မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


30 March 2010

4 မျှော်လင့်ခြင်း ပြူတင်းပေါက်များ






ကျွန်တော်တို့ ခန္ဓာကိုယ်ဟာ အိမ်တစ်လုံးဆိုပါစို့။ ကျွန်တော်တို့ရဲ့ စိတ်ထွက်ပေါက်များကို ပြူတင်းပေါက်များ အဖြစ် အပြင်ကို လှမ်းကြည့်လိုက်ပါ. . . .။

ထိတ်လန့်ကြောက်ရွံ့မှု ၊ အားငယ်မှုတွေနဲ့ ပြူတင်းပေါက်ကနေ အပြင်ကို လှမ်းကြည့်လိုက်ပါ။ ဘာတွေကို မြင်ရပါသလဲ။ ညိုမှိုင်းနေသော အရာများ ၊ အရိပ်မည်းမည်းများဖြင့် ရှုခင်းများ ၊ ခြောက်ခြားဖွယ်ရာ လောက ၊ ဘေးအန္တရာယ်တွေနဲ့ ဘဝများ ၊ ပျက်ဆီးခြင်းကို ရှေးရှုနေမှုများ ၊ ငှက်ဆိုးထိုးသံများ ၊ ကမ္ဘာပျက်တော့မဲ့ အရိပ်အယောင်များ။

ပျော်ရွှင်နေရင်း မျှော်လင့်ချက်များနဲ့ ပြူတင်းပေါက်ကနေ အပြင်ကို လှမ်းကြည့်လိုက်ပါ။ ဘာတွေကို မြင်ရပါသလဲ။ လင်းလက်နေသော မိုးသားကောင်းကင် ၊ လှပသော ကမ္ဘာလောက တစ်ခု ၊ မသေချာပေမဲ့ ယုံကြည်ခြင်းတွေနဲ့ ရှင်သန်နေတဲ့ အလင်းတန်းများ ၊ တတ်ကြွသော ခြေလှမ်းများ ၊ စိတ်ကူးအိပ်မက်တွေနဲ့ ရှင်သန်နေကြသူများ။



ကြည့်လိုက်ပါ . . သင်ရဲ့ မျှော်လင့်ခြင်း ပြူတင်းပေါက်ကနေ အပြင်လောကကို မျက်လုံး ဝင့်ကာ လှမ်းကြည့်လိုက်ပါ။ ရွှေရောင်သန်းသော ရောင်စဉ်တွေနဲ့ အတူ နံနက်ခင်းမှာ ငွေနှင်းမှုန်တွေ မိုးကုတ်စက်ဝိုင်းပေါ်မှာ ကျဆင်းလာတာမျိုး ဖြစ်လာနိုင်ပါတယ်။ ညက မှိန်ပျောက်ဆုံးခဲ့တဲ့ ခွန်အားတွေလည်း ဒီနံနက်ခင်းမှာ လတ်ဆတ်လန်းဆန်းစွာ ရရှိလာနိုင်ပါတယ်။ မှုန်ဝါးနေတဲ့ နေ့တိုင်းဟာလည်း ဒီနေ့မှာ သင့်အတွက် ကြည်လင်လာနိုင်ပါတယ်။ ဒါကြောင့် ဒီနေ့ ၊ ယခုနေ့ဟာ သင့်အတွက် နေ့ထူး နေ့မြတ်ပဲ ဖြစ်တယ်။ ကိုယ့်ရဲ့ လောကကို မျှော်လင့်ချက်တွေ အပြည့်နဲ့ မျှော်လင့်ခြင်း ပြူးတင်ပေါက်ကနေ တရှိုက်မက်မက် ကြည့်လိုက်စမ်းပါ။


source; Patience Strong ၏ Windows of Hope
ကိုဇော်
30.3.2010 – 2.58 AM




.


Share/Bookmark

4 ယောက် ရဲ့ ထင်မြင်ချက်:

Anonymous said...

very nice.ths . u r great blogger

မြသွေးနီ said...

မျှော်လင့်ရင်း...
မျှော်လင့်ရင်း...
မျှော်လင့်ရင်း...နဲ့ပဲ...။
အဲဒီ့လို မျှော်လင့်နိုင်ဖို့ကို..
ခွန်အားတွေ မွေးနေရင်းနဲ့ပဲ..။

Unknown said...

ကိုဇော်အမြင်လေးတွေကို sharing ပြန်လုပ်ပေးတဲ့ အတွက် ကျေးဇူးပါ...

Unknown said...

မျှော်လင့်ခြင်းပြတင်းပေါက်ဆိုတော့ ကိုယ်
မျှော်လင့် ခြင်တာေးလးတွေကိုမျှော်လင့်ပြီး
ကြည့်ပါတယ်...စိမ်းလန်းတဲ့ တောင်တန်းတွေ
အိမ်လှလှလေးတစ်လုံး...ချစ်တဲ့ ကောင်မလေးနဲ့ ....ဥယျာဉ်ကြီးနဲ့ ...အဲဒါက
ကျွန်တော့်၇ဲ့ မျှော်လင့်ခြင်းပြတင်းပေါက်က
မြင်၇တာတွေပါဘဲ