မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


22 March 2010

1 ကျွန်တော့်စာကြည့်စားပွဲလေး

.



ကျွန်တော့်မှာ ကျွန်တော် ၅ တန်းကျောင်းသားမှာ ဖေဖေက အမှတ်တရ ဖေဖေငယ်ငယ်တုန်းက စာကျက်ခဲ့တဲ့ စားပွဲဆိုပြီး ဖေဖေ့ အမေအိမ်ကနေ သွားယူပြီး ပေးခဲ့တဲ့ စာကြည့်စားပွဲလေး တစ်ခု ရှိပါတယ်။ ဒီစာကြည့်စားပွဲလေးကို ကျွန်တော် အရမ်းနှစ်သက်ခဲ့တယ်။

ဖေဖေက ပြောပြတယ်။ ဖေဖေ့ အဖေ ( ကျွန်တော့်အဖိုး ) က တစ်ယောက်ကို စာကြည့်စားပွဲ တစ်လုံးနှုန်းနဲ့ ဝယ်ပေးခဲ့တာလို့ ဆိုပါတယ်။ ညဆိုရင် ကျောင်းစာတွေကို လုပ်ဖို့ ၊ စာကျက်ဖို့ အဖိုးက ဖေဖေတို့ကို နောက်ကနေ ကြိမ်လုံးကိုင်ပြီး စောင့်နေတတ်တယ်။ တစ်ယောက်အိပ်ငိုက်တယ် ဆိုရင် နောက်ကနေ ကျောပြင်ကို ဗြောတင်တာ ခံရတယ်တဲ့။

ဒါပေမဲ့ ဖေဖေက ပြောတယ်။

“ ဖေဖေကတော့ ဘယ်တော့မှ အရိုက်မခံရဘူးကွ။ ”

“ ဟုတ်လား။ ဖေဖေက အိပ်မငိုက်လို့လား။ ”

ဖေဖေက ရယ်ရင်း...

“ မဟုတ်ဘူး။ ဖေဖေက နောက်ကို သေချာ မှီပြီး တစ်ချက်လေးမှ မယိုင်အောင် အိပ်နေတာလေ။ ဒါကြောင့် နောက်ကကြည့်ရင် စာကျက်နေတယ်ပဲ ထင်ရတယ်လေ။ လုံးဝ ငိုက်ကျမသွားဘူး။ ”

ဒီစားပွဲလေးကလည်း ဒီလို ရာဇဝင်ရှိတယ်။ ကျွန်တော့်ဆီရောက်လာတော့ ဒီစားပွဲလေးက ရှေးဟောင်းပစ္စည်းတွေရဲ့ ထုံးစံ အတိုင်း အသားထူထူ ၊ ပေါ်လစ်ဆီတွေ ဝဝ နဲ့ ၊ ကျွန်တော် အကြိုက်ဆုံးက မျက်နှာစာမှာ သတ္ထုကို အပြားခတ်ပြီး မျက်နှာပြင်ကို ခင်းထားတာပဲ။ ကျွန်တော် တော်တော်ကို နှစ်သက်ပါတယ်။ ဒီစားပွဲလေးမှာ ပါလာတဲ့ ကုလားထိုင်ကလည်း အသားထူထူနဲ့ ခြေထောက်ခိုင်ခိုင် ၊ ပေါ်လစ်ဆီ ဝဝတွေနဲ့ပဲ။

စားပွဲလေးမှာ အံဆွဲလေး နှစ်ခုပါတယ်။ ဒီအံဆွဲလေးတွေက အခုခေတ်ပေါ် တွေလို ဒေါင်လိုက် ထောင်ထားတာ မဟုတ်။ အလျားလိုက် ဘေးချင်းးကပ်လျက်ရှိနေတာပါ။ ဒီအံဆွဲလေးတွေဟာ ကျွန်တော်ကလည်း အဲဒီအချိန်မှာ ကျွန်တော်အကြိုက်ဆုံး ရုပ်ရှင် ဇာတ်ကားတွေမှာ ပါတဲ့ အတိုင်း လျှောက်လုပ်မိတယ်။

