မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


06 March 2010

7 ရင်ဘတ်တူသူများ အတွက် ဘလော့ ရေးပါသည်


Hacker ဆိုသော သူများ အကြောင်း နည်းနည်းပြောချင်ပါတယ်။ ဟက်ကာ (Hacker) လို့ပဲ ရေးမယ်ဗျာ. . နော့။

ဟက်ကာ ဆိုသော အသံကြားတိုင်း လူတွေက သူများရဲ့ အချက်အလက်တွေကို ခိုးယူချင်နေသော လူတွေလို မှတ်ထင်နေတတ်သည်။ တကယ်တော့ မဟုတ်ပါ။ ဟက်ကာမှ နှစ်မျိုးရှိပါတယ်။ Black Hacker နဲ့ White Hacker ပါ။ ဘာလို့ ဟက်ကာ နှစ်မျိုးကွဲလဲ ဆိုတော့ Black နဲ့ White ဆိုတဲ့ အတိုင်းပါပဲ။ သူတို့ရဲ့ လုပ်ရည်ကိုင်ရည်ထက် လုပ်ဆောင်မှု ရည်ရွယ်ချက် တွေက ခွဲခြားသွားတာပါ။

Black Hacker ဆိုတာက သူတို့ သူများရဲ့ မေးလ်အကောင့်ကို ထိုးဖောက်မယ်။ ဒီအထဲကမှ မေးလ်ပိုင်ရှင်ရဲ့ ဘဏ်အကောင့်နဲ့ လျှို့ဝှက်နံပါတ်ကို ရယူကာ သူတို့ ခိုးယူ သုံးစွဲမယ်။ တခြားသော ကုမ္ပဏီများ၏ ဆိုက်တွေကို ထိုးဖောက်ခိုးဝင်ပြီး သူတို့ အရေးကြီး အချက်အလက်များကို ခိုးယူကာ တခြားသော လိုချင်သူများကို ရောင်းချကြသည်။ အခု လောလောဆယ် အမေရိကန်နိုင်ငံက Black Hacker တွေကို ကမ္ဘာ့ပြစ်မှု အမှတ်စဉ် သုံးအနေနဲ့ကို ကိုင်တွယ်ပြီး ပြစ်ဒဏ်ချမှတ်နေတာကို ကြည့်ချင်းအားဖြင့် ဟက်ကာ ဆိုတာ လူသိ သူသိ ပြောင်ပြောင်တင်းတင်း နေလို့ မရတဲ့ သတ္တဝါဆိုတာ ရိပ်မိပါလိမ့်မယ်။

White Hacker ဆိုကတော့ ဒီလို မဟုတ်ပါဘူး။ ခက်ခဲနေသော အရာများကို သူတို့က လွယ်ကူစေဖို့ ပံ့ပိုးကူညီနေသူတွေပါ။ ဥပမာအားဖြင့် iPhone တွေ ပေါ်လာတော့ Apple က သူတို့ ထုတ်တဲ့ iPhone ကို သူတို့ သတ်မှတ်ရောင်းချတဲ့ နိုင်ငံအတွင်းမှာပဲ သုံးစွဲလို့ ရအောင် သတ်မှတ်ပြင်ဆင်ထားတယ်။

ဒါကြောင့် ကိုယ့်ဖာသာ ပိုက်ပိုက် ရှိတယ် ဆိုပြီး အမေရိကားက iPhone ကို ဝယ်လာရင်တောင်မှ မြန်မာနိုင်ငံရောက်ရင် သုံးလို့ မရ။ ဒီတော့ ဘာလုပ်ရလဲ။ လွှင့်ပစ်လိုက်ရုံပါပဲ။ ဖုန်းလိုင်းမမိ။ ပြောမရ။ ဒါကို White Hacker ဆိုသူတွေက ဒီလို အတားအဆီးတွေကို ကျော်လွှားပြီး နေရာတိုင်းမှာ သုံးလို့ရအောင် ဆော့ဝဲလ်လို ၊ ကုတ်လိုတွေနဲ့ ပြုပြင်ပြီး iPhone ကို ပြုပြင်လိုက်တော့ iPhone ဟာ ဘယ်နေရာကပဲ ဝယ်ဝယ် ဘယ်နေရာမှာ မဆို သုံးလို့ရတော့တာပါပဲ။

