မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


13 March 2010

6 Blog ဆိုတာ ဘာလဲ


Blog ဆိုတာ ဘာလဲ။
Blog ဆိုတာ ဘာလဲ။
Blog ဆိုတာ ဘာလဲ။
Blog ဆိုတာ ဘာလဲ။
Blog ဆိုတာ ဘာလဲ။

ဒီလို ကျွန်တော် အကြိမ်ကြိမ် ကိုယ့်ကိုယ်ကိုယ် မေးမိတယ်။ အဖြေကား မရ။ ဒါနဲ့ အဘိဓာန်လေး လှန်ကြည့်တယ်။ မပါ။ ဟာ............ဆိုပြီး တကယ်ကို ရင်ထဲ ဟာသွားတယ်။

ဒါနဲ့ Wiki ထဲကို မွှေလိုက်တော့ ဒီလိုလေး ဒီနေရာ မှာ လာတွေ့တယ်။

Blog

From Wikipedia, the free encyclopedia

This article is about the type of website. For other uses, see Blog (disambiguation).

A blog (a contraction of the term "web log")[1] is a type of website, usually maintained by an individual with regular entries of commentary, descriptions of events, or other material such as graphics or video. Entries are commonly displayed in reverse-chronological order. "Blog" can also be used as a verb, meaning to maintain or add content to a blog.

Many blogs provide commentary or news on a particular subject; others function as more personal online diaries. A typical blog combines text, images, and links to other blogs, Web pages, and other media related to its topic. The ability of readers to leave comments in an interactive format is an important part of many blogs. Most blogs are primarily textual, although some focus on art (Art blog), photographs (photoblog), videos (Video blogging), music (MP3 blog), and audio (podcasting). Microblogging is another type of blogging, featuring very short posts.

As of December 2007, blog search engine Technorati was tracking more than 112,000,000 blogs.[2]

အောက်မှာလည်း အကျယ်တွေ ရှိပါသေးတယ်။ ထားပါ။

နေရင်းထိုင်ရင်း လူမုန်းခံပြီး ရေးလိုက်ပါဦးမယ်။

ဘာလို့လဲ ဆိုတော့ အခုဗျာ။ ဘလော့ဂါတွေ တော်တော်များများ စာရေးချင်စိတ် မရှိကြတော့ဘူးတဲ့။ ကုန်တယ် လို့ ဆိုတယ်။ ဘာလို့လဲ ဆိုတော့ သူတို့ရဲ့ နေရာတွေမှာ ပေါက်ကရတွေ အပြောခံရလို့တဲ့။

သြော်. . . ဆိုပြီး ကျွန်တော် ငြိမ်ကျသွားရတယ်။

ဒီနေ့ ကျွန်တော် မအားပါ။ ခုန ထမင်းစားနေရင်း သူများစာလေးတွေ လိုက်ဖတ်တော့ အတော်များများက Cbox တွေ ဖြုတ်လိုက်ရပြီ။ ဘာလို့လဲ ဆိုတော့ ဝင်ဝင် ဆဲ လို့တဲ့။ Comment ကို moderate လုပ်ထားရတယ်တဲ့။ ဒါကြောင့် ကျွန်တော်လည်း စိတ်မကောင်းဖြစ်သွားတယ်။

Blog ဆိုတာ ဘာလဲ။

ကျွန်တော် ထပ်မေးရပြန်ပါပြီ။ ကျွန်တော့်ဖာသာပဲ ကိုယ်ပိုင် အဘိဓာန်မှာ စာလုံးထိုးပါမယ်။
Blog ဆိုတာ “ ရင်ဖွင့်ဆို ခံစားရာ ” ။ ကျွန်တော် ဒါ့ထက် မပို။ ဒီ့ထက်လည်း ကျွန်တော် မပြောတတ်။

