မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


12 March 2010

0 ကြက်ဥပြုတ်ကို ကြက်ချေးစော် မနံချင်ဘူးလား



တစ်ခါတစ်လေ...ကိုယ်က ကြက်ဥပြုတ်ထားတယ်.။ နောက်တော့ တစ်ခုခု လုပ်နေမိတယ်.။ ဒီတော့ ကြက်ဥပြုတ်ထားတာကို မေ့သွားတယ်.ဆိုပါတော့ ဒီလို အချိန်ဆိုရင် ကြက်ဥပြုတ်ထားတာတဲ့ ရေပဲ ခန်းခန်း ဒါမှမဟုတ် ရေများနေလို့ အပူလွန်ပြီး ကြက်ဥတွေပဲ ကွဲကွဲ ..။ ဒီလိုတွေ ဖြစ်သွားရင် ကြက်ဥက အသားတွေ အရမ်းမာသွားပြီး စားကြည့်တဲ့ အခါမှာ ကြက်ချေးစော်ကြီး နံနေတတ်ပါတယ်.။

ဒီလိုအချိန်မှာ ဆိုရင် ကြက်ချေးစော်နံနေတဲ့ ကြက်ဥကို စားချင်စိတ်ကို မရှိကြတော့ပါဘူး.။ သူကလည်း ဘယ်လို ချက်ချက် နံနေတာပါပဲ.။ ဒီလို ကြက်ချေးစော်နံနေတာကို ပျောက်အောင် အလွယ်ဆုံးလုပ်နည်းလေး ကျွန်တော် ပြောပြပါ့မယ်.။

လွယ်ပါတယ်.။ အခုလို အပြုတ်လွန်သွားရင် သူ့ကို ချက်ချင်း မပိတ်ပါနဲ့ဦး.။ ဒီအတိုင်းထားလိုက်ပြီး သူ့ဘေးကနေ ဇလုံကြီးကြီးထဲမှာ ရေများများ ၊ ရေးအေးတွေ ထည့်ပြီး ခုန ပြုတ်ထားတဲ့ ကြက်ဥကို ဇွန်းနဲ့ ခပ်ပြီး ဒီရေအေးထဲကို ချက်ချင်းထည့်လိုက်ပါ.။ နောက် ကြက်ဥကို ချက်ချင်း အဆယ်ပါနဲ့.။ အေးဆေး ထားလိုက်ပြီး တော်တော် အေးသွားပြီ ဆိုမှ ဆယ်ယူလိုက်ပါ..။

ကြက်ဥ အလုံးရေ များနေရင်တော့ အေးပူလာရင် လဲလိုက်ပေါ့ဗျာ.။ ဒါဆိုရင် အအေးခံထားတဲ့ ကြက်ဥကို စားကြည့်လိုက်..။ တကယ်ကို ကြက်ချေးစော် မနံနေတော့ပါဘူး ။

အဆင်ပြေကြပါစေဗျာ.။


မှတ်ချက် ။ ။ အလောင်းအစားလုပ်ထားသော ၃ ရက်လောက်ပြုတ်ထားတာဆိုရင်တော့ မရဘူးပေါ့ဗျာ.။ နောက်..ကြက်ဥ ဖြစ်ဖြစ် ၊ ဘဲဥ ဖြစ်ဖြစ် ၊ ငုံးဥ ဖြစ်ဖြစ် လုပ် လို့ရပါတယ်.။


http://zaw357.multiply.com/journal/item/706
မှာ 21.10.2009 က ရေးထားတာပါ။

.

Share/Bookmark

0 ယောက် ရဲ့ ထင်မြင်ချက်: