မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


13 March 2010

0 ဂုဏ်သိက္ခာအကြောင်း


တစ်ခါက...

ဒုတိယကမ္ဘာစစ်အတွင်း အမေရိကန် စစ်တပ်တွေ ပြင်သစ်ပြည်သို့ ထိုးဖောက်လာစဉ် ဗိုလ်မှူးကြီး တစ်ယောက် စီးလာသော ဂျစ်ကားက လမ်းမှားပြီး ဂျာမန်သံချပ်ကာ ကားတန်းကြီးချီလာတာနဲ့ တည့်တည့်သွားတိုးသည်။ ဒရိုင်ဘာဆာဂျင်ရော ၊ ဗိုလ်မှူးကြီးပါ ကားပေါ်မှ ခုန်းဆင်းပြီး အကာအကွယ်ယူကြသည်။ ဒရိုင်ဘာ ဆာဂျင်က လမ်းဘေးချုံကြားမှာ ၊ ဗိုလ်မှူးကြီးက လမ်းဘေးချုံကြားမှ ထပ်၍ ချော်ကျပြီး လမ်းအောက်ရေပြွန်ထဲမှာ။

ဂျာမန်တွေ ဆာဂျင်ကိုမြင်ကာ ရှေ့တတ်လာပြီး ဝိုင်းပစ်ခတ်ကြသည်။ ဗိုလ်မှူးကြီးမှာ သူ့နေရာ၌ ငြိမ်၍ ပုန်းနေပါက သူရှိမှန်းမသိပဲ လွတ်မြောက်နိုင်စရာ အကြောင်းရှိခဲ့သည်။ သို့သော် သူငြိမ်မနေ။ တင့်ကားတွေ ၊ စစ်သေနတ်တွေ ၊ လက်ပစ်ဗုံးတွေနှင့် ရန်သူကို ပစ္စတိုလေးတစ်လက်ကိုင်ကာ ထွက်တိုက်သည်။ သူသေသွားသည်။ ဆာဂျင်ကတော့ မသေ။ စစ်သုံပန်းအဖြစ်အဖမ်းခံရပြီး နောင်၌ ထိုအဖြစ်ကို ပြန်ပြောပြခဲ့သည်။

သူသေမှာ သေချာနေသည့်ကိစ္စတွင် ဗိုလ်မှူးကြီး ဘာကြောင့် ဝင်တိုက်ခဲ့ရသနည်း။ သူ၏ အသိစိတ်ဓါတ်ကြောင့်ပင် ဖြစ်သည်။ ရဲဘောရဲဘက် စိတ်ဓါတ် ၊ သေအတူ ရှင်မကွာစိတ် ၊ ထို့နောက်.. မိမိ၏ ဂုဏ်သိက္ခာကို တန်ဖိုးထားသောစိတ်။ သည်စိတ်ဓါတ်က သေမှာ ကြောက်သည့် စိတ်ထက်ပင် သူ့ခေါင်းထဲမှာ စွဲမြဲခိုင်မာနေသည် ဖြစ်ရာ ဆာဂျင်ကို ပစ်ပြီ သူပုန်းမနေနိုင် ၊ အသေခံ၍ ထွက်လာရလေသည်။

ဒီလိုတော့ လိုက်လုပ်ဖို့ မလွယ်ဘူး ဟု တွေးမိပါလိမ့်မည်။ ဟုတ်ပါတယ်။ မလွယ်တာတော့ အမှန်ပါ။ ဒါကြောင့်လည်း တကယ်တမ်း ဖြောင့်မတ်တည်ကြည်သူ ၊ သစ္စာသမာဓိရှိသူ ၊ သတ္တိရှိသူ ၊ ဂုဏ်သိက္ခာရှိသူတွေ ရှားပါးလှခြင်းဖြစ်သည်။

ရှားပါးပစ္စည်းဆိုမှ အဖိုးထိုက်တန်တယ်.မဟုတ်လား။ ထိုကြောင့် ထိုသို့ရှားပါးလှခြင်း “ ဂုဏ်သိက္ခာ ” ဆိုတာကို အများက လေးစားကြ ၊ အံ့သြချီးကျူုးကြခြင်း ဖြစ်သည်။


မူရင်း - Arthur Gordon ၏ A Foolproof Formula For Success
ကိုဇော် ခံစားပုံဖော်သည်..။



http://zaw357.multiply.com/journal/item/718 မှာ 26.10.2009 က ရေးထားတာပါ။

.
Share/Bookmark

0 ယောက် ရဲ့ ထင်မြင်ချက်: