မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


19 March 2010

1 မိမိ Data တွေကို လုံခြုံအောင် လုပ်ဖို့ လိုပါတယ်

လူတိုင်း လူတိုင်း မိမိမှာ ရှိနေတဲ့ Data တွေကို လုံခြုံမှု ရှိဖို့ အရေးကြီးပါတယ်။ လူပေါင်းစုံနဲ့ အတူတူနေနေရတဲ့ နေရာတွေမှာ ၊ ရုံးတွေမှာ ၊ ပြီးတော့ မိမိသုံးနေတဲ့ Stick လေးတွေ ၊ စက်ထဲက အချက်အလက်တွေ ၊ နောက်ပြီး မိမိကသာ ကြိုက်လို့ သိမ်းထားတာ ဥပဒေနဲ့ မလွတ်ကင်းတဲ့ နိုင်ငံရေးစာတွေ ၊ ပုံတွေကို ဒီအတိုင်း Stick ထဲ ထည့်ပြီး သွားလေရာ ယူမသွားသင့်ပါဘူး။

တကယ်လို့ မတော်တဆ စစ်ဆေးရေးနဲ့တွေ့ပြီ ဆိုပါတော့ ဘယ်လိုလုပ်မလဲ။ အဲဒီကျမှ Laptop ကမန်းကတန်းထုတ်ပြီး ဖျက်မလား။ ဒီလို ဘယ်ရတော့မလဲ။ ရတယ် ပဲထား။ သူတို့မှာ Recover Software ရှိနေရင် မခက်ချေဘူးလား။ ဒါဆိုရင်တော့ ပြဿနာတွေ တတ်ကုန်တော့မယ်။

ဒါကြောင့် ကိုယ့်ရဲ့ အချက်အလက်တွေကို သေချာအောင် Encrypt လုပ်ထားသင့်ပါတယ်။ တစ်မျိုးပြောရရင် ပုံဖျက်ထားတာပေါ့ဗျာ။ ဒါဆိုရင် သူတို့ Recover Software နဲ့ ပြန်ဆယ်ထုတ်ဦး။ ဘယ်လိုမှ နဂို အတိုင်းပြန်မရတော့ဘူးလေ။ ပြီးတော့ ကိုယ်သာ မပြောရင် ဘယ် software နဲ့ Encrypt လုပ်ထားတာလဲ ဆိုတာကို ဘယ်သူ သိမလဲ။ သိတယ် ဆိုရင်တောင်မှ ကိုယ်က Password ကို မပြောရင် သူတို့ ဖော်ဖို့တော်တော် ခက်လိမ့်မယ်။

အခု ကျွန်တော်ပြောမဲ့ software လေးက ကြာတော့ ကြာပြီ ၊ Portable တွေ ခေတ်မစားခင်ကတည်းက သူက Portable ရှေ့ပြေးလို့ ပြောလို့ရတယ်။ စက်ထဲကို Install လုပ်စရာ မလိုဘူး။ ကိုယ်နဲ့ မကွာ သယ်သွားမဲ့ Stick ၊ Pen Drive တွေထဲမှာ Install လုပ်ထားလို့ရတယ်။

ကဲဗျာ။ အောက်က ဒီမှာ ဒေါင်းလိုက်ပါ။ ပြီးရင် ဒါလေးကို ကလစ်နှစ်ချက်ပေါ့။ Install လုပ်မှာကိုး။ ပြီးရင် သူက ဘယ်နေရာမှာ Install လုပ်မှာလဲ ဆိုပြီး မေးပါလိမ့်မယ်။ စက်ထဲမှာ ဆိုလည်း စက်ထဲပေါ့။ မဟုတ်ဘူး။ သွားလေရာ ယူသွားချင်တယ် ဆိုလည်း မိမိရဲ့ Stick ထဲကို Install လုပ်ဖို့ရွေးလိုက်ပါ။ ပြီးရင်တော့ Next နဲ့ OK ပေါ့။ ဒါဆိုရင် ပြီးသွားပါပြီ။

မိမိရဲ့ Stick ထဲကို သွားကြည့်ရင် “ Toucan ” ဆိုတဲ့ ဖိုင်နာမည်နဲ့ ဖိုင်သစ်တစ်ခု ရောက်နေပါလိမ့်မယ်။ အဲဒီအထဲကို ဝင်လိုက်ရင် နှုတ်သီးကောက်ကောက်နဲ့ အောက်ချင်းငှက် ပုံလေးကို တွေ့ရပါလိမ့်မယ်။