ကျွန်တော် ဟိုးတစ်လောက Hacker တစ်ယောက် ဖြစ်တော့မလို ဖြစ်ခဲ့ရတယ်။ Hacker ဆိုတာ ဘယ်လိုပဲ ပြောပြော ၊ White Or Black Hacker ပဲ ဖြစ်ဖြစ် Hack တယ် ဆိုတာ သူများရဲ့ အလိုမတူတာကို ရအောင် လုပ်တာပါ။ ဒီတော့ ခိုးယူတယ် လို့ ပြောရမှာပဲ။ အပယ်ငရဲကို တိုက်ရိုက်ပါ။ ဒါကြောင့် ရှင်းရှင်းပြောရရင် ကျွန်တော် သူခိုး ( သို့ ) သူခိုးလက်ထောက်ချသူ ဖြစ်တော့မလို့။

# # # # # # # # # # # # # # # # # # # # # # # # # # # # # # # # # # # # # # #

ဘလော့ဂါ ဆိုတာ ဘာကောင်လဲ ဆိုပြီး သေချာတော့ ကျွန်တော် မသိပေမဲ့ သူ့ရင်ဘတ်ထဲမှာ ရှိနေတဲ့ စာပေ ချစ်သော စိတ်လေး တစ်ခုတည်းနဲ့ ခေါင်းခြောက်ခံ ၊ ခေါင်းပူခံ ၊ အအိပ်ပျက်ခံ ၊ အချိန်ကုန်ခံ စာရေးနေသူလို့ပဲ ကျွန်တော် သိတယ်။

ဒီတော့ သူတို့ ဖန်တီး မွေးဖွားထားတဲ့ စာလေးတွေကို သူတို့ ချစ်ရှာမှာပေါ့ဗျာ။ သူတို့ တွယ်တာရှာမှာပေါ့။ သူတို့ မြတ်နိုးရှာမှာပေါ့။ ဒါကြောင့် သူတို့က အခုမနက်ရေး . . ညနေကျတော့ သူ့ရဲ့ မေးလ်ထဲကို ဒီစာကိုပဲ အောက်က သူရဲ့ ကလောင်နာမည် မပါပဲ Fwd mail အဖြစ်နဲ့ ရောက်လာတော့ ဘယ်လောက်များ အောင့်သီး အောင့်သက် ခံစားရမလဲ စဉ်းစားကြည့်ပေါ့လေ။

ဒါကြောင့် သူတို့ ချစ်သော စာ ၊ သူတို့ တန်းဖိုးထားသော ကဗျာများကို လွယ်လွယ်ကူးပြီး လွယ်လွယ် လျှောက်ဖြန့် ၊ လျှောက်ဝေ ၊ တခြားနေရာတွေမှာ တင်လို့ မရအောင် ပိတ်ထားလေ့ရှိပါတယ်။ တချို့က Right Click နှိပ်လိုက်မရအောင် ကုတ်ခံပြီး ပိတ်တယ်။ တချို့က Selection လုပ်လို့မရအောင် ကုတ်ခံပြီး ပိတ်တယ်။ တချို့က Word မှာ ရေးတယ်. .ပြီးမှ PDF လုပ်တယ်။ PDF ကနေ JPG အဖြစ်ပုံတွေ ပြောင်းပြီး Slide နဲ့ တင်တယ်။

တကယ်တော့ စာဖတ်သူတွေက သစ္စာရှိစွာ အသိပေးပြီးမှ သဘောတူခွင့်ပြုချက်နဲ့ ကူးခဲ့မယ် ဆိုရင် ဒီလိုတွေ ဖြစ်လာစရာလည်း မရှိပါဘူး။ အခုတော့ ဒီလိုတွေ ဖြစ်လာရပြီ။

အဲ...တစ်နေ့က . . .

အဲဒီမှာ စတွေ့တာပါပဲ။

ကျွန်တော့်ကို ညီလေး တစ်ယောက်က ပြောတယ်။

“ အကို x x x x နဲ့ x x x x တွေဆီက စာတွေက ကူးလို့ မရဘူးနော် ။ ဘယ်လိုလုပ်ထားတာလဲ မသိဘူးတဲ့။ ”

“ ဒါက ကုတ်ခံပြီး ပိတ်ထားတာလေ။ ”

ကျွန်တော် သွားကြည့်ပြီး ဂလို ပြောမိတော့ သူက တစ်ခုပြောတယ်။

“ အကိုရာ ကျွန်တော်က ရုံးမှာ အလကားလည်း သုံးရတယ်။ ပြီးတော့ Print ထုတ်ရင်လည်း အလကားရတယ်။ တချို့က အင်တာနက် မသုံးဘူး အကို။ သူတို့ကိုလည်း ဖတ်စေချင်တယ်။ ဒါကြောင့် သူတို့စာလေးတွေ ကူးပြီး တဆင့် Print ပြန်ထုတ်ပြီး ဝေပေးတော့ သူတို့လည်း ဗဟုသုတ ဖြစ်တာပေါ့။ ”

“ အေးလေ ကောင်းတာပဲ။ ဝေပေါ့။ ”

သူပါပဲ။ ကျွန်တော့်ကို စာတွေကို လွယ်လွယ် Print ထုတ်လို့ရအောင် PDF ဖိုင်လေး လုပ်ပေးပါ ဆိုတာ. . . ကျွန်တော် အားတာနဲ့ လုပ်ပြီး တွဲတင်ပေးပါတယ်။

“ ကောင်းတာ . .ဟုတ်တယ် အကို ၊ အခုက သူတို့စာတွေကို ကူးလို့မရဘူး။ ”

“ သြော်. .ဒါကတော့ကွာ ၊ သူတို့ မယူစေချင်လို့ ပိတ်ထားတာ မဟုတ်လား။ ဒါကို လိုချင်ရင် သူတို့ကို အရင်ခွင့်တောင်းပေါ့။ သူတို့ ပေးချင်ရင် မေးလ်ကနေ ပို့ပေးမှာပေါ့။ ”
ဒီလို ပြောမိတယ်။

“ ဟုတ်ကဲ့ . . ပြောထားတယ် အကိုရ။ သူ့ဆီကိုလည်း မေးလ်ပို့ထားတယ်။ ဒါပေမဲ့ အကြောင်းပြန်မလာလို့. .။ ”

“ သြော်.. . ။ ”

ဒီ. . သြော်...ရဲ့ နောက်မှာ ကျွန်တော် ဒီလို ပိတ်ထားတာကို ဘယ်လို ကူးရင် ရမလဲ ဆိုပြီး လျှောက်ရှာမိတယ်။ ဒါနဲ့ နည်းလမ်းလေး သုံးမျိုးကို ကျွန်တော် သွားတွေ့တယ်။ တစ်နည်းဆိုရင် ကိုယ့်မေးလ်ထဲကို သူတို့ စာတွေကို PDF ဖိုင်နဲ့ ချုပ်ပြီးသားတောင်မှ ရောက်လာတာ ဒီလောက်ကို လွယ်ကူ အစွမ်းထက်တယ်။ ဒါနဲ့ ကျွန်တော် ဒီအကြောင်းလေး ရေးတော့မယ် ဆိုပြီး ရေးနေတဲ့ အချိန်မှာ စာလေး တစ်ပုဒ်ကို သွားဖတ်မိတယ်။

ကိုဏီလင်းညို ရေးထားတဲ့ စာလေး တစ်ပုဒ်ပါ။ သူကလည်း နောက်ထပ် ညီလေး တစ်ယောက် အတွက် ခံစားရလို့ ရေးထားတာပါ။ ဖြစ်ပုံ အကျဉ်းချုပ်ကတော့ ကဗျာရေးတာ အလွန်ကောင်းတဲ့ ဒီညီလေးရဲ့ ကဗျာတွေကို ကူးယူပြီး တခြားက ဆိုက်တွေမှာ ထိုသူ နာမည်နဲ့ အရှက်မရှိ တင်တယ်။

ဒါကို ဒီညီလေးက သိတော့ ဒီကဗျာဟာ သူ့ကဗျာပါလို့ အေးအေးဆေးဆေး ပြောပြတယ်။ ဒါကို မင်းကဗျာလို့ ဘယ်လို သက်သေပြနိုင်လဲတဲ့။ ကဲ...........။ တချို့ကဗျာတွေကျတော့ စကားလုံးနဲ့ မဟုတ်ပဲ နှလုံးသားနဲ့ ရေးထားတာတွေ ပါတယ်။ ဒါတွေကို ကူးသူက အောက်က ကလောင်နာမည်ကို မဖော်ပြပဲ “ သူခိုး ” ဆိုသော သူ့နာမည်ကိုသာ ဖော်ပြတယ်။ ဒီတော့ ဒီညီလေးမှာလည်း ဝမ်းနည်း ပက်လက် ။

