မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


25 March 2010

6 လေတိုက်ခံခဲ့ရသူများ

.
အရင်လို မအားတော့တာ အမှန်ပေမဲ့ အလုပ်ကတော့ ပြောင်းဖို့ ဘာမှ မပြောသေးဘူး။ ဒါကြောင့် ကျွန်တော် အရင်လို များများ မရေးတင်နိုင်တော့ပေမဲ့ ရတဲ့ အချိန်လေးမှာ အဆင်ပြေသလို တင်သွားပါ့မယ်။ ကြည့်လို့ ဖတ်လို့ အဆင်မပြေတာများ ရှိရင် အောက်မှာ Comment ပေးခြင်း ၊ Cbox မှာ အော်သွားခြင်းဖြင့် ပြောခဲ့ပါ။ တကယ်တော့ Cbox မထားချင်တော့ပေမဲ့ သူငယ်ချင်းတွေ တောင်းဆိုလို့ ပြန်ထားလိုက်တာပါ။


သို့သော်.. . .

တကယ်လို့ Cbox မှာ ယုတ်ရင်းကြမ်းတမ်းသူရဲ့ စာများကို တွေ့ခဲ့ပါလျှင် မေတ္တာစိတ် အပြည့်ဖြင့် ငြိမ်းချမ်းစွာ လျစ်လျူရှု ပေးသွားပါ။ ကိုယ်ရေးချင်တာသာ ရေးသွားပေးပါ။ ကျွန်တော့်ကို ခင်၍ ကူညီပေးနေသော Cbox သန့်ရှင်းရေး သူငယ်ချင်းများက သင့်တော်သလို စီမံသွားပါလိမ့်မယ်။ သူတို့ကြောင့် စာဖတ်သူများလည်း စိတ်လက် မချမ်းမသာ ၊ အနှောက်အယှက် မဖြစ်ပါနဲ့။ သူတို့ ဒီလို လာရေးတာကိုက ကျွန်တော့်ကို သူတို့ အရေးတယူ ရှိနေတာလို့ပဲ ကျွန်တော် ခံယူထားပါတယ်။ သူတို့ကြောင့် ကျွန်တော့်မှာ စိတ်ဆင်းရဲခြင်း ၊ စိတ်အနှောက်အယှက် ဖြစ်ခြင်းလုံးဝ မဖြစ်မိပါ။

~ ~ ~ ~ ~ ~ ~ ~ ~ @ @ @ ~ ~ ~ ~ ~ ~ ~ ~ ~

အခု ဒီစာလေးကိုတော့ “ ဝေဖန်မှု ” အကြောင်းကို ဟိုတလောက ကျွန်တော် ရေးထားတာကို ဖတ်ပြီး သူငယ်ချင်း တစ်ယောက်က သူရဲ့ ဘဝ အဖြစ်အပျက် အမှန်ကို ရေးပို့ပေးတာပါ။ ဗဟုသုတ ရဖွယ်များ နှင့် ရသများစွာ ထုံမွှန်းပါဝင်ပါတယ်။

ကျွန်တော် ပြောပြတာထက် ကိုယ်တိုင် ဖတ်ကြည့်တာက ပိုပြီး ရသ မြောက်စေပါလိမ့်မယ်။ Fullscreen ကိုနှိပ်ပြီး ဖတ်ခြင်းဖြင့် မြင်ကွင်းပြည့် မြင်ရစေပါတယ်။

လေတိုက်ခံခဲ့ရသူများ

လေးစားစွာဖြင့်

ကိုဇော်

.

Share/Bookmark

6 ယောက် ရဲ့ ထင်မြင်ချက်:

သိင်္ဂါကျော် said...

ကိုဇော်ရေ.. စာလာဖတ်သွားပါတယ်..
ဒီလို တင်လိုက်တာလည်း ကောင်းသားပဲ..။
mail တွေ ထဲမှာတော့ ဘယ်သူက စမှန်းမသိဘူး.. ဘာ link မှ မညွှန်းပဲ ပို့ကြတာ..
တစ်ချို့စာတွေဆို ကိုယ်တွေကတော့ ဘယ်ဘလော့ထဲက ဆိုတာ သိတယ်လေ.. ဒါပေမယ့် ဘာမှ မပါဘူး။ တစ်ခါတလေ ning ထဲက pages တွေထဲမှာ ဘာမှ မညွှန်းပဲ ထပ်တင်ကြသေးတယ်..။

Unknown said...

ကိုဇော်ရေ.. အဲဒါဘဲ အသုံးမကျတဲ့ လူတစ်ယောက်ရဲ့ ဝေဖန်မှုဆိုတာ.. တစ်ဖက်သားအကြောင်းကို ပြောဆို ဝေဖန် ချင်တယ် ဆိုရင် ပထမဆုံး ကိုယ်ကိုယ်တိုင် လည်း အသုံးကျ ရမယ်.. သေချာစွာလည်း အတွင်းကျကျ လေ့လာ စုံးစမ်းသင့်တယ်လို့ ဒို့ထင်တယ်...

Unknown said...

ဖတ်လိုက်၇တာစိတ်တောင်မကောင်းဘူးဗျာ..
လျှာတစ်ချောင်းနဲ့ လူသတ်လို့ ၇တယ်ဆိုတာမှန်
တာဘဲဗျာ....အဲဒီလို လွယ်လွယ်ဝေဖန် အပြစ်တင်တတ်တဲ့ လူတွေကို စိတ်ပျက်တယ်ဗျာ
အဲဒီစာေ၇းတဲ့ သူငယ်ချင်းဘယ်လောက်ခံစားသွား၇မလည်းကိုယ်ချင်းစာကြည့်မိတယ်...ကိုယ်ချစ်တဲ့ မြို့ တောင်ကိုယ်မပြန်နိင်တော့တဲ့ အထိပြော၇က်ကြတယ်နော်....ဘာဘဲဖြစ်ဖြစ် အဲဒီသူငယ်ချင်းကို ပျော်ရွှင်အောင်နေပါလို့ ဆုတောင်းပေးလိုက်တယ်ဗျာ

မြသွေးနီ said...

စကားဆိုတာ..

တဖက်သားရော၊ ကိုယ်တိုင်ရော အကျိုးရှိမယ်ဆို.. (လုံးဝ)ပြော။

တဖက်သားရော၊ ကိုယ်တိုင်ရော အကျိုးမရှိဘူးဆို.. (လုံးဝ)မပြောနဲ့။

တဖက်သားအကျိုးရှိပြီး၊ ကိုယ်တိုင်မရှိဘူးဆို.. သေခြာ စဉ်းစားပြီး ပြောသင့်မှပြော။

တဖက်သားအကျိုးမရှိပဲ၊ ကိုယ်ပဲအကျိုးရှိမယ်ဆို.. သေခြာ စဉ်းစားပြီး ပြောသင့်မှပြော။

...အမေကအဲ့ဒီလိုပြောခဲ့တာ။

Unknown said...

အကျိုးအကြောင်းတွေ အားလုံးတိုက်ဆိုင်သွားတာပါဗျာ။ ဒါပေမယ့် ကာယကံရှင်ရဲ့ စိတ်ဓါတ်ကြောင့် လေတိုက်တာတောင် မယိုင်ဘဲ ကျန်ခဲ့လေရဲ့။ ချီးကျူးပါတယ်ဗျာ။

nla said...

i know that the author is 'She' only at the middle of the story