင်ရွှင် နောက်နောက်ပြောင်ပြောင်ပဲ နေချင်တယ်.။ ဘဝဆိုတာ အားလုံးက အလွယ်ဖြတ်သန်းနေကြရတာ မှ မဟုတ်တာ အကိုရာ.။ ကိုယ်ပြောလိုက်တဲ့ စကားအတွက် သူတို့စိတ်ထဲ ပျော်ရွှင် ကြည်နူးရတယ်.။ သူတို့ စိတ်ထွက်ပေါက်ရသွားတယ်.။ ရယ်သွားတယ် ။ ပြုံးသွားတယ်.။ ဒါဆိုရင် ကိုယ်လည်း ကြည်နူးဝမ်းသာ ပျော်ရွှင်ရတာပါပဲ အကိုရာ.။

ဒါကြောင့်မို့ ညီမကတော့ ပျော်ပျော်ပဲ သူတို့ကို Comment ပေးတယ်..။ ဆွေးနွေးတယ်.။ သူတို့ကိုလည်း ပျော်ရွှင်စေသလို ကိုယ်လည်း ပျော်ရတာပါပဲ အကိုရာ.။ ”


တဲ့..။ ဒါဟာ တကယ် ပေါ့ပျက်ပျက် မဟုတ်ပါ.။ တကယ်ကို ဘဝမှာ သင့်တော်သော ဘဝနေနည်းလေး တစ်ခုပါပဲ.။
  • တချို့တွေက လူအထင်ကြီးအောင် ကိန်းကြီးခန်းကြီး နေပြတယ်.။
  • တချို့ကကျတော့ လူအထင်ကြီးအောင် စကားလုံးတွေ နဲ့ ကိုယ့်ကိုယ်ကိုယ် ကြိုတင် ကာကွယ်တယ်.။
  • တချို့က ကျတော့ လူတွေကို သူတို့ကို ပြန်မပြောနိုင်အောင် တစ်ခါတည်း ပိတ်ပြောတယ်.။
  • ဒီလိုပါပဲ...တချို့......တချို့ပေါင်း များစွာ ပေါ့လေ..။

ကိုယ့်ကြောင့် လူတစ်ယောက် စိတ်ထဲမှာ အခန့်မသင့်ဖြစ်ရတယ် ဆိုရင် ကိုယ်လည်း ဒီလူ ဒီလို ဖြစ်သွားရမှာ ဆိုတာ သိနေတာပါပဲ.။ ဒါဆိုရင် ကိုယ့်စိတ်ထဲမှာလည်း ဘယ်တော့မှ အေးချမ်းစွာ နေရမှာ မဟုတ်ပါ.။ သူများစိတ်ထဲမှာ ပျော်ရွှင် အေးချမ်းနေရင် ကိုယ့်စိတ်ထဲမှာလည်း ပျော်ရွှင် အေးချမ်းနေမှာပါပဲ..။


တကယ်တော့ Online မှာ ခင်လာရတယ် ဆိုတဲ့ ညီမလေးဟာ ပေါ့သေးသေး လူတစ်ယောက်တော့ မဟုတ်ပါ..။ ၆ နှစ်မှ တစ်ကြိမ် ကိုရီးယားကို ပညာတော်သင်လွှတ်တဲ့ လေကြောင်းလိုင်းနဲ့ ပတ်သတ်သော အင်္ဂျင်နီယာ တစ်ယောက်ပါ.။ ၆ နှစ်မှာမှ လူပေါင်း ၅ ယောက်ပဲ ရွေးပြီး ပညာတော်သင် စေလွှတ်ခြင်း ခံရတာပါ.။ ဒီအထဲမှာ ဒီညီမလေးရယ်.။ သူ့ရဲ့ ချစ်သူ ကောင်လေးရော ၂ ယောက်လုံး အတူတူ ပညာတော်သင် အရွေးခံရပါတယ်.။


တကယ်တော်ကြပေမဲ့ သူတို့မှာ မာန်တွေ မရှိသလို ၊ သူများကို ပျော်စေချင်သလို သူများပျော်တဲ့ အပျော်နဲ့ပဲ သူတို့လည်း ဒီအပျော်က ပီတိကို စားကြပါတယ်.။

မကောင်းဘူးလားဗျာ..။
ဒါဆိုရင် ကျွန်တော်တို့ ဘဝလေးတွေရဲ့ နေ့ရက်တိုင်းမှာ လှပနေမှာပေါ့ဗျာ.။


ကိုဇော် ခံစားပုံဖော်သည်..။


http://zaw357.multiply.com/journal/item/681 မှာ 10.10.2009 က ရေးထားတာပါ။


.

Share/Bookmark

2 ယောက် ရဲ့ ထင်မြင်ချက်:

Angel Shaper said...

ဟုတ်တယ်အကို...
မာန်မာန ကင်းပြီး ဖြူစင်တဲ့ ခင်မင်မှုမျိုးနဲ့ အားလုံးအပေါ်ခင်မင်မယ်။ အားလုံးကိုပျော်အောင်ထားမယ် ဆိုရင် အဲဒီရလဒ်က ကိုယ့်ဘဝကို ပျော်ရွှင်မှုအစစ်တွေပေးနေမှာပဲနော်။ ဟုတ်တာပေါ့။ တဖက်သားရဲ့ ပျော်ရွှင်မှုအတွက် စိတ်ဓာတ်လေးတွေကို ချိုးနှိမ်ပြီး နေထိုင်သွားတတ်ဖို့လိုတာပေါ့။

Unknown said...

ဟုတ်တယ် တချို့က အထာကြီးတွေနဲ့ သူတို့အတွက်လည်းမကောင်း ကိုယ့်အတွက်လည်းမကောင်းတာကို ဘာလို့ အဲဒီလိုကြီးကို သဘောကျနေ ကြတာလဲဗျာ။