မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


14 March 2010

2 ဆရာဝန်တို့ရဲ့ မျက်နှာဖုံး

.














လူတစ်ယောက်မှာ အခြေခံ ဗဟုသုတလေးတွေတော့ ရှိသင့်ပါတယ်.။ ဗဟုသုတ ရှိလာစေဖို့ အခြေခံ ပညာရေး လေးလည်း ရှိသင့်ပါတယ်.။ ပညာတစ်ခု တတ်မြောက်ဖို့ဆိုတာ ကိုယ်တိုင်ရဲ့ ခံယူနိုင်မှု ဆိုတဲ့ စိတ်ဓါတ်အခံလေး ကောင်းထားရပါ့မယ်.။ ခံယူနိုင်မှု စိတ်ဓါတ်အခြေခံ ဆိုရာမှာ ဆရာတစ်ယောက်တည်းက သင်လိုက်တာပဲ သူကတော့ ဂုဏ်ထူးတွေ ထွက်ပြီး နောက်တစ်ယောက်ကျတော့ ဘာမှ မပါဘူး.။ တချို့ကျတော့ အောင်တောင်မှ မအောင်ဘူးဆိုတာ ခံယူမှုတွေ ကွာလို့ပါ.။ ဒီလို ခံယူနိုင်မှုလေးကောင်းလာအောင် ကိုယ့်မှာ ရှိတဲ့ အခြေခံ စိတ်ဓါတ်လေး ကောင်းထားရပါမယ်.။

အခြေခံ စိတ်ဓါတ်လေးတွေကို ဘယ်လို ကောင်းအောင် လုပ်ရမလဲ.ဆိုရင် ကျွန်တော် တိုတိုနဲ့ ရှင်းရှင်းပြောရရင်တော့ အရာရာကို အမြင်ကျယ်ကျယ်နဲ့ ကိုယ်စိတ်ကို ကန့်သတ်မထားပဲ ကြည့်ပေး ၊ တွေးပေးပါ.။

~ ~ ~ ~ ~ ~ ~ @ @ @ ~ ~ ~ ~ ~ ~



ဟိုတစ်နေ့က ကျွန်တော် သူငယ်ချင်းတွေနဲ့ ရုပ်ရှင်ကြည့်နေတုန်း အဲဒီကားမှာ ဆရာဝန်တွေက လူနာကို ခွဲစိတ်တဲ့ အခန်းပါလာတယ်.။ ဆရာဝန်တွေက ထုံးစံအတိုင်း ခွဲခန်းမဝင်ခင် လက်ကို သေချာ ပြောင်အောင် ဆေးတယ်.။ နောက်..ခွဲခန်းသုံးလက်အိတ်ကို ဝတ်တယ်.။ နောက်...ခွဲခန်းသုံးဝတ်ရုံရှည်ကို ဝတ်တယ်.။ ဒါတွေ အားလုံးက ပိုးသတ်ပြီးသားတွေပါ.။ နောက်တော့ ခွဲခန်းမှာ သုံးဖို့ မျက်နှာဖုံး ( Mask ) ကို တပ်တယ်.။ ဒါကို ဒီလိုတွေ ပြင်ဆင်နေတာကို ကျွန်တော်တို့ အားလုံး ရုပ်ရှင်ထဲကို အပြင်ကနေ ထိုင်ကြည့်နေကြတာပါ.။

ဒီအချိန်မှာ ဆရာဝန်တွေ ခွဲခန်းထဲ ဝင်ခါနီး အချိန် မျက်နှာဖုံးဝတ်တာကို ကြည့်ပြီး ကျွန်တော် သူငယ်ချင်း တစ်ယောက်က...

“ ဆရာဝန်တွေကကွာ..တကယ်ပဲ အရမ်းကို ကိန်းကြီးခမ်းကြီး နိုင်တယ်.။ သူတို့ကို လူနာဆီက ရောဂါကုးမှာ စိုးလို့ မျက်နှာဖုံးတပ်ကြတယ်.။ လူနာကို ဂရုစိုက်တယ် ဆိုတာထက် သူတို့ကို ရောဂါမကူးအောင် ကာကွယ်နေတာနဲ့ လူနာက သေတော့မယ်.။ ”

သူက ဒီလို ပြောတော့ သူဘေးက တစ်ယောက်ကလည်း....

