မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


31 March 2010

8 အိပ်ယာဝင်ပုံပြင်







အကယ်၍ ကိုယ်ချစ်သော သူကို အိပ်ယာဝင် ပုံပြင်လေး တစ်ပုဒ် ပြောပြပါ ဆိုပါစို့။ သင် မည်ကဲ့သို့သော ပုံပြင်မျိုးကို ပြောပြမလဲ။ ဆွတ်ပျံကြည်နူးဖွယ်ရာ ပုံပြင်များ ပြောပြမလား ၊ ကြောက်လန့်သွေးပျက်ဖွယ်ကောင်းသော ပုံပြင်များ ပြောပြမလား။ တကယ်ဆို ကိုယ်ချစ်သောသူကို သွေးပျက်ဖွယ် ပုံပြင်များ ဘယ်သူမှ ပြောချင်မှာ မဟုတ်ပါ။ ပြောဖြစ်လိမ့်မည်လဲ မဟုတ်။

ကျွန်တော် ပြောခဲ့သော ကိုယ်ချစ်သော သူဆိုတာ “ မိမိကိုယ်တိုင် ” ကို ဆိုလိုသည် ဆိုပါစို့။ ဘယ်လို အိပ်ယာဝင် ပုံပြင်လေးများ ပြောပြမလဲ။ ကျွန်တော်တို့ အိပ်ယာဝင်တိုင်း မိမိကိုယ်ကို အိပ်ယာဝင် ပုံပြင်လေး တစ်ပုဒ်တော့ ပြောပြပါ။ ထိုပုံပြင်များက တစ်နေ့စာ ကိုယ်လုပ်ထားခဲ့သော လုပ်ရပ်တွေ ၊ မျှော်လင့်ခြင်း အိပ်မက်တွေ ၊ ကိုယ်နဲ့ ဆုံတွေခဲ့ရသူများနဲ့ ပြောဆိုခဲ့တာတွေ ၊ ကိုယ်ရောက်ခဲ့တဲ့ နေရာလေးတွေ အပါအဝင် တစ်နေ့တာရဲ့ ဖြစ်စဉ်တစ်လုံး ဖြစ်ချင် ဖြစ်မယ် ၊ ဖြစ်စဉ် တစ်ခုလုံးရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်ချင် ဖြစ်မယ်။ အဲဒီအထဲက ဘယ်အပိုင်းကို ပြန်စဉ်းစားပြီး ကိုယ့်ကိုယ်ကိုယ် အိပ်ယာဝင်ပုံပြင် အနေနဲ့ ပြောချင်ပါသလဲ။

ကျွန်တော်ကတော့ စဉ်းစားနေမိတယ် ဘယ်လို ပုံပြင် ဖြစ်လေလိမ့်မလဲ။ ပျော်စရာ ပုံပြင်လား ၊ ကြေကွဲစရာ ပုံပြင်လား ၊ ကြည်နူးစရာ ပုံပြင်လား ၊ ပူပင်သောက ဖြစ်စရာ ပုံပြင်လား ၊ ဗရုတ်သုတ်ခ ပုံပြင်လား ၊ အရည်မရ အဖတ်မရ ပုံပြင်လား ၊ တောင်တောင်အီအီ ပုံပြင်လား ။ ကိုယ့်ဖာသာကိုယ် ပြောမဲ့ ပုံပြင်ကို ကိုယ့်ဖာသာ ရွေးခြယ်ခွင့် ရှိပါတယ်။ ဒါပေမဲ့ တကယ်တမ်း ဘယ်လို ပုံပြင်မျိုးကိုမှ ရွေးပြီး အိပ်ယာဝင်ချိန်မှာ ပြန်ပြီး စဉ်းစား ပြန်ပြောမိနေပါသလဲ။

