မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


15 March 2010

0 ကျွန်တော် ကြိုက်တဲ့ Reader

.

ဒီခေတ်ထဲမှာ Reader တွေက အများကြီးပါ.။ တကယ်ကို အများကြီး ဖြစ်နေပါပြီ.။ ဒီလို Reader တွေထဲမှာတော့ ကြာလည်း ကြာ ၊ ကောင်းလည်း ကောင်းတဲ့ Reader ကတော့ Adobe Reader ပါပဲ..။ အခု ဆိုရင် Adobe Reader ဟာ 9 ကိုတောင်မှ ရောက်နေပါပြီ.။ ကောင်းပါတယ် ဆိုတဲ့ ကုမ္ပဏီတွေရဲ့ ထုံးစံအတိုင်းပါပဲ.။ သူတို့ Reader ကို အလကားတော့ ပေးတယ်.ဒါပေမဲ့ လုပ်ပိုင်ခွင့် အကုန်မပေးထားပြန်ဘူးဗျ.။ လုပ်ပိုင်ခွင့် အကုန်လိုချင်ရင် ပိုက်ပိုက်နဲ့ ဝယ်..။ ဒီလိုတွေ လုပ်လာတယ်.။

ကျွန်တော်တို့ မြန်မာတွေကလည်း အလကားသာ လိုချင်ကြတာ မဟုတ်လား.။ အလကားရရင်တော့ တောမီးကို ချွေးထွက်အောင် လှုံမယ်.။ ရေကို ပါဆယ် ထုတ်မယ်.။ ငါးအရိုး သွားကြားထိုးတံ လုပ်ချင်ကြတာလေ.။ ပိုက်ပိုက်နဲ့ ဆိုရင် လှည့်တောင်မှ မကြည့်ချင်ဘူး.။ ဒီလိုမျိုး..ကျွန်တော် အပါအဝင်ပေါ့..။

Adobe Reader ဟာ ကောင်းပါတယ်.။ ဒါပေမဲ့ ပညာပြတာတွေ များလာတယ်ဗျာ.။ တကယ်လို့ Adobe Reader 8 တင်ထားရာကနေ ဥပမာပေါ့. Photoshop CS3 တင်လိုက်ရင် Adobe Reader 9 က အလိုလိုပါလာရော..။ ဒါဆိုရင် သူတို့အချင်းချင်း Confine ဖြစ်ပြီး သုံးမရတတ်တော့ဘူး.။ 8 ကိုလည်း ဖြုတ်မရ ၊ 9 ကိုလည်း ဖြုတ်မရ ဖြစ်တတ်တယ်.။ ဒီလို အချိန်ဆိုရင် စိတ်ညစ်ရတတ်ပါတယ်.။

ဒါပေမဲ့..ကျွန်တော် သိတဲ့ Reader တွေက အများကြီးဗျာ.။ ဒါတောင်မှ ကျွန်တော်က ဘာမှ သေချာ သိတာ မဟုတ်သေးဘူး.။ Google Reader ဆိုလည်း ကောင်းတာပါပဲ..။ အင်း...ထားပါတော့လေ.။ ကောင်းတာတွေ မရေးတော့ပါဘူး.။ အသုံးဝင်တာကိုပဲ ရေးတော့မယ်.။ ဒီလို ပြဿနာ ဖြစ်နေတယ်.။ ဒါမှ မဟုတ် ..တစ်ခုခုကြောင့် သုံးရတာ အဆင်မပြေဘူးဆိုရင် ကျွန်တော် အခု ပေးမဲ့ Reader လေးကို သုံးကြည့်ပါ.။

Adobe Reader က ၇ မျိုးလောက်ပဲ သူုံးလို့ရနေချိန်မှာ ဒီ Reader လေးက ၁၀ မျိုးသုံးလို့ပါတယ်.။ တော်တော်လေးလည်း ကောင်းတယ်.။ စက်လေးချင်းလည်း မရှိသလို Page တတ်တာလည်း မြန်တယ်.။ တကယ်လို့ ဒီဟာလေးကို သုံးလို့ အဆင်မပြေဘူး မကြိုက်ဘူးဆိုပြီး ပြန်ဖြုတ်ရင်လည်း အရင် Adobe Reader ရှိပြီးသားကို ဘာမှ မထိခိုက်ပဲ ဆက်သုံးလို့ ရပါတယ်.။

Foxit Reader လို့ ခေါ်တယ်..။ လိုချင်သူများ ဒီနေရာ နှိပ်ပြီး ဒေါင်းကြပါ..။ 2.57 MB ပဲ ရှိပါတယ်.။ ဘာဆို ဘာပြဿနာ မှ မရှိတဲ့ Reader လို့ ပြောရမှာပါ.။


မှတ်ချက်။ ။ Adobe Reader ပြဿနာ တတ်နေတယ် ဆိုတဲ့ သူငယ်ချင်း တစ်ယောက် မေးထားတာကို ဒီကနေပဲ ပြန်ဖြေလိုက်ပါတယ်.။

အဆင်ပြေကြပါစေဗျာ။


ကိုဇော် ခံစားတင်ပြသည်။


http://zaw357.multiply.com/journal/item/730 မှာ 4.11.2009 က ရေးထားတာပါ။

.
Share/Bookmark

0 ယောက် ရဲ့ ထင်မြင်ချက်: