မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


12 March 2010

0 သူဌေးသားနဲ့ ညားချင်သူများ....သို့



အဲဒီနေ့က ကျွန်တော်နဲ့ ကျွန်တော့်ညီမ အိမ်ရှေ့မှာ အေးအေးဆေးဆေး ထိုင်နေရင်း စကားတွေ ပြောနေမိတယ်.။ ဒီလိုပြောနေရင်းနဲ့ ကျွန်တော့်ညီမက စပြောတာပါ.။

“ ကိုကြီးရာ.။ ညီမလေး သူငယ်ချင်းတွေက ပြောကြတယ်.။ သူဌေးသားနဲ့ ညားချင်တယ်..တဲ့။ ” “ အမ်..။ ”
ကျွန်တော် လေတောင်မှ သီးသလို ဖြစ်သွားတယ်.။ ပြီးမှ..

“ ဘာလို့လဲ ညီမလေးရယ်..။ သူတို့က ဘာလို့ သူဌေးသားမှ လိုချင်တာတဲ့လဲ.။ ”

“မသိပါဘူး ကိုကြီးရာ။ ညီမလေးကလည်း တကယ်တော့ ဘာမှ ဝင်ပြောနေကြ မဟုတ်ပါဘူး။ ဒါပေမဲ့ အဲဒီနေ့ကတော့ သေချာကို ဝင်ပြောမိသွားတယ်.။ ”

“ ဟုတ်လား.။ ဘယ်လို ပြောမိသွားတာလဲ..။ လုပ်ပါဦး..။ ပြောပြပါဦး.။ ”

“ ဟုတ်တယ်လေ..။ သူတို့က တစ်ခါလာလည်း သူဌေးသားနဲ့ ညားချင်နေတယ် ။ နောက်တစ်ခါလာလည်း သူဌေးသားနဲ့ ညားချင်နေတာလေ.။ ဒါကြောင့် မေးလိုက်တယ်.။ ဟုတ်ပြီ..။ နင်တို့က သူဌေးသားနဲ့သာ ညားချင်နေတာ သူဌေးသားနဲ့ တန်တယ် ဆိုတဲ့ အရည်အချင်းတွေ ရှိလို့လား လို့.။ ”


“ ဘယ်လို...?? ”

ကျွန်တော် မျက်လုံး အလယ်တောင်မှ စုသွားတယ်.။ သူဌေးသားနဲ့ ညားဖို့ တန်တဲ့ အရည်အချင်းတဲ့..။ ဘယ်မှမှလည်း တစ်ခါမှ မကြားဖူးဘူး.။

ဟုတ်တယ်..ကိုကြီး ၊ သူတို့လည်း ကိုကြီးလိုပဲ “ ဘယ်လို ” ဆိုပြီး မေးတယ်.။ ”

ကျွန်တော် စိတ်ထဲက “ ဟိုက် ” ခနဲတောင်မှ ဖြစ်သွားတယ်.။ ငါတော့ ဆက်မပြောမှပဲ..။ သူက အားလုံး သိပြီးလိုက်ပြောနေတယ်.။ ဒါကြောင့် ကျွန်တော် ခေါင်းပဲ ညိတ်ပြလိုက်တယ်.။ ဒီတော့ သူဆက်ပြောတယ်.။

“ ဟုတ်တယ်လေ.။ လူတွေက သူဌေးသားသာ လိုချင်နေကြတာ.။ ကိုယ့်မှာ သူဌေးသားနဲ့ ထိုက်တန်တဲ့ အရည်အချင်းရှိဖို့တော့ လိုတယ်လေ.ကိုကြီး.။ ဒီလိုမဟုတ်ပဲနဲ့တော့ ဘယ်လိုလုပ် သူဌေးသားနဲ့ တွေ့မလဲ ။ ဥပမာ - ကိုယ်မှာ နန္ဒာလှိုင် ၊ သက်မွန်မြင့်တို့လို လှပတဲ့ ရုပ်ရည်ရှိလား.၊ ဒါဆိုရင် ဖြစ်နိုင်တယ်.။ ဒီလိုမှ မဟုတ်ရင်တော့ ကိုယ့်မှာ သူဌေးသားကျလောက်တဲ့ အစွမ်းအစ အရည်အသွေးတွေ ရှိနေလား.။ အတတ်ပညာပေါ့လေ.။ ဆရာဝန်မလား ၊ အင်္ဂျင်နီယာမလား.။ နောက် ..ကိုယ်ကလည်း ဘယ်လောက် ချမ်းသာလဲ.။ ဒါတွေ လိုတယ်.။