ဒါလေးကို ကလစ်နှစ်ချက်နဲ့ ဖွင့်လိုက်ရင် အောက်ကလို ပုံလေး ပေါ်လာပါလိမ့်မယ်။



ဒီမှာ အပေါ်က Tools Bar မှာ Secure ဆိုတာကို ရွေးလိုက်ပါ။ ဒါဆိုရင် ဘယ်ဘက်က အကွက်ထဲမှာ မိမိစက်ထဲမှာ ထည့်ထားတဲ့ Drive တွေ အကုန်ပြနေပါလိမ့်မယ်။ Hard Disk တွေရော ၊ Stick တွေ ၊ MP3 , MP4 ဒါတွေ ရှိသမျှ ပြပေးနေပါလိမ့်မယ်။ ဒီအထဲကမှ ကိုယ် ပုံစံဖျက် ( Encrypt ) ချင်တဲ့ ဖိုင်ကိုရွေးပါ။ ဒီ Toucan Software လေးက တစ်ခုချင်းပဲ ဖြစ်ဖြစ် ၊ ဖိုင်တစ်ခုလုံး ဖြစ်ဖြစ် ၊ Drive တစ်ခုလုံးဖြစ်ဖြစ်လုပ်လို့ရပါတယ်။

Toucan > Tools Bar မှ Secure > Function မှ Encrypt > ok

ဒါဆို ကျွန်တော်တို့ အခု ကိုယ်ကြိုက်တဲ့ Drive ထဲကနေ ကိုယ်ဖျက်လိုတဲ့ File ၊ Folder လေးကို ရွေးလိုက်ပါ။ ပြီးရင် ဘောင်လေး နှစ်ခုကြားက အစိမ်းရောင် အပေါင်းလေးကို နှိပ်လိုက်ရင် ဒီဘက်မှာ မိမိရွေးထားတာတွေ ညာဘက်ရောက် သွားပါလိမ့်မယ်။

ဒါဆိုရင်တော့ Encrypt လုပ်ဖို့ Tools Bar အောက်က Function မှာ Encrypt ကိုရွေးပြီး OK လိုက်ရုံပါပဲ။ ညာဘက်ဘောင်ထဲမှာ ရွေးထားတာတွေကို Encrypt လုပ်ဖို့ Password တောင်းသော Box လေးပေါ်လာပါလိမ့်မယ်။

ထိုအကွက်ထဲမှာ မိမိကြိုက်ရာ Password ကိုဖြည့်ပါ။ ဖြည့်ပြီးရင် OK နှိပ်လိုက်ပါ။ Password ကို ဒုတိယအကြိမ် ထပ်ပြီး Confirm လုပ်ဖို့ အကွက်လေး ထပ်ပေါ်လာပါလိမ့်မယ်။ နောက်တစ်ခါ ပထမ password ကိုပဲ ထပ်ရေးပြီး OK ကိုနှိပ်လိုက်တာနဲ့။ ကိုယ် Encrypt လုပ်ချင်သောဖိုင်လေးကို သူ့ဖာသာ လုပ်ပေးနေတာ တွေ့ရပါလိမ့်မယ်။ ပြီးရင် ဒီ Box လေးကို ပိတ်လိုက်ပါ။

ဒါဆိုရင် ကိုယ်ရဲ့ Data တွေကို ပုံဖျက်ထားလို့ ပြီးပါပြီ။ ဘယ်သူမှလည်း ကြည့်လို့မရတော့ဘူး။ ကိုယ်ကိုယ်တိုင်တောင်မှ ကြည့်လို့မရတော့ဘူး :P တကယ်လို့ ဒီဖိုင်လေးကို ပြန်ကြည့်ချင်တယ် ဆိုရင်တော့ ....

Toucan > Tools Bar မှ Secure > Function မှ Decrypt > ok
ကို ရွေးပြီး ဘယ်ဘက်ဘောင်ထဲမှာ မိမိပြောင်းလိုရာကို ပထမ လုပ်သလိုပဲ အလယ်မှ အစိမ်းရောင် အပေါင်းလေးကို နှိပ်ပြီး ညာဘက်က ဘောင်ထဲကို ထည့်လိုက်ခါ Function မှ Decrypt > OK ကိုနှိပ်ပြီး သူက တောင်းခံလာတဲ့ Password Box မှာ သွားဖြည့်လိုက်ခြင်းဖြင့် အရင် မိမိ မဖျက်ခင် ဖိုင်တွေ အတိုင်းရလာမှာ ဖြစ်ပါတယ်။ Password မမေ့ဖို့လိုတာကိုတော့ အထူးပြောနေစရာမလိုဘူးလို့ ထင်ပါတယ်။

