မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


05 March 2010

0 ဆွီဒင် ဆိုတာ ပညာရှိ



“ ဆွီဒင် ” တွေက ပြောကြတယ် သူတို့ဟာ ကမ္ဘာပေါ်မှာ ပညာအရှိဆုံး လူသားတွေ ဖြစ်တယ် တဲ့။ ဒီလို လာပြောလို့ကတော့ လွယ်လွယ်နဲ့ “ ဟုတ်ကဲ့. . ဟုတ်ကဲ့ ” ဆိုပြီး ခေါင်းငြိမ်း လက်ခံလိုက်ရမလား။ ဘယ်ဟုတ်မလဲ။

ဒါပေမဲ့လည်း သူတို့ကလည်း သူတို့ဖာသာတော့ ပြဖို့ အကြောင်းပြချက် ရှိနေတယ်။

၁။ ကမ္ဘာပေါ်မှာ အင်တာနက် အသုံးစွဲဆုံး နိုင်ငံ ဖြစ်တယ်။
၂။ နေ့လည် ထမင်းစားချိန်မှာ ပေးထားတဲ့ အလုပ်နားချိန်။

ဒီလို အချက် နှစ်ချက်ကို ထောက်ပြကြတယ်။ ဒီအချက် နှစ်ချက်ကလည်း ကမ္ဘာပေါ်မှာ ဘယ်နိုင်ငံကမှလည်း လိုက်မလုပ်နိုင်တော့ သူတို့ ပြောသလို ဆွီဒင်တွေဟာ ပညာရှိ ဖြစ်တယ် ဆိုတဲ့ ယူဆချက်ကို လက်ခံရမလိုပဲ ဖြစ်နေပါတော့တယ်။ ဒီအချက်လေး နှစ်ချက်ရဲ့ အဓိပ္ပါယ် ကျယ်ကျယ်ပြန့်ပြန့်က ဒီလို ပြောတယ်။


၁။ ကမ္ဘာပေါ်မှာ အင်တာနက် အသုံးစွဲဆုံး နိုင်ငံ ဖြစ်တယ်။

ဟုတ်ပါတယ်။ ၂၀၀၉ ခုနှစ် စစ်တမ်းကောက်ယူချက် အရ တစ်နိုင်ငံလုံး အတိုင်းအတာရဲ့ ၇၅ ရာခိုင်နှုန်းက အင်တာနက် သုံးစွဲကြတယ် လို့ ဆိုတယ်။ အမေရိကန် နိုင်ငံထက်တောင်မှ ရာခိုင်နှုန်းများစွာ ပိုပြီး သုံးစွဲကြတယ်။ တောနေလူတန်းစားတွေပါ အင်တာနက် သုံးနိုင်ကြတာက ဆွီဒင် နိုင်ငံရဲ့ ထူးခြားမှု တစ်ခု ဖြစ်တယ်။

အင်တာနက် ဆိုတာ ဗဟုသုတသိုက်ကြီးလို့ ညွှန်းကြတယ် မဟုတ်လား။ ဒီလို ဗဟုသုတသိုက်ကြီးကို သုံးစွဲသူဦးရေ အများဆုံး နိုင်ငံ ဆိုမှတော့ သူတို့က ဗဟုသုတ အရှိဆုံး ပညာရှိတွေလို့ ဆိုလိုတာတဲ့။


၂။ နေ့လည် ထမင်းစားချိန်မှာ ပေးထားတဲ့ အလုပ်နားချိန်။

ဒါကတော့ ထူးထူးခြားခြားပါ။ သူ့နိုင်ငံနဲ့ သူ့လူမျိုး သတ်မှတ်ထားတဲ့ အချိန်ဇယားပါ။ သူတို့က သူများနိုင်ငံတွေလို ထမင်းစား ၊ အလုပ်နားချိန်ကို တစ်နာရီ ဆိုပြီး သတ်မှတ်ထားတာ မဟုတ်ဘူး။ သူတို့မှာ ထမင်းစားချိန် အပြင် နေ့လည်ခင်း ထမင်းစားပြီး အိပ်ချိန် ဆိုပြီး မိနစ် ၃၀ ပါ ပေးထားတယ်။ ဒါဟာ ဟိုးရှေးရှေးကတည်းက ဆွီဒင် နိုင်ငံမှာ ကျင့်သုံးနေကြတဲ့ သူတို့ အလေ့အကျင့်ပါ။

အခု သိပ္ပံပညာတွေ ဖွံဖြိုးတိုးတတ်လာတော့ လေ့လာသူများက နေ့လည်မှာ တစ်ရေးတစ်မော အိပ်စက်ခြင်းဟာ တစ်နေ့ကုန် အလုပ်လုပ်နိုင်ကြဖို့ စွမ်းအင်တွေ ပိုထွက်လာတယ် လို့ ထောက်ခံကြတယ်။ နေ့လည် တစ်ရေးတစ်မော အိပ်စက်ကြသူတွေကို သုတေသန ပြုလုပ်ကြည့်တော့ သာမာန်လူတွေထက်လည်း အသက်ပိုရှည်တယ် လို့ အဖြေထွက်လာတယ်။

ဒါပေမဲ့ ဆွီဒင် နိုင်ငံက ထိုသုတေတန ပြုလုပ်လို့ သူတို့ ဒီလို နေ့လည်မှာ နာရီဝက် အိပ်စက်ဖို့ သဘောတူခဲ့တာ မဟုတ်ပဲ။ ဟိုးအရင် နှစ်ပေါင်းများစွာကတည်းက ဒီလိုပဲ အလုပ်နား ထမင်းစားချိန် တစ်နာရီ နဲ့ အိပ်ချိန် နာရီဝက် ပေးထားတာကို တွေ့ကြရတယ်။ ဒီလိုမျိုး တခြား ဘယ်နိုင်ငံမှာမှ မရှိဘူး ၊ မလုပ်နိုင်ဘူး။

ဒါကြောင့် အလုပ်လုပ်နေစဉ် အိပ်စက် အနားယူပြီးမှ အလုပ်ဆက်လုပ်ရင် အလုပ်လုပ်နိုင်မှု စွမ်းရည် ပိုရသလို အသက်လည်း ရှည်စေတယ်လို့ ဆိုကြတယ်။ ဒါကို သုတေတန ပြုတာ မဟုတ်ပဲ နှစ်ပေါင်းများစွာ ကြိုသိထားလို့ ဆွီဒင် နိုင်ငံသားတွေကို သူတို့ကို သူတို့ ပညာရှိတွေ လို့ သတ်မှတ်ကြတယ်။

အခု . . . စာဖတ်သူရော ဘယ်လို ထင်ပါသလဲ။

ကျွန်တော်ကတော့ ပထမအချက်ကို အားမကျရင်သာ နေမယ်။ ဒုတိယ အချက်ကိုတော့ အားပေးတယ်ဗျို့...။ ကျွန်တော် တကယ် ကြိုက်တယ်။ အခုဆို အလုပ်နားချိန်လေး ထမင်းစားပြီး အိပ်ရင် အားမရဘူး...ဟိ..ဟိ...ဟိ..။


မှတ်ချက်။ ။ ဟိုတစ်နေ့က ကျွန်တော့်စာအုပ်ပုံ ရှင်းတော့ ဘာရယ်မဟုတ် ဖတ်ပြီး မှတ်ထားတဲ့ မှတ်စုတိုတွေက အရမ်းများလာပြီး အတို အတိုတွေ ဖြစ်နေတယ်။ အလုပ်မအားတဲ့ အချိန်မှာ ဒါလေးတွေပဲ တိုတို ထိထိ မိမိ တင်လိုက်တာပါ။ တခြားစာများကိုလည်း အချိန်ရသလို ရေးသွားပါ့မယ်။ ကျေးဇူးးးးးးးးးးးးးးးးးး


ပျော်ရွှင်ပါစေ
ကိုဇော် ခံစားတင်ပြသည်။


.
Share/Bookmark

0 ယောက် ရဲ့ ထင်မြင်ချက်: