မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


14 March 2010

0 တန်၏လော၊ မတန်၏လော


တန်၏လော၊ မတန်၏လော

ကျွန်တော်တို့ သုံးလူထွဋ်ထား
ဗုဒ္ဓမြတ်စွာဘုရား သက်တော်

ရွယ်ရွယ် ဝါတော် ငယ်ငယ်မှာ

သတ္တဝါအပေါင်းကို ကယ်

မှားနေသူတွေကိုလမ်းမှန်မြင်အောင်

လျှောက်စေခဲ့တယ်။

ဒါကို...

မနာလိုတဲ့ ဒေဝဒက်ကဖျက်

ပရိနိဗ္ဗာန်စံပါတော့လား.

၃ ကြိမ်တောင်းဆို

သတ္တဝါတွေနဲ့ ဒေဝဒက်

ဘယ်ဟာကို ရွေးသင့်ပါသလဲ..

ဒါဟာ...
တန်ပါသလား ၊ မတန်ပါသလား..

သို့သော်..

ဘုရား ပရိနိဗ္ဗာန်ပြုသွားခဲ့ပါတယ်။


ကမ္ဘာမှာ မြန်မာဟေ့လို့

ဝံ့ကြွားစေလိုတဲ့ “ ကနောင်မင်းသား ”

သိပ္ပံပညာတွေ အပါအဝင်

ခေတ်ပေါ်လက်နက်တွေနဲ့
မြန်မာနိုင်ငံကို တည်ဆောင်ချင်နေခဲ့
ရေမြှုပ်ဗုံးကို ကနောင်မင်းသားက
ကမ္ဘာမှာ မြန်မာဟေ့လို့
ဖြစ်အောင်
ဦးစွာ အရင် ကြံစခဲ့တယ်.။
ဒါပေမဲ့..
သူထက် အကောင်းသေး

မြင်းကွန်း နဲ့ မြင်းခုံတိုင်အရေး

၇ လှမ်းပြေးရင် သေဘေးက လွတ်သတဲ့.
ပြေးရမှာ ရွံတတ်တဲ့
သူ.. အသက်ပေးခဲ့တယ်။

ဘယ်ဟာကို ရွေးသင့်ပါသလဲ..

ဒါဟာ...

တန်ပါသလား ၊ မတန်ပါသလား..

သို့သော်..
ကနောင်မင်းသား သေသွားခဲ့ပါပြီ။


အမေရိကန်ပြည်ကြီး

နှစ်ခြမ်းကွဲမဲ့ အရေးမှာ

သမ္မတ ဖြစ်လာတဲ့ အေဗရာဟမ်လင်ကွန်း
ပြည်တွင်းစစ်မီး တစ်ဟုန်းဟုန်းတောက်နေချိန်
အမေရိကန်ကို သူထိန်းခဲ့တယ်။

သူ့မှာ အခက်အခဲတွေကြား

စစ်ကြီးပြီးလို့ နိုင်ငံငြိမ်းချမ်းတော့
ပြည်ထောင်စုကို
မပြိုကွဲအောင်
ထိန်းသူမှတ်တမ်းရေးနိုင်ခဲ့တယ်။

ဒါပေမဲ့...
သူ လုပ်ကြံ မခံရခင်
၃ လလောက်တစ်ခါ....
တစ်ပတ် အလိုမှာ တစ်ခါ...

အဲဒီနေ့ မတိုင်ခင်ညက တစ်ခါ...

၃ ကြိမ်တိုင်တိုင်...
သူ့ကို အိပ်မက်ပေးတယ်။

ဒီပွဲကို မင်းသွားရင် လုပ်ကြံခံရမယ် လို့
အိပ်မက်က ပြောတယ်။

သူ့ ဒိုင်ယာရီ ထဲမှာ
အတိအကျရေးထားခဲ့တယ်။

ဒါပေမဲ့..
သမ္မတ ကိုဖိတ်တာ လာတတ်တယ်..လို့

အများ စိတ်ဓါတ်တတ်ကြွအောင်
ဒီစိတ်လေး
တစ်ခုထဲနဲ့ သူ ပွဲကို တတ်ခဲ့တယ်.။
ပြည်သူတွေနဲ့ နိုင်ငံ. ၊

လုပ်ကြံမဲ့သူ ဘာကို
ရှောင်သင့်..၊ ရွေးသင့်လဲ။

ဒါဟာ...