ကိုယ်ပျော်ရွှင်နေတဲ့ အချိန်ဆိုရင် တစ်နေ့စာ ပျော်ရွှင်မှု ထဲမှာ ပျော်စရာတွေကို ပြန်ပြောမိနေပေမဲ့ ၊ စိတ်ရှုပ်ထွေးနေချိန်မှာ စိတ်ညစ်စရာတွေကိုသာ ပြန်လည်မြင်ယောင်ပြီး ပြန်ပြောမိနေတတ်တယ်။ တကယ်လို့ အိပ်စက် အနားယူတော့မဲ့ အချိန်မှာ အရင်က ဖြစ်ပျက်ပြီးတာတွေက ဘာမှတော့ အသုံးမဝင်တော့ပါ။ သို့သော် ပြန်လည်တွေးမိပြီး အိပ်ယာဝင်ပုံပြင်များ အဖြစ် ပြန်ပြောမိနေတတ်တယ်။

ဒါကြောင့် ဒီနေ့ပဲ စကြည့်လိုက်ပါ။ ဒီနေ့ ည အိပ်ယာဝင်တော့မယ် ဆိုရင် စမ်းသပ်ကြည့်ပါ။ မနေ့က အိပ်ယာဝင် ပုံပြင်က ဘာဖြစ်ခဲ့လဲ ဆိုတာကို ပြန်စဉ်းစားကြည့်ပါ။ မနေ့က ပျော်ရွှင်မှု ပုံပြင်တွေကို ပြောရင်းနဲ့ အိပ်ပျော်သွားလို့ ဒီနေ့ နံနက်မှာ ကြည်လင်စွာ နိုးပြီး လုပ်ကိုင် ပြောဆိုသမျှတွေလည်း အဆင်ပြေခဲ့တယ် ဆိုတာ တွေ့ရလိမ့်မယ်။ တစ်ခု တစ်လေတော့ ခက်ခဲ စိတ်ရှုပ်ထွေးရတာမျိုး ရှိတတ်ပါတယ်။ ထိုအဖြစ်အပျက်လေးကို အိပ်ယာဝင်ပုံပြင် အနေနဲ့ စဉ်းစားနေမိရင်း အိပ်ပျော်ကာ နောက်နေ့ မနက်မှာ စိတ်မကြည်လင်ပဲ နိုးလာပြီး တစ်နေကုန် လုပ်သမျှ အဆင်မပြေတာမျိုးရော ကြုံဖူးပါသလား။ ဒါဟာ မိမိရဲ့ အိပ်ယာဝင်ပုံပြင်ကြောင့် ဆိုတာကို အမှတ်ရပါ။

မနေ့ကဆိုတာ ကျွန်တော်တို့ နောက်မှာ ကျန်ခဲ့ပါပြီ ၊ မနက်ဖြန်ဆိုတာ ကျွန်တော်တို့ ရှေ့မှာ ရှိနေပါတယ်။ မနက်ဖြန်ဆိုသော တံခါးဝကို မရောက်ခင်မှာ သတ္တိအပြည့်ဖြင့် ကြည်လင်စွာ ပြုံးနိုင်နေစေဖို့ ယနေ့ညမှာ ကိုယ့်ကိုယ်ကိုယ် ပြောပြဖို့ အိပ်ယာဝင်ပုံပြင်ကို ကြည်လင် ပျော်ရွှင်စရာများဖြင့် ရွေုးခြယ် ပြောဆိုပါ။ ဒါဆိုရင် သင့်ရဲ့ အိပ်ယာဝင်ပုံပြင် တန်ဖိုးဟာ တစ်နေ့တခြား တန်ဖိုး ရှိလာပါလိမ့်မယ်။


source: Patience Strong ၏ Bedtime Story
ကိုဇော်
31.3.2010 – 2.34 AM





.

Share/Bookmark

8 ယောက် ရဲ့ ထင်မြင်ချက်:

Anonymous said...

good

~ဏီလင်းညို~ said...

ကိုဇော်ရေ......
ကောင်းတယ်ဗျိုးးးးးးး
(ကျွန်တော်ကတော့ အိပ်ယာဝင်ခါနီး ဘလော့ဂ်ဖတ်..၊ လည်ပြီးအိပ်တော့........ဟိဟိ.....း))
ခင်မင်တဲ့
ဏီလင်းညို

ညလင်းအိမ် said...