ဒါဆိုရင်တော့ မိမိ PC ထဲက ၊ Laptop ထဲက ၊ Pan Drive ၊ Stick ထဲက Data တွေကို လုံခြုံစွာ ဘယ်နေရာမဆို သယ်လို့ရသွားပါပြီ။ မိမိလိုချင်တော့မှ Stick ထဲက Toucan software လေး Install လုပ်ပြီးသားဆိုတော့ တန်းပြီး Encrypt လုပ်ထားရာကနေ Decrypt ပြန်လုပ်လို့ရတာပေါ့ဗျာ။

နောက်ဆုံးတစ်ခု ပြောလိုက်ချင်တာကတော့ ဘယ်လောက်များ ကောင်းလဲဆိုရင် ကိုယ် Encrypt လုပ်ထားတဲ့ ပုံပဲ ဖြစ်ဖြစ် ၊ စာပဲဖြစ်ဖြစ် ၊ Software ပဲ ဖြစ်ဖြစ် ကြိုက်တာကို Mail ကနေ ဖိုင်ချုပ်ပြီး ပို့လို့ရတာပါပဲ။ ဒါကို တစ်ဖက်က လက်ခံရသူက ဒီ Toucan Software လေးရှိနေမယ်။ ပြီးတော့ Password သိနေမယ် ဆိုရင် သူက အလွယ်တကူ ပြန်ပြီး Decrypt လုပ်လို့ရတာပေါ့ဗျာ။

ဒါဆိုရင် နောက်ဆုံး မိမိရဲ့ Mail ကို တစ်ယောက်ယောက်က Hack သွားဦး။ ကိုယ့်ရဲ့ Data တွေ မဆုံးရှုံးဘူးပေါ့ဗျာ။ ကိုယ့်ရဲ့ အရေးကြီးတဲ့ ပုံတွေ ၊ စာတွေ ၊ Video တွေ ၊ Attachment တွေ သူများဘာမှ ကြည့်လို့မရဘူးပေါ့ဗျာ။

ဒါကြောင့် ဒီ Toucan Software လေးကတော့ လူတိုင်းမှာ မရှိ မဖြစ်ရှိထားသင့်တယ်လို့ ကျွန်တော် ပြောတာပါ။ ယူထားလိုက်ကြပါဗျာ။ စမ်းလုပ်ကြည့်ပါ။ ဒါကို အချိန်ကုန်တယ်လို့ မထင်သင့်ဘူး။ ဖြစ်လာမှ ဘာမှ လုပ်မရတော့ဘူးလေ။ ဟုတ်တယ်မလား။


ကိုဇော် မျှဝေသည်။



http://zaw357.multiply.com/journal/item/767 မှာ 20.11.2009 က ရေးထားတာပါ။

.
Share/Bookmark

1 ယောက် ရဲ့ ထင်မြင်ချက်:

thuya said...

ကိုဇော်ရေ လုပ်တော့လုပ်တာပဲဗျ
Decryptလုပ်ဖို့  ok မပေါ်ဘူး run ပဲပေါ်တယ် အဲဒီဘောက်လေးမှာကို rum ပဲပေါ်တယ်ဗျ..
ကိုဇော်ပြထားတဲ့  ပုံမှာလဲ ok ပဲ ကျနော်မှာ run တဲ့ ဗျ... run လိုက်တာ ပစဝ တောင်တယ် ပေးတယ် ကိုဇော်ပြောတာ ပစဝတောင်းတယ် ပြီးရင် နောက်တစ်ခါထပ်တောင်တယ်လို့ ပြောတယ် ကျနော်မှာ တစ်ခါတည်း နှစ်ခုလုံးတောင်းတယ် ပေးတာပဲဗျ...သူဖာသာ အလုပ်လုပ်ပီး ok နဲ့  save ကိုတောင်းသေးတယ်ဗျ.. အဲဒါကျနော် ok ပဲ ပေးပြီး ပိတ်တယ်ဗျ..ပြန်ဖွင့်တော့လဲ မပေါ်ဘူး
ဘယ်လိုပြန်ကြည့်ရမလဲမသိဘူးဗျ...နောက်တစ်ခါထပ်စမ်းတော့လဲ ok နဲ့ save မှာ save ပေးတာ နာမည်တောင်းတယ် ပေးတယ်ဗျ...ပိတ်ပြီးပြန်ဖွင့်တာ notepay နဲ့ ပေါ်တယ်ဗျ ကျနော်ဖျက်ထားတဲ့  ပုံတွေ ပြန်မတွေ့ ရဘူး ...စာတွေပဲ ဖြစ်ပြန်ရော ကိုဇော်ရေ
အားတဲ့  အချိန်လေး ပြန်ဖြေကြားပေးပါရန်
ကျနော်မေးလ်ထဲ ကျေးဇူးပြုပြီး ပို့ ပေးစေချင်ပါတယ်
sorthuya@gmail.com
စောင့်မျော်လျှက်