မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


11 March 2010

1 စာမျက်နှာတွေ လိုသလို ညှိဖို့


ဘာရယ်တော့ မဟုတ်ဘူး။ ရေးမယ် ရေးမယ် နဲ့ မရေးဖြစ်တာပါ။ အထူးသဖြင့် လက်တော့ သုံးသူများ အတွက်ပါ။ လက်တော့တွေမှာ Screen က သေးနေတော့ Resolution က နည်းပြီး အပြည့်မရတတ်ဘူးပေါ့ဗျာ။ ဒီတော့ ဆိုက်က စာလုံးတွေ သေးနေတတ်တယ်။ အောက်က ပုံလေး အတိုင်းပေါ့။




ဒါဆိုရင် စာလုံးတွေ သေးလို့ ဆိုပြီး ဘလော့ဂါ ကို သွားသွား အော် မိတတ်တယ်။ စာလုံးတွေ ကြီးပေးပါပေါ့၊ ဒီလို ဆိုတော့ ဘလော့ဂါကလည်း ပြင်ပေးရတာပေါ့။ ဒါပေမဲ့ သူ့ကို မပြောပဲ ကိုယ့်ဖာသာလည်း ပြင်လို့ရပါတယ်။ လွယ်ပါတယ်ဗျာ။

စလုပ်ကြည့်ရအောင်. . .။ ကီးဘုတ်က Ctrl ကီးကို နှိပ်ထားလိုက်ပါ။



ပြီးရင် ကီးဘုတ်ပေါ်က အပေါင်းကီး ကို နှိပ်လိုက်ရင် . . . .




စာလုံးတွေနဲ့ အတူ ကိုယ်ကြည့်နေတဲ့ Web Page လည်း ကြီးလာပါလိမ့်မယ်။ အခုတော့ အပေါ်က ကျွန်တော့်ဘလော့လေးကို Ctrl နဲ့ + ကို နှိပ်ပြီး ကြီးပြထားပါတယ်။ အောက်ပါ အတိုင်း စာမျက်နှာနဲ့ အတူ စာလုံးတွေလည်း ကြီးလာပါလိမ့်မယ်။




ဒါဆို စာလုံး သေးနေတယ် ဆိုသူများ ၊ စာမျက်နှာသေးနေတယ် ဆိုသူများ ၊ Resolution သေးနေလို့ ကြည့်ရတာ အားမရဘူး ဆိုသူများ ဒီလိုလုပ်ပြီး ကြည့်နိုင်ပါတယ်။

တကယ်လို့ စာမျက်နှာ ကြီးနေတာတွေကို သေးချင်သူတွေကတော့. . .Ctrl ကီးကို နှိပ်. . .



ပြီးရင် ကီးဘုတ်ပေါ်က အနုတ်ကီး ကို နှိပ်လိုက်ရင် . . . .




စာမျက်နှာလေးတွေ သေးသွားမယ်။ စာလုံးလေးတွေ သေးသွားမယ်ပေါ့ဗျာ။ လွယ်ပါတယ်။ အဲဒီလောက်ကို လွယ်ပါတယ်။

မသိသေးသူများ အတွက်သာ ရည်ရွယ်ပါတယ်။

အဆင်ပြေကြပါစေ
ကိုဇော်

.

Share/Bookmark

1 ယောက် ရဲ့ ထင်မြင်ချက်:

chaw said...

အဲ ဟုတ်တယ်တော့
မိဇော်ရေ..
ကြီးကြီးလာတယ်
ဘာကြီးလဲတော့မသိ.. ဟီးဟီး