ဟုတ်တယ်ကိုဇော်ရ ...

ကျွန်တော်လည်း အိပ်ခါနီးဆို တနေ့တာလုပ်ခဲ့သမျှကို ပြန်တွေးမိတယ် ...
စိတ်မကောင်းစရာတွေက များတော့ ကောင်းကောင်းအိပ်မပျော်ဘူး ...
နောက်ပြီး မနက်ကျရင် ခေါင်းပါ မကြည်တော့ဘူးလေ ...

မြသွေးနီ said...

အိပ်မပျော်ညတွေများလှပါပေါ့ ။
ဦးနှောက်တွေကလည်း တစ်နေ့တစ်နေ့စားနေမှတော့ ဘယ်လာအိပ်ရာဝင်ပုံပြင်တွေက လှပါတော့မလဲ ။

ငယ်ငယ်တုန်းက အမေ့ရင်ခွင်မှာ ခေါင်းတိုးပြီး အိပ်ရာဝင်ပုံပြင်တွေကို နားထောင်မ၀ဖြစ်ခဲ့ရတာကို အရမ်းကို လွမ်းမိတယ်။

ခုတော့..

Flower said...

အသက်အရွယ်ကိုလိုက်ပြီး ကိုယ့်ကိုယ်ကိုယ် ပြန်ပြောမိတဲ့ ပုံပြင်တွေက ကွဲပြားလာနိုင်ပါတယ်.
ငယ်စဉ်ကပြောမိတဲ့ပုံပြင်တွေမှာ ပူလောင်မှုတွေနည်းပါးမယ်
ဖြူစင်မှုတွေ များနေပေလိမ့်မယ်
အသက်အရွယ်ရလာလေ
ပူလောင်မှုတွေများလာလေမို့
အိပ်ရာဝင်ပုံပြင်ဟာ ငယ်ငယ်ကလို ဖြူစင်နေဖို့တော့
မသေချာတော့ပါဘူး.....

Angel Shaper said...

အရမ်းကောင်းပါတယ်။ ဒီနေ့ပဲ စမ်းသပ်လိုက်တော့မယ်။
အိပ်ပြီဗျို့....:)

Unknown said...

ပျော်ရွှင်စ၇ာတွေဘဲကြုံခဲ့ တဲ့ နေကြတော့လည်းပျော်ခဲ့ တာတွေပြန်တွေး
မိပြန်ေ၇ာ...စိတ်ညစ်စ၇ာကြုံခဲ့ တဲ့ နေကျ
တော့လည်း..အဲဒါတွေပြန်တွေးမိပြန်ေ၇ာ
ဘယ်လို ဘဲဖြစ်ဖြစ် အိပ်ခါနီးတော့ ဘု၇ား
လေးတော့ မှတ်မှတ်၇၇ရွတ်ဖြတ်ပါတယ်
ကိုဇော်ေ၇...

HtweNwe said...

ကိုဇော်ရေ
အိပ်ရာဝင်ပုံပြင်လေးက ကောင်းလိုက်တာ
အဲလို ကြုံဖူးပေးမယ့် အဲလောက်ထိ မစဉ်းစားမိခဲ့ဘူး
ခု ကိုဇော့်အိပ်ရာဝင်ပုံပြင်လေးကိုဖတ်မိမှ
ဘယ်ပုံပြင်ပြောရမယ်ဆိုတာ ကြည်ကြည်လင်လင် သိသွားတယ်
ပျော်ရွင်ခြင်း ၀မ်းနည်းခြင်း တွေနေ့တိုင်းကြုံနေရပေမယ့်
ကိုဇော်ပြောသလိုပဲ
မနက်ဖြန်တွေတန်ဖိုးရှိအောင်
အတတ်နိုင်ဆုံး
အကောင်အထည်ဖော်ကြည့်မယ်