ကူးတယ် ဆိုရင်လည်း သူ့ကလောင် နာမည်လေးကို ဖော်ပြပါလို့ ပြောလည်း မရ။ မကူးပါနဲ့ ဆိုတော့လည်း မကူးစေချင်ရင် မတင်နဲ့ပေါ့ကွ တဲ့။ တကယ်ဆို သူကလည်း ကိုယ့်အိမ်ထဲ လာသေး ၊ သူ့က ကြမ်းတွေကလည်း ပါကေး တွေ မခင်းထားပါလား လို့လည်း ပြောသေး ဆိုသလိုပါပဲ။ ဒီတော့ ဒီညီလေးကလည်း စာတွေ ဆက်မရေးတော့ဘူး ဆိုပြီး စိတ်ဓါတ်ကျတယ်။

တော်ပါသေးတယ်။ ဘာလို့လည်း ဆိုတော့ ကျွန်တော် အဲဒီနေ့က “ ထို သူခိုး ပို့စ် ” ကို ခိုးနည်း ခိုးပုံတွေနဲ့ပါ တင်တော့မလို့ပါပဲ။ ဒီအချိန်မှာ ရေးရတာ ကြာလာတော့ ပျင်းလို့ ပို့စ်တတ်လာတဲ့ ကိုဏီ ဆီမှာ သွားဖတ်ရင်း ဒီလို သိလိုက်ရတာ။ ဒါကြောင့် ဒီပို့စ်နဲ့ လုပ်နည်း လုပ်ဟန်တွေကို ကျွန်တော် မတင်ဖြစ်တော့ပါ။ တကယ်လို့ ဒီပို့်စ်သာ တင်ပြီးလို့မှ ကျွန်တော် သိခဲ့ရရင် ကျွန်တော် နောင်တ ရမိလို့ ဆုံးမှာ မဟုတ်ဘူး။

ဒါပေမဲ့ အစ်မ နှစ်ယောက်ကိုတော့ နည်းတစ်နည်း ပြောပြလိုက်မိသေးတယ်။ အဲဒီနေ့က ဒီ သူခိုးပို့စ်လေး တင်တော့မယ်လို့ စဉ်းစားမိလို့ပေါ့လေ။ ဒါပေမဲ့ ဒီအစ်မ နှစ်ယောက်ကလည်း ဘယ်သူမှ ပြန်မပြောလောက်ပါဘူးလေ။

ဒီလိုပဲ အခု တလော ဘလော့ဂါ နယ်မြေမှာ CBox တွေမှာ မဟုတ်တာတွေ လိုက်ရေးသူများကို အံ့သြတကြီး တွေ့ကြရတယ်။ တချို့သူများက တော်တော်ကို ဆိုးပါတယ်။ ယောက်ျားလေးတွေ နေရာမှာ ကျတော့ မိန်းကလေးပုံစံတွေနဲ့ ဖတ်သူ အထင်မမြင်လွဲအောင် ရေးတယ်။ မိန်းကလေးတွေနေရာမှာ ကျတော့ ထက်မြက်လှသော နည်းမျိုးစုံ သုံးပြီး ဆဲခြင်း ၊ သားပြော မယားပြော ပြောခြင်းများကို အရှက် မရှိ ရေးသွားကြတယ်။

ကျွန်တော်ဆီမှာလည်း ဟိုတစ်နေ့က လာရေးသွားတာ ခံရပါတယ်။ ဒီအကြောင်းအရာကို ကျွန်တော် ရေးလိုက်လို့ လူကောင်း သူကောင်းများ ဒီပို့စ်ကို ဖတ်ပြီး လန့်မသွားပါနဲ့လို့ အရင်ဆုံး ပြောချင်ပါတယ်။ ဘာပဲ လုပ်လုပ် လူတစ်ယောက်ရဲ့ စိတ်ဓါတ်က အရမ်း အရေးကြီးပါတယ်။ စိန်ထုပ်ကောက်ရတာတောင်မှ စိတ်ထားကောင်းသူ တစ်ယောက်ဆို မယူတဲ့ အပြင် ပိုင်ရှင်ကို လိုက်ရှာပေးဖို့ ဝန်မလေးတတ်ပါဘူး။


ဟိုတစ်နေ့က ကျွန်တော့်ဆီမှာ လာရေးသွားတဲ့ စာပါ။ သူကတော့ “ ခနက ” ဆိုတဲ့ နာမည်နဲ့ “ ကိုဖော် ” ဆိုတဲ့ နာမည်နဲ့ လာရေးသွားတယ်။ မသိရင် ကျွန်တော်နဲ့ သူ အပြိုင်စကားတွေ ပြောနေတယ် ပေါ့ဗျာ။ ဒီလိုပါပဲ။ သူ မသိလိုက်တာလည်း ရှိနေတယ်။ ကျွန်တော့်သူ့ကို ကြည့်နေတာ သူ မသိဘူး။ သူရေးနေတာကို ကျွန်တော် ကြည့်နေတယ်။ သူ့ခင်ဗျာမှာတော့ ပျော်နေရှာတာ နေမှာဗျ။

