မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


15 March 2010

11 ကျွန်တော် “ နက် ” သွားရတဲ့ အကြောင်းရင်း

ကျွန်တော် အခု “ နက် ” သွားပါပြီ ခင်ဗျား။ ဘာလို့ နက်တာလဲ ဆိုတော့ ဆေးဆိုးလိုက်လို့လည်း မဟုတ်ပါ။ နေပူလို့ အသားမည်းနက်သွားတာလဲ မဟုတ်ပါ။ ကျွန်တော် နက် သွားရတာက. . . . . .

ကျွန်တော့်မှာ လိုချင်နေတဲ့ www.zaw357.com လေး မရလို့ စိတ်ညစ်နေတာကို UK က ညီမလေး “ နောနော ” သူကပါ ဝိုင်းပြီး စိတ်ညစ်ပေးတယ်ဗျ။ ဒါနဲ့ ကျွန်တော် မွေးနေ့ အတွက် ဆိုပြီး သူက အခုတော့ www.zaw357.net ကို ဝယ်ပြီး လက်ဆောင်ပေးတဲ့ အတွက် ကျွန်တော် “ နက် ” ( Net ) သွားရတာပါ။

ဒါကြောင့် ညီမလေး နောနော ပြောသလိုပဲ။ ဘယ်သူ့ဆီကမှလည်း မမျှော်တော့ပါဘူး။ သူမွေးနေ့ လက်ဆောင်ပေးတဲ့ “ နက် ” ( .net ) လေးနဲ့ပဲ ကျွန်တော် zaw357 နက် သွားပါပြီခင်ဗျား။
( ၃၇ မင်းထဲတော့ မထည့်လိုက်ပါနဲ့။ ရိုးရိုးပဲ နက် ပါရစေ :P )

မွေးနေ့ လက်ဆောင်ပေးတဲ့ ညီမလေး နောနောကိုလည်း ကျေးဇူးတင်ပါတယ်လို့ ဒီနေရာကနေ ပြောလိုက်ပါတယ်။

ကျွန်တော်နဲ့ အတူ ဝိုင်းပြီး ခံစားရင်မော ၊ အားပေး သော စာဖတ်သူ သူငယ်ချင်းများကိုလည်း ဒီနေရာကနေ ကျေးဇူးတင်ပါတယ်လို့ အားလုံးကို ဝမ်းမြောက်ဝမ်းသာစွာ ပြောကြားပါတယ်ဗျာ။




***မကြာမှီ အားမွေးပြီး စာပြန်ရေးပါ့မယ်။***


မွေးနေ့လက်ဆောင် ဒိုမိန်းပေးသော ညီမလေး နောနော နဲ့ ခင်မင်ကြသော သူငယ်ချင်းများ ၊ စာဖတ်သူများကို ထာဝရ ကျေးဇူးတင်စွာဖြင့်

ကိုဇော်


.
Share/Bookmark

11 ယောက် ရဲ့ ထင်မြင်ချက်:

ဝက်ဝံလေး said...

အွန့် ကောင်းပါလေ့နော် တူများတွေများ နက်ပေးမယ့်လူနဲ့ ဖြူပေးမယ့်လူနဲ့ ဟိဟိ သာမီးတို့ကတော့ ဘလော့ဂ်စပေါ့နဲ့ပဲ ကျေနပ်နေပါတယ် ကိုဇော်ရေ အဟေးးးအဟေးးးးးး
အေးနော် သမီးလဲ ဝယ်ထားရင်ကောင်းမလားပဲနော် ဟိ

ကိုဇော် ညက်စိ မှုန်တယ်နဲ့တူပါရဲ့ ဟိ ဘာတဲ့ကမ်းပေါ်မှာ သက်မွန်မြင့်ကြိုနေတယ်ဆိုပဲ သမီးမြင်တာတော့ အဲဒါ ကြူကြူသင်း ဟုတ်ဘူးလားလို့ ဟီးးးးးးးးးး

စ တာနော် ချိတ်ချိုးနဲ့
ဘိုင်တာ့တာ

အဆင်ပြေရင်ပြီးရော

ချစ်ကြည်အေး said...

