မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


03 March 2010

0 ပျင်းသူ


တစ်ခါက . . .

ရွာလေး တစ်ရွာမှာ သားအမိနှစ်ယောက် ရှိတယ်။ အမေက တစ်နေကုန် ဈေးဗန်း ခေါင်းမှာ ရွက်ပြီး ဈေးရောင်းသတဲ့။ သားလုပ်သူကတော့ အိမ်မှာ ဘာမှ မလုပ်ပဲ အိပ်ရင် အိပ် ၊ မအိပ်ရင် အိမ်နံရံကို မှီပြီး တစ်ခုခုကိုပဲ စဉ်းစားပြီး ပျင်းနေတယ်။ သူက ဘာမှ မလုပ်ဘူးဆိုပဲ။

အမေအိုကြီးကတော့ တစ်နေ့တစ်နေ့ ဈေးဗန်းခေါင်းမှာ ရွက်ပြီးရောင်းချ ရှာဖွေစားသောက်ရတယ်။ သူကတော့ အမေအိုကြီးကို ဘာမှ မကူညီတဲ့ အပြင် တစ်နေ့တစ်နေ့ သူ့ဖာသာသူ ပျင်းတာနဲ့တောင်မှ အားမရဘူးတဲ့။ သူ့ရဲ့ ပျင်းပုံကတော့ ရာဇဝင်မှာ စာတင်လောက်တယ် ဆိုပဲ။ ဘာလို့လဲ ဆိုတော့ အဖြစ်အပျက်လေး တစ်ခုက ဒီလို သက်သေပြတယ်။

တစ်နေ့တော့ အမေက ဈေးဗန်းခေါင်းရွက် ဈေးရောင်ပြီးတော့ ပြန်လာတယ်။ အိမ်လည်း ရောက်ရော ဈေးဗန်းလေး ခေါင်းပေါ်ကချတော့ သူ့သားကို လှမ်းပြောလိုက်တယ်။

“ သားရေ. . . ထမင်းစားဖို့ ထမင်းအိုးလေး တည်ပါလားကွယ်။ ”

ဒီတော့ ပျင်းတဲ့ သားက ဒီလို ပြန်ပြောတယ်.. .

“ အာ . . အမေကလည်း ပျင်းပါတယ် ဆိုမှ အမေပဲ တည်လိုက်. .။ ”

ဒီတော့ သားအကြောင်းကို သိထားတဲ့ အမေက ဘာမှ မပြောတော့ပဲ သူ့ဖာသာသူပဲ ဈေးဗန်းလေး သိမ်းပြီး ထမင်းအိုးလေး တည်လိုက်တယ်။ ပြီးတော့ ဟင်းအတွက်လည်း ချက်ပြုတ်ပြီးတော့ ရေချိုးဖို့ ပြင်တော့တာပေါ့။ ဒီအချိန်မှာ . .

“ သားရေ အမေ ရေချိုးနေတုန်း ထမင်းလေး ခူးထားလိုက်ပါလားကွယ်။ ”

“ အာ . .အမေကလည်း ပျင်းပါတယ် ဆိုမှ အမေပဲ ရေချိုးပြီးမှ ခူးတော့. . ။ ”

ဒါနဲ့ အမေလုပ်သူကလည်း ဘာမှ မပြောတော့။ သူ့ဖာသာသူပဲ ရေချိုးပြီးတော့ ထမင်းစားပွဲလေး ပြင်ပြီး ထမင်းခူးလိုက်တယ်။ ထမင်းခူးပြီးမှပဲ . . .

“ သားရေ ထမင်းခူးပြီးပြီ ၊ စားဖို့ အသင့်ပဲ လာစားတော့လေ။ ”

“ အာ . .အမေရာ ယူစားဖို့ ပျင်းတယ်။ အမေပဲ ဝါးကျွေး။ ”

သူ့သား အကြောင်း သိနေတဲ့ အမေကလည်း ငါ့သားလေးတော့ ထမင်းတောင်မှ ခူးပြီးတာတောင်မှ ယူစားဖို့ ပျင်းနေပြန်ပြီ။ ဒီအတိုင်းဆိုရင် မဖြစ်ချေဘူး ဆိုပြီး ဝါးကျွေးဖို့ ထမင်းကို ဝါးနေလိုက်တယ်။ ဝါးလို့ အတော်ညက်တော့. .

“ သားရေ.. . .သားအတွက် ထမင်း အမေ ဝါးထားတာ ညက်နေပြီ ခွံကျွေးရမလား။ ”

“ အာ . အမေရာ ပျင်းပါဆိုမှ ၊ ဝါးပြီးရင်လည်း အမေ့ဖာသာပဲ မျိုသာ ချလိုက်တော့ . .။ ”

ဆိုပဲ။ ဒီလောက်ကို ပျင်းတာ။

ဒါပေမဲ့ .. .ဒီလိုလူတွေ လောကမှာ ပေါပါတယ်။ လုပ်လိုက်ရင် ဖြစ်မှာကို သိပေမဲ့လည်း ပျင်းနေတတ်တယ်။


“ ဘာရယ် မဟုတ်ပါဘူး။ အရင်က ဖတ်ထားတာလေးကို သတိရလို့ ပြန်လွမ်းလိုက်တာပါ။


ကိုဇော် တင်ပြသည်။



.
Share/Bookmark

0 ယောက် ရဲ့ ထင်မြင်ချက်: