မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


15 March 2010

2 အဝေးကြည့် ၊ အနီးကြည့်...(Optical Illusion Effect)



တစ်ခါတစ်လေတော့ဗျာ..။
ကိုယ့်ချစ်သူ ပုံလေးကို ဒီအတိုင်း ကြည့်ရတာ ပျင်းစရာ ကောင်းတယ်လေ..။
ဒီတော့ သူ့ပုံလေးထဲမှာ ကိုယ့်ပုံလေးတွေ ထည့်ထားရင် ကြည့်ရတာ တစ်မျိုးတော့ ဖြစ်နေမှာပဲ..။
အမြင်ဆန်းတာပေါ့လေ.။
ဒီတော့ အဝေးက ကြည့်ရင် ကိုယ့်ချစ်သူပုံလေးကို မြင်ရမယ်.။
အနီးကပ်ပြီး ကြည့်လိုက်ရင် ကိုယ့်ပုံလေးတွေကိုလည်း မြင်ရမယ်.။
ဒါကို အနီးကြည့် ၊ အဝေးကြည့်လို့ ခေါ်တယ်.။
Photoshop အခေါ်အဝေါ်နဲ့ ဆိုရင်တော့ Optical Illusion Effect ဆိုပါတော့..။
ကဲ..စလုပ်ကြည့်ရအောင်..။
အောက်မှာဗျာ ကျွန်တော် ချစ်သူပုံလေး..။





ဟုတ်ပြီ..။
ကျွန်တော်တို့ ဒီလိုပုံလေးတွေကို ဒီအတိုင်းလည်း ရတယ်.။
လေးထောင်စပ်စပ် ဖြတ်ပြီးမှ လုပ်လည်း ရတယ်.။
ကျွန်တော်ကတော့ ဒီအတိုင်းပဲ လုပ်ကြည့်မယ်ဗျာ.။
ဒီတော့ အထက်က ပုံလေးတွေ အတိုင်း ပေါ်အောင်ကတော့ Photoshop ထဲက File > Open ကနေ တဆင့်
ကို သိမ်းထားတဲ့ နေရာကို သွားပြီး ဖွင့်လိုက်ပါ.။
ဒါဆို ခဏထားလိုက်..။
နောက်....ကိုယ်ထည့်ချင်တဲ့ ပုံလေးတွေကိုလည်း File > Open နဲ့ပဲ ဖွင့်လိုက်ပါ.။
ဒီပုံလေးတွေကိုတော့ အံဝင်အောင် ဖြတ်ရမယ်ဗျ..။
ဒါကြောင့် Crop Tool (C) ကိုရွေးပါ.။
နောက် Crop Tool Options Bar မှာ 50 px X 50 px , Resolution 72 px လို့ ထည့်ပါ.။
(ကိုယ်နဲ့ အဆင်ပြေသလောက်ဖြတ်ဗျ.။ 100 px X 100 px ဆိုလည်း ရတယ်.။)
ဒါဆိုရင် ကိုယ့်ပုံလေးတွေကို ဖြတ်ဖို့ အဆင်သင့်ဖြစ်ပါပြီ.။
ဖြတ်ယူလိုက်ပါ.။
ပြီးရင် ရွေ့ချင်ရင် Arrow နဲ့ ရွေ့လို့ရနေသေးတယ် ။
OK ..။ သေချာပြီဆိုရင် Enter ကိုနှိပ်လိုက်ရင် အလိုလို ဖြတ်ပြီးသားလေး ရမယ်.။
အောက်က ပုံလေးလိုပေါ့..။

ဒီလို ကိုယ့်ပုံလေးကို ဖြတ်ပြီးရင် ဒါလေးတွေကို ထည့်ဖို့ တစ်ခု လုပ်ရမယ်.။
ဒီတော့ File > New ကနေ အသစ်ဖွင့်လိုက်ပါ.။
ထပ်ပေါ်လာတဲ့ ဘောင်လေးထဲကနေ Name ကို ဒီအတိုင်းထား.။
Preset ကို Custom လို့ ထား..။
Width နဲ့ Height ကို အတူတူထားရမယ်.။
ကျွန်တော်ကတော့ 100 စီထားထားတယ်.။
ကိုယ့်ပုံက သေးရင် 50 စီထား..။
ပုံလေးလေ အဝေးကြည့်ကောင်းလေပေါ့..။
ဒါတွေ ဖြည့်ပြီးရင် OK ကို နှိပ်ပြီး အသစ်ဖွင့်လိုက်တော့..။


~ ~ ~ ~ ~ ~ ~@ @ @ ~ ~ ~ ~ ~ ~ ~


ဒါပြီးရင်တော့ အရင်က ဖြတ်ထားတဲ့ ပုံလေးက ပုံကို အခု အသစ်ဖွင့်ထားတဲ့ ဘောင်ထဲကို ဆွဲထည့်မယ်ဗျာ.။
ဒီတော့ Move Tool (V) ကို နှိပ်လိုက်ပါ.။
ပြီးရင် Alt ကို နှိပ်ထားပြီး ကိုယ်ဖြတ်ထားတဲ့ ဘောင်ထဲက ပုံလေးကို မောက်နဲ့ ထောက်ပြီး ဘောင်အသစ်ထဲကို ဆွဲထည့်လိုက်ပါ.။
တစ်ပုံထည့်ပြီးရင် ဒီပုံလေးကိုပဲ ထပ်ပွားအောင် Alt ကို နှိပ်လိုက် ဆွဲလိုက်နဲ့ ဘောင်အသစ်ထဲမှာ ကိုယ့်ပုံလေးတွေ ပြည့်အောင် ဖြည့်လိုက်ပါ.။
ဒါဆိုရင် အောက်က ပုံလေးအတိုင်း ဖြစ်သွားလိမ့်မယ်.။