အဲဒီအချိန်တုန်းက ဘဏ်ဖောက်တဲ့ ကားတွေ ၊ ပစ္စည်းခိုးတဲ့ ကားတွေက လုပ်တာတွေ ကြည့်ပြီး မတော်လို့ ငါ့အိမ်ကို ဖောက်ထွင်းရေးသမားလာပြီး ငါ့အံဆွဲလေးကို ခိုးဖွင်ရင် ဒုက္ခပဲ ဆိုပြီး ကျွန်တော့်အံဆွဲလေးကို လုံခြုံရေးကို လျှောက်လုပ်တော့တာပဲဗျာ။

ဒီအချိန်မှာ အံ့သြစရာကောင်းတာက ကျွန်တော် မိဘတွေကလည်း ကျွန်တော် လုပ်သမျှ နောက်ကနေ အားလုံးထောက်ပံ့ ၊ ပံ့ပိုးတာပါပဲ။ ဒီတော့ ကျွန်တော့်စိတ်ကူးထဲက အတိုင်း ကျွန်တော်လုပ်တယ်။ ကျွန်တော့်စားပွဲလေးရဲ့ ညာဘက် အံဆွဲလေးကို ကျွန်တော်နဲ့ ကျွန်တော့်အဖေ နှစ်ယောက်ပဲ ဖွင့်တတ်တယ်။ အထဲမှာ ကျွန်တော်က သံပြားလေးနဲ့ Lock လုပ်ထားလို့ပါ။ ဒါလေးကို အံဆွဲကို ၄ ကြိမ်ဆွဲလိုက်မှ သူက အလိုလို ကျသွားတယ်။ အံဆွဲလေးကို ပြန်ထည့်လိုက်တာနဲ့ အလိုလို Lock က ကျပြီးသား။

နောက်ထပ် ဘယ်ဘက်က အံဆွဲလေးကတော့ ကျွန်တော့်အဖေလည်း မဖွင့်တတ်ဘူး။ သူ့ကို ကျတော့ ကျွန်တော်က ရေဒီယိုထဲက အသံအတိုးအကျယ် ပင်လေးတွေကို ယူပြီး တပ်ထားတာ ၊ ဒါကို ဖွင့်ဖို့ကတော့ ဒီပင်လေးတွေမှာ ၁၂ ခုပါတယ်။ ကျွန်တော်က ကျွန်တော့်ဆီမှာ ရှိတဲ့ ပလတ်စတစ်ပြားလေးကို ပင်လေးတွေနဲ့ ကွက်တိဖြစ်အောင် ဖောက်ထားတယ်။ ဒါပေမဲ့ ကျွန်တော် ဖောက်ထားတာက ၁၇ ခု ဒီတော့ သူဖာသာ အံဝင်မှ ပွင့်တယ်။ ဒီလိုလေး လုပ်ထားတော့ ကျွန်တော်တောင်မှ ဖွင့်ဖို့ ဒီကဒ်လေး ပျောက်နေရင် ဖွင့်မရဘူး။

ဒီအံဆွဲလေးကို ကျွန်တော်ကတော့ လုံခြုံရေးအဆင့် ၉၀ % ရှိတယ်လို့ သတ်မှတ်တယ်ဗျာ။ ဟီး...ကျန်တဲ့ ၁၀ % ကတော့ ရိုက်ချိုးဖွင့်ရင် ပွင့်တာကိုး။ ဒီအံဆွဲထဲမှာ ကျွန်တော် ရည်းစားပေါင်းချုပ်တွေ ထားတယ်။

အဲ ရည်းစားစာ ဆိုလို့ ပြောဦးမှ ကျောင်းတုန်းက ကျွန်တော်က လက်ရေးလေးလှတာ စိတ်ကူးလေးနဲ့ ရေးတတ်တာကြောင့် သူငယ်ချင်းတွေက ရည်းစားစာ ရေးခိုင်းလေ့ရှိတယ်။ ဟဲဟဲ မုန့်တွေ ၊ လက်ဖက်ရည်တွေကတော့ မပူရဘူးဗျာ။ ဒီအကြောင်းအရာက ကျွန်တော့်ကို အခုလို စာရေးရေးဖြစ်အောင် တစ်ဖက်တစ်လမ်းကနေ တကယ်ကို အထောက်အကူပြုပါတယ်။ အဲဒီတုန်းက ရေးထားတဲ့ စာတွေကို ပွားပြီး စုထားတာ။

ဒီစားပွဲလေးကို ကျွန်တော် အရမ်းချစ်ပါတယ်။ အခု အလုပ်ထဲက ကျွန်တော့်စားပွဲ အံဆွဲကို သူများတွေ လာလာနှိုက်လို့ သော့တပ်နေရင်း ကျွန်တော့်စားပွဲလေးကို သွားသတိရမိတာ။ ဒီစားပွဲခုံလေးကို အခုတော့ ဖေဖေက သူအခု အသစ်ပြောင်းပြီး တစ်ယောက်တည်းနေတဲ့ အိမ်မှာ ဘုရားစင်တင်ဖို့ ယူသွားတယ်လို့ ပြောတယ်။ ကျွန်တော့်အံဆွဲတွေကိုလည်း အားလုံး ရှင်းလိုက်တယ်နဲ့ တူတယ်။ ကျွန်တော်ကလည်း အဝေးမှာဆိုတော့ ဘာမှတော့ မပြောနိုင်ဘူးပေါ့လေ။

ဒါပေမဲ့ ကျွန်တော်က အရမ်းအစွဲအလန်းကြီးတတ်တဲ့ သူတစ်ယောက် ၊ အမှတ်တရတွေ အရမ်းများတဲ့ သူတစ်ယောက်ဆိုတော့ တစ်ခုခု ဖြစ်ရင် တကယ်ကို သတိရမိ ၊ ခံစားမိတတ်တယ်ဗျာ။ ပစ္စည်းလေးတွေကိုတောင်မှ ဒီလို ဖြစ်နေရင် လူဆိုရင် ပြောမနေနဲ့တော့။ ဒါကြောင့် သံယောဇဉ်ကြီးတတ်သူ ၊ ခံစားတတ်သူ တစ်ယောက်ဆိုတော့ တစ်ခါတစ်လေ ဘယ်အရာကိုမှ တကယ်ဆိုပြီး မထင်မိအောင် ၊ မခံစားမိအောင် သတိထားရတယ်။

ဘာပဲ ပြောပြောလေ..ကျွန်တော်ကတော့ စားပွဲလေးကိုတောင်မှ အမှတ်တရ သတိရနေတတ်သေးတာပဲဗျာ။ ကျွန်တော် သံယောဇဉ် ရှိနေတဲ့ သူတွေကိုလည်း အမြဲသတိရပါတယ။ ကျွန်တော့်ရဲ့ မိဘ ၊ ညီမတွေ ၊ အပြင်မှ သူငယ်ချင်းများ နှင့် အွန်လိုင်းမှ သူငယ်ချင်း နှင့် Special Person ကိုရော..၊ အားလုံး အားလုံးကို သံယောဇဉ် ရှိစွာ သတိရပါတယ်။


ကိုဇော် ခံစားပုံဖော်သည်။


http://zaw357.multiply.com/journal/item/775 မှာ 22.11.2009 က ရေးထားတာပါ။

.
Share/Bookmark

1 ယောက် ရဲ့ ထင်မြင်ချက်:

kyaw said...

စပယ်၇ှယ်ပါစွန်..ဆိုတာ အဒူတုန်း....ခိခိ

Related Posts Plugin for WordPress, Blogger...

ဧည့်သည်များ

သွားသွားလာလာ
hidden hit counter




free counters

6.8.2010 မှ စ ကလိသည်။

.