မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


12 March 2010

1 ကျွန်တော် အကြိုက်ဆုံး ရုပ်ရှင်ကားပါ


ကျွန်တော် မေးကြည့်မယ်..သူငယ်ချင်း ...............

၁။ အလီဘာဘာနဲ့ ခိုးသား ၄၀ ဆိုတဲ့ ဇာတ်လမ်းကြားဖူးလား...။
၂။ အာလာဒင် နဲ့ ဆီမီးခွက် ဇာတ်လမ်းကြားဖူးလား.။
၃။ အဖေ့အတွက် လက်ဆောင် ဇာတ်လမ်းလေး ကြားဖူးလား..။

၎။ ရယ်မောပျော်ရွှင်သော ဘုရင်ဆိုသော ဇာတ်လမ်းလေး ကြားဖူးလား..။


ဒီလို ဇာတ်လမ်းလေးတွေ ကြားဖူးလား..။ ဟုတ်ပြီ..။ မကြားဖူးရင်ထားတော့ ...ဒီလို ဇာတ်လမ်းပုံပြင်လေးတွေ အရမ်းကြိုက်လို့ တကယ်ကို ရှာရှာဖွေဖွေ ဖတ်ထားတဲ့ ကျွန်တော်တောင်မှ အခု ဒီကားကြည့်ပြီးတော့ အရင်က ဇာတ်လမ်းတွေက မှားနေတယ်.။ လိုနေတယ် ဆိုတာကို သွားတွေ့တယ်ဗျာ.။

တကယ်ပါ..။ ကြည့်ကြည့်ကြပါ.။ အရင်က ကဗျာ တစ်ပုဒ်မှာလည်း ကျွန်တော် ညွှန်းဖူးပါသေးတယ်.။ မြန်မာဘာသာပြန်နဲ့လည်း ရှိပါတယ်.။ မေးပြီးဝယ်ကြည့်ပါ.။ တစ်ခု ပြောချင်တာကတော့ ယောက်ျားတစ်ယောက် အတွက် အဖော်မွန် ဇနီးမယား တစ်ယောက်ဆိုတာ အဲဒီအထဲက မင်းသမီးလိုပဲ ဖြစ်သင့်ပါတယ်..။ ကျွန်တော် ချစ်သူ အိမ်ထောင်ဖက်ကိုလည်း ဒီလိုပဲ မျှော်လင့်မိပါတယ်.။

ကျွန်တော့်မှာ ဒီအခွေလေး ရှိပါတယ်.။ တကယ်ပါ..။ အခြေအနေပေးရင် သူငယ်ချင်းတွေ အားလုံးကို တစ်ယောက်တစ်ခွေ လက်ဆောင်ပေးဖို့ပါ မျှော်လင့်မိပါတယ်. ။ ပေးလည်း ပေးချင်ပါတယ်.။ အင်း....မင်္ဂလာဆောင်ပေါ့ဗျာ.. နော်...ဟီ.။ ( ဆောင်စရာ မရှိလို့ နင်းကန်ပြောနေတယ် လို့တော့ မပြောနဲ့နော်..။ တကယ်ကို ပေးချင်တာပါ.။ ) အခုတော့ ကိုယ့်ဖာသာ ရှာကြည့်လိုက်ပါဦးဗျာ.။



ကိုဇော် ခံစား တင်ပြသည်။


http://zaw357.multiply.com/journal/item/708 မှာ 22.10.2009 က ရေးထားတာပါ။

.
Share/Bookmark

1 ယောက် ရဲ့ ထင်မြင်ချက်:

Angelhlaing(May everybody be happy and healthy! said...

ကျွန်တော် ချစ်သူ အိမ်ထောင်ဖက်ကိုလည်း ဒီလိုပဲ မျှော်လင့်မိပါတယ်.။..အဲဒီစာသားလေး သဘောကျမိတယ်အကို :):)