ဒီလို ရေးသူတွေကတော့ သူတို့ ထင်ကြမှာပေါ့ဗျာ။ စီဘောက်ကွ ၊ Comment ကွ ဘယ်သူမှ မသိအောင် IP Address ပြောင်းပြီး ရေးလိုက်မယ် ဆိုတာတွေပေါ့။ ဒီလိုသာ လွယ်ကြကြေးဆိုရင် ဒီလိုပဲ လွယ်လွယ်ပြောင်းပြီး ဆိုက်တွေ လိုက်ဟက်ကြတော့မှာပေါ့။ တကယ်တော့ မရပါ။ IP ပြောင်းပေမဲ့ တကယ် ဆိုက်ကြီးတွေမှာ ဒီလိုလုပ်လို့မရ။ ဒါကြောင့်လည်း ဘယ်ကနေ လာဟက်သွားတယ် ဆိုပြီး မိနေတာပေါ့ဗျာ။

အားလုံး သိကြမှာပါ။ http://feedburner.google.com ဆိုတာကို ကိုယ့်ဆိုက်ကို ဘယ်သူက google Account ဝင်ပြီး လာကြည့်တယ် ဆိုတာကို သူက မှတ်ပေးထားတယ်။ Comment ပေးမှ မဟုတ်ဘူးနော်။ လာဝင်ကြည့်လိုက်တာနဲ့ သူက မှတ်ပေးပြီးသွားပြီ။ ဒါ ဒီတစ်ခုတည်းလား ဆိုတော့ မဟုတ်ပါဘူး။ တခြား အစွမ်းထက်သော ကူညီရေး ဆိုက်တွေ အများကြီးပါ။ တချို့က အလကားရတယ်။ တချို့ကတော့ နှစ်စဉ်ကြေးနဲ့။

ဒါများ အကောင့်လေး သိရုံနဲ့ ဘာဖြစ်လဲလို့ ပြောကြပါလိမ့်မယ်။ ဒီထက် ဖြစ်စရာတွေ ရှိပါသေးတယ်။ ဟိုတလောက ကျွန်တော် ပစ္စည်းအရောင်းထွက်ဖို့ စူပါက ခေါ်တော့ လိုက်သွားတယ်။ သွားပြီး ပစ္စည်းဆင်ရတဲ့ နေရာက မလေးရှား အစိုးရ ဌာန ဆိုင်ရာ နေရာ တစ်ခု ၊ ဖြစ်ချင်တော့ ကျွန်တော်တို့ ရောက်နေပြီ အထဲက သတ်ဆိုင်ရာ ပုဂ္ဂိုလ်က တံခါး လာမဖွင့်ပေးသေး။

ခဏကြာတော့ တော်တော် စိတ်ပျက်နေဟန်တူတဲ့ မျက်နှာနဲ့ လူကြီးတစ်ယောက် တံခါး လာဖွင့်တယ်။ အထဲရောက်သွားတော့ ပိုအံ့သြသွားတယ်။ အထဲမှာ ပြင်ထားတာ တကယ့်ကို အာကာသ ထိန်းချုပ်ခန်းလိုပါပဲလား။ အအေးဓါတ်ကလည်း စိမ့်လို့။ ပစ္စည်းဆင်ရမဲ့ နေရာကလည်း တံခါးနားမှာ ဆိုတော့ အဝင်အထွက် တံခါးကို မပိတ်ပဲ ဒီအတိုင်းထားပြီး ဆင်နေမိတယ်။

ကျွန်တော့် စိတ်ထဲမှာ တစ်မျိုးပဲ။ တခြားနေရာတွေလို CCTV တွေလည်း မတွေ့ ၊ ဘာမှ မရှိသလို ဗြောင်ကြီး။ ဒါပေမဲ့ သူတို့ရဲ့ ထိန်းချုပ်ရေး ကွန်ပျူတာ ခန်းတွေမှာတော့ မော်နီတာ တစ်လုံးထဲမှာ အကွက်ပေါင်းများစွာ နဲ့ တွေ့လိုက်ရတယ်။ သေချာတယ် ကင်မရာတော့ ရှိနေမှာပဲလို့။ ကျွန်တော် တည်ရှိနေတဲ့ နေရာကနေ ဖြစ်နိုင်ချေရှိနေတဲ့ နေရာတွေကို လိုက်ကြည့်လိုက်တော့ ဘာမှ မတွေ့။

ခေါင်းတောင်မှ ကုတ်မိတယ်။ ဘယ်လိုကြီးလဲ ဒီလောက် အရေးကြီးတဲ့ နေရာတွေမှာ ကင်မရာ ဘာလို့ မတပ်ထားတာလဲလို့ တွေးမိတယ်။ ဒါပေမဲ့ တစ်နေရာရာက စောင့်ကြည့်နေသလိုကြီး ခံစားရတယ်။ ဒါကြောင့် ပစ္စည်း အကြမ်းထည် ပြီးလို့ ခဏနားတော့ စူပါက အအေးသွားဝယ်တယ်။ ပစ္စည်းဆင်တာကလည်း သူနဲ့ ကျွန်တော် နှစ်ယောက်တည်း ဆိုတော့ သူက သွားတော့ ကျွန်တော်က ငုတ်တုတ် ကျန်ခဲ့တယ်။ ဒီတော့ ဟိုဟိုဒီဒီ လျှောက်ကြည်မိတယ်။

ဒီလို ကြည့်နေရင်း သူတို့ရုံခန်းထဲက မော်နီတာကို ကြည့်လိုက်တော့ ကျွန်တော် မျက်နှာကြီးကို မြင်နေရတယ်။ ဒါဆိုရင်. . . ဘယ်နေရာ လောက်ကလဲ ဆိုပြီး လိုက်ဖမ်းတော့ ဘာမှကို မတွေ့။ နောက် ဒီမြင်ကွင်းကို မှတ်ထားပြီး လိုက်တော့ မီးပလတ်ခေါင်းလေး တစ်ခုကိုပဲ တွေ့တယ်။ ဒီအပေါ်ကနေ လက်ရမ်းလိုက်တော့မှ မော်နီတာပေါ်မှာ ကျွန်တော် သွားတွေ့တော့တယ်။ သြော်.. . သူတို့က ဝှက်တပ်ထားတာကိုးလို့။

အလုပ်ဆက်လုပ်ပြီး အလုပ်ပြီးတော့ အလုပ်ပြီးပြီးစီးကြောင်း လက်မှတ် ထိုးဖို့ နဲ့ ချက်လက်မှတ် ယူဖို့ စူပါက အဲဒီအထဲက လူကြီးဆီကို သွားတယ်။ အထဲမှာ သူတို့ ကွိကွိကွကွ လည်း ပြောနေကြတယ်။ ခဏကြာတော့ ကျွန်တော့်စူပါက လာခေါ်တယ်။ အထဲရောက်တော့ သူ့စက်လေး ကြည့်ပေးလိုက်ပါကွာတဲ့။ သူက အမြဲ ကျွန်တော့်ကို ချောက်တွန်းနေကြ။

မနေနိုင် မြင်နေရင် ကလိချင်နေတဲ့ ကျွန်တော်ကလည်း လျှောက်ကလိလိုက်တော့ သူ့စက်ကိုတင်ထားတဲ့ Antivirus ကို ဘယ်သူက Disable လုပ်သွားလည်း မသိ။ ဒီတော့ နှစ်ကောင် ၊ သုံးကောင်လောက်ဝင်ပြီး စက်က လေးနေတာ။ ဝင်တာကလည်း Trojan တွေ။ ဒီကောင်က ဖိုလ်ဒါတွေ ၊ ဖိုင်တွေကို ဖျောက်ထားတတ်တယ်။ အခုလည်း ဖွင့်မရ။ ဒါကို နိုင်တဲ့ ဆော့ဝဲလ်လေးကလည်း ကျွန်တော်က သွားလေရာ ပါတတ်တဲ့ Stick ထဲမှာ ပါတယ်။ ဒါနဲ့ သူ့ကို ရှင်းပေးလိုက်တော့ အိုကေ သွားတယ်။