“ အေးလေကွာ..၊ ခွဲစရာ ရှိတာ မြန်မြန်ခွဲလိုက်ပါလား.။ အခုတော့ သူတို့ လုပ်နေတာနဲ့..လူနာက သေတော့မယ်.။ ”

ကျွန်တော် သူတို့ကို ကြည့်နေမိတယ်.။ ဘာလို့လဲ ဆိုတော့ ဒီလိုစကားမျိုး ကျွန်တော် ကြားရတာ ဒါက ဒုတိယအကြိမ် ပါ.။ ပထမအကြိမ် ကျွန်တော် ကြားတာက ရပ်ကွက်ထဲက အဒေါ်ကြီး တစ်ယောက်ပြောတာ..၊ သူ့ကိုတော့ ကျွန်တော် မရှင်းပြမိပါ.။ ဘာလို့လည်း ဆိုတော့ ကျွန်တော် ရှင်းပြရင် သူနားလည်မှာ မဟုတ်ဘူးလို့ ကျွန်တော် ထင်မိတယ်.။ ဒါဟာ ကျွန်တော် ရှင်းပြတာ ညံ့လို့ ဖြစ်ရင်လည်း ဖြစ်မယ်ဗျာ.။ အခုတော့ ကျွန်တော့် သူငယ်ချင်း ၊ ကျွန်တော်ထက် အသက်နည်းနည်းတော့ ကြီးတယ်.။ သူ့ကိုတော့ ရှင်းပြလို့ သူနားလည်လောက်မယ်လို့ ကျွန်တော် ထင်မိတယ်.။ ဒါကြောင့်...

“ မဟုတ်သေးဘူး..ကိုxxx ၊ တကယ်တော့ ဆရာဝန်တွေ မျက်နှာဖုံးတပ်တယ် ဆိုတာ သူ့တို့အတွက် မဟုတ်ဘူးဗျ..။ လူနာ့အတွက်ပါ.။ ”

ကျွန်တော် ဒီလိုပဲ ပြောလိုက်ပါတယ်.။ သူကလည်း ချက်ချင်းပဲ တုံပြန်ပါတယ်.။

“ ဟ..လူနာ့အတွက်လို့ ပြောရအောင် လူနာက နေမကောင်းဖြစ်နေပြီလေ.။ သူ့ကို ဘာက ထပ်ကူးရဦးမှာလဲ.။ သူ့ဆီက ရောဂါ ဆရာဝန်ဆီကို ကုးမှာ စိုးလို့ ဆရာဝန်က ဝတ်ထားတာပေါ့ကွ..ဟား..ဟား...ဟား...။”

ကျွန်တော် ပြောပြီးမှတော့ ဆက်ပြောရတော့မှာပေါ့..။

“ ဟုတ်ပါတယ်.။ လူနာက ဒီအချိန်မှာ နေမကောင်းဖြစ်နေတာပါ.။ ဒါကြောင့်လည်း ဆရာဝန်တွေက မျက်နှာဖုံးဝတ်ကြတာ..။ ဘာလို့လဲ ဆိုတော့ ဆရာဝန်တွေက နေကောင်းနေသူတွေလေ.။ နေကောင်းနေတဲ့ သူတွေက သာမာန်ရောဂါပိုးလောက်ကို ဘာမှ မဖြစ်နိုင်ဘူးလေ.။ သူတို့မှာ ခံနိုင်ရည် ရှိနေပါတယ်.။

ဒါကြောင့် သာမာန်ရောဂါပိုး နေကောင်းနေတဲ့ ဆရာဝန်တွေမှာ ရှိနေပေမဲ့ သူတို့ ဘာမှ မဖြစ်ကြဘူး.။ ဒါပေမဲ့ လူနာဆိုတာ နေမကောင်းနေတဲ့ သူလေ..။ သူက အားနည်းနေတာ..ဒီလို အချိန်မှာ ဘာမဟုတ်တဲ့ ရောဂါပိုးကိုလည်း သူ့ရဲ့ ခန္ဓာကိုယ်က တုံပြန်ပြီး ပြန်လည် မတွန်းလှန်နိုင်ဘူး.။


ဒီလို လူနာ အားနည်းနေတဲ့ အချိန်မှာ သာမာန်ရောဂါပိုးလေးတောင်မှ ဘယ်ကနေမှ မကူးစက်နိုင်အောင်လို့ ဆရာဝန်မှာ ရှိနေတဲ့ သာမာန်ရောဂါပိုးတွေကို လက်တွေ သေချာဆေး ၊ ပိုးသတ်ထားတဲ့ လက်အိတ် ၊ ပိုးသတ်ထားတဲ့ ခွဲခန်းသုံးဝတ်ရုံ ၊ ပိုးသတ်ထားတဲ့ မျက်နှာဖုံးတို့ကို သုံးတာ..။ မတော်လို့ ဆရာဝန်အချင်းချင်း စကားပြောလိုက်တဲ့ လေကနေ ရောဂါပိုးပါသွားရင် လူနာပိုပြီး ခံစားရမှာ စိုးလို့ပါဗျာ..။ ဒါဟာ ဆရာဝန်တွေရဲ့ စေတနာပါ.။ ဆရာဝန်တွေ မျက်နှာဖုံးတပ်တယ် ဆိုတာ သူတို့ အတွက်ဆိုတာထက် လူနာ အတွက် တပ်ကြတာပါ.။