တို့ကတော့ ဘလော့ဂ် ပဲ စပေါ့နေတုန်း....:))

~ဏီလင်းညို~ said...

ကိုဇော်ရေ......
ဝမ်းသာဒယ်.....သိပ်ကို...၀မ်းသာဒယ်.....
လက်ဆောင်ပေးတဲ့ ညီမလေးကိုလည်း ကျေးဇူးတင်တယ်....။
စာတွေများများရေးနိုင်ပါစေဗျို့.......
(တော်သေးတယ်.... ဂျေဒိုးနတ်မဖြစ်သွားလို့.......ခွိ....ခွိ...း))
ခင်မင်တဲ့
ဏိလင်းညို

မောင်သီဟ said...

အမ်မလေးဗျာ အားကျလိုက်တာ အနောတို့တော့
ဘလော့နဲ့စပေါ့နေတုန်းပါ ဝယ်လို့လဲရဖူး ပိုက်ပိုက်ချိဖူး
ရွာမှာလည်းမရောင်းဖူးဗျး)း)
အားပေးနေမယ်ဗျို့း)

အမ်တီအန် said...

မြန်မြန်....နက်...လေကောင်းလေပဲ။ တော်ကြာ..နက်..ပါသူများယူထားမှ။ ၀မ်းသာပါတယ်။
ကိုနက်ရေ...အဲ...ကိုဇော်ရေ...။ :)

မြသွေးနီ
www.myathwayyni.com

Anonymous said...

ကိုဇောင်း ပြောသလို နောက်ဆုံးတော့လည်း Net သွားပြီနော်။ :P

Flower said...

နက်သွားပြီဆိုလို့ ကတ္တရာလောင်းခံရတယ်မှတ်တာ
သူက net ဖြစ်သွားတာကိုး
လက်ချောင်ပေးနဲ့သူနဲ့ ဘာနဲ့..
သူညားတွေက.. အင်းပေါ့လေ
နံမည်ကြီးတွေဆိုတော့ ဂလောက်တော့ချိမှာပေါ့..
လက်ဆောင်ပေးတဲ့ညီမလေးကိုလဲ ကျေးဇူးတင်စရာနော်..
ကိုဇော်ရဲ့ စာဖတ်ပရိတ်သတ်အင်အားက နည်းမှမနည်းဘဲလေ..
စေတနာကလဲ ရောင်ပြန်ဟပ်တယ်ပေါ့..
Congratulation ပါ..များများ နက် အဲလေ.. စာများများရေးနိုင်ပါစေ..
ပြန်ပြီဗျို့.. ၀ူးရှူးဝူးရှူးကမူးရှူးထိုးနဲ့..

Unknown said...

သူညှားတွေများ ဂလိုတွေ ကောင်းစားကြ၏ ဟိဟိ
စတာပါနော အဲ့ဒီ နက် ဆိုတဲ့ဟာကြီးကို ရှစ်လှစွာသော
ညီလေး ညီမလေးတွေ အစ်ကိုကြီး အစ်မကြီးတွေက အားလုံးပေါင်းစုကောင်းမှုဖြစ်၏ အဲ မွားကုန်ပီ
အားလုံးကပေးတဲ့ မွေးနေ့လက်ဆောင်လို့ သဘောထားလိုက်ပီးရောနော....ဟိ

Unknown said...

လက်ဆောင်ပေးရသက်သာအောင်လို့လေ ...

Only U said...

အော် ဒါကြောင့်ကိုး။
အဆင်ပြေပျော်ရွှင်ရင်ပြီးတာပါပဲ။
နို့မို့စိတ်ပဲညစ်နေတာ...။
အခုပျော်သွားမှာပေါ့။
ကောင်းပါတယ်။ အရာရာကိုအောင်မြင်ပါစေ။

Only U said...

အော် ဒါကြောင့်ကိုး။
အဆင်ပြေပျော်ရွှင်ရင်ပြီးတာပါပဲ။
နို့မို့စိတ်ပဲညစ်နေတာ...။
အခုပျော်သွားမှာပေါ့။
ကောင်းပါတယ်။ အရာရာကိုအောင်မြင်ပါစေ။