တန်ပါသလား ၊ မတန်ပါသလား..

သို့သော်..

အေဗရာဟမ်လင်ကွန်း ကတော့
လုပ်ကြံခံခဲ့ရပါတယ်.။


သူ့ကျွန်ဘဝမှာ နှစ်ပေါင်းများစွာ

ကျရောက်ခဲ့တဲ့ မြန်မာနိုင်ငံကို

သူ့ဘဝနဲ့ ရင်းပြီး ဆွဲထုတ်ခဲ့တဲ့..

ဗိုလ်ချူပ်အောင်ဆန်း..။

ငါ့တိုင်းပြည်မှာ..
ငါ့ကို မုန်းတဲ့သူ တစ်ယောက်မှ မရှိဘူး၊
ငါ့လွှတ်တော်အောင်မှာ
သူဖုန်းစားပါ တောင်းပါစေ ဆိုပြီး
ပြောတဲ့ ဗိုလ်ချုပ်အောင်ဆန်း။

လက်နက်တိုက်က လက်နက်တွေကို
လက်မှတ်တုနဲ့
ထုတ်သွားလို့
ဗိုလ်ချုပ်အတွက်
လုံခြုံရေးချပေးထားတာကို
ငါ့ကို မုန်းတဲ့သူ မရှိဘူး

မင်းတို့ လုံခြုံရေးပြန်သိမ်းကွာ..လို့

ပြောခဲ့တဲ့ ဗိုလ်ချုပ်။

အခုတော့...
မသမာသူ
လူတစ်စုကြောင့်
ဇီဝိန်ကြွေခဲ့ရပြီ။

အများပြည်သူ နဲ့
မလို မုန်းထားသူ တစ်ယောက်

အများအတွက်ကို ကြည့်ပြီး

ဗိုလ်ချုပ် လုံခြုံရေးထားခဲ့ရမှာ..

ဒါဟာ...
တန်ပါသလား ၊ မတန်ပါသလား..

သို့သော်..

ဗိုလ်ချုပ်အောင်ဆန်းကတော့
ကျဆုံးသွားခဲ့ပါပြီ။


ဒီလို.....

ဒီလို.....
ဒီလို.....

ပုဂ္ဂိုလ်ပေါင်းများစွာ...

အဖြစ်အပျက်ပေါင်းများစွာ..
ဖြစ်ခဲ့ကြပါတယ်။

ဒါဟာ...

တန်ပါသလား ၊ မတန်ပါသလား..

သို့သော်..

တကယ်ကို ဖြစ်ခဲ့ပါတယ်။


ကျွန်တော် ဘာကောင်မှ မဟုတ်ပါ။

အထက်ပါ ပုဂ္ဂိုလ်ထူးတွေနဲ့

ဘယ်လိုလုပ် ယှဉ်နိုင်မှာလဲ။

ထိုပုဂ္ဂိုလ်ထူးတွေတောင်မှ

ဒီလို ရွေးခြယ်သွားခဲ့ပါရင်..

ကျွန်တော် လို ဘာမှ မဟုတ်တဲ့လူ၊

ကျွန်တော့်ကို မုန်းနေတဲ့ သူ...

ကျွန်တော့်ကို နှောင့်ယှက်နေသော သူ..

ကျွန်တော့်ကို ပြဿနာ လိုက်ရှာနေသော သူ..

ရှိနေသောနေရာမှာ
ကျွန်တော် ဆက်ရှိနေသင့်ပါလား။

အနည်း နဲ့ အများ..

ကျွန်တော် ဘယ်သူ့ မျက်နှာကို ကြည့်ရမှာလဲ။

ဒါဟာ...

တန်ပါသလား ၊ မတန်ပါသလား..

သို့သော်..
ကျွန်တော်.................။ ။

ကိုဇော် ခံစားတင်ပြသည်.။

မှတ်ချက်.။ ။ ကဗျာ မဟုတ်ပါ။ စာစုလေးတစ်ခုပါပဲ။ ရေးချင်သလို ရေးမိတာပါ။



http://zaw357.multiply.com/journal/item/720 မှာ 31.10.2009 က ရေးထားတာပါ။

.
Share/Bookmark

0 ယောက် ရဲ့ ထင်မြင်ချက်: