မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


19 March 2010

2 ၉၉.၉ % နဲ့တောင်မှ မလုံလောက်ပါဘူး

အမေရိကန် နိုင်ငံမှ နိုင်ငံကျော် ရပ်ဂဘီ ကစားသမား ဟေးလ်သွမ်မဆင် က ပြောဖူးတယ်.။

“ ဘာလုပ်လုပ် ၁၀၀ % လုပ်တယ် ဆိုတာ မကောင်းဘူးဗျ..။ တကယ်လို့ ကိုယ့်လိုပဲ ၁၀၀ % နှုန်းလုပ်တဲ့ သူနဲ့ တွေ့ရင် သူမသာ ၊ ကိုယ်မသာနဲ့ သရေပွဲ ဖြစ်သွားမယ်.။ ဒါကြောင့် ဘာလုပ်လုပ် ၁၁၀ % နှုန်းလောက်လုပ်ထားမှ ကိုယ့်အတွက် အခွင့်အရေးပိုရှိတာပေါ့..။ ”


~ ~ ~ ~ ~ ~ ~ @ @ @ ~ ~ ~ ~ ~ ~ ~ ~


၁၉၅၀ ခုနှစ်က ရက်ဒ်စတုန်းဒုံးယာဉ် ကို စမ်းသပ်မှု တစ်ခု လုပ်ခဲ့တယ်.။ စမ်းသပ်မှုက မအောင်မြင်ခဲ့ ။ ထိုကိစ္စနဲ့ ပတ်သတ်ပြီး စစ်ဆေးအဖြေရှာကြရာတွင် အင်ဂျင်နီယာတစ်ဦးက ဒုံးယာဉ်တည်ဆောက်ရာတွင် သူ့မထင်မှတ်ပဲ လုပ်ထားမိသော အမှားလေးကို သွားမြင်သည်.။ ဒါကြောင့် ဒုံးပျံတည်ဆောက်ရေး အကြီးအကဲ ဗဲရ်နာဗန်ဘရောင်း ထံသူတွေ့ရှိချက်ကို ချက်ချင်းသွား အသီရင်ခံတယ်.။

သာမာန်ကြည့်မယ် ဆိုရင် သည်ကိစ္စအတွက် သူ အကြီအကျယ် ပြစ်တင် ခံရမည်ဟု ထင်စရာ ရှိသည်.။ သို့သော် အကြီးအကဲ ဗဲရ်နာဗန်ဘရောင်း က အပြစ်မတင်တဲ့ အပြင် သူ့ကို ဆုပင်ချီးမြှင့် ပေးလိုက်သေးတယ်.။ ဘာလို့လဲ ဆိုတော့ ဒီအချိန်မှာ ဗဲရ်နာဗန်ဘရောင်း အတွက် ပို၍အရေးကြီးနေသောကြောင့် ဖြစ်သည်.။

ထိုအပြင်.... အာကာအစီအစဉ်တွင် တိကျသေချာမှုကို ဘယ်လောက် အရေးကြီးကြောင်းကို
ဗဲရ်နာဗန်ဘရောင်း က
ပြောကြားဖူးသည်.။

“ စေတန် ၅ ဒုံးပျံမှာ အစိတ်အပိုင်းပေါင်း ၅,၆၀၀,၀၀၀ ရှိတယ် ၊ ဒီတော့ ၉၉.၉ % သေချာတယ် ဆိုရင်တောင်မှ မသေချာတဲ့ အစိတ်အပိုင်းပေါင်း ၅၆၀၀ လောက်ရှိနီုင်တယ်။ အခု စေတန် ၅ ဒုံးပျံ နဲ့ အာကာသသို့ လွှတ်တင်မဲ့ အပိုလို ၄ အာကာသယာဉ်ရဲ့ လကမ္ဘာသွားခရီးစဉ်မှာ အတိအကျ မဖြစ်တာ နှစ်ခု ပဲ ရှိခဲ့ဆိုတော့ တိကျသေချာမှုက ၉၉.၉၉၉၉ % ရှိတယ်လို့ ဆိုရလိမ့်မယ်.။

တကယ်လို့ အစိတ်အပိုင်း ၁၃,၀၀၀ လောက်သာပါတဲ့ သာမာန် မော်တော်ကား တစ်စီးကိုသာ ဒီလောက် တိကျသေချာအောင် လုပ်ထားမယ် ဆိုရင် နှစ်ပေါင်း ၁၀၀ လောက်ကြာမှ ပထမဆုံးအကြိမ် စဖောက်တာကို ကြုံရလိမ့်မယ်.။ ”

အခု ဘာလုပ်လုပ် ဘယ်လောက်သေချာနေပါသလဲ..။

၉၉.၉ % လား ။ ၉၉.၉၉၉၉ % လား။


မူရင်း - Evan Hill ၏ Accuracy is a Winner's Policy နှင့် စာတချို့
ကိုဇော် ခံစားတင်ပြသည်။


http://zaw357.multiply.com/journal/item/796 မှာ 28.11.2009 က ရေးထားတာပါ။
.
Share/Bookmark

2 ယောက် ရဲ့ ထင်မြင်ချက်:

မောင်သီဟ said...

အရင်ဆုံးလာဖတ်မှတ်သွားတယ်ခင်ဗျာ့း)

အဖြူရောင်နတ်သမီး said...

နံပတ်မှာ (၂) ပါ..
မှတ်သားသွားပါတယ်ရှင်....