သူတို့နှစ်ယောက် စကားပြောနေတုန်း ကျွန်တော်ကလည်း သူတို့ရဲ့ နက်ကို စမ်းကြည့်တာ။ မြန်လိုက်တာဗျာ. . .လွှတ်မြန်ပဲ။ ဒါနဲ့ ဘာပဲ ပြောပြော ကိုယ့်ဘလော့လေးကို ဖွင့်ကြည့်လိုက်တော့ ကျွန်တော့်ဘလော့ရဲ့ အောက်မှာတင် ဘာတွေမှန်း မသိဘူးပေါ်နေတာ။ ကျွန်တော်လည်း နားမလည် ဒီတော့မှ အဲဒီ မလေးက ပြောတယ်။ ဒါက Golden Spy Eyes လို့ ခေါ်တယ် ဆိုပဲ။ သူက အောက်နေ တစ်ယောက်ကို ခေါ်ပြတော့ ဒီလူက ဘယ်နေရာကနေ သုံးနေတယ် ဆိုတာ မြေပုံနဲ့ တကွ လာပေါ်တော့တာပဲ။


ဟာ. . .ကျွန်တော် တော်တော်တောင်မှ ကြောက်သွားတယ်။ နောက်ဆို ကိုယ်မသိတဲ့ ဆိုက်တွေတောင်မှ အရမ်းမဝင်တော့ဘူးလို့တောင်မှ တွေးမိတယ်။ ဒါပေမဲ့ နောက်တော့မှ ကျွန်တော်လည်း သေချာ သိခဲ့ရပါတယ်။ စာဖတ်သူတွေလည်း မကြောက်ပါနဲ့။ ဒီလို လုပ်ဖို့ အချက် သုံးချက် လိုပါတယ်။

၁။ အင်တာနက် ကွန်နက်ရှင်း ကောင်းပြီး မြန်ရမယ်။
ကျွန်တော့် အင်တာနက်တောင်မှ မရပါ။ ကျွန်တော်က 3.6 MB ရှိတာပါပဲ။ ဒါတောင်မှ မရ။ ကျွန်တော်က တစ်လကို RM - 100 တန် သုံးတာပါ။ သူတို့သုံးနေတာက Enterprise ဆိုပြီး သီးသန့်လျှောက်ထားရတဲ့ တစ်လကို RM - 1200 တန်။

၂။ နည်းပညာ
ဘယ်လိုလုပ်ရမယ် ဆိုတာမသိရင် ဘယ်လိုမှ ဖြစ်မလာနိုင်ပါဘူး။

၃။ စိတ်သဘောထား
ဒါကတော့ အရေးအကြီးဆုံးပါပဲ။ ဒါကပဲ အဆုံး အဖြတ်ပေးပါတယ်။ အထက်ပါ အချက် နှစ်ချက် ပြည့်စုံပေမဲ့ ထိုလူက သူများကို နစ်နာစေလိုခြင်း မရှိသူ တစ်ယောက်ဆိုရင် ဒီလို သူများနေရာတွေကို မလိုအပ်ပဲ ထောက်လှမ်းရှာဖွေနေမယ် မထင်ပါ။

အခု နောက်ပိုင်း ကြားနေ ၊ မြင်နေရတဲ့ Cbox မှာ လာပြီး မဟုတ်တာတွေ လာအော်သွားတာ ၊ ဆဲသွားတာ ၊ မကြားဝံ့မနာသာတွေ ပြောသွားတာ ၊ ဒီလို လူတွေ အတွက် ရည်ရွယ်ပြီး ဒီစာလေးကို ရေးတာပါ။

တကယ်တော့ဗျာ။ သူတို့ အားနေတယ် ဆိုရင် ဘာလို့များ သူများနေရာမှာ ညစ်ညစ်ပတ်ပတ်တွေ ၊ သူများ အထင်လွဲစရာတွေ လာရေးမှာလဲ။ ကိုယ့်ဖာသာ အိမ်မှာ ကြောင်ကို ရေချိုးပေးနေတာကမှ အတွေ့အကြုံတစ်ခု ရဦးမယ်။ အခုတော့ ကိုယ်က သူများနေရာမှာ သွားရေးတယ် ဆိုတာ သူများက စိတ်ဆိုး ဒေါသထွက်မှ ကိုယ်ရဲ့ ရည်ရွယ်ချက် အောင်မြင်ပါလိမ့်မယ်။ ဒီလို ရည်ရွယ်ချက် အောင်မြင်ဖို့ရာ ကိုယ့်က သူ့ ဒေါသထွက်အောင် စကားလုံးပေါင်းများစွာ နဲ့ ရှာကြံသုံးစွဲ နေရတော့ ကိုယ်ပဲ အရင် စိတ်မကြည်လင် ဖြစ်စေမှာပါ။