ကိုကြီး စဉ်းစားကြည့်လေ.။ ကိုယ်ကတောင်မှ သူဌေးသားကို လိုချင်နေတာလေ.။ သူဌေးသားကလည်း သူ့ထက်ချမ်းသာတဲ့ သူတစ်ယောက်ကို ရှာနေမယ် ဆိုတာ မဖြစ်နိုင်ဘူးလား.။ ဥပမာ - ကားတစ်စီး ရှိတဲ့ သူက ကားနှစ်စီး ရှိတဲ့ လူကို လိုက်ရှာတော့မှာပေါ့.။ ကားတစ်စီး ရှိတဲ့ သူက လမ်းဘေးက အကြော်သည်ကို ကြိုက်တယ် ဆိုတာကတော့ ဝတ္ထုထဲမှာပဲ ရှိမယ် ကိုကြီး..။ ဒါတွေကို သူတို့ စဉ်းစားဘူး.။ စိတ်ကူးယဉ်နေကြတယ်.။


နောက်ဆုံး အရေးကြီးဆုံး အချက်ကတော့ လူတွေက လိုချင်တယ်.၊ ရချင်တယ် ဆိုတာသာ ပြောတာ..။ ကိုယ်လိုတာကို ရဖို့ ကြိုးစားချင်စိတ် မရှိဘူး.။ ကြိုးစားဖို့ နေနေသာသာ လိုချင်တာ ရှိတဲ့ နေရာကို ရောက်အောင်တောင်မှ မသွားကြဘူး ကိုကြီး.။ ဒါကြောင့် ညီမလေး ပြောလိုက်တယ်.။ နင်တို့ သူဌေးသားလိုချင်ရင် ဒီလို အိမ်ထဲကနေ အော်နေလို့ မရဘူး.။ သူဌေးသားလိုချင်ရင် သူဌေးသားရှိတဲ့ နေရာကိုတော့ ရောက်အောင် သွားရမယ်ဟ..။ ဘယ်မှ မသွားပဲ ..။ ထိုင်အော်နေရင်တော့ နင်တို့ ရူးနေလို့ပဲ။ ”

ဒါလေးကတော့ ကျွန်တော် ညီမရဲ့ အတွေးလေး တစ်ခုပါ.။ အရင်ကလည်း သူ့အတွေးလေးတွေကို ကျွန်တော် ရေးဖူးပါတယ်.။ သူဘာသာပြန်ထားတဲ့ ပိုးတုံးလုံးလေး ကနေ လိပ်ပြာလေး ပေါက်တာကိုလည်း ကျွန်တော် ရေးဖူးပါတယ်.။ ဒါပေမဲ့လည်း ဝမ်းနည်းစရာကောင်းလှစွာပဲ တချို့လူတွေက ဒီစာလေးကို ယူပြီး pdf ဖိုင်မှာ လိပ်ပြာပုံလေး ထည့်ပြီး ပြန်ပို့ကြပါတယ်.။ ကျွန်တော့်ဆီလည်း ရောက်လာပါသေးတယ်.။ အောက်မှာတော့ ကျွန်တော် နာမည် မဟုတ်သလို ကျွန်တော် ညီမ နာမည်လည်း မဟုတ်ပါဘူး.။ ဒါလိုမျိုးတော့ မကောင်းဘူးပေါ့လေ.။ ကျွန်တော့်ညီမသိရင်လည်း စိတ်ကောင်းမှာ မဟုတ်ပါ.။ ဒါပေမဲ့ ထားလိုက်ပါတော့လေ။ ကြုံလို့ ပြောပြတာပါ။

ဒီလိုမျိုးတွေ ကျွန်တော် နဲ့ ကျွန်တော် ညီမ ပြောတဲ့ စကားလေးတွေ များစွာ ရှိပါတယ်။ ကျွန်တော့်ညီမက ကျွန်တော် ထက်တောင်မှ တော်တယ်။ အထူးသဖြင့် အင်္ဂလိပ်စာ နဲ့ တရုတ်စာပေါ့လေ။ ကျွန်တော်ကတော့ အင်္ဂလိပ်လိုတောင်မှ “ တောက်တဲ့ ကားကြိတ်လေ.။ ”

ဟီး..တော်သေးတယ်နော်။ ဟိုအကောင်ကြီး လှည်းနင်းတာထက် စာရင်ပေါ့။


ကိုဇော် ခံစားပုံဖော်သည်။


http://zaw357.multiply.com/journal/item/712 မှာ 24.10.2009 က ရေးထားတာပါ။

.
Share/Bookmark

0 ယောက် ရဲ့ ထင်မြင်ချက်: