မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


12 February 2010

1 စဖြစ်အောင်သာ စလိုက်စမ်းပါ



ဝင်စတန် ချာချီသည် အသက် ၄၀ ရောက်ခါမှ ပန်းချီဆွဲခြင်းကို ဝါသနာ အလုပ်အဖြစ် ရွေးခြယ်ခဲ့ပါ သည်.။

ကဲကွာ..ပန်းချီဆွဲမယ်လို့ ဆုံးဖြတ်ချက်ချကာ ကားချပ်ကြီး ထောင်ပြီးသည့်နောက် ဘာက စရမှန်း မသိ ၊ လူက မဝံ့မရဲနှင့် ဖြစ်နေ၏ ။ ထိုနောက်မှ အတော်အားမွေးယူကာ စုတ်တံသေးသေးလေး တစ်ချောင်းကောက်ကိုင်လိုက်ကာ ဆေးပြာနည်းနည်း ပစ်ပြီး အဖြူရောင် ပိတ်ကားကြီးပေါ်မှာ စုတ်ချက် သေးသေးလေး တစ်ချက် မရဲတရဲ ဆွဲသည်.။ ထို အခိုက်မှာ သှူုအသိ အမျိုးသမီး တစ်ယောက် ရောက်လာသည်.။ သည် အမျိုးသမီးက ပန်းချီဆရာ တစ်ယောက်၏ ဇနီး သူက ချာချီလုပ်နေပုံကို ကြည့်ကာ....

“ ဘာတွေ ဒီလောက် စဉ်းစားနေသလဲ ”

ဟုဆိုပြိး စုတ်တံတစ်ချောင်းကို ကောက်ယူပြီး ပိတ်ကားပေါ်မှာ ဗျင်းခနဲ.....ဗျင်းခနဲ .....စုတ်ချက်တွေ ဆွဲချပစ်လိုက်သည်..။

ချာချီက ဒီအဖြစ်အပျက်ကို ပြန်တွေးမိတိုင်း...

“ ဟုတ်တယ်ဗျာ..။ အဲဒီတော့မှ အတားအဆီးတွေ ပြယ်သွားတော့တယ်ဗျာ.။ ကင်းဗတ်စကို ကြောက်တဲ့ စိတ်လည်း မရှိတော့ဘူး..။ ပန်းချီအလုပ်မှာ ဒီလို ရဲရဲ တင်းတင်း စတတ်ခြင်းဟာလည်း အင်မတန် အရေးကြီးတဲ့ အချက်တစ်ခုပါပဲ “

လို့ ဝင်စတန် ချာချီ က ပြောခဲ့ဖူးတယ်..။


စာဖတ်သူရော..။ ဘာတွေမှာများ အစရ ခက်နေပါသလဲ..။ ရဲရဲတင်းတင်းသာ လုပ်လိုက်ပါ..။ နောက်ကွယ်မှ မမြင်ရတဲ့ အင်အားတွေ ဝန်းရံလာပါလိမ့်မယ်..။



J.K.Lagemann How To Get More Work Done မှ အပိုင်းအစ
တစ်ခုကို

ကိုဇော် ခံစားပါသည်.။



http://zaw357.multiply.com/journal/item/640 မှာ 16.9.2009 မှာ ရေးထားတာပါ။

.

Share/Bookmark

1 ယောက် ရဲ့ ထင်မြင်ချက်:

Flower said...

မှန်တယ်မှန်တယ်..
ဘလောဂ့်မရေးခင်က ရေးမယ်ရေးမယ်နဲ့ စိတ်သာရှိတယ် လက်တွေ့ချမလုပ်တော့ နှစ်သာချီသွားတယ် ..
အကောင်အထည်အပေါ်ခဲ့ဘူး.. တကယ်လဲ လုပ်ရော အားလုံးဟာ လွယ်လွယ်ကူကူ ဖြစ်သွားတယ်..
ခုတော့လဲ တစ်ရက်တစ်လေ စာမရေးရင်တောင် မနေနိုင်တဲ့ဘ၀... :)

ဒီပိုစ့်ကို ထောက်ခံပါ၏..