ကျွန်တော် ပြောတတ်တာ နောက်ထပ် တစ်ခုတော့ ရှိတယ်။ Blog ဆိုတာ Forum မဟုတ်။

Forum ဆိုတာကတော့ ဘာကို သိချင်လဲ ၊ ဘာကို ဖြစ်ချင်လဲ ၊ ဘာကို ဆွေးနွေးချင်လဲ ဒါတွေကို ဖြည့်ဆည်းပေးတဲ့ နေရာ။ ဆွေးနွေးကြ ၊ ငြင်းခုန်ကြ ၊ ပြောဆို တိုင်ပင်ကြ ၊ စကားရည်လုကြ အလွန်ပျော်ဖို့ ကောင်းသလို ၊ အလွန်လည်း ပညာရစေတဲ့ နေရာလေးပါ။ ပြီးတော့ အပေါင်းအသင်း ၊ ရန်သူလည်း တိုးလာနိုင်တယ်လေ။

Blog ဆိုတာကတော့ အလွန်ကို ဝမ်းနည်း ကြေကွဲစရာ ကောင်းလှစွာပဲ ဒီလိုတွေ မရှိပါဘူး။ လူတစ်ယောက် သူ့စိတ်ထဲမှာ ရှိနေတာကို ရင်ဖွင့်တဲ့ နေရာလေး တစ်ခုပါ။ သူ့ရဲ့ စိတ်ပျက်အားငယ်တာတွေကို ရေးမယ်။ သူ့ရဲ့ ပျော်ရွှင် ဝမ်းသာမှုကို ရေးမယ်။ သူ့ရဲ့ မိသားစု အကြောင်းလေးတွေ ရေးမယ်။ သူ့ရဲ့ ရင်တွင်းခံစားချက်လေးတွေကို ရေးမယ်။ သူ့ရဲ့ အမှတ်တရ ဓါတ်ပုံလေးတွေ တင်မယ်။ သူ့ရဲ့ ရင်တွင်းကဗျာလေးတွေ တင်မယ်။ သူ့ရဲ့ စုဆောင်းဖတ်မိထားတဲ့ စာလေးတွေ တင်မယ်။

ဒီနေရာမှာ တစ်ယောက်နဲ့ တစ်ယောက် မတူကြပြန်ဘူး။ တချို့က ဘယ်သူရေးတဲ့ ကဗျာပဲ ဖြစ်ဖြစ် ကိုယ်ကြိုက်တဲ့ ကဗျာလေးတွေကို ဘလော့မှာ စုထားတတ်တယ်။ တချို့ကတော့ ကိုယ်ပိုင်ကဗျာလေးတွေကို ပြတိုက်လို လုပ်ထားကြတယ်။ တချို့က ဘာသာပြန်ပြီး တင်ကြတယ်။ တချို့က ရင်တွင်းဖြစ်လေးတွေ ရေးကြတယ်။ တချို့ကတော့ ပတ်ဝန်းကျင်မှာ ဖြစ်ပျက်နေတာကို သရုပ်ဖော်ပြီး မှတ်တမ်းတင်တယ်။

Blog ဆိုတာ တကယ်တော့ ကိုယ့်ရဲ့ ရင်တွင်းက သံစဉ်တွေကို စာသားအဖြစ် မှတ်တမ်းတင်တဲ့ နေရာလေးပါ။ ဒါကို ရင်ဘတ်တူသော သူငယ်ချင်းများက လာရောက်ပြီး မျှဝေခံစားကြတယ်။ ဒါကို အိမ်လည်တယ် လို့ ခေါ်မယ်ဗျာ။ သူ့ရဲ့ အိမ်လေးကို ကိုယ်က သွားလည် သူရဲ့ ရင်ဖွင့်ခံစားချက်တွေကို နားထောင် ၊ ကိုယ့်ရဲ့ရင်ဖွင့်ချက်တွေကိုလည်း တင်ပြ ဆိုပြီး ရှင်သန်နေရတဲ့ နေရာလေးပါ။

ဒါကို ဝမ်းနည်းစရာ ကောင်းစွာပဲ ကိုယ့်အကြောင်းတွေ သိပ်မရေးပါနဲ့ ဆိုတော့ ဘယ်လိုလုပ်ရပါတော့မလဲ။ ဝမ်းနည်းကြေကွဲပြီး စိတ်ဆင်းရဲ ငုတ်တုပ်ထိုင်နေဖို့ပဲ ရှိတော့တာပေါ့ဗျာ။