ဒါပေမဲ့...ရှိပါတယ်.။ အရေးပေါ်ခွဲစိတ်ရတဲ့ လူနာတွေဆိုရင်တော့ ဘာမှကို ပြင်ဆင်ချိန် မရလိုက်ဘူးပေါ့ဗျာ..။ ဒီလို အချိန်ဆိုရင် ဆရာဝန်တွေ လူနာကို မလိုအပ်တပ် တခြားရောဂါပိုးတွေ ဝင်လာမှာ စိုးလို့ သူတို့ ပိုပြီး ကာကွယ်ဆေးတွေနဲ့ သတိထားကြပါတယ်.။

ဆရာဝန်တွေမှာလည်း လူနာကို စာနာစိတ်တွေ အများကြီးနဲ့ပါ.။ တချို့ဆိုရင် ကူးစက်ရောဂါ တောင်မှ သူတို့ အဖြစ်ခံပြီး လူနာကို ကုပေးကြတယ်.။ ဘာပဲ ပြောပြော အဓိက ပြောချင်တာကတော့ ဆရာဝန်တွေ မျက်နှာဖုံးတပ်တယ် ဆိုတာက သူတို့ အတွက် မဟုတ်ပါဘူး. ။ သူတို့ဆီက ရောဂါ လူနာဆီ ကုးမှာ စိုးလို့ပါ.။ လူနာဆီက သူတို့ကို ကုးမှာ စိုးလို့ ဆိုတာ ဒုတိယ အချက်ပါ..။ ”

ကျွန်တော် ဒီလို ပြောပြီး ရှင်းပြလိုက်တော့ အခု စာဖတ်နေသူ နားလည်ပါရဲ့လား.။ တကယ်ကို ဝမ်းနည်းဖို့ကောင်းစွာပါပဲ..ကျွန်တော့်သူငယ်ချင်း နားမလည်ပါဘုး.။ ကျွန်တော့်ကို အတင်းငြင်းပြီး ထိုင်ရာက ထသွားတယ်.။ ကျွန်တော်လည်း ဘာမှ ဆက်မပြောတော့ပါဘူး.။

~ ~ ~ ~ ~ ~ ~ @ @ @ ~ ~ ~ ~ ~ ~


ဒါကြောင့် ...ကျွန်တော် ပြောတာပါ.။ လောကမှာ အရာရာလေး သိဖို့ ဆိုတာ အများကြီးတော့ မလိုပါဘူး.။ ဗဟုသုတ လေး ရှိဖို့ပါ.။ ဗဟုသုတ ရှိဖို့ ဆိုတာ အခြေခံ ကျောင်းပညာလေးတော့ ရှိသင့်တယ်.။ ကျောင်းပညာတတ်ဖို့ ဆိုတာ အခြေခံ ခံယူနိုင်မှု ဆိုတဲ့ စိတ်လေး လိုတယ်.။ ခံယူနိုင်မှု ဆိုတာ စိတ်ဓါတ်အခြေခံလေးတော့ ကောင်းထားသင့်ပါတယ်.။

ဒီအချိန်မှာ ကျွန်တော် တစ်ခုကို သွားသတိရတယ်.။ ကျွန်တော် ဆရာ တစ်ယောက်ပြောဖူးတဲ့ “ လက်ဖက်ရည်ကြမ်းအိုး နဲ့ ရေနွေးခွက်လေး အကြောင်း ” ကိုပါ.။ ဟုတ်တယ်ဗျာ..။ ကျွန်တော် ဆင်ခြင်ရမှာပေါ့။ ဒီအကြောင်းကို ကျွန်တော် ဆက်ရေးပါ့မယ်။


အင်း..........လူတွေက ခက်တယ်။


ကိုဇော် ခံစားပုံဖော်သည်။


http://zaw357.multiply.com/journal/item/724

.
Share/Bookmark

2 ယောက် ရဲ့ ထင်မြင်ချက်:

Unknown said...

ကျွန်မတို့ တစ်တွေရဲ့ဘ၀ ကိုနားလည်ပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ် ကိုဇော်။

Chaw said...

That's right. Everybody need to have general knowledge to specify what is right and wrong.Thanks for sharing your knowledge to all the readers.