ဒါကြောင့် ကိုယ်မကျေနပ်တဲ့ သူဆီဆိုရင် မသွားနဲ့။ သွားဖြစ်ရင်လည်း ဘာမှ သွားရေးမနေနဲ့။ ကိုယ်ရောက်သွားတယ် ဆိုတာနဲ့တင် ကိုယ့်ရဲ့ တစ်ခုခု ကျန်ခဲ့တယ် ဆိုတာ မေ့မထားပါနဲ့။ ဒီထက် ကျွန်တော် ပြောရရင် ကိုယ်သုံးနေတဲ့ စက်မှာ Webcam ရှိနေရင် ကိုယ်က မမြင်ရသေးဘူှး သူက ကိုယ့်ကို အရင် မြင်လိုက်ရတယ် ဆိုတာ မမေ့ပါနဲ့။ မဖြစ်နိုင်ဘူး မဟုတ်ဘူးနော်။ ကိုယ် မတတ်ကျွမ်းတာလို့ပဲ ပြောပါ။ ကိုယ် မသိတာလို့ပဲ ပြောပါ။

ငါ တိတ်တဆိတ် ဝင်ကြည့်တာ ဘယ်သူမှ မသိဘူးလို့ မထင်ပါနဲ့။အနည်းဆုံးတော့ ကိုယ်သိနေတယ်လေ။ ဒါနဲ့တင် မနောကံ မြောက်ပါတယ်။ ဒါဆို ငရဲများတာပါပဲ။ ကိုယ့်သမိုင်းပဲ ကိုယ်ရေးနိုင်ကြပါစေ။

ကိုဇော်
.

Share/Bookmark

7 ယောက် ရဲ့ ထင်မြင်ချက်:

Flower said...

အင်း
စီဘောက်မှ အော်တဲ့ကိစ္စ ဘာမှကို မပြောချင်တော့ပါ
ကိုယ့်အဆင့်ကိုယ်ဖော်ပြနေတဲ့လူစားမျိုးတွေနဲ့လည်း
ပြိုင်ပြီး ပြောဖို့ စိတ်ကုန်ပါတယ်..
အော်ချင်လဲအော်ကြပါလို့ဘဲ ပြောချင်ပါတယ်...
မရှက်လို့အော်တာ အော်ပါစေတော့
စိတ်ချမ်းသာစွာ အော်ကြပါ... ပြောမရမှတော့ ဘာလို့ပြောတော့မှာလဲ..

စံလင်းထွန်း said...

ဒီပိုစ့်ကို အသေအချာဖတ်သွားပါတယ်...။

စာကောင်းတွေရေးဖို့ အတွေးလေးတွေပါ ပါသွားတယ်ခင်ဗျ။

သိပ်ကောင်းတယ်။

အဖြူရောင်နတ်သမီး said...

ဟုတ်ပါတယ်...
မချောပြောတာကို ထောက်ခံပါတယ်...
ကိုယ့်နာမည်ကို အသုံးခံရတာ ကသိကအောက်နိုင်ပေမယ့်..
ကိုယ်ရေးတာ မဟုတ်ဘူးဆိုတာ လူတိုင်းသိကြပါတယ်...

မေတ္တာပို့ပေးလိုက်တာပဲ ကောင်းပါတယ်လေ...

အဖြူရောင်နတ်သမီး said...
This comment has been removed by the author.
ရွှေရတုမှတ်တမ်း said...

ကိုဇော်ရေးမှဒီလိုတွေရှိမှန်းသိတော့တယ်..
ဘကျောက်ကတော့ရှေးလူကြီးဆိုတော့ဘာမှမသိဘူး..
စီဘောက်မှာလိုက်ရေးနေတာတွေကတော့..စိတ်မကျန်းမာသူတွေလို့ပဲသဘောထားပြီး ခွင့်လွှတ်ပေးပါတယ်...

~ဏီလင်းညို~ said...

ကိုဇော်ရေ...
စီဗုံးမှာ ရေးတဲ့သူတွေကတော့ စိတ်ဆင်းရဲ၊ စိတ်ပျက်စရာတွေပဲကိုးးးးးးးးးး
ခင်မင်တဲ့
ဏီလင်းညို

ညလင်းအိမ် said...

ဒီပို့စ်လေးက တော်တော်ကိုပြောင်မြောက်ပါပေတယ် ကိုဇော်...
ခုလို မသိသေးတာတွေ ထပ်သိလိုက်ရလို့
ကျေးဇူးပါခင်ဗျာ..

ခင်တဲ့
ညရဲ့ကောင်းကင်