( အခု. . .အခု ရေးနေရင်းနဲ့ပါပဲ။ ညီမလေး တစ်ယောက် ရဲ့ ပို့စ်တတ်လာတယ်။ သူ တစ်ယောက်လည်း စိတ်ဆင်းရဲနေရရှာတယ်။ သူ့နာမည်ကို သုံးပြီး တခြားနေရာတွေမှာ လိုက်ပြီး ပေါက်ကရတွေ လိုက်ရေးနေလို့တဲ့။ )

ဖြစ်ရလေဗျာ။ ဘာလို့များ အကျိုး မရှိ လုပ်ချင်တာပါလိမ့်။ Blog ဆိုတာ သူတို့ရဲ့ စိတ်ထွက်ပေါက်လေး တစ်ခုပါ။

အခုတော့ သူများ အိမ်လည်း လာလည်သေး ၊ မင်းတို့ အိမ်က ကြမ်းခင်း ကျွန်းပါကေးလည်း ခင်းမထားပါလား ဆိုပြီး ပြောသလိုပါပဲလား။ သူများအိမ်ကို မကြိုက်ရင် မလာနဲ့ပေါ့ဗျာ။ သူများကိုလည်း စိတ်ဆင်းရဲအောင် မလုပ်သင့်ပ့ါဘူး။

တော်ပြီဗျာ..။

ကျွန်တော် ဒီစာလေးကို ရေးနေတာ သုံးရက်ရှိပြီ။ ပထမ ရည်ရွယ်ချက်ကတော့ ဗဟုသုတလေး ရေးမလို့ပါ။ ကျွန်တော် ဆက်မရေးချင်တော့ဘူး။ သူများကြောင့် ကျွန်တော်လည်း ငရဲမယူချင်ပါဘူး။ ဒါပေမဲ့ ဒီလို ကိုယ်တွေ့ ခံစားနေရသူတွေကို သနားတယ်ဗျာ။ ခံစားနားလည်တတ်သူတွေ သိပါလိမ့်မယ်။


ကိုဇော်


.
Share/Bookmark

6 ယောက် ရဲ့ ထင်မြင်ချက်:

ShwunMi- said...

:) ဒီစာလေးရေးပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်

~ဏီလင်းညို~ said...

ကိုဇော်......
ကျွန်တော်လည်း..... အဲ့သလိုလေးတွေကြားရတိုင်း စိတ်မကောင်းဖြစ်မိရတာ အခါခါပဲ....။
ဘလော့ရေးနေတဲ့ သူတွေဟာလည်း..... ဘ၀တူတွေထဲက လူထဲကလူတွေပါပဲဆိုတာ ဘလော့ဂ်မရေးသော၊ ရေးသော သူတွေထဲက တချို့ကို သိစေချင်တယ်ဗျာ........း((
ခင်မင်တဲ့
ဏီလင်းညို

လသာည said...

ခံစားချက် တိုက်ဆိုင်စွာ ဖတ်ပြီး ပြုံးဖြစ်သွားပါတယ်..

Unknown said...

ဘာဖြစ်လို့  ကျွန်တော်တို့ မြန်မာတွေက အဲလို စိတ်ဓာတ်တွေ ရှိနေကျတာလဲဗျာ

မစိုး said...

ဟုတ်ပါတယ်။ဘလော့ဆိုတာ ကိုယ့်စိတ်ထွက်ပေါက်တခုပါ။ဒါပေမယ့်...တချို့ကတော့
အရှက်မရှိပေါက်ကရတွေရေးတာတဲ့လေ...။
ဒီလိုပါပဲ...လူတွေက
ကိုယ့်အတ္တပဲကိုယ်ကြည့်ကြတာလေ။
မကြိုက်ရင်မဖတ်နဲ့ပေါ့။ ဒါလေးများ

မောင်သီဟ said...

အဲဒါတွေ ခက်တယ်ဗျာ
ဘယ်လို စိတ်တွေလဲမပြောတတ်ဖူး
အဲလိုလုပ်ရမှ ကျေနပ်နေတဲ့ လူစားတွေလည်းရှိသားဗျာ
ခက်တယ် နားကိုမလည်နိုင်ဖူး