ဒါဆိုရင် ဒီပုံလေးတွေကို ပေါင်းရမယ်ဗျ..။
Layers Palette မှာ ကြည့်လိုက်ပါ.။
Layers ၅ ခုကို တွေ့နေရမယ်.။
ဒါလေးကို တစ်ခုတည်း ဖြစ်အောင် ကျွန်တော်တို့ ပေါင်းရမယ်ဗျာ.။
ဒီတော့ Image > Adjustment > Desaturate ကို ရွေးလိုက်ပါ.။
ဒါမှ မဟုတ်...Shift + Ctrl + U ပေါ့.။
ဒါဆိုရင်တော့ ပုံလေးတွေက အရောင်မှိန်သွားပါလိမ့်မယ်.။
အောက်ကပုံလေးတွေပါ.။



အခု လုပ်ထားတွေက pattern ကို define လုပ်ဖို့ရာ ပြင်ဆင်ခဲ့တာပါ.။
လုပ်တာက အခုမှ လုပ်မှာဗျ..။
ဒါကြောင့် Edit > Definr Pattern ကိုရွေးပါ.။
Pattern Name dialog box ပေါ်လာမယ်..။
ဒီမှာ Love လို့ နာမည်ပေးလိုက်ပါ.။
ပြီးရင် OK ပေါ့..။ ဒါဆို pattern လုပ်ပြီးသား ဖြစ်သွားလိမ့်မယ်.။



~ ~ ~ ~ ~ ~ ~ @ @ @ ~ ~ ~ ~ ~ ~ ~

ဒါဆို စစချင်း ချစ်သူ ပုံလေးကို ပြန်သွားပါ..။
နောက်..Shift + Ctrl + V နဲ့ Layer အသစ်လုပ်လိုက်ပါ.။
ပြီးရင် Edit > Fill ကို သွားပါ.။
ဒါဆိုရင် dialog box ပေါ်လာမယ်.။
ဒီအထဲမှာ Use အကွက်မှာ Pattern ကိုရွေး..။
Custon Pattern မှာ ခုနက လုပ်ထားတဲ့ ပုံလေးကို Down Arrow လေးနှိပ်ပြီး ရွေးလိုက်..။
Fill dialog box ရဲ့ Blending မှာ Normal ...၊ Opacity မှာ 100 % မှာ ရှိနေဖို့ ချိန်ပေးပါ..။
ဒါတွေကို Layers pattern ကပဲ ညှိမယ်.။
ပြီးရင် OK လိုက်ရင် ပုံတွေကို ဖြည့်ထားတာကို တွေ့ရမယ်.။


~ ~ ~ ~ ~ ~ ~ @ @ @ ~ ~ ~ ~ ~ ~ ~


ဒါဆိုရင် နောက်ဆုံး အဆင့် အနေနဲ့...
Layers palette ရဲ့ အပေါ်ဘယ်ဘက်က Bland mode မှာ Overlay သို့ ပြောင်းလိုက်ပါ..။
ပုံလေးတွေ မှိန်သွားပြီး အောက်က ကိုယ့်ချစ်သူ ပုံလေးပါ ပေါ်လာပါလိမ့်မယ်.။
ဒါကိုမှ ထင်းနေသေးရင်...
Overlay မထားပဲ Softlight ကို ပြောင်းကြည့်ပါ..။
ဒါဆိုရင်တော့ ကျွန်တော် လုပ်ပြထားတဲ့ အတိုင်း အောက်က ပုံလေးအတိုင်း ရလာမှာ ဖြစ်ပါတယ်.။

ဒါကို ခေါ်တာပါ..။ အနီးကြည့် ၊ အဝေးကြည့်ဆိုတာ ...

အခု ကြည့်လိုက်လေ..။ ကျွန်တော့်ချစ်သူ မျက်နှာထဲမှာ ကျွန်တော် မျက်နှာလေးတွေ နဲ့လေ..။





မှတ်ချက်။ ။ ကိုနဂါ်းကို အားကျလို့ ကလိကြည့်တာဗျာ..။ နောက်တစ်ခုက သူ့အဖွဲ့မှာလည်း ပို့စ်မတင်ဖြစ်သေးလို့ အားနာလို့ လုပ်ကြည့်တာပါ..။

ကူးတော့ မကူးကြနဲ့ဗျာ..။ ရှက်စရာကြီး လုပ်ဆို လုပ်ပေးပါ့မယ်..ဟီး..။ ပို့သာ ပို့လိုက်..။


ကိုဇော် စိတ်ကူးတင်ပြသည်။

http://zaw357.multiply.com/journal/item/725 မှာ 2.11.2009 က ရေးထားတာပါ။



Share/Bookmark

2 ယောက် ရဲ့ ထင်မြင်ချက်:

Unknown said...

အမြင်ကပ်ဖို့ကောင်းလိုက်တာ
တဟီးဟီးနဲ့ ဖြစ်နေတာ ဖြစ်နေတာ သက်မွန်မြင့်ကိုများ
ကြည့်လို့ကိုမရတော့ဘူး
ဟိုကများသိရင်တော့လား
ဟွန်း ဟွန်း မပြောတော့ဘူးနော

Flower said...

ဟဟဟဟဟဟ
မိဇော်ရယ် ပေါရဲလိုက်တာ
ညီးနှယ်အေ .. ရာရာသသ
ပွင့်လောက်ဆို ဟုတ်တုတ်တုတ်.
ခုတော့သက်မွန်မြင့်တဲ့...

ခွိခွိ