မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


13 March 2010

1 သူငယ်ချင်း တစ်ယောက် အကြောင်း...(၁)




ကျွန်တော် (၁၀) တန်းတုန်းက သူငယ်ချင်း တစ်ယောက်ပါ။ သူ့နာမည်က “ နော်အယ်စေးဖော ” တဲ့။ အလွန်တုံးတဲ့ ကျွန်တော်က သူ့ကို ရခိုင် သွားလုပ် နေသေးတယ်။ သူ့ကို အားလုံးက “စေးဖော ” လို့ ခေါ်ကြတယ်။ ကျွန်တော့်က “စေးဖော ” ဆိုတာကြီးကို ဘယ်လိုကြီးမှန်း မသိဘူးဗျာ ပါးစပ်ယားသလိုပဲ။ ဒါကြောင့် “ နော်စေး ” လို့ပဲ ခေါ်ရင်း သူငယ်ချင်း အားလုံးလည်း “ နော်စေး ” လို့ လိုက်ခေါ်ကြတယ်။

တကယ်လို့ ကျွန်တော့်ကို စကားပြောကောင်းတယ်လို့ တစ်ယောက်ယောက်က ပြောလာခဲ့ရင် မဟုတ်ပါ ဆိုပြီး ကျွန်တော်ထက် စကားပြောကောင်းတဲ့ သူကို လက်ညှိုးညွှန်ပြပါ ဆိုရင် “ နော်စေး ” ကိုပဲ လက်ညှိုးထိုးပြရမှာပါပဲ။ ဘာလို့လဲ ဆိုတော့ သူပြောနေကြ စကားလေးတွေ ရှိတယ်ဗျ။ သူပြောတော့မယ် ဆိုတာ သိနေပေမဲ့လည်း အပြောခံလိုက်ရတာပါပဲ။ ကျွန်တော် မှတ်မိသလောက်လေးတွေ ပြောပြမယ်။

“ ငါတို့ အိမ်မှာ ငါ့အစ်မက ပြောတယ်။ သူတို့ကျောင်းမှာ ကောင်မလေးတွေက ဆေးတွေချတယ်တဲ့။ ဒါကြောင့် သူတို့ မျက်လုံးလေးတွေက ရွဲရွဲလေးတွေ ဖြစ်နေတယ် ဆိုပဲ။ ဒါနဲ့ ငါလည်း ဘာရယ် ညာရယ်တော့ မသိဘူးပေါ့။ ဒီလို မျက်လုံးရွဲရွဲလေးတွေ လိုချင်တာပေါ့။ နောက်မှ မှန်ထဲ ပြန်ကြည့်လိုက်တော့ ငါ့မျက်လုံးလေးတွေကလည်း ရွဲရွဲလေးတွေ ဖြစ်နေတယ်။ ”

“ ရုပ်ရှင်တွေ ကြည့်ရင် မင်းသားနဲ့ မင်းသမီး တွေ့ခန်းမှာ မင်းသမီးဆံပင်လေးတွေက လေမှာ လွင့်နေတာ မိုက်တယ်ဟ။ ဒီလိုဆံပင်လေးတွေ ငါလည်း လိုချင်တာပေါ့။ နောက်မှ ငါ့ဆံပင်လေးတွေကို ပြန်ကြည့်လိုက်တော့ ငါ့ဆံပင်လေးတွေကလည်း ဒီလိုပဲ လေထဲမှာ ဝဲဝဲလေးတွေ ဖြစ်နေတာပဲ။ ”


“ ထက်ထက်မိုးဦး လက်ကလေးတွေက သွယ်သွယ်လေးနဲ့ လှတယ်ဆိုပြီး ပြောကြတယ်။ သူလက်သည်းနီဆိုးထားရင် ကြည့်ကောင်းတယ် လို့ ပြောတယ်။ ဒီလို ဆိုတော့လည်း ငါလည်း ဒီလို လက်ကလေးတွေ လိုချင်တာပေါ့။ နောက်မှ ငါ့လက်ကို င်ါပြန်ကြည့်လိုက်တော့ ငါလက်ကလေး တွေကလည်း သွယ်သွယ်းလေးတွေပါပဲ။ ”

ဒီလို...ဒီလိုတွေ များစွာ။ သူဒီလို ပြောတော့မယ် ဆိုတာလည်း သူငယ်ချင်းတွေပဲလေ. ကြာတော့ ရိပ်မိပါတယ်။ ဒါပေမဲ့..သူပြောတဲ့ စကားအခေါ်အဝေါ်တွေက ကောင်းလွန်းတော့ နောက်ဆုံးကျမှပဲ သူပြောပြီးမှ ပြောပြန်ပြီ ဆိုပြီး အပြောခံလိုက်ရတာပါပဲ။

တော်ကီ ကောင်းတယ် ဆိုတဲ့ သူငယ်ချင်း တစ်ယောက် အကြောင်းပါ။ သူလောက် တော်ကီ ကောင်းတဲ့ သူကတော့ ကျွန်တော်တော့ မတွေ့ဖူးသေးဘူး။ ဘာပဲ ပြောပြော သူငယ်ချင်း တစ်ယောက်ကို သတိရခြင်း အမှတ်တရပါ။

သြော်...ဒါနဲ့ နီကိုရဲ ရဲ့ စာတွေ ဖတ်လို့ ကောင်းတယ် ကောင်းတယ် နဲ့ တကယ် ပြန်ဖတ်ကြည့်တော့ ငါရေးတာတွေက နီကိုရဲ လိုပါပဲလား..ဟီး ( ပေါကြည့်တာ ) ။


ကိုဇော် ခံစားပုံဖော်သည်။

http://zaw357.multiply.com/journal/item/716 မှာ 25.10.2009 က ရေးထားတာပါ။

.
Share/Bookmark

1 ယောက် ရဲ့ ထင်မြင်ချက်:

~ဏီလင်းညို~ said...

ကိုဇော်ရေ.....
သူပြောတာလေးက...ဟုတ်မလိုလိုနဲ့ နော်....ဟား..ဟား...
သူပြောသလို စမ်းကြည့်ဦးမှ....း))
(လီယိုနာဒိုကို မိန်းမပျိုလေးတွေ သိပ်ကြိုက်ကြတယ်ဆိုလို့ ကျွန်တော့်မှာ အားကျလိုက်ရတာ...။ ဟော... အလုပ်ကနေအိမ်လည်းပြန်ရော.... မိန်းမပျိုချောချောလေးတွေ အယောက်နှစ်ဆယ်လောက် တိုက်အောက်မှာ တန်းစီပြီး ကျွန်တော့်ကိုစောင့်နေကြတာပါလား...ဟရို့....း))
ခင်မင်တဲ့
ဏီလင်းညို